ဒဏ္ရာရေနေပမယ့္ အူဘာမီယန္ရဲ႕အျမင့္ခုန္စံခ်ိန္ကို ခ်ိဳးခဲ့တဲ့ အာဆင္နယ္လူသစ္တီယာေနး

photo-theusposts

photo-arsenal

ေႏြရာသီေစ်းကြက္ထဲမွာ ဆဲလ္္တစ္ကေန ေျပာငး္ေရြ႕ေၾကးေပါင္ ၂၅ သန္းနဲ႔ေရာက္ရွိလာတဲ့ ေနာက္ခံလူသစ္တီယာေနးဟာ အာဆင္နယ္အတြက္ ပြဲမထြက္ရေပးေပမယ့္ ေဆးစစ္ခ်ိန္မွာ အသင္းတုိက္စစ္မႈးအူဘာမီယန္ရဲ႕ေလ့က်င့္စံခ်ိန္တစ္ခုကိုေတာင္ ခ်ိဳးႏွင့္ၿပီးျဖစ္ေနပါၿပီ။ ဒါေတာင္ သူဟာ ဒဏ္ရာျပသနာရွိေနတာျဖစ္ၿပီး ေလ့က်င့္ေဆးစစ္မႈခံယူရာမွာ ေဒါင္ေဒါင္ျမည္ေအာင္ျမင္ခဲ့လို႔ အာဆင္နယ္နည္းျပအဖြဲ႕၀င္ေတြနဲ႔သူူ႔အသင္းေဖာ္သစ္ေတြေတာင္ တအ့ံတၾသျဖစ္သြားပါတယ္။

photo-arsenal

ခါးေထာက္လ်က္နဲ႔ သူ႔ရဲ႕အျမင့္ခုန္ႏိုင္စြမ္းကိုစစ္ေဆးေတာ့ တီယာေနးဟာ ဒုတိယအႀကိမ္မွာတင္ အူဘာမီယန္ရဲ႕အျမင့္ခုန္စံခ်ိန္ကိုခ်ိဳးႏိုင္ခဲ့တာပါ။ သူဟာ ၅၅ စင္တီမီတာခုန္ႏိုင္ခဲ့တာျဖစ္ၿပီး အူဘာမီယန္ရဲ႕ယခင္စံခ်ိန္ကို ၁ စင္တီမီတာအသာနဲ႔ ခ်ိဳးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ သူ႔ေဘးနားမွာရွိတဲ့အသင္းေဖာ္ေရာ့ဘ္ဟိုးလ္ဒင္းေတာင္ မယုံႏိုင္ျဖစ္သြားၿပီး ကြန္ဂရက္က်ဴေလးရွင္းလုပ္ခဲ့တာပါ။

photo-gettyimages

စေကာ့တလန္သားဘယ္ေနာက္ခံလူျဖစ္တဲ့ တီယာေနးဟာ ၂၂ ႏွစ္သာရွိေသးၿပီး အူက်ခြဲစိတ္မႈခံယူထားတာပါ။ အဲဒါေၾကာင့္လည္း သူဟာ ရာသီအစမွာ အာဆင္နယ္အတြက္ မကစားေပးႏိုင္ျဖစ္ေနတာပါ။ အဲဒီခြဲစိတ္မႈေၾကာင့္ တီယာေနးဟာ ေနာက္ထပ္ ၆ ပတ္ေလာက္အထိ နားရဦးမွာ ျဖစ္ပါတယ္။

[Unicode]

နွေရာသီဈေးကွက်ထဲမှာ ဆဲလ်တစ်ကနေ ပြောင်းရွေ့ကြေးပေါင် ၂၅ သန်းနဲ့ရောက်ရှိလာတဲ့ နောက်ခံလူသစ်တီယာနေးဟာ အာဆင်နယ်အတွက် ပွဲမထွက်ရပေးပေမယ့် ဆေးစစ်ချိန်မှာ အသင်းတိုက်စစ်မှုးအူဘာမီယန်ရဲ့လေ့ကျင့်စံချိန်တစ်ခုကိုတောင် ချိုးနှင့်ပြီးဖြစ်နေပါပြီ။ ဒါတောင် သူဟာ ဒဏ်ရာပြသနာရှိနေတာဖြစ်ပြီး လေ့ကျင့်ဆေးစစ်မှုခံယူရာမှာ ဒေါင်ဒေါင်မြည်အောင်မြင်ခဲ့လို့ အာဆင်နယ်နည်းပြအဖွဲ့ဝင်တွေနဲ့သူူ့အသင်းဖော်သစ်တွေတောင် တအံ့တသြဖြစ်သွားပါတယ်။

ခါးထောက်လျက်နဲ့ သူ့ရဲ့အမြင့်ခုန်နိုင်စွမ်းကိုစစ်ဆေးတော့ တီယာနေးဟာ ဒုတိယအကြိမ်မှာတင် အူဘာမီယန်ရဲ့အမြင့်ခုန်စံချိန်ကိုချိုးနိုင်ခဲ့တာပါ။ သူဟာ ၅၅ စင်တီမီတာခုန်နိုင်ခဲ့တာဖြစ်ပြီး အူဘာမီယန်ရဲ့ယခင်စံချိန်ကို ၁ စင်တီမီတာအသာနဲ့ ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ဘေးနားမှာရှိတဲ့အသင်းဖော်ရော့ဘ်ဟိုးလ်ဒင်းတောင် မယုံနိုင်ဖြစ်သွားပြီး ကွန်ဂရက်ကျူလေးရှင်းလုပ်ခဲ့တာပါ။

စကော့တလန်သားဘယ်နောက်ခံလူဖြစ်တဲ့ တီယာနေးဟာ ၂၂ နှစ်သာရှိသေးပြီး အူကျခွဲစိတ်မှုခံယူထားတာပါ။ အဲဒါကြောင့်လည်း သူဟာ ရာသီအစမှာ အာဆင်နယ်အတွက် မကစားပေးနိုင်ဖြစ်နေတာပါ။ အဲဒီခွဲစိတ်မှုကြောင့် တီယာနေးဟာ နောက်ထပ် ၆ ပတ်လောက်အထိ နားရဦးမှာ ဖြစ်ပါတယ်။