ဒုိင္လူႀကီးရဲ႕အေကာင္းဆုံးပြဲမဟုတ္ခဲ့ဘူးလုိ႔ေတာ့ ထင္တယ္

Photo Credit ; PA

Photo Credit ; Reuters

ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားက ပဲေလ့စ္ကို မထင္မွတ္ဘဲ အေရးနိမ့္ခဲ့တဲ့ပြဲမွာ VAR ၾကည့္ေပမယ့္ ပင္နယ္တီရႏိုင္မႈေတြကို ပယ္ခ်ခဲ့တဲ့ဒုိင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ေတြကို ေမးခြန္းထုတ္ေ၀ဖန္သြားခဲ့ပါတယ္။ ယူႏုိက္တက္ဟာ အိမ္ကြင္းမွာ ပဲေလ့စ္ကို ၁-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့ရေပမယ့္ ပရိသတ္အမ်ားစုကေတာ့ ယူႏုိက္တက္အသင္း အနည္းဆုံးပင္နယ္တီ ၂ႀကိမ္ထပ္ရသင့္တယ္လုိ႔ ခံစားေနရၿပီး မာရွယ္ကို ပဲေလ့စ္ေနာက္ခံလူ မာတင္ကယ္လီ ၾကမ္းတမ္းစြာကစားမႈနဲ႔ အဲဒီကစားသမားကပဲ ဒန္နီရယ္ဂ်ိမ္းစ္ကို တားဆီးမႈေတြက ပင္နယ္တီရရွိသင့္တယ္လုိ႔ ခံစားေနရတာပါ။

Photo Credit

ဒါ့အျပင္ ပင္နယ္တီဧရိယာအတြင္း တစ္ေယာက္တည္းဆြဲေျပးကာ ကန္သြင္းမလုိ႔ ဟန္ျပင္ေနတဲ့ မာရွယ္ကို ၾကမ္းတမ္းစြာတားဆီးခဲ့တဲ့ ပဲေလ့စ္ေနာက္ခံလူ ကာေဟးလ္ကိုလည္း ကြင္းလယ္ဒုိင္ ေပါလ္တီယာေနးက အနီကတ္ျပသရမယ့္အစား အ၀ါကတ္သာျပသခဲ့တာကိုလည္း ပရိသတ္ေတြက ေပါက္ကြဲေနၾကပါတယ္။

Photo Credit ; Reuters

”မာရွယ္ရဲ႕ျဖစ္ရပ္ကိုပဲၾကည့္။ လုံး၀ကိုပင္နယ္တီေပးရမယ့္ျပစ္ဒဏ္ က်ဴးလြန္ခံရတာပဲ။ ဒုိင္လူႀကီးကေတာ့ သူ႕အတြက္ အေကာင္းဆုံးပြဲအျဖစ္ မစြမ္းေဆာင္ႏုိင္ခဲ့ဘူးလုိ႔ထင္တယ္။ ေနာက္ၿပီးေတာ့ VAR က ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကို မေျပာင္းလဲခဲ့တာလည္း အေတာ္ေလးအံ့အားသင့္မိတယ္။ တကယ္လုိ႔မ်ား မာရွယ္သာ ကီလုိ ၁၀၀ ေလာက္ေလးတဲ့ၿပိဳင္ဘက္ကို ထမ္းပိုးမထားရရင္ လဲက်သြားမွာလည္းမဟုတ္ဘူး။ ဒုိင္လူႀကီးအေၾကာင္း ကၽြန္ေတာ္ သိပ္မေျပာခ်င္ဘူး။ ဒါေပမဲ့ ပထမပိုင္းမွာ မာရွယ္အေပၚ ဖ်က္ထုတ္ခဲ့တဲ့ ကာေဟးလ္ရဲ႕အျပဳအမူကေတာ့ ေမးခြန္းထုတ္စရာပါပဲ”

Photo Credit ; Getty Images

”မာရွယ္က ဂိုးကန္သြင္းဖို႔ ရွင္းရွင္းလင္းလင္းျဖစ္ေနခ်ိန္မွာ တားဆီးခံလုိက္ရတာက တကယ့္ကိုအသိသာႀကီးပါ”လုိ႔ ဆုိးလ္ရွားက ေျပာပါတယ္။ ေနာက္ၿပီး ဆိုးလ္ရွားက ၀ုဗ္နဲ႔ပြဲမွာ ဒိုင္ဗင္ထုိးခဲ့လုိ႔ အ၀ါကတ္ျပသခံခဲ့ရၿပီးေနာက္ ပဲေလ့စ္နဲ႔ပြဲမွာလည္း အလားတူျဖစ္ရပ္မ်ိဳးေၾကာင့္ အ၀ါကတ္ထပ္မံျပသခံခ့ဲရတဲ့ ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ပတ္သက္လုိ႔ မွ်တတဲ့ဆုံးျဖတ္ခ်က္ေတြျဖစ္မလာမွာကိုလည္း စိုးရိမ္မိေၾကာင္း ၀န္ခံပါတယ္။

Photo Credit ; Getty Images / AFP

အသက္ ၂၁ႏွစ္အရြယ္ရွိ ဂ်ိမ္းစ္ဟာ ပင္နယ္တီဧရိယာအတြင္း ကယ္လီရဲ႕ဖ်က္ထုတ္မႈေၾကာင့္ လဲက်သြားေပမယ့္ ပင္နယ္တီမရရွိခဲ့ဘဲ VAR နဲ႔ ျပန္ၾကည့္တာေတာင္ ရရွိခဲ့တာမဟုတ္ပါဘူး။ ”ဂ်ိမ္းစ္က အဲဒီလုိဒိုင္ဗင္ထုိးတတ္တဲ့ကစားသမားမ်ိဳးမဟုတ္ပါဘူး။ သူက လ်င္လ်င္ျမန္ျမန္ေျပးတာပါ။ ပဲေလ့စ္နဲ႔ပြဲအျပင္ ၀ုဗ္နဲ႔ပြဲအတြက္ ဗီဒီယိုဖုိင္ေတြ ျပန္ၾကည့္ရင္ သိပါလိမ့္မယ္။ သူဟာ တစ္ခါတေလ အကန္ခံရတယ္။ သူ႕ရဲ႕ေျပးႏႈန္းအရဆုိရင္ နည္းနည္းေလးထိလုိက္တာနဲ႔ လဲက်သြားႏိုင္ပါတယ္”လုိ႔ ဆုိးလ္ရွားက ေျပာပါတယ္။

Photo Credit ; PA

Unicode

ဒိုင်လူကြီးရဲ့အကောင်းဆုံးပွဲမဟုတ်ခဲ့ဘူးလို့တော့ ထင်တယ်

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ပဲလေ့စ်ကို မထင်မှတ်ဘဲ အရေးနိမ့်ခဲ့တဲ့ပွဲမှာ VAR ကြည့်ပေမယ့် ပင်နယ်တီရနိုင်မှုတွေကို ပယ်ချခဲ့တဲ့ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ်ဝေဖန်သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ပဲလေ့စ်ကို ၁-၂ ဂိုးနဲ့အရေးနိမ့်ခဲ့ရပေမယ့် ပရိသတ်အများစုကတော့ ယူနိုက်တက်အသင်း အနည်းဆုံးပင်နယ်တီ ၂ကြိမ်ထပ်ရသင့်တယ်လို့ ခံစားနေရပြီး မာရှယ်ကို ပဲလေ့စ်နောက်ခံလူ မာတင်ကယ်လီ ကြမ်းတမ်းစွာကစားမှုနဲ့ အဲဒီကစားသမားကပဲ ဒန်နီရယ်ဂျိမ်းစ်ကို တားဆီးမှုတွေက ပင်နယ်တီရရှိသင့်တယ်လို့ ခံစားနေရတာပါ။
ဒါ့အပြင် ပင်နယ်တီဧရိယာအတွင်း တစ်ယောက်တည်းဆွဲပြေးကာ ကန်သွင်းမလို့ ဟန်ပြင်နေတဲ့ မာရှယ်ကို ကြမ်းတမ်းစွာတားဆီးခဲ့တဲ့ ပဲလေ့စ်နောက်ခံလူ ကာဟေးလ်ကိုလည်း ကွင်းလယ်ဒိုင် ပေါလ်တီယာနေးက အနီကတ်ပြသရမယ့်အစား အဝါကတ်သာပြသခဲ့တာကိုလည်း ပရိသတ်တွေက ပေါက်ကွဲနေကြပါတယ်။
”မာရှယ်ရဲ့ဖြစ်ရပ်ကိုပဲကြည့်။ လုံးဝကိုပင်နယ်တီပေးရမယ့်ပြစ်ဒဏ် ကျူးလွန်ခံရတာပဲ။ ဒိုင်လူကြီးကတော့ သူ့အတွက် အကောင်းဆုံးပွဲအဖြစ် မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ထင်တယ်။ နောက်ပြီးတော့ VAR က ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို မပြောင်းလဲခဲ့တာလည်း အတော်လေးအံ့အားသင့်မိတယ်။ တကယ်လို့များ မာရှယ်သာ ကီလို ၁၀၀ လောက်လေးတဲ့ပြိုင်ဘက်ကို ထမ်းပိုးမထားရရင် လဲကျသွားမှာလည်းမဟုတ်ဘူး။ ဒိုင်လူကြီးအကြောင်း ကျွန်တော် သိပ်မပြောချင်ဘူး။ ဒါပေမဲ့ ပထမပိုင်းမှာ မာရှယ်အပေါ် ဖျက်ထုတ်ခဲ့တဲ့ ကာဟေးလ်ရဲ့အပြုအမူကတော့ မေးခွန်းထုတ်စရာပါပဲ”
”မာရှယ်က ဂိုးကန်သွင်းဖို့ ရှင်းရှင်းလင်းလင်းဖြစ်နေချိန်မှာ တားဆီးခံလိုက်ရတာက တကယ့်ကိုအသိသာကြီးပါ”လို့ ဆိုးလ်ရှားက ပြောပါတယ်။ နောက်ပြီး ဆိုးလ်ရှားက ဝုဗ်နဲ့ပွဲမှာ ဒိုင်ဗင်ထိုးခဲ့လို့ အဝါကတ်ပြသခံခဲ့ရပြီးနောက် ပဲလေ့စ်နဲ့ပွဲမှာလည်း အလားတူဖြစ်ရပ်မျိုးကြောင့် အဝါကတ်ထပ်မံပြသခံခဲ့ရတဲ့ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်နဲ့ပတ်သက်လို့ မျှတတဲ့ဆုံးဖြတ်ချက်တွေဖြစ်မလာမှာကိုလည်း စိုးရိမ်မိကြောင်း ဝန်ခံပါတယ်။
အသက် ၂၁နှစ်အရွယ်ရှိ ဂျိမ်းစ်ဟာ ပင်နယ်တီဧရိယာအတွင်း ကယ်လီရဲ့ဖျက်ထုတ်မှုကြောင့် လဲကျသွားပေမယ့် ပင်နယ်တီမရရှိခဲ့ဘဲ VAR နဲ့ ပြန်ကြည့်တာတောင် ရရှိခဲ့တာမဟုတ်ပါဘူး။ ”ဂျိမ်းစ်က အဲဒီလိုဒိုင်ဗင်ထိုးတတ်တဲ့ကစားသမားမျိုးမဟုတ်ပါဘူး။ သူက လျင်လျင်မြန်မြန်ပြေးတာပါ။ ပဲလေ့စ်နဲ့ပွဲအပြင် ဝုဗ်နဲ့ပွဲအတွက် ဗီဒီယိုဖိုင်တွေ ပြန်ကြည့်ရင် သိပါလိမ့်မယ်။ သူဟာ တစ်ခါတလေ အကန်ခံရတယ်။ သူ့ရဲ့ပြေးနှုန်းအရဆိုရင် နည်းနည်းလေးထိလိုက်တာနဲ့ လဲကျသွားနိုင်ပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။