ထြက္ခြာသြားတဲ့ အရန္ဂိုးသမားမစ္ႏိုလက္ရဲ႕ေနရာမွာ အက္ဒရီယန္နဲ႔ လီဗာပူးအစားထုိး

photo-gettyimages

photo-gettyimages

လီဗာပူးဟာ အရန္ဂိုးသမားမစ္ႏိုလက္ အသင္းကထြက္ခြာသြားအၿပီးမွာ သူ႔ေနရာအတြက္ ၀က္စ္ဟမ္းဂိုးသမားေဟာင္းအက္ဒရီယန္ကို ေခၚယူမႈျပဳလုပ္ခဲ့ပါတယ္။ ၃၂ ႏွစ္အရြယ္ စပိန္သားအက္ဒရီယန္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့တာပါ။ မစ္ဂ္ႏိုလက္ကေတာ့ ေျပာင္းေရႊ႕ေၾကားေပါင္ ၈.၂ သန္းနဲ႔ ဘယ္လ္ဂ်ီယံကလပ္ဘရုဂ်က္ကို ေျပာင္းေရႊ႕သြားပါၿပီ။

photo-gettyimages

အက္ဒရီယန္ဟာ ၀က္စ္ဟမ္းမွာ ၆ ႏွစ္ၾကာခဲ့ၿပီး ဒီေႏြမွာမွ အဲဒီလန္ဒန္ကလပ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားခဲ့တာပါ။ သူဟာ ကစားသမားဘ၀ရဲ႕အခ်ိန္အမ်ားစုကို လာလီဂါကလပ္ဘက္တစ္နဲ႔ကုန္ဆုံးခဲ့တာပါ။ ေလာေလာဆယ္မွာ အက္ဒရီယန္ဟာ ကနဦးအေနနဲ႔ လီဗာပူးနဲ႔ ၂ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီး အဲဒီထဲမွာ ေနာက္ထပ္တစ္ႏွစ္ထပ္တိုးႏိုင္တဲ့အခ်က္ကိုလည္း ထည့္သြင္းထားပါတယ္။

photo-gettyimages

ထြက္ခြာသြားၿပီျဖစ္တဲ့ မစ္ဂ္ႏိုလက္ဟာ လြန္ခဲ့တဲ့ ၆ ႏွစ္က လီဗာပူးကိုေရာက္ရွိလာခဲ့ၿပီး ပထမဂိုးသမားေနရာကို ရရွိခဲ့တာပါ။ ေနာက္ပိုင္းမွသာ ပြဲထြက္ဂိုးသမားေနရာကို ကာရီယက္စ္၊အဲဒီကေန အယ္လစ္ဆန္ကို လႊဲေျပာင္းေပးခဲ့ရတာပါ။ လီဗာပူးအက်ၤီနဲ႔သူ႔ရဲ႕ေနာက္ဆုံးပြဲကေတာ့ မန္စီးတီးနဲ႔ကစားခဲ့တဲ့ ကြန္ျမဴနတီဒိုင္းပြဲစဥ္ျဖစ္ၿပီး အရန္ခုံကေနပဲ ထုိင္ၾကည့္ခဲ့ရတာပါ။

[Unicode]

လီဗာပူးဟာ အရန်ဂိုးသမားမစ်နိုလက် အသင်းကထွက်ခွာသွားအပြီးမှာ သူ့နေရာအတွက် ဝက်စ်ဟမ်းဂိုးသမားဟောင်းအက်ဒရီယန်ကို ခေါ်ယူမှုပြုလုပ်ခဲ့ပါတယ်။ ၃၂ နှစ်အရွယ် စပိန်သားအက်ဒရီယန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။ မစ်ဂ်နိုလက်ကတော့ ပြောင်းရွှေ့ကြေားပေါင် ၈.၂ သန်းနဲ့ ဘယ်လ်ဂျီယံကလပ်ဘရုဂျက်ကို ပြောင်းရွှေ့သွားပါပြီ။

အက်ဒရီယန်ဟာ ဝက်စ်ဟမ်းမှာ ၆ နှစ်ကြာခဲ့ပြီး ဒီနွေမှာမှ အဲဒီလန်ဒန်ကလပ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့တာပါ။ သူဟာ ကစားသမားဘဝရဲ့အချိန်အများစုကို လာလီဂါကလပ်ဘက်တစ်နဲ့ကုန်ဆုံးခဲ့တာပါ။ လောလောဆယ်မှာ အက်ဒရီယန်ဟာ ကနဦးအနေနဲ့ လီဗာပူးနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး အဲဒီထဲမှာ နောက်ထပ်တစ်နှစ်ထပ်တိုးနိုင်တဲ့အချက်ကိုလည်း ထည့်သွင်းထားပါတယ်။

ထွက်ခွာသွားပြီဖြစ်တဲ့ မစ်ဂ်နိုလက်ဟာ လွန်ခဲ့တဲ့ ၆ နှစ်က လီဗာပူးကိုရောက်ရှိလာခဲ့ပြီး ပထမဂိုးသမားနေရာကို ရရှိခဲ့တာပါ။ နောက်ပိုင်းမှသာ ပွဲထွက်ဂိုးသမားနေရာကို ကာရီယက်စ်၊အဲဒီကနေ အယ်လစ်ဆန်ကို လွှဲပြောင်းပေးခဲ့ရတာပါ။ လီဗာပူးအင်္ကျီနဲ့သူ့ရဲ့နောက်ဆုံးပွဲကတော့ မန်စီးတီးနဲ့ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ဖြစ်ပြီး အရန်ခုံကနေပဲ ထိုင်ကြည့်ခဲ့ရတာပါ။