ပင္နယ္တီလြဲခဲ့တဲ့ေပါ့ဂ္ဘာေၾကာင့္ ႏိုင္ပြဲေပ်ာက္သြားတဲ့ယူႏုိက္တက္

Photo Credit

Photo Credit ; PA

ယမန္ေန႔ညက ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္ ၂ လက္က်န္ပြဲမွာေတာ့ ယူႏုိက္တက္အသင္းဟာ ကြင္းလယ္လူေပါ့ဂ္ဘာရဲ႕ပင္နယ္တီလြဲေခ်ာ္မႈေၾကာင့္ ၀ုဗ္အသင္းနဲ႔ ၁-၁ ဂိုးသေရက်သြားၿပီး ၿပီးခဲ့တဲ့ရာသီက ၀ုဗ္အိမ္ကြင္းမွာ ပြဲတုိင္း႐ံႈးနိမ့္ခဲ့ရတာကုိ အဆုံးသတ္ႏိုင္ခဲ့ေပမယ့္ အဖိုးတန္ ၂မွတ္ဆုံး႐ံႈးသြားခဲ့ပါတယ္။

Photo Credit ; Daily Mail

ပထမပိုင္းကေတာ့ ႏွစ္သင္းစလုံးကစားကြက္က်ပ္ေနခဲ့ၿပီး ပြဲခ်ိန္ ၁၈မိနစ္မွာ ရက္ရွ္ဖို႔ဒ္ရဲ႕ေထာင့္ျဖတ္ေဘာကေန မာရွယ္ အနီးကပ္ပိတ္သြင္းဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ ေခ်ာ္သြားလုိ႔ ယူႏုိက္တက္အသင္း နစ္နာခဲ့ရပါတယ္။

Photo Credit ; Daily Mail

ပြဲခ်ိန္ ၂၈မိနစ္မွာေတာ့ ယူႏုိက္တက္အသင္း ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး ရက္ရွ္ဖို႔ဒ္အသာေမွ်ာေပးတာကို တုိက္စစ္မွဴး မာရွယ္က ဘယ္ေျခနဲ႔ မနားတမ္းကန္သြင္းခ့ဲတာျဖစ္ပါတယ္။ မာရွယ္အတြက္ ယူႏုိက္တက္ကစားသမားဘ၀ ဂိုး ၅၀ျပည့္ခဲ့တာျဖစ္ၿပီး အဲဒီမွာ ပရီးမီးယားလိဂ္သြင္းဂိုးက ၃၆ဂိုးအထိရွိပါတယ္။

Photo Credit ; Getty Images

ပထမပိုင္းမွာ ႏွစ္သင္းေပါင္းဂုိးေပါက္တည့္မႈ ၃ႀကိမ္ပဲရွိခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ပြဲက ပိုမုိအႀကိတ္အနယ္ရွိလာပါတယ္။ ပြဲခ်ိန္ ၅၅မိနစ္မွာေတာ့ ၀ုဗ္အသင္း ေခ်ပဂိုးရရွိသြားခဲ့ၿပီး ကြင္းလယ္လူ နီဗက္စ္က ပင္နယ္တီဧရိယာဘီးကုပ္ထိပ္ကေန အျမင့္ေဘာကန္သြင္းခဲ့တာျဖစ္ပါတယ္။

Photo Credit ; Getty Images / AFP

၀ုဗ္ဟာ ဒုတိယပိုင္းမွာ ေတာင္ပံကစားသမား ထရာအိုေရး ၀င္ေရာက္လာၿပီးေနာက္ တိုက္စစ္ကစားပုံေကာင္းမြန္လာၿပီး ယူႏုိက္တက္အသင္းကို ဖိအားေပးကစားႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

ပြဲခ်ိန္ ၆၇မိနစ္မွာ ကြင္းလယ္လူ ေပါ့ဂ္ဘာက သူ႕ေၾကာင့္ရရွိလာတဲ့ပင္နယ္တီကို သူကုိယ္တုိင္ကန္သြင္းခဲ့ေပမယ့္ သူ႕ရဲ႕ျပင္းထန္အားပါတဲ့ကန္ခ်က္ကို ၀ုဗ္ဂိုးသမား ပက္ထရစ္ဆီယို လက္စြမ္းျပပုတ္ထုတ္ႏိုင္ခဲ့လုိ႔ ယူႏုိက္တက္အသင္း အပိုင္အခြင့္အေရးနစ္နာခဲ့ရပါတယ္။

Photo Credit ; Reuters

ေပါ့ဂ္ဘာဟာ ယူႏိုက္တက္ရဲ႕ပုံမွန္ပင္နယ္တီကန္သြင္းသူျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ရာသီက ပင္နယ္တီကန္သြင္းမႈ ၃ႀကိမ္အထိ လြဲေခ်ာ္ခဲ့ရသလို ခ်ဲလ္ဆီးန႔ဲပြဲမွာ၊ ခ်န္ပီယံလိဂ္ပြဲစဥ္ျဖစ္တဲ့ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ပင္နယ္တီသြင္းယူခဲ့တဲ့ ရက္ရွ္ဖုိ႔ဒ္ကေတာ့ ဒီတစ္ႀကိမ္ပင္နယ္တီမကန္သြင္းခဲ့ပါဘူး။

Photo Credit

၀ုဗ္ဟာ ယူႏုိက္တက္နဲ႔ ကစားခဲ့တ့ဲေနာက္ဆုံး ၄ပြဲဆက္ ႐ံႈးပြဲမရွိ(၂ပြဲႏိုင္၊ ၂ပြဲသေရ)ကစားႏိုင္ခဲ့တာျဖစ္ၿပီး ယူႏုိက္တက္နဲ႔ပရီးမီးယားလိဂ္ ၃ပြဲဆက္ ေနာက္ကေန လုိက္ကစားကာ ႐ံႈးပြဲမရွိေအာင္ ကစားႏိုင္တဲ့ပထမဆုံးပရီးမီးယားလိဂ္အသင္းအျဖစ္လည္း မွတ္တမ္း၀င္သြားပါတယ္။

Photo Credit ; Getty Images

ဒီပြဲမွာ ယူႏုိက္တက္ရဲ႕ပြဲထြက္စာရင္းက ပ်မ္းမွ်အသက္ ၂၄ႏွစ္နဲ႔ ၁၇၃ရက္ပဲရွိရာ ၂၀၁၆-၁၇ ရာသီပိတ္ပြဲစဥ္အျဖစ္ ပဲေလ့စ္နဲ႔ကစားခဲ့တဲ့ပြဲမွာ ပ်မ္းမွ်အသက္ ၂၂ႏွစ္၊ ၂၈၄ ရက္ေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ အသင္းရဲ႕ပ်မ္းမွ်အသက္အငယ္ဆုံးပြဲထြက္စာရင္းျဖစ္လာခဲ့ပါတယ္။

Photo Credit ; PA

Unicode

ပင်နယ်တီလွဲခဲ့တဲ့ပေါ့ဂ်ဘာကြောင့် နိုင်ပွဲပျောက်သွားတဲ့ယူနိုက်တက်

ယမန်နေ့ညက ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ် ၂ လက်ကျန်ပွဲမှာတော့ ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူပေါ့ဂ်ဘာရဲ့ပင်နယ်တီလွဲချော်မှုကြောင့် ဝုဗ်အသင်းနဲ့ ၁-၁ ဂိုးသရေကျသွားပြီး ပြီးခဲ့တဲ့ရာသီက ဝုဗ်အိမ်ကွင်းမှာ ပွဲတိုင်းရှုံးနိမ့်ခဲ့ရတာကို အဆုံးသတ်နိုင်ခဲ့ပေမယ့် အဖိုးတန် ၂မှတ်ဆုံးရှုံးသွားခဲ့ပါတယ်။
ပထမပိုင်းကတော့ နှစ်သင်းစလုံးကစားကွက်ကျပ်နေခဲ့ပြီး ပွဲချိန် ၁၈မိနစ်မှာ ရက်ရှ်ဖို့ဒ်ရဲ့ထောင့်ဖြတ်ဘောကနေ မာရှယ် အနီးကပ်ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ချော်သွားလို့ ယူနိုက်တက်အသင်း နစ်နာခဲ့ရပါတယ်။
ပွဲချိန် ၂၈မိနစ်မှာတော့ ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး ရက်ရှ်ဖို့ဒ်အသာမျှောပေးတာကို တိုက်စစ်မှူး မာရှယ်က ဘယ်ခြေနဲ့ မနားတမ်းကန်သွင်းခဲ့တာဖြစ်ပါတယ်။ မာရှယ်အတွက် ယူနိုက်တက်ကစားသမားဘ၀ ဂိုး ၅၀ပြည့်ခဲ့တာဖြစ်ပြီး အဲဒီမှာ ပရီးမီးယားလိဂ်သွင်းဂိုးက ၃၆ဂိုးအထိရှိပါတယ်။
ပထမပိုင်းမှာ နှစ်သင်းပေါင်းဂိုးပေါက်တည့်မှု ၃ကြိမ်ပဲရှိခဲ့ပြီး ဒုတိယပိုင်းမှာတော့ ပွဲက ပိုမိုအကြိတ်အနယ်ရှိလာပါတယ်။ ပွဲချိန် ၅၅မိနစ်မှာတော့ ဝုဗ်အသင်း ချေပဂိုးရရှိသွားခဲ့ပြီး ကွင်းလယ်လူ နီဗက်စ်က ပင်နယ်တီဧရိယာဘီးကုပ်ထိပ်ကနေ အမြင့်ဘောကန်သွင်းခဲ့တာဖြစ်ပါတယ်။
ဝုဗ်ဟာ ဒုတိယပိုင်းမှာ တောင်ပံကစားသမား ထရာအိုရေး ဝင်ရောက်လာပြီးနောက် တိုက်စစ်ကစားပုံကောင်းမွန်လာပြီး ယူနိုက်တက်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။
ပွဲချိန် ၆၇မိနစ်မှာ ကွင်းလယ်လူ ပေါ့ဂ်ဘာက သူ့ကြောင့်ရရှိလာတဲ့ပင်နယ်တီကို သူကိုယ်တိုင်ကန်သွင်းခဲ့ပေမယ့် သူ့ရဲ့ပြင်းထန်အားပါတဲ့ကန်ချက်ကို ဝုဗ်ဂိုးသမား ပက်ထရစ်ဆီယို လက်စွမ်းပြပုတ်ထုတ်နိုင်ခဲ့လို့ ယူနိုက်တက်အသင်း အပိုင်အခွင့်အရေးနစ်နာခဲ့ရပါတယ်။
ပေါ့ဂ်ဘာဟာ ယူနိုက်တက်ရဲ့ပုံမှန်ပင်နယ်တီကန်သွင်းသူဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီက ပင်နယ်တီကန်သွင်းမှု ၃ကြိမ်အထိ လွဲချော်ခဲ့ရသလို ချဲလ်ဆီးနဲ့ပွဲမှာ၊ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ပီအက်စ်ဂျီနဲ့ပွဲမှာ ပင်နယ်တီသွင်းယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကတော့ ဒီတစ်ကြိမ်ပင်နယ်တီမကန်သွင်းခဲ့ပါဘူး။
ဝုဗ်ဟာ ယူနိုက်တက်နဲ့ ကစားခဲ့တဲ့နောက်ဆုံး ၄ပွဲဆက် ရှုံးပွဲမရှိ(၂ပွဲနိုင်၊ ၂ပွဲသရေ)ကစားနိုင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်နဲ့ပရီးမီးယားလိဂ် ၃ပွဲဆက် နောက်ကနေ လိုက်ကစားကာ ရှုံးပွဲမရှိအောင် ကစားနိုင်တဲ့ပထမဆုံးပရီးမီးယားလိဂ်အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ရဲ့ပွဲထွက်စာရင်းက ပျမ်းမျှအသက် ၂၄နှစ်နဲ့ ၁၇၃ရက်ပဲရှိရာ ၂၀၁၆-၁၇ ရာသီပိတ်ပွဲစဉ်အဖြစ် ပဲလေ့စ်နဲ့ကစားခဲ့တဲ့ပွဲမှာ ပျမ်းမျှအသက် ၂၂နှစ်၊ ၂၈၄ ရက်နောက်ပိုင်း ပရီးမီးယားလိဂ်မှာ အသင်းရဲ့ပျမ်းမျှအသက်အငယ်ဆုံးပွဲထွက်စာရင်းဖြစ်လာခဲ့ပါတယ်။