ဒီဂီယာေၾကာင့္ အခုခ်ိန္ထိ ရတက္မေအးႏုိင္ျဖစ္ေနရတဲ့ မန္ယူအသင္း

Photo Credit: Getty Images
Photo Credit: Getty Images

မန္ယူအသင္းဟာ ဂုိးသမားဒီဂီယာကုိ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖုိ႔ မူအားျဖင့္သေဘာတူညီမႈရရွိထားတယ္ဆုိေပမယ့္ အခုခ်ိန္ထိ တရား၀င္လက္မွတ္ေရးထုိးႏုိင္ျခင္းမရွိေသးတာေၾကာင့္ ရတက္မေအးႏုိင္ျဖစ္ေနရတယ္လုိ႔ ၿဗိတိန္သတင္းစာေတြကေဖာ္ျပခဲ့ပါတယ္။

Photo Credit: Getty Images

အသက္ ၂၈ ႏွစ္အရြယ္ ဒီဂီယာဟာ မန္ယူအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ ေဆြးေႏြးမႈေတြဆက္တုိက္ျပဳလုပ္ခဲ့တာဟာ ၂ ႏွစ္ေလာက္ေတာင္ရွိေနၿပီျဖစ္ပါတယ္။ အေစာပိုင္းက ကလပ္နဲ႔ ကစားသမားရဲ႕ကိုယ္စားလွယ္အဖြဲ႕ၾကားမွာ အဆင္မေျပမႈေတြရွိခ့ဲလုိ႔ စာခ်ဳပ္ေဟာင္းမွာပါ၀င္တဲ့ ၁ ႏွစ္သက္တမ္းတုိးခြင့္ရွိတယ္ဆုိတဲ့အခ်က္ကိုအသံုးခ်ၿပီး ဒီရာသီမွာ ဒီဂီယာကိုဆက္ထိန္းထားႏုိင္ဖုိ႔ မန္ယူဘုတ္အဖြဲ႕ကႀကိဳးပမ္းခဲ့ရတာပါ။

Photo Credit: Getty Images

ဒီရာသီစတင္ခ်ိန္မွာ ဒီဂီယာဟာ မန္ယူအသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖုိ႔ သေဘာတူညီမႈရရွိခဲ့ၿပီး တစ္ပတ္လစာ ေပါင္ ၃၅၀,၀၀၀ ရရွိမယ္လုိ႔လည္း သတင္းေတြအခိုင္အမာထြက္ေပၚခဲ့ပါေသးတယ္။ ဒါေပမဲ့ ဒီဂီယာဘက္က စာခ်ဳပ္သစ္ကိုေတာ့ အခုခ်ိန္ထိ တရား၀င္လက္မွတ္ေရးထုိးျခင္းမရွိေသးပါဘူး။ မန္ယူကစားသမားေတြရဲ႕စာခ်ဳပ္ထဲမွာ တကယ္လုိ႔ ခ်န္ပီယံလိဂ္၀င္ခြင့္သာမရဘူးဆုိရင္ လစာ ၂၅ ရာခိုင္ႏႈန္းေလွ်ာ့ယူရမယ္ဆုိတဲ့အခ်က္ပါ၀င္ေလ့ရွိပါတယ္။ ဒီဂီယာအေနနဲ႔ တစ္ပတ္ေပါင္ ၃၅၀,၀၀၀ ရရွိေပမယ့္ ခ်န္ပီယံလိဂ္၀င္ခြင့္သာမရဘူးဆုိရင္ေတာ့ တစ္ပတ္ကို ေပါင္ ၂၆၃,၀၀၀ သာရရွိမွာျဖစ္ၿပီး အဲဒီအခ်က္အတြက္လည္း ေဆြးေႏြးမႈေတြျပဳလုပ္ေနတယ္လုိ႔ ဆုိပါတယ္။

Photo Credit: Getty Images

လက္ရွိပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ လစာအမ်ားဆံုးရရွိိေနသူက မန္စီးတီးကြင္းလယ္လူဒီဘရူနီနဲ႔ မန္ယူတုိက္စစ္မွဴးဆန္းခ်က္ဇ္တုိ႔ျဖစ္ၿပီး သူတုိ႔ေနာက္မွာေတာ့ ေပါ့ဂ္ဘာက ရပ္တည္ေနတာပါ။ ဆန္းခ်က္ဇ္က အင္တာမီလန္ကိုေျပာင္းေရႊ႕ဖုိ႔နီးစပ္ေနလုိ႔ ဒီဂီယာသာ စာခ်ဳပ္သစ္ခ်ဳပ္မယ္ဆုိရင္ မန္ယူအသင္းရဲ႕ လစာအမ်ားဆံုးကစားသမားလည္းျဖစ္လာဖုိ႔ရွိေနပါတယ္။ လက္ရွိအခ်ိန္မွာ ဒီဂီယာရဲ႕အေျခအေနကို ပီအက္စ္ဂ်ီအသင္းက ေစာင့္ၾကည့္ေနၿပီး မန္ယူနဲ႔ စာခ်ဳပ္သစ္မခ်ဳပ္ႏုိင္ေသးဘူးဆုိရင္ ဒီဂီယာဟာ လာမယ့္ဇန္န၀ါရီလမွာ သူ႕စိတ္ႀကိဳက္အသင္းတစ္ခုနဲဲ႔ တရား၀င္ေဆြးေႏြးခြင့္ရရွိမွာျဖစ္ပါတယ္။

(Unicode)

ဒီဂီယာကြောင့် အခုချိန်ထိ ရတက်မအေးနိုင်ဖြစ်နေရတဲ့ မန်ယူအသင်း

မန်ယူအသင်းဟာ ဂိုးသမားဒီဂီယာကို စာချုပ်သစ်ချုပ်ဆိုဖို့ မူအားဖြင့်သဘောတူညီမှုရရှိထားတယ်ဆိုပေမယ့် အခုချိန်ထိ တရားဝင်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတာကြောင့် ရတက်မအေးနိုင်ဖြစ်နေရတယ်လို့ ဗြိတိန်သတင်းစာတွေကဖော်ပြခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဒီဂီယာဟာ မန်ယူအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုရေးအတွက် ဆွေးနွေးမှုတွေဆက်တိုက်ပြုလုပ်ခဲ့တာဟာ ၂ နှစ်လောက်တောင်ရှိနေပြီဖြစ်ပါတယ်။ အစောပိုင်းက ကလပ်နဲ့ ကစားသမားရဲ့ကိုယ်စားလှယ်အဖွဲ့ကြားမှာ အဆင်မပြေမှုတွေရှိခဲ့လို့ စာချုပ်ဟောင်းမှာပါဝင်တဲ့ ၁ နှစ်သက်တမ်းတိုးခွင့်ရှိတယ်ဆိုတဲ့အချက်ကိုအသုံးချပြီး ဒီရာသီမှာ ဒီဂီယာကိုဆက်ထိန်းထားနိုင်ဖို့ မန်ယူဘုတ်အဖွဲ့ကကြိုးပမ်းခဲ့ရတာပါ။

ဒီရာသီစတင်ချိန်မှာ ဒီဂီယာဟာ မန်ယူအသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီး တစ်ပတ်လစာ ပေါင် ၃၅၀,၀၀၀ ရရှိမယ်လို့လည်း သတင်းတွေအခိုင်အမာထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီဂီယာဘက်က စာချုပ်သစ်ကိုတော့ အခုချိန်ထိ တရားဝင်လက်မှတ်ရေးထိုးခြင်းမရှိသေးပါဘူး။ မန်ယူကစားသမားတွေရဲ့စာချုပ်ထဲမှာ တကယ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်သာမရဘူးဆိုရင် လစာ ၂၅ ရာခိုင်နှုန်းလျှော့ယူရမယ်ဆိုတဲ့အချက်ပါဝင်လေ့ရှိပါတယ်။ ဒီဂီယာအနေနဲ့ တစ်ပတ်ပေါင် ၃၅၀,၀၀၀ ရရှိပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်သာမရဘူးဆိုရင်တော့ တစ်ပတ်ကို ပေါင် ၂၆၃,၀၀၀ သာရရှိမှာဖြစ်ပြီး အဲဒီအချက်အတွက်လည်း ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လစာအများဆုံးရရှိိနေသူက မန်စီးတီးကွင်းလယ်လူဒီဘရူနီနဲ့ မန်ယူတိုက်စစ်မှူးဆန်းချက်ဇ်တို့ဖြစ်ပြီး သူတို့နောက်မှာတော့ ပေါ့ဂ်ဘာက ရပ်တည်နေတာပါ။ ဆန်းချက်ဇ်က အင်တာမီလန်ကိုပြောင်းရွှေ့ဖို့နီးစပ်နေလို့ ဒီဂီယာသာ စာချုပ်သစ်ချုပ်မယ်ဆိုရင် မန်ယူအသင်းရဲ့ လစာအများဆုံးကစားသမားလည်းဖြစ်လာဖို့ရှိနေပါတယ်။ လက်ရှိအချိန်မှာ ဒီဂီယာရဲ့အခြေအနေကို ပီအက်စ်ဂျီအသင်းက စောင့်ကြည့်နေပြီး မန်ယူနဲ့ စာချုပ်သစ်မချုပ်နိုင်သေးဘူးဆိုရင် ဒီဂီယာဟာ လာမယ့်ဇန်နဝါရီလမှာ သူ့စိတ်ကြိုက်အသင်းတစ်ခုနဲဲ့ တရားဝင်ဆွေးနွေးခွင့်ရရှိမှာဖြစ်ပါတယ်။