ဒီဂီယာနဲ႔ပတ္သက္လုိ႔ ယူႏုိက္တက္ပရိသတ္ေတြကို စိတ္ေအးေစခဲ့တဲ့ ရွမုိက္ကယ္ရဲ႕မွတ္ခ်က္

Photo Credit

Photo Credit ; AP

ယူႏိုက္တက္ရဲ႕ နံပါတ္ ၁ ဂ်ာစီကို ဝတ္ဆင္ခဲ့တဲ့ ဂိုးသမားေဟာင္း ပီတာ႐ွမိုက္ကယ္က လက္ရိွဂိုးသမား ဒီဂီယာဟာ အသင္းနဲ႔အတူစာခ်ဳပ္သစ္ခ်ဳပ္ဆိုထားၿပီးျဖစ္ေၾကာင္း အခိုင္အမာေျပာဆိုလိုက္ပါတယ္။

Photo Credit ; Getty Images

ၿပီးခဲ့တဲ့ လေပါင္းမ်ားစြာက ယူႏိုက္တက္မွာ အဆိုပါစပိန္ဂိုးသမားရဲ႕အနာဂတ္က မေသခ်ာမေရရာျဖစ္ေနခဲ့ၿပီး လက္ရွိမွာ ဒီဂီယာဟာ အိုးထရက္ဖို႔ဒ္အေျခစိုက္အသင္းန႔ဲစာခ်ဳပ္သက္တမ္းေနာက္ဆံုးႏွစ္ကိုေရာက္ရွိလာခဲ့ပါၿပီ။

Photo Credit ; Getty Images

ဒါေပမဲ့ ၁၉၉၁ကေန ၁၉၉၉ ႏွစ္အထိ ယူႏိုက္တက္အသင္းအတြက္ ေပးဆပ္ကစားခဲ့တဲ့ ဂႏၳ၀င္ဂိုးသမားႀကီး ရွမိုက္ကယ္ကေတာ့ တံု႔ဆိုင္းျခင္းမရွိဘဲ ဒီဂီယာ ဘယ္ကိုမွ ထြက္သြားမွာမဟုတ္ေၾကာင္း အသင္းနဲ႔အတူ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ သေဘာတူညီမႈရရွိထားၿပီးျဖစ္ေၾကာင္း အခုိင္အမာေျပာဆိုလိုက္ပါတယ္။

Photo Credit ; Getty Images

“ၿပီးခဲ့တဲ့ ၅ ႏွစ္လံုး ဒီဂီယာကယူႏိုက္တက္မွာအေကာင္းဆံုးလက္စြမ္းျပကစားခဲ့ပါတယ္။ သူစကစားကတည္းက သူ႔မွာေကာင္းမြန္တဲ့ လကၡဏာေတြ ရွိပါတယ္”လို႔ ယူႏိုက္တက္ ဂႏၳဝင္ေဟာင္းက မယ္ရာသတင္းဌာနကိုေျပာပါတယ္။

Photo Credit ; Getty Images

ဆက္လက္ၿပီးရွမိုက္ကယ္က “ကၽြန္ေတာ္တို႔ သူ႔ကိုအသင္းမွာဆက္ထိန္းထားႏိုင္ဖို႔ လုပ္ရပါမယ္။ သူကလည္း အခုအသင္းမွာကစားေနပါတယ္၊ သူ႔ကိုထိန္းထားႏိုင္ဖို႔ ကၽြန္ေတာ္တို႔ ႀကိဳးစားအားထုတ္ဖို႔ပဲလိုပါတယ္”လို႔ ဆက္ေျပာပါတယ္။

Photo Credit 

ဒီဂီယာကိုအသင္းမွာ ဆက္ထိန္းထားႏိုင္ဖို႔ နည္းျပဆိုးလ္ရွားက အလြန္စိတ္အားထက္သန္ေနၿပီး အဆိုပါစပိန္သားဂိုးသမားက လက္ရွိမွာလည္း ယူႏိုက္တက္ရဲႈ ပြဲဦးထြက္ ခ်ဲလ္ဆီးအသင္းနဲ႔ပြဲစဥ္မွာ အေကာင္းဆံုးလက္စြမ္းျပကစားထားခဲ့ပါတယ္။

Photo Credit ; Getty Images

ဒီဂီယာ အသင္းကထြက္ခြာသြားမယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ခ်ိန္တုန္းက လက္စတာအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလားကိုင္ေျမွာက္ႏိုင္ခဲ့တဲ့ ရွမိုက္ကယ္လ္ရဲ႕သားျဖစ္သူ ကက္စ္ပါရွမုိက္ကယ္က အိုးထရက္ဖို႔ဒ္ကိုလာေရာက္ဖို႔ ခ်ိတ္ဆက္မႈေတြ ရွိခဲ့ပါေသးတယ္။

Photo Credit ; PA

Unicode

ဒီဂီယာနဲ့ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေကို စိတ်အေးစေခဲ့တဲ့ ရှမိုက်ကယ်ရဲ့မှတ်ချက်
ယူနိုက်တက်ရဲ့ နံပါတ် ၁ ဂျာစီကို ဝတ်ဆင်ခဲ့တဲ့ ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်က လက်ရှိဂိုးသမား ဒီဂီယာဟာ အသင်းနဲ့အတူစာချုပ်သစ်ချုပ်ဆိုထားပြီးဖြစ်ကြောင်း အခိုင်အမာပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ လပေါင်းများစွာက ယူနိုက်တက်မှာ အဆိုပါစပိန်ဂိုးသမားရဲ့အနာဂတ်က မသေချာမရေရာဖြစ်နေခဲ့ပြီး လက်ရှိမှာ ဒီဂီယာဟာ အိုးထရက်ဖို့ဒ်အခြေစိုက်အသင်းနဲ့စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကိုရောက်ရှိလာခဲ့ပါပြီ။
ဒါပေမဲ့ ၁၉၉၁ကနေ ၁၉၉၉ နှစ်အထိ ယူနိုက်တက်အသင်းအတွက် ပေးဆပ်ကစားခဲ့တဲ့ ဂန္ထဝင်ဂိုးသမားကြီး ရှမိုက်ကယ်ကတော့ တုံ့ဆိုင်းခြင်းမရှိဘဲ ဒီဂီယာ ဘယ်ကိုမှ ထွက်သွားမှာမဟုတ်ကြောင်း အသင်းနဲ့အတူ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း အခိုင်အမာပြောဆိုလိုက်ပါတယ်။
“ပြီးခဲ့တဲ့ ၅ နှစ်လုံး ဒီဂီယာကယူနိုက်တက်မှာအကောင်းဆုံးလက်စွမ်းပြကစားခဲ့ပါတယ်။ သူစကစားကတည်းက သူ့မှာကောင်းမွန်တဲ့ လက္ခဏာတွေ ရှိပါတယ်”လို့ ယူနိုက်တက် ဂန္ထဝင်ဟောင်းက မယ်ရာသတင်းဌာနကိုပြောပါတယ်။
ဆက်လက်ပြီးရှမိုက်ကယ်က “ကျွန်တော်တို့ သူ့ကိုအသင်းမှာဆက်ထိန်းထားနိုင်ဖို့ လုပ်ရပါမယ်။ သူကလည်း အခုအသင်းမှာကစားနေပါတယ်၊ သူ့ကိုထိန်းထားနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားအားထုတ်ဖို့ပဲလိုပါတယ်”လို့ ဆက်ပြောပါတယ်။
ဒီဂီယာကိုအသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ နည်းပြဆိုးလ်ရှားက အလွန်စိတ်အားထက်သန်နေပြီး အဆိုပါစပိန်သားဂိုးသမားက လက်ရှိမှာလည်း ယူနိုက်တက်ရဲှု ပွဲဦးထွက် ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်မှာ အကောင်းဆုံးလက်စွမ်းပြကစားထားခဲ့ပါတယ်။
ဒီဂီယာ အသင်းကထွက်ခွာသွားမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ချိန်တုန်းက လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ ရှမိုက်ကယ်လ်ရဲ့သားဖြစ်သူ ကက်စ်ပါရှမိုက်ကယ်က အိုးထရက်ဖို့ဒ်ကိုလာရောက်ဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပါသေးတယ်။