ပရီးမီးယားလိဂ္မွာ VAR သုံးဖို႔ ပရိသတ္ေတြကို တြန္းအားျဖစ္ေစခဲ့တဲ့အရာ

Photo Credit ; Getty Images

Photo Credit 

ၿပီးခဲ့တဲ့ရာသီက အမွတ္ေပးခ်န္ပီယံဆုအတြက္ အဆုံးအျဖတ္ပြဲမွာ လီဗာပူးတုိက္စစ္မွဴး ဆာလာကို စီးတီးအသင္းေခါင္းေဆာင္ ကြန္ပနီၾကမ္းတမ္းစြာဖ်က္ထုတ္ခဲ့တဲ့ျဖစ္ရပ္က ပရီးမီးယားလိဂ္မွာ VAR စနစ္အသုံးျပဳသင့္တယ္လုိ႔ ပရိသတ္ေတြကို တြန္းအားအျဖစ္ဆုံးျဖစ္ရပ္ျဖစ္ခဲ့ပါတယ္။

Photo Credit ; Getty Images

အဲဒီျဖစ္ရပ္ေၾကာင့္ ေနာက္ခံလူကြန္ပနီဟာ အနီကတ္ျပသခံရမယ့္အစား အ၀ါကတ္သာျပသခံခဲ့ရၿပီး အဂၤလန္အဆင့္ျမင့္တန္းမွာ VAR စနစ္ ထားရွိဖို႔ တြန္းအားျဖစ္ေစခဲ့တဲ့ျဖစ္ရပ္ေတြကို ပရီးမီးယားလိဂ္ပရိသတ္ေတြက မဲေပးေရြးခ်ယ္ခ့ဲရာမွာ အဲဒီျဖစ္ရပ္က အမ်ားဆုံးအျဖစ္ ထိပ္ဆုံးမွာ ရပ္တည္ခဲ့တာျဖစ္ပါတယ္။

Photo Credit ; Reuters

တကယ္လုိ႔ VAR စနစ္သာ ၿပီးခဲ့တဲ့ရာသီကတည္းက က်င့္သုံးခဲ့ရင္ အ၀ါကတ္ျပသခဲ့တဲ့ဒုိင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကို VAR ျပန္ၾကည့္ကာ အနီကတ္ျပစ္ဒဏ္အျဖစ္ ေျပာင္းလဲလိမ့္မယ္လုိ႔ ပရိသတ္ေတြက ယုံၾကည္ေနၿပီး ဒီလုိဆုိရင္ အမွတ္ေပးခ်န္ပီယံအသင္းကလည္း ေျပာင္းလဲသြားႏိုင္တယ္လုိ႔ ထင္ေနၾကပါတယ္။

Photo Credit ; Getty Images

အဲဒီျဖစ္ရပ္ရဲ႕ေနာက္ ဒုတိယေနရာမွာ ရပ္တည္ေနတဲ့ျဖစ္ရပ္ကေတာ့ ၂၀၀၄-၀၅ ရာသီအတြင္း အာစင္၀င္းဂါးရဲ႕အာဆင္နယ္အသင္းကို ပြဲ ၅၀ ဆက္႐ံႈးပြဲမရွိစံခ်ိန္ မတင္ႏိုင္ေအာင္ တားဆီးႏိုင္ခဲ့တ့ဲ ယူႏုိက္တက္ ၂-၀ အာဆင္နယ္ပြဲက ယူႏုိက္တက္တုိက္စစ္မွဴး ရြန္နီရဲ႕ပင္နယ္တီသြင္းဂိုးျဖစ္ပါတယ္။

Photo Credit ; Reuters

စကုိင္းစပို႔တ္သတင္းဌာနက ျပဳလုပ္ခဲ့တဲ့အဲဒီစစ္တမ္းေကာက္ယူမႈရဲ႕ထိပ္ဆုံး ၃ခုျဖစ္ရပ္မွာ လီဗာပူးအသင္း ထပ္မံပါ၀င္လာၿပီး ၂၀၁၃ ခုႏွစ္က စတာလင္းရဲ႕သြင္းဂိုးကို လူကၽြံေဘာျဖစ္ေနတယ္ဆုိတာ ဂိုးအျဖစ္ မသတ္မွတ္ေပးခဲ့တဲ့ျဖစ္ရပ္ျဖစ္ၿပီး ဒီအတြက္ေၾကာင့္ လီဗာပူးလည္း စီးတီးကို ၂-၁ဂိုးနဲ႔အေရးနိမ့္ခ့ဲလို႔ ခ်န္ပီယံဆုနဲ႔လြဲေခ်ာ္သြားကာ ခ်န္ပီယံဆုကို စီးတီးကပဲ ရရွိသြားပါတယ္။

Photo Credit ; Reuters

စတုတၳေနရာမွာေတာ့ ၂၀၁၀ ဧၿပီလက ယူႏုိက္တက္ကို ၂-၁ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပဲြမွာ ခ်ဲလ္ဆီးတုိက္စစ္မွဴး ဒေရာ့ဘာသြင္းယူသြားတဲ့ဂိုးက ရပ္တည္ေနၿပီး ပရိသတ္ေတြက ဒေရာ့ဘာဂိုးသြင္းယူခ်ိန္မွာ လူကၽြံေဘာျဖစ္ေနတယ္လုိ႔ ယုံၾကည္ေနျခင္းျဖစ္ကာ အဲဒီစစ္တမ္းမွာ ပရိသတ္ ၄၀၀၀ ဆႏၵမဲေပးခဲ့ပါတယ္။

Photo Credit ; Getty Images

ေနာက္တစ္ႀကိမ္မွာလည္း ယူႏုိက္တက္က နစ္နာတဲ့ဘက္က ျဖစ္ခဲ့ၿပီး ၂၀၁၁ ေအာက္တုိဘာလ ၂၃ရက္ေန႔က မန္ခ်က္စတာဒါဘီပြဲမွာ ယူႏိုက္တက္ေနာက္ခံလူ အီဗန္ ထုတ္ပယ္ခံခဲ့ရတဲ့ျဖစ္ရပ္က အဆင့္ ၅ေနရာမွာ ရပ္တည္ေနကာ အဲဒီရာသီမွာ ယူႏုိက္တက္ဟာ စီးတီးကို ဂိုးကြာျခားခ်က္ေၾကာင့္ ခ်န္ပီယံဆု ေပးအပ္ခဲ့ရပါတယ္။

Photo Credit

Unicode

ပရီးမီးယားလိဂ်မှာ VAR သုံးဖို့ ပရိသတ်တွေကို တွန်းအားဖြစ်စေခဲ့တဲ့အရာ

ပြီးခဲ့တဲ့ရာသီက အမှတ်ပေးချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲမှာ လီဗာပူးတိုက်စစ်မှူး ဆာလာကို စီးတီးအသင်းခေါင်းဆောင် ကွန်ပနီကြမ်းတမ်းစွာဖျက်ထုတ်ခဲ့တဲ့ဖြစ်ရပ်က ပရီးမီးယားလိဂ်မှာ VAR စနစ်အသုံးပြုသင့်တယ်လို့ ပရိသတ်တွေကို တွန်းအားအဖြစ်ဆုံးဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် နောက်ခံလူကွန်ပနီဟာ အနီကတ်ပြသခံရမယ့်အစား အဝါကတ်သာပြသခံခဲ့ရပြီး အင်္ဂလန်အဆင့်မြင့်တန်းမှာ VAR စနစ် ထားရှိဖို့ တွန်းအားဖြစ်စေခဲ့တဲ့ဖြစ်ရပ်တွေကို ပရီးမီးယားလိဂ်ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့ရာမှာ အဲဒီဖြစ်ရပ်က အများဆုံးအဖြစ် ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။
တကယ်လို့ VAR စနစ်သာ ပြီးခဲ့တဲ့ရာသီကတည်းက ကျင့်သုံးခဲ့ရင် အဝါကတ်ပြသခဲ့တဲ့ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို VAR ပြန်ကြည့်ကာ အနီကတ်ပြစ်ဒဏ်အဖြစ် ပြောင်းလဲလိမ့်မယ်လို့ ပရိသတ်တွေက ယုံကြည်နေပြီး ဒီလိုဆိုရင် အမှတ်ပေးချန်ပီယံအသင်းကလည်း ပြောင်းလဲသွားနိုင်တယ်လို့ ထင်နေကြပါတယ်။
အဲဒီဖြစ်ရပ်ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေတဲ့ဖြစ်ရပ်ကတော့ ၂၀၀၄-၀၅ ရာသီအတွင်း အာစင်ဝင်းဂါးရဲ့အာဆင်နယ်အသင်းကို ပွဲ ၅၀ ဆက်ရှုံးပွဲမရှိစံချိန် မတင်နိုင်အောင် တားဆီးနိုင်ခဲ့တဲ့ ယူနိုက်တက် ၂-၀ အာဆင်နယ်ပွဲက ယူနိုက်တက်တိုက်စစ်မှူး ရွန်နီရဲ့ပင်နယ်တီသွင်းဂိုးဖြစ်ပါတယ်။
စကိုင်းစပို့တ်သတင်းဌာနက ပြုလုပ်ခဲ့တဲ့အဲဒီစစ်တမ်းကောက်ယူမှုရဲ့ထိပ်ဆုံး ၃ခုဖြစ်ရပ်မှာ လီဗာပူးအသင်း ထပ်မံပါဝင်လာပြီး ၂၀၁၃ ခုနှစ်က စတာလင်းရဲ့သွင်းဂိုးကို လူကျွံဘောဖြစ်နေတယ်ဆိုတာ ဂိုးအဖြစ် မသတ်မှတ်ပေးခဲ့တဲ့ဖြစ်ရပ်ဖြစ်ပြီး ဒီအတွက်ကြောင့် လီဗာပူးလည်း စီးတီးကို ၂-၁ဂိုးနဲ့အရေးနိမ့်ခဲ့လို့ ချန်ပီယံဆုနဲ့လွဲချော်သွားကာ ချန်ပီယံဆုကို စီးတီးကပဲ ရရှိသွားပါတယ်။
စတုတ္ထနေရာမှာတော့ ၂၀၁၀ ဧပြီလက ယူနိုက်တက်ကို ၂-၁ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ချဲလ်ဆီးတိုက်စစ်မှူး ဒရော့ဘာသွင်းယူသွားတဲ့ဂိုးက ရပ်တည်နေပြီး ပရိသတ်တွေက ဒရော့ဘာဂိုးသွင်းယူချိန်မှာ လူကျွံဘောဖြစ်နေတယ်လို့ ယုံကြည်နေခြင်းဖြစ်ကာ အဲဒီစစ်တမ်းမှာ ပရိသတ် ၄၀၀၀ ဆန္ဒမဲပေးခဲ့ပါတယ်။
နောက်တစ်ကြိမ်မှာလည်း ယူနိုက်တက်က နစ်နာတဲ့ဘက်က ဖြစ်ခဲ့ပြီး ၂၀၁၁ အောက်တိုဘာလ ၂၃ရက်နေ့က မန်ချက်စတာဒါဘီပွဲမှာ ယူနိုက်တက်နောက်ခံလူ အီဗန် ထုတ်ပယ်ခံခဲ့ရတဲ့ဖြစ်ရပ်က အဆင့် ၅နေရာမှာ ရပ်တည်နေကာ အဲဒီရာသီမှာ ယူနိုက်တက်ဟာ စီးတီးကို ဂိုးကွာခြားချက်ကြောင့် ချန်ပီယံဆု ပေးအပ်ခဲ့ရပါတယ်။