ဒဏ္ရာျပသနာေၾကာင့္ အာဆင္နယ္နဲ႔ပြဲအထိ ပါ၀င္ႏုိင္ေတာ့မွာမဟုတ္တဲ့ လုခ္ေရွာ

Photo Credit: The Sun
Photo Credit: The Sun

မန္ယူအသင္းေနာက္ခံလူလုခ္ေရွာဟာ ခရစၥတယ္ပဲေလ့စ္ကိုရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္က ဒဏ္ရာျပသနာေၾကာင့္ 5 ပတ္ေလာက္အနားယူရေတာ့မွာျဖစ္ၿပီး လာမယ့္ေအာက္တုိဘာလဆန္းပိုင္းေလာက္မွသာ ျပန္လည္ကစားႏုိင္ဖြယ္ရွိတယ္လုိ႔ သိရပါတယ္။

Photo Credit: The Sun

 

ယခုတစ္ပတ္ရလဒ္ဟာ မန္ယူအသင္းအတြက္ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ပဲေလ့စ္ကို ပထမဆံုးအႀကိမ္ရႈံးနိမ့္မႈျဖစ္ခဲ့တာေၾကာင့္ အရွက္ရဖြယ္ျဖစ္ခဲ့တဲ့အျပင္ အဓိကတုိက္စစ္မွဴးမာရွယ္နဲ႔ ေနာက္ခံလူလုခ္ေရွာတုိ႔ ဒဏ္ရာရခဲ့တာေၾကာင့္ ရႈံးခ်က္နာတဲ့ပြဲစဥ္လည္းျဖစ္ခဲ့တာပါ။ လက္ရွိမွာ မာရွယ္ရဲ႕ဒဏ္ရာျပသနာအေျခအေနကို အေသးစိတ္ထုတ္ျပန္ျခင္းမရိွေသးေပမယ့္ လုခ္ေရွာကေတာ့ စကန္စစ္ေဆးမႈအရ 5 ပတ္ေလာက္နားရမယ္လုိ႔ ဆုိပါတယ္။

Photo Credit: The Sun

အသက္ 24 ႏွစ္အရြယ္ လုခ္ေရွာဟာ အဲဒီပြဲစဥ္မွာ မန္ယူကစားသမားေဟာင္းျဖစ္တဲ့ ဇာဟာနဲ႔ေဘာလံုးယွဥ္လုရင္း ဒဏ္ရာရရွိသြားခဲ့ၿပီး အက္ရွ္ေလယန္းနဲ႔ လူစားလဲမႈခံယူခဲ့ရပါတယ္။ သူ႕ရဲ႕ဒဏ္ရာကိုစစ္ေဆးမႈအရ တံေကာက္ေၾကာကုိထိခုိက္မိသြားတာျဖစ္ၿပီး 1 လေက်ာ္ေလာက္နားရမယ္လုိ႔ ဆုိပါတယ္။ ဒါေၾကာင့္လည္း လုခ္ေရွာဟာ ေဆာက္သမ္တန္၊ လက္စတာ၊ ၀က္စ္ဟမ္းတုိ႔နဲ႔ပြဲေတြအျပင္ ေအာက္တုိဘာ 1 ရက္ေန႔မွာကစားရမယ့္ အာဆင္နယ္နဲ႔ပြဲစဥ္ကိုလည္း လြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

Photo Credit: The Sun

ေနာက္ဆံုး 2 ပြဲဆက္ပင္နယ္တီလြဲေခ်ာ္ၿပီး ရလဒ္ဆုိးခဲ့မႈနဲ႔အတူ ဖိအားေတြနဲ႔ရင္ဆုိင္ေနရတဲ့ မန္ယူနည္းျပဆိုးလ္ရွားအတြက္ လာမယ့္ 4 ပြဲစလံုးဟာ ခက္ခဲတဲ့ၿပိဳင္ဘက္ေတြျဖစ္လုိ႔ လုခ္ေရွာအျပင္ မာရွယ္ကိုပါဆံုးရႈံးရမယ္ဆုိရင္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာႏုိင္တယ္လုိ႔လည္း သံုးသပ္ေနၾကပါတယ္။ လက္ရွိလုခ္ေရွာရဲ႕ဒဏ္ရာျပသနာေၾကာင့္ ဘယ္ေနရာခံလူေနရာမွာ အက္ရွ္ေလယန္းကိုသာ အစားထုိးအသံုးျပဳရဖြယ္ရွိေနပါတယ္။

(Unicode)

ဒဏ်ရာပြသနာကြောင့် အာဆင်နယ်နဲ့ပွဲအထိ ပါဝင်နိုင်တော့မှာမဟုတ်တဲ့ လုခ်ရှော

မန်ယူအသင်းနောက်ခံလူလုခ်ရှောဟာ ခရစ္စတယ်ပဲလေ့စ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ဒဏ်ရာပြသနာကြောင့် 5 ပတ်လောက်အနားယူရတော့မှာဖြစ်ပြီး လာမယ့်အောက်တိုဘာလဆန်းပိုင်းလောက်မှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ယခုတစ်ပတ်ရလဒ်ဟာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပဲလေ့စ်ကို ပထမဆုံးအကြိမ်ရှုံးနိမ့်မှုဖြစ်ခဲ့တာကြောင့် အရှက်ရဖွယ်ဖြစ်ခဲ့တဲ့အပြင် အဓိကတိုက်စစ်မှူးမာရှယ်နဲ့ နောက်ခံလူလုခ်ရှောတို့ ဒဏ်ရာရခဲ့တာကြောင့် ရှုံးချက်နာတဲ့ပွဲစဉ်လည်းဖြစ်ခဲ့တာပါ။ လက်ရှိမှာ မာရှယ်ရဲ့ဒဏ်ရာပြသနာအခြေအနေကို အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပေမယ့် လုခ်ရှောကတော့ စကန်စစ်ဆေးမှုအရ 5 ပတ်လောက်နားရမယ်လို့ ဆိုပါတယ်။

အသက် 24 နှစ်အရွယ် လုခ်ရှောဟာ အဲဒီပွဲစဉ်မှာ မန်ယူကစားသမားဟောင်းဖြစ်တဲ့ ဇာဟာနဲ့ဘောလုံးယှဉ်လုရင်း ဒဏ်ရာရရှိသွားခဲ့ပြီး အက်ရှ်လေယန်းနဲ့ လူစားလဲမှုခံယူခဲ့ရပါတယ်။ သူ့ရဲ့ဒဏ်ရာကိုစစ်ဆေးမှုအရ တံကောက်ကြောကိုထိခိုက်မိသွားတာဖြစ်ပြီး 1 လကျော်လောက်နားရမယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း လုခ်ရှောဟာ ဆောက်သမ်တန်၊ လက်စတာ၊ ဝက်စ်ဟမ်းတို့နဲ့ပွဲတွေအပြင် အောက်တိုဘာ 1 ရက်နေ့မှာကစားရမယ့် အာဆင်နယ်နဲ့ပွဲစဉ်ကိုလည်း လွဲချော်တော့မှာဖြစ်ပါတယ်။

နောက်ဆုံး 2 ပွဲဆက်ပင်နယ်တီလွဲချော်ပြီး ရလဒ်ဆိုးခဲ့မှုနဲ့အတူ ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ မန်ယူနည်းပြဆိုးလ်ရှားအတွက် လာမယ့် 4 ပွဲစလုံးဟာ ခက်ခဲတဲ့ပြိုင်ဘက်တွေဖြစ်လို့ လုခ်ရှောအပြင် မာရှယ်ကိုပါဆုံးရှုံးရမယ်ဆိုရင် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။ လက်ရှိလုခ်ရှောရဲ့ဒဏ်ရာပြသနာကြောင့် ဘယ်နေရာခံလူနေရာမှာ အက်ရှ်လေယန်းကိုသာ အစားထိုးအသုံးပြုရဖွယ်ရှိနေပါတယ်။