ပင္နယ္တီတာ၀န္ကေန ေပါ့ဂ္ဘာကို ရုပ္သိမ္းမွာမဟုတ္တဲ့ ဆုိးလ္ရွား

Photo Credit: Getty Images
Photo Credit: Getty Images

မန္ယူအသင္းနည္းျပဆုိးလ္ရွားက ပင္နယ္တီကန္သြင္းခြင့္နဲ႔ပတ္သက္လုိ႔ ေပါ့ဂ္ဘာနဲ႔ ရက္ရွ္ဖုိ႔ဒ္တုိ႔ႏွစ္ဦးစလံုးကို တာ၀န္ေပးထားတာျဖစ္ၿပီး ဘယ္သူကန္မလဲဆိုတာကိုေတာ့ ကစားသမားေတြကိုယ္တုိင္ဆံုးျဖတ္ခြင့္ေပးထားေၾကာင္းေျပာၾကားကာ ေပါ့ဂ္ဘာကို ပင္နယ္တီတာ၀န္မရုပ္သိမ္းဘူးဆုိတာ အာမခံလုိက္ပါတယ္။

Photo Credit: Getty Images

၀ုဗ္နဲ႔ မန္ယူတုိ႔ 1-1 သေရက်ခဲ့တဲ့ တနလၤာညကပြဲစဥ္မွာ မန္ယူအသင္းရရွိတဲ့ပင္နယ္တီကို ေပါ့ဂ္ဘာကန္သြင္းခဲ့ေပမယ့္ ၿပိဳင္ဘက္ဂိုးသမားပါထရီစီယိုကာကြယ္ႏုိင္ခဲ့တာေၾကာင့္ အႏုိင္ရခြင့္ဆံုးရႈံးခဲ့ရပါတယ္။ ေပါ့ဂ္ဘာဟာ ၿပီးခဲ့တဲ့ 12 လတာကာလအတြင္း ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ပင္နယ္တီလြဲေခ်ာ္မႈ 4 ႀကိမ္အထိရွိၿပီျဖစ္တာေၾကာင့္ ေ၀ဖန္မႈေတြနဲ႔လည္းရင္ဆုိင္ေနရတာပါ။

Photo Credit: Getty Images

အဲဒီပြဲစဥ္ကို ရုပ္သံတင္ဆက္သူအျဖစ္ေဆာင္ရြက္ခဲ့တဲ့ မန္ယူဂႏၳ၀င္ ဂယ္ရီနဗီးလ္က ေပါ့ဂ္ဘာကို တစ္ကိုယ္ေကာင္းဆန္သူတစ္ဦးအျဖစ္ေ၀ဖန္ခဲ့သလုိ ပင္နယ္တီကန္ခြင့္နဲ႔ပတ္သက္လုိ႔ ေပါ့ဂ္ဘာနဲ႔ ရက္ရွ္ဖုိ႔ဒ္တုိ႔ႏွစ္ဦးေဆြးေႏြးေနခဲ့တာကိုလည္း မျဖစ္သင့္ေၾကာင္းဆုိခဲ့ပါတယ္။ ဒါ့အျပင္ ရိုင္ယန္ဂစ္ကလည္း ရက္ရွ္ဖုိ႔ဒ္အေနနဲ႔ ပင္နယ္တီကန္သြင္းခြင့္ကုိရယူသင့္တယ္လုိ႔ တုိက္တြန္းခဲ့ပါေသးတယ္။ ဒါေပမဲ့ ဆုိးလ္ရွားကေတာ့ ပင္နယ္တီကန္ခြင့္အတြက္ ေပါ့ဂ္ဘာနဲ႔ ရက္ရွ္ဖုိ႔ဒ္တုိ႔ႏွစ္ဦးစလံုးကိုသာတာ၀န္ေပးထားၿပီး ေပါ့ဂ္ဘာရဲ႕လြဲေခ်ာ္မႈကိုလည္း အျပစ္မတင္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

Photo Credit: Getty Images

ဆုိးလ္ရွားက ”ေပါ့ဂ္ဘာနဲ႔ ရက္ရွ္ဖုိ႔ဒ္တို႔ႏွစ္ဦးစလံုးက ပင္နယ္တီကန္တာသိပ္ေကာင္းတဲ့သူေတြပါ။ ဘယ္သူကန္မလဲဆုိတာကေတာ့ သူတုိ႔အေပၚပဲမူတည္ပါတယ္။ တစ္ခါတေလ ပင္နယ္တီကန္တဲ့သူဟာ ဂိုး၀င္မယ္ဆုိတဲ့ယံုၾကည္ခ်က္မ်ဳိးရွိတတ္ပါတယ္။ ကၽြန္ေတာ္ကိုယ္တုိင္လည္း ဒီလုိအေျခအေနမ်ဳိးႀကံဳေတြ႕ခဲ့ဖူးၿပီး ေနာ္ေ၀နဲ႔တုန္းက အဲဒီလုိပဲတာ၀န္ယူၿပီး လြဲေခ်ာ္ခဲ့ဖူးတာပါပဲ။ ကန္မယ့္သူႏွစ္ဦးဆုိေတာ့ ပုိၿပီးယံုၾကည္ခ်က္ရွိတဲ့သူက တာ၀န္ယူမွာေပါ့။ ၿပီးခဲ့တဲ့တစ္ပတ္က ရက္ရွ္ဖုိ႔ဒ္ဂိုး၀င္ခဲ့ၿပီး ေနာက္လည္း သူကန္ဦးမွာပါပဲ။ အဲဒီလုိပဲ ေပါ့ဂ္ဘာကလည္း ယံုၾကည္ခ်က္ရွိပါတယ္။ ဒီလုိယံုၾကည္ခ်က္ရွိတဲ့သူေတြကို ကၽြန္ေတာ္ႀကိဳက္ပါတယ္။ အခုလိုေရွ႕ထြက္လာၿပီး ဒါငါကန္မွာလုိ႔ ယံုၾကည္ခ်က္အျပည့္နဲ႔တာ၀န္ယူတာမ်ဳိးက ကၽြန္ေတာ့္အတြက္ေတာ့ ဘာျပသနာမွမရွိပါဘူး”လုိ႔ ဆုိခဲ့ပါတယ္။

(Unicode)

ပင်နယ်တီတာဝန်ကနေ ပေါ့ဂ်ဘာကို ရုပ်သိမ်းမှာမဟုတ်တဲ့ ဆိုးလ်ရှား

မန်ယူအသင်းနည်းပြဆိုးလ်ရှားက ပင်နယ်တီကန်သွင်းခွင့်နဲ့ပတ်သက်လို့ ပေါ့ဂ်ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့နှစ်ဦးစလုံးကို တာဝန်ပေးထားတာဖြစ်ပြီး ဘယ်သူကန်မလဲဆိုတာကိုတော့ ကစားသမားတွေကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးထားကြောင်းပြောကြားကာ ပေါ့ဂ်ဘာကို ပင်နယ်တီတာဝန်မရုပ်သိမ်းဘူးဆိုတာ အာမခံလိုက်ပါတယ်။

ဝုဗ်နဲ့ မန်ယူတို့ 1-1 သရေကျခဲ့တဲ့ တနင်္လာညကပွဲစဉ်မှာ မန်ယူအသင်းရရှိတဲ့ပင်နယ်တီကို ပေါ့ဂ်ဘာကန်သွင်းခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမားပါထရီစီယိုကာကွယ်နိုင်ခဲ့တာကြောင့် အနိုင်ရခွင့်ဆုံးရှုံးခဲ့ရပါတယ်။ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ 12 လတာကာလအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပင်နယ်တီလွဲချော်မှု 4 ကြိမ်အထိရှိပြီဖြစ်တာကြောင့် ဝေဖန်မှုတွေနဲ့လည်းရင်ဆိုင်နေရတာပါ။

အဲဒီပွဲစဉ်ကို ရုပ်သံတင်ဆက်သူအဖြစ်ဆောင်ရွက်ခဲ့တဲ့ မန်ယူဂန္ထဝင် ဂယ်ရီနဗီးလ်က ပေါ့ဂ်ဘာကို တစ်ကိုယ်ကောင်းဆန်သူတစ်ဦးအဖြစ်ဝေဖန်ခဲ့သလို ပင်နယ်တီကန်ခွင့်နဲ့ပတ်သက်လို့ ပေါ့ဂ်ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့နှစ်ဦးဆွေးနွေးနေခဲ့တာကိုလည်း မဖြစ်သင့်ကြောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ရိုင်ယန်ဂစ်ကလည်း ရက်ရှ်ဖို့ဒ်အနေနဲ့ ပင်နယ်တီကန်သွင်းခွင့်ကိုရယူသင့်တယ်လို့ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ ပင်နယ်တီကန်ခွင့်အတွက် ပေါ့ဂ်ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့နှစ်ဦးစလုံးကိုသာတာဝန်ပေးထားပြီး ပေါ့ဂ်ဘာရဲ့လွဲချော်မှုကိုလည်း အပြစ်မတင်ကြောင်းပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားက ”ပေါ့ဂ်ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့နှစ်ဦးစလုံးက ပင်နယ်တီကန်တာသိပ်ကောင်းတဲ့သူတွေပါ။ ဘယ်သူကန်မလဲဆိုတာကတော့ သူတို့အပေါ်ပဲမူတည်ပါတယ်။ တစ်ခါတလေ ပင်နယ်တီကန်တဲ့သူဟာ ဂိုးဝင်မယ်ဆိုတဲ့ယုံကြည်ချက်မျိုးရှိတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုအခြေအနေမျိုးကြုံတွေ့ခဲ့ဖူးပြီး နော်ဝေနဲ့တုန်းက အဲဒီလိုပဲတာဝန်ယူပြီး လွဲချော်ခဲ့ဖူးတာပါပဲ။ ကန်မယ့်သူနှစ်ဦးဆိုတော့ ပိုပြီးယုံကြည်ချက်ရှိတဲ့သူက တာဝန်ယူမှာပေါ့။ ပြီးခဲ့တဲ့တစ်ပတ်က ရက်ရှ်ဖို့ဒ်ဂိုးဝင်ခဲ့ပြီး နောက်လည်း သူကန်ဦးမှာပါပဲ။ အဲဒီလိုပဲ ပေါ့ဂ်ဘာကလည်း ယုံကြည်ချက်ရှိပါတယ်။ ဒီလိုယုံကြည်ချက်ရှိတဲ့သူတွေကို ကျွန်တော်ကြိုက်ပါတယ်။ အခုလိုရှေ့ထွက်လာပြီး ဒါငါကန်မှာလို့ ယုံကြည်ချက်အပြည့်နဲ့တာဝန်ယူတာမျိုးက ကျွန်တော့်အတွက်တော့ ဘာပြသနာမှမရှိပါဘူး”လို့ ဆိုခဲ့ပါတယ်။