ပရီးမီးယားလိဂ္ရာသီသစ္အေပၚ မုိက္ကယ္အို၀င္ရဲ႕ခန္႔မွန္းခ်က္…အနီးစပ္ဆုံးျဖစ္လာမလား…အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္သြားမလား…

Photo Credit ; Getty Images

Photo Credit ; BT SPORT

အဂၤလန္တုိက္စစ္မွဴးေဟာင္း မုိက္ကယ္အို၀င္ဟာ ၂၀၁၉-၂၀ ပရီးမီးယားလိဂ္ရာသီမွာ ႀကီး ၆ႀကီးအသင္းေတြ ဘယ္အဆင့္နဲ႔ ရာသီကိုအဆုံးသတ္ႏိုင္မလဲဆုိတာ ခန္႔မွန္းလုိက္ၿပီး လက္ရွိခ်န္ပီယံစီးတီးအသင္း ၃ႏွစ္ဆက္အမွတ္ေပးခ်န္ပီယံျဖစ္လိမ့္မယ္လုိ႔လည္း ေဟာကိန္းထုတ္လုိက္ပါတယ္။ နည္းျပဂြါဒီယိုလာရဲ႕စီးတီးဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ လီဗာပူးကို ႏွာတစ္ဖ်ားအသာနဲ႔ေက်ာ္ျဖတ္ကာ ခ်န္ပီယံဆုကာကြယ္ႏိုင္ခဲ့ၿပီး ၾသဂုတ္လ ၉ရက္ေန႔မွာ စတင္က်င္းပေတာ့မယ့္ ရာသီသစ္မွာလည္း ဒီႏွစ္သင္းပဲခ်န္ပီယံဆုအတြက္ အဓိကအားၿပိဳင္ရလိမ့္မယ္လုိ႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းေနၾကပါတယ္။

Photo Credit

ခ်ဲလ္ဆီးဟာ နည္းျပေဟာင္းဆာရီရဲ႕ဦးေဆာင္မႈနဲ႔အတူ တတိယေနရာရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္ စပါးအသင္းက ခ်န္ပီယံလိဂ္၀င္ခြင့္ေနာက္ဆုံးေနရာရရွိခဲ့ပါတယ္။ အာဆင္နယ္အသင္းက ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ကပ္လြဲကာ အဆင့္ ၅ေနရာသာရရွိခဲ့ၿပီး ယူႏိုက္တက္ကလည္း ရလဒ္ဆိုးေတြနဲ႔ရင္ဆုိင္ခဲ့ရလုိ႔ ႀကီး ၆ႀကီးအနက္ ေနာက္ဆုံးေနရာျဖစ္တဲ့ အဆင့္ ၆သာရရွိခဲ့ပါတယ္။

Photo Credit ; Sky Sports

အဆင့္(၁)
စီးတီးဟာ အသင္းေခါင္းေဆာင္ေဟာင္း ကြန္ပနီရဲ႕ကြင္းတြင္းကြင္းျပင္အေရးပါမႈေတြကို လြမ္းေနရမွာျဖစ္ေပမယ့္ ဒီဖိအားကို ေက်ာ္ျဖတ္ႏုိင္မယ္ထင္ပါတယ္။ ဒီဘ႐ိုင္းက ႀကံ့ခိုင္မႈအျပည့္ရရွိလာၿပီျဖစ္သလို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္လာတဲ့႐ုိဒရီေၾကာင့္ စီးတီးကြင္းလယ္က အေကာင္းဆုံးျဖစ္လာႏိုင္ပါတယ္။ ဂြါဒီယိုလာအေနနဲ႔ ေစ်းကြက္မပိတ္ခင္ ဗဟိုေနာက္ခံလူတစ္ဦးေခၚယူျဖစ္ဖို႔မ်ားေနပါတယ္။

Photo Credit ; Getty Images

အဆင့္(၂)
ရာသီသစ္မွာလည္း လီဗာပူးဟာ စီးတီးရဲ႕အဓိကစိန္ေခၚသူအျဖစ္ ရွိလာမွာျဖစ္ၿပီး ကာလရွည္အမွတ္ေပးဖလားလက္မဲ့ျဖစ္ေနမႈကို အဆုံးသတ္ဖုိ႔လည္း စိတ္အားထက္သန္ေနပါတယ္။ လီဗာပူးဟာ ၿပီးခဲ့တဲ့ရာသီက အေကာင္းဆုံးကစားႏိုင္ခဲ့သလို ပရိသတ္ေတြကလည္း ရာသီသစ္မွာအဲဒီထက္ပိုေကာင္းေအာင္ ကစားႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ကေတာ့ ႀကီးက်ယ္တဲ့ ၂သင္းအားၿပိဳင္မႈမွာ စီးတီးကပဲ အနည္းငယ္အသာရသြားမယ္ထင္ပါတယ္။

Photo Credit ; Getty Images

အဆင့္(၃)
စပါးကြင္းလယ္မွာ ၀မ္ယာမာနဲ႔ ဒိုင္ယာတုိ႔က ပုံမွန္ေျခစြမ္းရဖုိ႔ ႐ုန္းကန္ေနရလုိ႔ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာတဲ့ အန္ဒမ္ဘီလီက နည္းျပပိုခ်က္တီႏိုအတြက္ အဓိကအားျဖစ္လာႏိုင္ပါတယ္။ ေနာက္ၿပီး အယ္လ္ဒါ၀ီရယ္နဲ႔ အဲရစ္ဆင္တုိ႔ႏွစ္ေယာက္စလုံးက ၂၀၂၀ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ေပမယ့္ သူတု႔ိကို အသင္းမွာ ဆက္ထိန္းထားသင့္ပါတယ္။

Photo Credit ; Getty Images

အဆင့္(၄)
ခ်ဲလ္ဆီးက အေျပာင္းအေရႊ႕ပိတ္ပင္ခံထားရေပမယ့္ နည္းျပသစ္လမ္းပတ္ရဲ႕ဦးေဆာင္မႈနဲ႔အတူ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိႏိုင္ပါတယ္။ လမ္းပတ္ဟာ ေအဘရာဟမ္နဲ႔ေမဆင္ေမာင့္တုိ႔လုိ လူငယ္ကစားသမားေတြကို အခြင့္အေရးေပးဖို႔ အသင့္ရွိေနၿပီး ယူႏုိက္တက္နဲ႔ကစားရမယ့္ လိဂ္အဖြင့္ပြဲမွာ သူတုိ႔ဘယ္လူစာရင္းနဲ႔ပြဲထြက္လာမလဲဆုိတာက စိတ္၀င္စားစရာေကာင္းေနပါတယ္”လုိ႔ ေျပာပါတယ္။

Photo Credit ; SEPA Media Getty Images

အဆင့္(၅)
တကယ္လုိ႔ လူကာကူသာ အသင္းကေန ေျပာင္းေရႊ႕သြားရင္ ယူႏုိက္တက္လည္း တုိက္စစ္မွဴးတစ္ဦးေခၚယူဖုိ႔မ်ားေနပါတယ္။ မက္ဂြိဳင္းယားကိုလည္း ေခၚယူထားၿပီးျဖစ္ပါတယ္။ တည္ၿငိမ္တဲ့ယူႏိုက္တက္ရဲ႕ေဘာလုံးရာသီကို ျမင္ေတြ႕ရဖို႔မ်ားေနပါတယ္။

Photo Credit ; EPA

အဆင့္(၆)
အာဆင္နယ္ဟာ လုိင္လီေတာင္ပံကစားသမား ပီပီကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားသလုိ ဆဲလ္တစ္ဘယ္ေနာက္ခံလူ တီယာေနးကိုပါ ေခၚယူႏိုင္ဖို႔ နီးစပ္ေနေပမယ့္ ခံစစ္ပိုင္းျပႆနာကို ေျဖရွင္းႏိုင္မယ့္ပုံမေပၚေသးပါဘူး။ ကၽြန္ေတာ့္အေနနဲ႔ စပိန္ယူ-၂၁ လက္ေရြးစင္ ဆီဘယ္ေလာ့စ္ရဲ႕ကစားပုံကို ေစာင့္ၾကည့္ခ်င္ေပမယ့္ အာဆင္နယ္အေနနဲ႔ အေ၀းကြင္းမွာ ဆက္လက္႐ုန္းကန္ရဖို႔မ်ားေနပါတယ္။

Photo Credit ; Getty Images

Unicode

ပရီးမီးယားလိဂ်ရာသီသစ်အပေါ် မိုက်ကယ်အိုဝင်ရဲ့ခန့်မှန်းချက်…အနီးစပ်ဆုံးဖြစ်လာမလား…အလွဲလွဲအချော်ချော်ဖြစ်သွားမလား…

အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ဟာ ၂၀၁၉-၂၀ ပရီးမီးယားလိဂ်ရာသီမှာ ကြီး ၆ကြီးအသင်းတွေ ဘယ်အဆင့်နဲ့ ရာသီကိုအဆုံးသတ်နိုင်မလဲဆိုတာ ခန့်မှန်းလိုက်ပြီး လက်ရှိချန်ပီယံစီးတီးအသင်း ၃နှစ်ဆက်အမှတ်ပေးချန်ပီယံဖြစ်လိမ့်မယ်လို့လည်း ဟောကိန်းထုတ်လိုက်ပါတယ်။ နည်းပြဂွါဒီယိုလာရဲ့စီးတီးဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ လီဗာပူးကို နှာတစ်ဖျားအသာနဲ့ကျော်ဖြတ်ကာ ချန်ပီယံဆုကာကွယ်နိုင်ခဲ့ပြီး သြဂုတ်လ ၉ရက်နေ့မှာ စတင်ကျင်းပတော့မယ့် ရာသီသစ်မှာလည်း ဒီနှစ်သင်းပဲချန်ပီယံဆုအတွက် အဓိကအားပြိုင်ရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။
ချဲလ်ဆီးဟာ နည်းပြဟောင်းဆာရီရဲ့ဦးဆောင်မှုနဲ့အတူ တတိယနေရာရရှိခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် စပါးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်နောက်ဆုံးနေရာရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ကပ်လွဲကာ အဆင့် ၅နေရာသာရရှိခဲ့ပြီး ယူနိုက်တက်ကလည်း ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရလို့ ကြီး ၆ကြီးအနက် နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၆သာရရှိခဲ့ပါတယ်။
အဆင့်(၁)
စီးတီးဟာ အသင်းခေါင်းဆောင်ဟောင်း ကွန်ပနီရဲ့ကွင်းတွင်းကွင်းပြင်အရေးပါမှုတွေကို လွမ်းနေရမှာဖြစ်ပေမယ့် ဒီဖိအားကို ကျော်ဖြတ်နိုင်မယ်ထင်ပါတယ်။ ဒီဘရိုင်းက ကြံ့ခိုင်မှုအပြည့်ရရှိလာပြီဖြစ်သလို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ရိုဒရီကြောင့် စီးတီးကွင်းလယ်က အကောင်းဆုံးဖြစ်လာနိုင်ပါတယ်။ ဂွါဒီယိုလာအနေနဲ့ ဈေးကွက်မပိတ်ခင် ဗဟိုနောက်ခံလူတစ်ဦးခေါ်ယူဖြစ်ဖို့များနေပါတယ်။
အဆင့်(၂)
ရာသီသစ်မှာလည်း လီဗာပူးဟာ စီးတီးရဲ့အဓိကစိန်ခေါ်သူအဖြစ် ရှိလာမှာဖြစ်ပြီး ကာလရှည်အမှတ်ပေးဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်ဖို့လည်း စိတ်အားထက်သန်နေပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးကစားနိုင်ခဲ့သလို ပရိသတ်တွေကလည်း ရာသီသစ်မှာအဲဒီထက်ပိုကောင်းအောင် ကစားနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကြီးကျယ်တဲ့ ၂သင်းအားပြိုင်မှုမှာ စီးတီးကပဲ အနည်းငယ်အသာရသွားမယ်ထင်ပါတယ်။
အဆင့်(၃)
စပါးကွင်းလယ်မှာ ဝမ်ယာမာနဲ့ ဒိုင်ယာတို့က ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရလို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ အန်ဒမ်ဘီလီက နည်းပြပိုချက်တီနိုအတွက် အဓိကအားဖြစ်လာနိုင်ပါတယ်။ နောက်ပြီး အယ်လ်ဒါဝီရယ်နဲ့ အဲရစ်ဆင်တို့နှစ်ယောက်စလုံးက ၂၀၂၀ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် သူတု့ိကို အသင်းမှာ ဆက်ထိန်းထားသင့်ပါတယ်။
အဆင့်(၄)
ချဲလ်ဆီးက အပြောင်းအရွှေ့ပိတ်ပင်ခံထားရပေမယ့် နည်းပြသစ်လမ်းပတ်ရဲ့ဦးဆောင်မှုနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်ပါတယ်။ လမ်းပတ်ဟာ အေဘရာဟမ်နဲ့မေဆင်မောင့်တို့လို လူငယ်ကစားသမားတွေကို အခွင့်အရေးပေးဖို့ အသင့်ရှိနေပြီး ယူနိုက်တက်နဲ့ကစားရမယ့် လိဂ်အဖွင့်ပွဲမှာ သူတို့ဘယ်လူစာရင်းနဲ့ပွဲထွက်လာမလဲဆိုတာက စိတ်ဝင်စားစရာကောင်းနေပါတယ်”လို့ ပြောပါတယ်။
အဆင့်(၅)
တကယ်လို့ လူကာကူသာ အသင်းကနေ ပြောင်းရွှေ့သွားရင် ယူနိုက်တက်လည်း တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့များနေပါတယ်။ မက်ဂွိုင်းယားကိုလည်း ခေါ်ယူထားပြီးဖြစ်ပါတယ်။ တည်ငြိမ်တဲ့ယူနိုက်တက်ရဲ့ဘောလုံးရာသီကို မြင်တွေ့ရဖို့များနေပါတယ်။
အဆင့်(၆)
အာဆင်နယ်ဟာ လိုင်လီတောင်ပံကစားသမား ပီပီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားသလို ဆဲလ်တစ်ဘယ်နောက်ခံလူ တီယာနေးကိုပါ ခေါ်ယူနိုင်ဖို့ နီးစပ်နေပေမယ့် ခံစစ်ပိုင်းပြဿနာကို ဖြေရှင်းနိုင်မယ့်ပုံမပေါ်သေးပါဘူး။ ကျွန်တော့်အနေနဲ့ စပိန်ယူ-၂၁ လက်ရွေးစင် ဆီဘယ်လော့စ်ရဲ့ကစားပုံကို စောင့်ကြည့်ချင်ပေမယ့် အာဆင်နယ်အနေနဲ့ အဝေးကွင်းမှာ ဆက်လက်ရုန်းကန်ရဖို့များနေပါတယ်။