ဒီရာသီမွာ မႏွစ္ကထက္ေတာင္ ပိုေကာင္းလာႏိုင္တယ္လုိ႔ ဂြါဒီယိုလာ သတိေပး

Photo Credit

Photo Credit ; Getty Images

စီးတီးအသင္းနည္းျပဂြါဒီယိုလာကေတာ့ ၂၀၁၈-၁၉ ရာသီထက္ စီးတီးဟာ ဒီရာသီမွာ ပိုေကာင္းလာႏိုင္တယ္လို႔ ယံုၾကည္ေနပါတယ္။ ၿပီးခဲ့တဲ့ရာသီက စီးတီးအသင္းဟာ အက္ဖ္ေအဖလား၊ ကာရာေဘာင္ဖလားတို႔ကိုကိုင္ေျမွာက္ႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ ဖလားလည္း လီဗာပူးအသင္းကို ၁ မွတ္အသာနဲ႔ ရယူပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

 

Photo Credit ; Reuters

ထိုစဥ္ကစီးတီးအသင္းဟာ ပရီးမီးယားလိဂ္ ရမွတ္ ၉၈ မွတ္အထိရရွိခဲ့ၿပီး အမွတ္ေပးဖလားကိုပိုင္ဆိုင္ႏိုင္ခဲ့တာပါ။ ဒါေပမဲ့ လက္ရွိရာသီမွာေတာ့ စီးတီးအသင္းဟာ ၿပီးခဲ့တဲ့အပတ္က စပါးအသင္းကို ၂-၂ ဂိုးနဲ႔ သေရက်ခဲ့ၿပီး ယမန္ႏွစ္ကတည္းက အဓိကၿပိဳင္ဘက္ လီဗာပူးအသင္းေအာက္ အမွတ္ေတြ ေလ်ာ့က်ေနပါတယ္။

Photo Credit ; Getty Images

လီဗာပူးအသင္းကေတာ့ မေန႔ကလည္း အာဆင္နယ္အသင္းကို ၃-၁ ဂိုးနဲ႔ အႏိုင္ရရွိၿပီး ၃ ပြဲဆက္ ႏိုင္ပြဲရရွိမႈ စံခ်ိန္ကိုဆက္လက္ ထိန္းသိမ္းထားႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ နည္းျပဂြါဒီယိုလာက စပါးအသင္းနဲ႔ ပြဲစဥ္မွာအသင္းရဲ႕ကစားပံုက အေကာင္းဆံုးပံုစံမွာရွိေနခဲ့ၿပီး ဒီရာသီကလည္း စီးတီးအတြက္ ေကာင္းမြန္တဲ့ ရာသီတစ္ခုလို႔ ထင္ျမင္ေနပါတယ္။

Photo Credit ; Sky Sports

ယေန႔ညမွာ ဘုန္းေမာက္အသင္းရဲ႕အိမ္ကြင္းဆီ ဧည့္သည္အျဖစ္ သြားေရာက္ မကစားမီ ဂြါဒီယိုလာက “ကၽြန္ေတာ္ အခ်က္အလက္ေတြကိုမယံုၾကည္ပါဘူး၊ စိတ္ဝိညာဥ္ကိုပဲ ယံုၾကည္ပါတယ္။ စပါးအသင္းနဲ႔ယွဥ္ၿပိဳင္ကစားခဲ့ၿပီးေနာက္ ကၽြန္ေတာ္တို႔ အေကာင္းဆံုးေတြ လုပ္ေဆာင္ႏိုင္တယ္ ဆိုတာ ကၽြန္ေတာ္ ခံစားမိေနတယ္”လို႔ ေျပာပါတယ္။

Photo Credit ; Getty Images

ဆက္လက္ၿပီး ဂြါဒီယိုလာက ” ကၽြန္ေတာ္တို႔ သေရက်ခဲ့တယ္ဆိုရင္ေတာင္ စပါးအသင္းနဲ႔ပြဲစဥ္မွာ ကၽြန္ေတာ္တို႔ ၿပီးခဲ့တဲ့ရာသီကထက္ ပိုေကာင္းေအာင္ ကစားႏိုင္ခဲ့တယ္၊ ၂၀၁၈-၁၉ ရာသီက ခ်ဲလ္ဆီးအသင္းကို ၆-၀ နဲ႔ အႏို္င္ရရွိခဲ့တာထက္ကို စပါးအသင္းနဲ႔ ပြဲစဥ္ကအသင္းရဲ႕ကစားပံုပိုေကာင္းခဲ့တယ္။ ဒီအေျခအေနကအရမ္းေကာင္းပါတယ္၊ ဒါ အံ့အားသင့္စရာပါပဲ၊ ကၽြန္ေတာ္တို႔ ဒီလုိမ်ိဳးေလ့က်င့္မႈေတြနဲ႔ ကစားသမားေတြရဲ႕ ၿပိဳင္ဆိုင္လိုတဲ့ စိတ္ဓာတ္ကိုဆက္ၿပီးထိန္းသိမ္းထားႏိုင္မယ္ဆိုရင္ ကၽြန္ေတာ္တို႔ ရလဒ္ေကာင္းေတြ ရရွိလာႏိုင္ပါတယ္”လို႔ ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။

Photo Credit ; Getty Images

Unicode

ဒီရာသီမှာ မနှစ်ကထက်တောင် ပိုကောင်းလာနိုင်တယ်လို့ ဂွါဒီယိုလာ သတိပေး

စီးတီးအသင်းနည်းပြဂွါဒီယိုလာကတော့ ၂၀၁၈-၁၉ ရာသီထက် စီးတီးဟာ ဒီရာသီမှာ ပိုကောင်းလာနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက စီးတီးအသင်းဟာ အက်ဖ်အေဖလား၊ ကာရာဘောင်ဖလားတို့ကိုကိုင်မြှောက်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ဖလားလည်း လီဗာပူးအသင်းကို ၁ မှတ်အသာနဲ့ ရယူပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ထိုစဉ်ကစီးတီးအသင်းဟာ ပရီးမီးယားလိဂ် ရမှတ် ၉၈ မှတ်အထိရရှိခဲ့ပြီး အမှတ်ပေးဖလားကိုပိုင်ဆိုင်နိုင်ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိရာသီမှာတော့ စီးတီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က စပါးအသင်းကို ၂-၂ ဂိုးနဲ့ သရေကျခဲ့ပြီး ယမန်နှစ်ကတည်းက အဓိကပြိုင်ဘက် လီဗာပူးအသင်းအောက် အမှတ်တွေ လျော့ကျနေပါတယ်။
လီဗာပူးအသင်းကတော့ မနေ့ကလည်း အာဆင်နယ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ၃ ပွဲဆက် နိုင်ပွဲရရှိမှု စံချိန်ကိုဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြဂွါဒီယိုလာက စပါးအသင်းနဲ့ ပွဲစဉ်မှာအသင်းရဲ့ကစားပုံက အကောင်းဆုံးပုံစံမှာရှိနေခဲ့ပြီး ဒီရာသီကလည်း စီးတီးအတွက် ကောင်းမွန်တဲ့ ရာသီတစ်ခုလို့ ထင်မြင်နေပါတယ်။
ယနေ့ညမှာ ဘုန်းမောက်အသင်းရဲ့အိမ်ကွင်းဆီ ဧည့်သည်အဖြစ် သွားရောက် မကစားမီ ဂွါဒီယိုလာက “ကျွန်တော် အချက်အလက်တွေကိုမယုံကြည်ပါဘူး၊ စိတ်ဝိညာဉ်ကိုပဲ ယုံကြည်ပါတယ်။ စပါးအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ကျွန်တော်တို့ အကောင်းဆုံးတွေ လုပ်ဆောင်နိုင်တယ် ဆိုတာ ကျွန်တော် ခံစားမိနေတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက ” ကျွန်တော်တို့ သရေကျခဲ့တယ်ဆိုရင်တောင် စပါးအသင်းနဲ့ပွဲစဉ်မှာ ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်၊ ၂၀၁၈-၁၉ ရာသီက ချဲလ်ဆီးအသင်းကို ၆-၀ နဲ့ အနိုင်ရရှိခဲ့တာထက်ကို စပါးအသင်းနဲ့ ပွဲစဉ်ကအသင်းရဲ့ကစားပုံပိုကောင်းခဲ့တယ်”
”ဒီအခြေအနေကအရမ်းကောင်းပါတယ်၊ ဒါ အံ့အားသင့်စရာပါပဲ၊ ကျွန်တော်တို့ ဒီလိုမျိုးလေ့ကျင့်မှုတွေနဲ့ ကစားသမားတွေရဲ့ ပြိုင်ဆိုင်လိုတဲ့ စိတ်ဓာတ်ကိုဆက်ပြီးထိန်းသိမ်းထားနိုင်မယ်ဆိုရင် ကျွန်တော်တို့ ရလဒ်ကောင်းတွေ ရရှိလာနိုင်ပါတယ်”လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။