နည္းျပေလာကထဲျပန္၀င္ဖုိ႔ အာဆင္နယ္ပြဲေတြကုိ တိတ္တဆိတ္လာၾကည့္ေနတဲ့ဟင္နရီ

photo-daily mail

photo-gettyimages

အာဆင္နယ္အသင္းဂႏၳ၀င္တစ္ေယာက္ျဖစ္တဲ့သီယာရီဟင္နရီက အသင္းေဟာင္းရဲ႕ပြဲေတြကိုေလ့လာဖို႔ မၾကာခဏဆိုသလို အမ္းမရိတ္စ္ကြင္းႀကီးထဲမွာ တိတ္တဆိတ္လာၾကည့္တတ္ေၾကာင္း ၀န္ခံေျပာၾကားလိုက္ပါတယ္။ ၿပီးခဲ့တဲ့ရာသီ မိုနာကိုကေန ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ အဲဒီအာဆင္နယ္တုိက္စစ္မႈးေဟာင္းဟာ နည္းျပေလာကထဲျပန္၀င္ဖုိ႔ စိတ္အားထက္သန္ေနတာပါ။ ဟင္နီရီဟာ လီဂူး-၁ ၿပိဳင္ပြဲမွာ ပြဲ ၂၀ ကိုင္တြယ္ခဲ့ေပမယ့္ ၄ ပြဲသာအႏိုင္ရခဲ့တာေၾကာင့္ ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

photo-gettyimages

အဲဒီကတည္းက သူဟာ ေနာက္နည္းျပရာထူးအတြက္ ျပင္ဆင္တဲ့အေနနဲ႔ ေဘာလုံးပြဲေတြကို ပိုမိုေလ့လာေနတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူ႔ရဲ႕အသင္းေဟာင္းပြဲေတြကို မၾကာခဏဆိုသလို တိတ္တဆိတ္သြားေရာက္ၿပီး ေလ့လာတတ္တယ္လုိ႔ ဟင္နရီက အဂၤလန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Telegraph ကိုဖြင့္ဟခဲ့တာပါ။ အဲဒီမွာ သူ႔ကိုခ်စ္ခင္အားေပးၾကတဲ့ပရိသတ္ေထာင္ေပါင္းမ်ားစြာရွိေပမယ့္ သူတု႔ိသတိမထားမိေအာင္ ဟင္နရီက အာဆင္နယ္ပြဲေတြကို ၾကည့္ခဲ့တာပါ။

photo-gettyimages

”လူေတြ သတိမထားမိဘဲနဲ႔ အာဆင္နယ္ပြဲေတြကို ကၽြန္ေတာ္သြားၾကည့္ႏိုင္ခဲ့တာပါ။ တစ္ခါတစ္ရံ အာဆင္နယ္ကို ကၽြန္ေတာ္ေရာက္ေနေပမယ့္ ကၽြန္ေတာ္ရွိေနတယ္ဆုိတာကို လူေတြက သိေတာင္မသိၾကဘူး။ ကၽြန္ေတာ္နည္းျပသင္တန္းတက္တုန္းက ခင္ခဲ့ၾကတဲ့မိတ္ေဆြေတြကလည္း သူတို႔ကိုင္တြယ္ေနၾကတဲ့ လူတန္ေတာင္းနဲ႔ နယူးပို႔သ္တုိ႔ကိုလာေလ့လာဖုိ႔ ကၽြန္ေတာ့္ကိုဖိတ္ေခၚထားပါတယ္”လို႔ ဟင္နရီက Telegraph သတင္းစာကို ဖြင့္ဟခဲ့တာပါ။ အသက္ ၄၂ ႏွစ္အရြယ္ ဟင္နရီဟာ ကစားသမားဘ၀မွာ အာဆင္နယ္သမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းသူျဖစ္တဲ့အထိ ေအာင္ျမင္ခဲ့ေပမယ့္ နည္းျပဘ၀မွာေတာ့ ရုန္းကန္ေနရဆဲပါပဲ။

[Unicode]

အာဆင်နယ်အသင်းဂန္ထဝင်တစ်ယောက်ဖြစ်တဲ့သီယာရီဟင်နရီက အသင်းဟောင်းရဲ့ပွဲတွေကိုလေ့လာဖို့ မကြာခဏဆိုသလို အမ်းမရိတ်စ်ကွင်းကြီးထဲမှာ တိတ်တဆိတ်လာကြည့်တတ်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီ မိုနာကိုကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အဲဒီအာဆင်နယ်တိုက်စစ်မှုးဟောင်းဟာ နည်းပြလောကထဲပြန်ဝင်ဖို့ စိတ်အားထက်သန်နေတာပါ။ ဟင်နီရီဟာ လီဂူး-၁ ပြိုင်ပွဲမှာ ပွဲ ၂၀ ကိုင်တွယ်ခဲ့ပေမယ့် ၄ ပွဲသာအနိုင်ရခဲ့တာကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အဲဒီကတည်းက သူဟာ နောက်နည်းပြရာထူးအတွက် ပြင်ဆင်တဲ့အနေနဲ့ ဘောလုံးပွဲတွေကို ပိုမိုလေ့လာနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့အသင်းဟောင်းပွဲတွေကို မကြာခဏဆိုသလို တိတ်တဆိတ်သွားရောက်ပြီး လေ့လာတတ်တယ်လို့ ဟင်နရီက အင်္ဂလန်သတင်းစာတစ်စောင်ဖြစ်တဲ့ Telegraph ကိုဖွင့်ဟခဲ့တာပါ။ အဲဒီမှာ သူ့ကိုချစ်ခင်အားပေးကြတဲ့ပရိသတ်ထောင်ပေါင်းများစွာရှိပေမယ့် သူတု့ိသတိမထားမိအောင် ဟင်နရီက အာဆင်နယ်ပွဲတွေကို ကြည့်ခဲ့တာပါ။

”လူတွေ သတိမထားမိဘဲနဲ့ အာဆင်နယ်ပွဲတွေကို ကျွန်တော်သွားကြည့်နိုင်ခဲ့တာပါ။ တစ်ခါတစ်ရံ အာဆင်နယ်ကို ကျွန်တော်ရောက်နေပေမယ့် ကျွန်တော်ရှိနေတယ်ဆိုတာကို လူတွေက သိတောင်မသိကြဘူး။ ကျွန်တော်နည်းပြသင်တန်းတက်တုန်းက ခင်ခဲ့ကြတဲ့မိတ်ဆွေတွေကလည်း သူတို့ကိုင်တွယ်နေကြတဲ့ လူတန်တောင်းနဲ့ နယူးပို့သ်တို့ကိုလာလေ့လာဖို့ ကျွန်တော့်ကိုဖိတ်ခေါ်ထားပါတယ်”လို့ ဟင်နရီက Telegraph သတင်းစာကို ဖွင့်ဟခဲ့တာပါ။ အသက် ၄၂ နှစ်အရွယ် ဟင်နရီဟာ ကစားသမားဘဝမှာ အာဆင်နယ်သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူဖြစ်တဲ့အထိ အောင်မြင်ခဲ့ပေမယ့် နည်းပြဘဝမှာတော့ ရုန်းကန်နေရဆဲပါပဲ။