နာပိုလီနဲ႔ စာခ်ဳပ္အၿပီးသတ္ဖုိ႔ အီတလီကိုေရာက္လာတဲ့ မကၠဆီကိုၾကယ္ပြင့္ လုိဇာႏုိ

Photo Credit: Getty Images
Photo Credit: Getty Images

နယ္သာလန္ကလပ္ ပီအက္စ္ဗီနဲ႔ မကၠဆီကိုအသင္းတုိ႔ရဲ႕ ေတာင္ပံကစားသမား လုိဇာႏုိဟာ နာပိုလီကိုေျပာင္းေရႊ႕ဖုိ႔အတြက္ အဂၤါေန႔က အီတလီကိုေရာက္ရွိလာခဲ့ၿပီး ပရိသတ္တခ်ဳိနဲ႔ အီတလီမီဒီယာေတြကႀကိဳဆုိခဲ့ၾကပါတယ္။

Photo Credit: Getty Images

အသက္ 24 ႏွစ္အရြယ္ လုိဇာႏုိဟာ နာပိုလီအသင္းကို ယူရို 42 သန္းနဲ႔ေျပာင္းေရႊ႕မွာျဖစ္ၿပီး မၾကာခင္မွာပဲ စာခ်ဳပ္အၿပီးသတ္မယ္လုိ႔ အီတလီသတင္းေတြကဆုိပါတယ္။ လုိဇာႏုိဟာ 2018 ကမာၻ႔ဖလားၿပိဳင္ပြဲမွာ မကၠဆီကိုအသင္းအတြက္ အေကာင္းဆံုးေျခစြမ္းျပႏုိင္ခဲ့သူျဖစ္ၿပီး ဥေရာပေဘာလံုးေလာကရဲ႕ အလားအလာရွိသူတစ္ဦးအျဖစ္လည္း သတ္မွတ္ခံထားရတာပါ။ သူဟာ 2017-18 ရာသီက မကၠဆီကိုကလပ္ ပါခ်ဴကာကေန ပီအက္စ္ဗီကိုေရာက္ရွိလာခဲ့ၿပီး ပထမဆံုးရာသီမွာပဲ နယ္သာလန္လိဂ္ 29 ပြဲမွာ 17 ဂုိးသြင္းကာ 8 ဂိုးဖန္တီးေပးႏုိင္ခဲ့ပါတယ္။ အဲဒီေနာက္ ၿပီးခဲ့တဲ့ရာသီမွာလည္း လုိဇာႏုိဟာ ပီအက္စ္ဗီအတြက္ နယ္သာလန္လိဂ္မွာ 17 ဂုိးထပ္မံသြင္းယူခဲ့ၿပီး အေကာင္းဆံုးေျခစြမ္းျပႏုိင္ခဲ့ပါတယ္။

Photo Credit: Getty Images

ပီအက္စ္ဗီနဲ႔ ပထမဆံုးရာသီမွာတင္ ဂိုးသြင္းေျခစြမ္းျပခဲ့တဲ့အျပင္ မကၠဆီကိုအသင္းမွာလည္း အဓိကကစားသမားျဖစ္လာခဲ့တဲ့ လုိဇာႏုိကုိ ဥေရာပထိပ္တန္းကလပ္ေတြကလည္းေစာင့္ၾကည့္လာခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ 2 ႏွစ္အတြင္း လုိဇာႏုိဟာ ပရီးမီးယားလိဂ္ထိပ္သီး မန္ယူအသင္းကိုေရာက္ဖုိ႔လည္း သတင္းထြက္ခ့ဲေသးတာပါ။ ဒါေပမဲ့ လက္ရွိမွာေတာ့ နာပိုလီအသင္းသားအျဖစ္သာ ျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။ အဂၤါေန႔က အီတလီေျမကို လုိဇာႏုိေရာက္ရွိလာခဲ့ၿပီး 24 နာရီအတြင္း ေဆးစစ္မႈခံယူသြားမွာပါ။ ဒါေပမဲ့ လုိဇာႏုိဟာ ပီအက္စ္ဗီနဲ႔ ဒန္ဟက္တုိ႔ပြဲစဥ္မွာ ဒဏ္ရာအနည္းငယ္ရရွိထားတာေၾကာင့္ ဒီတစ္ပတ္စတင္ေတာ့မယ့္ စီးရီးေအရာသီအဖြင့္မွာ နာပိုလီအတြက္ ပါ၀င္ကစားႏုိင္ဖုိ႔ေတာ့ မေသခ်ာဘူးလုိ႔ အီတလီသတင္းေတြကေဖာ္ျပခဲ့ပါတယ္။

(Unicode)

နာပိုလီနဲ့ စာချုပ်အပြီးသတ်ဖို့ အီတလီကိုရောက်လာတဲ့ မက္ကဆီကိုကြယ်ပွင့် လိုဇာနို

နယ်သာလန်ကလပ် ပီအက်စ်ဗီနဲ့ မက္ကဆီကိုအသင်းတို့ရဲ့ တောင်ပံကစားသမား လိုဇာနိုဟာ နာပိုလီကိုပြောင်းရွှေ့ဖို့အတွက် အင်္ဂါနေ့က အီတလီကိုရောက်ရှိလာခဲ့ပြီး ပရိသတ်တချိုနဲ့ အီတလီမီဒီယာတွေကကြိုဆိုခဲ့ကြပါတယ်။

အသက် 24 နှစ်အရွယ် လိုဇာနိုဟာ နာပိုလီအသင်းကို ယူရို 42 သန်းနဲ့ပြောင်းရွှေ့မှာဖြစ်ပြီး မကြာခင်မှာပဲ စာချုပ်အပြီးသတ်မယ်လို့ အီတလီသတင်းတွေကဆိုပါတယ်။ လိုဇာနိုဟာ 2018 ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက္ကဆီကိုအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ဥရောပဘောလုံးလောကရဲ့ အလားအလာရှိသူတစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရတာပါ။ သူဟာ 2017-18 ရာသီက မက္ကဆီကိုကလပ် ပါချူကာကနေ ပီအက်စ်ဗီကိုရောက်ရှိလာခဲ့ပြီး ပထမဆုံးရာသီမှာပဲ နယ်သာလန်လိဂ် 29 ပွဲမှာ 17 ဂိုးသွင်းကာ 8 ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ရာသီမှာလည်း လိုဇာနိုဟာ ပီအက်စ်ဗီအတွက် နယ်သာလန်လိဂ်မှာ 17 ဂိုးထပ်မံသွင်းယူခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ပီအက်စ်ဗီနဲ့ ပထမဆုံးရာသီမှာတင် ဂိုးသွင်းခြေစွမ်းပြခဲ့တဲ့အပြင် မက္ကဆီကိုအသင်းမှာလည်း အဓိကကစားသမားဖြစ်လာခဲ့တဲ့ လိုဇာနိုကို ဥရောပထိပ်တန်းကလပ်တွေကလည်းစောင့်ကြည့်လာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ 2 နှစ်အတွင်း လိုဇာနိုဟာ ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းကိုရောက်ဖို့လည်း သတင်းထွက်ခဲ့သေးတာပါ။ ဒါပေမဲ့ လက်ရှိမှာတော့ နာပိုလီအသင်းသားအဖြစ်သာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ အင်္ဂါနေ့က အီတလီမြေကို လိုဇာနိုရောက်ရှိလာခဲ့ပြီး 24 နာရီအတွင်း ဆေးစစ်မှုခံယူသွားမှာပါ။ ဒါပေမဲ့ လိုဇာနိုဟာ ပီအက်စ်ဗီနဲ့ ဒန်ဟက်တို့ပွဲစဉ်မှာ ဒဏ်ရာအနည်းငယ်ရရှိထားတာကြောင့် ဒီတစ်ပတ်စတင်တော့မယ့် စီးရီးအေရာသီအဖွင့်မှာ နာပိုလီအတွက် ပါဝင်ကစားနိုင်ဖို့တော့ မသေချာဘူးလို့ အီတလီသတင်းတွေကဖော်ပြခဲ့ပါတယ်။