တူရင္မွာ ပုံမွန္ပြဲထြက္ခြင့္ ရမ္ေဆးရႏိုင္မလား

0
195

Photo Credit

Photo Credit

ဂ်ဴဗင္တပ္စ္ကြင္းလယ္လူ ရမ္ေဆးဟာ ၿပီးခဲ့တဲ့ေႏြရာသီအားလပ္ရက္မွာ ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္ေတြ လုပ္ေဆာင္ခဲ့ေပမယ့္ စီးရီးေအအဖြင့္ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ပါးမားနဲ႔ပြဲအတြက္ အသင္းရဲ႕လူစာရင္းမွာ ပါ၀င္လာျခင္းမရွိပါဘူး။ ေ၀းလ္လက္ေရြးစင္ ရမ္ေဆးအေနနဲ႔ ဂ်ဴဗင္တပ္စ္မွာ ေရာ္နယ္ဒို၊ ခ်ီရယ္လီနီတို႔နဲ႔အတူ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ အခြင့္အေရးရရွိလာဦးမွာျဖစ္ေပမယ့္ အာဆင္နယ္ကေန ေရာက္လာၿပီးေနာက္ ရမ္ေဆးအေနနဲ႔ ဂ်ဴဗင္တပ္စ္အတြက္ အဓိကကစားသမားအျဖစ္ ေျခစြမ္းျပႏိုင္ဖို႔ ဘာအခြင့္အေရးေတြ ရွိေနၿပီလဲဆုိတဲ့ေမးခြန္းလည္း ရွိေနပါတယ္။

Photo Credit

အသက္ ၂၈ႏွစ္အရြယ္ရွိ ရမ္ေဆးတစ္ေယာက္ အာဆင္နယ္ကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာဖို႔ ဆုံးျဖတ္လုိက္ခ်ိန္ကတည္းက ဥေရာပဟဲဗီး၀ိတ္အသင္းေတြက သူ႕ကို ေခၚယူဖုိ႔ အသီးသီးႀကိဳးစားခဲ့ၾကပါတယ္။ ဂ်ဴဗင္တပ္စ္ကို သူကိုယ္တုိင္ေရြးခ်ယ္ခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာေတာ့ ေ၀းလ္အသင္းအတြက္ ၅၈ပြဲကစားေပးထားတဲ့ရမ္ေဆးလည္း တူရင္မွာ အသားက်ဖို႔ ႀကိဳးစားေနရပါတယ္။

Photo Credit

ဆာရီရဲ႕စီမံကိန္းမွာ ရမ္ေဆး ဘယ္လုိအံ၀င္ႏိုင္မလဲ
အီတလီလူမ်ိဳး ဆာရီဟာ ခ်ဲလ္ဆီးနည္းျပအျဖစ္ တစ္ရာသီသာကိုင္တြယ္ခဲ့ၿပီးေနာက္ စီးရီးေအကိုျပန္ေရာက္လာၿပီး ဂ်ဴဗင္တပ္စ္အသင္းနည္းျပအျဖစ္ ခန္႔အပ္ျခင္းခံခဲ့ရပါတယ္။ ပရီးမီးယားလိဂ္မွာ သူဟာ တစ္ရာသီပဲျဖတ္သန္းခဲ့ေပမယ့္ ကြင္းလယ္အားကို ဘယ္ေလာက္တန္ဖိုးထားလဲဆုိတာ အထင္းသားေပၚလြင္ခဲ့ပါတယ္။

Photo Credit

ဆာရီဟာ နာပုိလီအသင္းကေန သူနဲ႔အတူ ကြင္းလယ္လူေဂ်ာ္ဂ်င္ညိဳကိုပါ စတမ္းဖို႔ဒ္ဘရစ္ခ်္အေျခစိုက္အသင္းဆီ ေခၚေဆာင္လာၿပီး ခ်ဲလ္ဆီးအသင္းမွာလည္း ပရိသတ္ေတြရဲ႕အႀကိဳက္ကစားသမား ကန္တီအစား ဗဟိုကြင္းလယ္မွာ အထုိင္ခ်ကစားခဲ့ရပါတယ္။ သူ႕ရဲ႕နည္းဗ်ဴဟာကို ပရိသတ္အမ်ားစုက သေဘာက်ျခင္းမရွိခဲ့ေပမယ့္ ဆာရီကေတာ့ သူ႕ရဲ႕ ၄-၃-၃ ပုံစံမွာ ေဂ်ာ္ဂ်င္ညိဳကို အဓိကကစားသမားအျဖစ္ အားကိုးခဲ့ပါတယ္။

Photo Credit

တကယ္လုိ႔ ဂ်ဴဗင္တပ္စ္အသင္းမွာလည္း အဲဒီပုံစံအတုိင္း ဆာရီ ဆက္လက္သုံးစြဲမယ္ဆုိရင္ ေဂ်ာ္ဂ်င္ညိဳရဲ႕ေနရာမွာ ကစားခြင့္ရဖုိ႔ ရမ္ေဆးက အခြင့္အေရးအမ်ားဆုံးျဖစ္လာႏိုင္မလား။ ”ဒီေမးခြန္းက တကယ္ပဲေမးသင့္ပါတယ္။ ဂ်ဴဗင္တပ္စ္ကြင္းလယ္က ကစားသမားအရမ္းမ်ားေနပါတယ္။ သူတုိ႔ဟာ ရမ္ေဆးနဲ႔ ရာဘီေယာ့တုိ႔ကို အလြတ္ေျပာင္းေရႊ႕ေၾကးေတြနဲ႔ အသီးသီးေခၚယူထားေပမယ့္ ဘယ္ကြင္းလယ္ကစားသမားမွ မထြက္ေသးပါဘူး။ ဒီေတာ့ ကြင္းလယ္ ၃ေနရာအတြက္ ကစားသမား ၆ ေယာက္၊ ၇ ေယာက္ေလာက္က အားၿပိဳင္ရမယ့္သေဘာေပါ့”

Photo Credit

”ဆာရီရဲ႕ကစားကြက္မွာ ရမ္ေဆး ဘယ္လုိအံ၀င္ႏိုင္မလဲဆိုတဲ့ေမးခြန္းအတြက္ အေျဖရွာရတာ လြယ္ေတာ့မလြယ္ပါဘူး။ ဆာရီကလည္း သူ႕အတြက္ ေရြးခ်ယ္ခြင့္အမ်ားႀကီးရွိတယ္လု႔ိ ဆုိထားပါတယ္။ သူ႕အေနနဲ႔ ခ်န္ပီယံလိဂ္လူစာရင္းအတြက္ ကြင္းလယ္လူ ၆ဦးပဲ ထည့္သြင္းရမွာျဖစ္ၿပီး အားလုံးကလည္း ကစားသမားေကာင္းေတြျဖစ္ပါတယ္။ ကၽြန္ေတာ္ကေတာ့ လူစာရင္းကေန ရမ္ေဆးခ်န္လွပ္ခံရလိမ့္မယ္လုိ႔ မထင္ပါဘူး။ သူ႕အတြက္ ေနရာတစ္ေနရာ ေသခ်ာေပါက္ရွိလိမ့္မယ္လုိ႔ ေျပာရဲပါတယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္ ဆာရီရဲ႕ပထမဦးစားေပးစာရင္းမွာ ရမ္ေဆး ပါလားဆုိတာေတာ့ ကၽြန္ေတာ္လည္း မေသခ်ာပါဘူး”လုိ႔ ဥေရာပေဘာလုံးေရးရာကၽြမ္းက်င္သူ နစ္ကီဘန္ဒီနီက ဆုိပါတယ္။

Photo Credit

သူပုံမွန္ပြဲထြက္ခြင့္ရရွိႏိုင္မလား
ရမ္ေဆးဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္က ထရီစတီနာနဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲမွာ ဂ်ဴဗင္တပ္စ္အတြက္ ပထမဆုံးပြဲအျဖစ္ ပြဲၿပီးဖို႔မိနစ္ ၂၀အလိုမွာ ၀င္ေရာက္ကစားခဲ့ၿပီး အဲဒီပြဲက တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အနားယူခဲ့ရတဲ့ ဧၿပီလေနာက္ပိုင္း သူ႕အတြက္ ပထမဆုံးပြဲလည္းျဖစ္လာပါတယ္။ ရမ္ေဆးက ႐ုပ္ပိုင္းဆုိင္ရာအရ ပုံစံေကာင္းရရွိေနၿပီလုိ႔ ခံစားေနရေၾကာင္း ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့အဲဒီပြဲအၿပီးမွာ ေျပာၾကားခဲ့ေပမယ့္ သူ႕အေနနဲ႔ ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရလုိ႔ ပြဲႀက့ံခုိင္မႈရရွိလာေအာင္ အခ်ိန္အတုိင္းအတာတစ္ခုအထိေတာ့ လိုအပ္ေနပါတယ္။ တကယ္လုိ႔ သူသာ ႀကံ့ခုိင္မႈအျပည့္ရရွိလာရင္ တစ္ပတ္လုပ္ခ ေပါင္ ၄သိန္းေက်ာ္နဲ႔ ၄ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုကာ ေခၚယူထားတဲ့ကစားသမားအတြက္ ဂ်ဴဗင္တပ္စ္အသင္းက ဦးစားေပးစာရင္းမွာ ထည့္သုံးဖို႔ ေနရာရွိႏိုင္မလားဆုိတဲ့ေမးခြန္းလည္းရွိေနပါတယ္။

Photo Credit

ဂ်ဴဗင္တပ္စ္ကြင္းလယ္မွာ အရည္အေသြးျမင့္ကစားသမားေတြျပည့္ႏွက္ေနလုိ႔ ရမ္ေဆးလည္း ကစားပုံေကာင္းမြန္ေနဖို႔ လိုအပ္ပါတယ္။ ထရီစတီနာနဲ႔ပြဲမွာ ကြင္းလယ္ကစားသမား ၃ဦးအျဖစ္ ဂ်ာမနီနဲ႔အတူ ကမၻာ့ဖလားရရွိထားတဲ့ခီဒီရာ၊ ျပင္သစ္ႏိုင္ငံသား ရာဘီေယာ့နဲ႔ ေဘာ့စနီးယားႏိုင္ငံသား ပယန္နစ္တုိ႔ ပါ၀င္ကစားသြားပါတယ္။ အရန္စာရင္းမွာလည္း ေနာက္ထပ္ကမၻာ့ဖလားပိုင္ရွင္ျဖစ္တဲ့ ျပင္သစ္သား မာတူဒီ၊ လီဗာပူးကစားသမားေဟာင္း အမ္မရီခ်န္နဲ႔ ဥ႐ုေဂြးလက္ေရြးစင္ ဘန္တန္ကာတုိ႔ ရွိေနပါတယ္။ ဒီလူစာရင္းအရဆုိရင္လည္း ကြင္းလယ္က ေရြးခ်ယ္စရာေတြအမ်ားႀကီးရွိေနပါတယ္။ ပါးမားနဲ႔ပြဲမွာဆုိရင္လည္း ကြင္းလယ္ကစားသမားသစ္ေတြတစ္ေယာက္မွ ထုတ္မသုံးခဲ့ဘဲ ခီဒီရာ၊ ပယန္နစ္နဲ႔ မာတူဒီတုိ႔ ကစားသြားပါတယ္။

Photo Credit

ရမ္ေဆးအေနနဲ႔ ကြင္းလယ္တုိက္စစ္ေနရာမွာလည္း ကစားႏုိင္စြမ္းရွိေပမယ့္ အဲဒီေနရာမွာလည္း ၿပိဳင္ဆုိင္မႈျပင္းထန္ႏုိင္ၿပီး ေဒါက္ဂလပ္စ္ေကာ္စတာနဲ႔ ဒီဘားလားတုိ႔ရွိေနပါတယ္။ ”ရမ္ေဆးရဲ႕ဂ်ဴဗင္တပ္စ္ကစားသမားဘ၀ ပုံျပင္က အခုမွစတင္တာျဖစ္လုိ႔ ကၽြန္ေတာ္တုိ႔ဘက္က အခ်ိန္ေပးေစာင့္ဆုိင္းဖုိ႔ လိုပါတယ္။ သူ႕အတြက္ ဘယ္ေနရာက အေကာင္းဆုံးျဖစ္မလဲဆုိတာ သိဖို႔ သူကိုယ္တုိင္ေရာ ကၽြန္ေတာ္တုိ႔ဘက္ကပါ အခ်ိန္ယူဖို႔လုိအပ္ပါတယ္။ ဆာရီရဲ႕နည္းစနစ္အရ ကြင္းလယ္လူ ၃ဦးပါ၀င္ပါတယ္။ ကြင္းဘယ္ဘယ္ဘက္အျခမ္းက ရာဘီေယာ့အတြက္၊ ဗဟိုက ပယန္နစ္အတြက္ျဖစ္ၿပီး ညာဘက္အျခမ္းကေတာ့ ရမ္ေဆးအတြက္ျဖစ္လာႏိုင္ပါတယ္။ သူက box-to-box ကြင္းလယ္လူျဖစ္ပါတယ္။ သူဟာ ေရာ္နယ္ဒို၊ ေကာ္စတာ၊ ဒီဘားလားတုိ႔နဲ႔အတူ တုိက္စစ္ကိုလည္း လိုက္ပါကစားႏိုင္စြမ္းရွိပါတယ္”

Photo Credit

”ရမ္ေဆးနဲ႔ပတ္သက္လုိ႔ တစ္ခုတည္းေသာျပႆနာကေတာ့ ဒဏ္ရာမၾကာခဏရရွိတတ္တာပါ။ ဒါေပမဲ့ တကယ္လုိ႔ သူသာ ႀကံ့ခုိင္မႈျပည့္၀ေနမယ္ဆုိရင္ ပြဲေတြအမ်ားႀကီးကစားခြင့္ရမွာေသခ်ာပါတယ္”လုိ႔ Gazzetta dello Sport သတင္းစာရဲ႕ ဂ်ဴဗင္တပ္စ္အသင္းအထူးျပဳ အယ္ဒီတာ ကြန္တီဆယ္လိုက ေျပာပါတယ္။ ေ၀းလ္အသင္းနည္းျပ ႐ိုင္ယန္ဂစ္ကေတာ့ ရမ္ေဆးအေနနဲ႔ အီတလီေျမမွာ ေျခစြမ္းျပႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။

Photo Credit

”ရမ္ေဆးဟာ အစဥ္အလာႀကီးမားတဲ့အသင္းကို ေရာက္သြားတာပါ။ သူ႕အတြက္ အေတြ႕အႀကံဳသစ္ျဖစ္သလုိ ေဘာလုံးကစားတာလည္း နည္းလမ္းအသစ္ျဖစ္လာမွာပါ။ သူ႕အတြက္ ႀကီးက်ယ္တဲ့အေျပာင္းအေရႊ႕ျဖစ္လာမယ္လုိ႔ထင္ပါတယ္။ ရမ္ေဆးလိုကစားႏုိင္စြမ္းရွိတဲ့ကြင္းလယ္ကစားသမား သိပ္မရွိပါဘူး။ သူဟာ တုိက္စစ္မွဴးေနာက္မွာ ကစားႏိုင္သလို ဂိုးေတြလည္းသြင္းႏုိင္ပါတယ္။ ဂ်ဴဗင္တပ္စ္မွာ ကစားသမားေကာင္းေတြရွိေနလုိ႔ ပြဲထြက္ခြင့္အတြက္ ၿပိဳင္ဆုိင္မႈျပင္းထန္လာႏုိင္ေပမယ့္ ရမ္ေဆးအတြက္ ေနရာတစ္ေနရာရဖုိ႔ ျပႆနာမရွိေလာက္ဘူးလုိ႔ ထင္ပါတယ္”လုိ႔ ဂစ္က ေျပာပါတယ္။

Photo Credit

Unicode

တူရင်မှာ ပုံမှန်ပွဲထွက်ခွင့် ရမ်ဆေးရနိုင်မလား

ဂျူဗင်တပ်စ်ကွင်းလယ်လူ ရမ်ဆေးဟာ ပြီးခဲ့တဲ့နွေရာသီအားလပ်ရက်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့ပေမယ့် စီးရီးအေအဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပါးမားနဲ့ပွဲအတွက် အသင်းရဲ့လူစာရင်းမှာ ပါဝင်လာခြင်းမရှိပါဘူး။ ဝေးလ်လက်ရွေးစင် ရမ်ဆေးအနေနဲ့ ဂျူဗင်တပ်စ်မှာ ရော်နယ်ဒို၊ ချီရယ်လီနီတို့နဲ့အတူ ပုံမှန်ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးရရှိလာဦးမှာဖြစ်ပေမယ့် အာဆင်နယ်ကနေ ရောက်လာပြီးနောက် ရမ်ဆေးအနေနဲ့ ဂျူဗင်တပ်စ်အတွက် အဓိကကစားသမားအဖြစ် ခြေစွမ်းပြနိုင်ဖို့ ဘာအခွင့်အရေးတွေ ရှိနေပြီလဲဆိုတဲ့မေးခွန်းလည်း ရှိနေပါတယ်။
အသက် ၂၈နှစ်အရွယ်ရှိ ရမ်ဆေးတစ်ယောက် အာဆင်နယ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ချိန်ကတည်းက ဥရောပဟဲဗီးဝိတ်အသင်းတွေက သူ့ကို ခေါ်ယူဖို့ အသီးသီးကြိုးစားခဲ့ကြပါတယ်။ ဂျူဗင်တပ်စ်ကို သူကိုယ်တိုင်ရွေးချယ်ခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ ဝေးလ်အသင်းအတွက် ၅၈ပွဲကစားပေးထားတဲ့ရမ်ဆေးလည်း တူရင်မှာ အသားကျဖို့ ကြိုးစားနေရပါတယ်။
ဆာရီရဲ့စီမံကိန်းမှာ ရမ်ဆေး ဘယ်လိုအံဝင်နိုင်မလဲ
အီတလီလူမျိုး ဆာရီဟာ ချဲလ်ဆီးနည်းပြအဖြစ် တစ်ရာသီသာကိုင်တွယ်ခဲ့ပြီးနောက် စီးရီးအေကိုပြန်ရောက်လာပြီး ဂျူဗင်တပ်စ်အသင်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာ သူဟာ တစ်ရာသီပဲဖြတ်သန်းခဲ့ပေမယ့် ကွင်းလယ်အားကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ အထင်းသားပေါ်လွင်ခဲ့ပါတယ်။
ဆာရီဟာ နာပိုလီအသင်းကနေ သူနဲ့အတူ ကွင်းလယ်လူဂျော်ဂျင်ညိုကိုပါ စတမ်းဖို့ဒ်ဘရစ်ချ်အခြေစိုက်အသင်းဆီ ခေါ်ဆောင်လာပြီး ချဲလ်ဆီးအသင်းမှာလည်း ပရိသတ်တွေရဲ့အကြိုက်ကစားသမား ကန်တီအစား ဗဟိုကွင်းလယ်မှာ အထိုင်ချကစားခဲ့ရပါတယ်။ သူ့ရဲ့နည်းဗျူဟာကို ပရိသတ်အများစုက သဘောကျခြင်းမရှိခဲ့ပေမယ့် ဆာရီကတော့ သူ့ရဲ့ ၄-၃-၃ ပုံစံမှာ ဂျော်ဂျင်ညိုကို အဓိကကစားသမားအဖြစ် အားကိုးခဲ့ပါတယ်။
တကယ်လို့ ဂျူဗင်တပ်စ်အသင်းမှာလည်း အဲဒီပုံစံအတိုင်း ဆာရီ ဆက်လက်သုံးစွဲမယ်ဆိုရင် ဂျော်ဂျင်ညိုရဲ့နေရာမှာ ကစားခွင့်ရဖို့ ရမ်ဆေးက အခွင့်အရေးအများဆုံးဖြစ်လာနိုင်မလား။ ”ဒီမေးခွန်းက တကယ်ပဲမေးသင့်ပါတယ်။ ဂျူဗင်တပ်စ်ကွင်းလယ်က ကစားသမားအရမ်းများနေပါတယ်။ သူတို့ဟာ ရမ်ဆေးနဲ့ ရာဘီယော့တို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ အသီးသီးခေါ်ယူထားပေမယ့် ဘယ်ကွင်းလယ်ကစားသမားမှ မထွက်သေးပါဘူး။ ဒီတော့ ကွင်းလယ် ၃နေရာအတွက် ကစားသမား ၆ ယောက်၊ ၇ ယောက်လောက်က အားပြိုင်ရမယ့်သဘောပေါ့”
”ဆာရီရဲ့ကစားကွက်မှာ ရမ်ဆေး ဘယ်လိုအံဝင်နိုင်မလဲဆိုတဲ့မေးခွန်းအတွက် အဖြေရှာရတာ လွယ်တော့မလွယ်ပါဘူး။ ဆာရီကလည်း သူ့အတွက် ရွေးချယ်ခွင့်အများကြီးရှိတယ်လု့ိ ဆိုထားပါတယ်။ သူ့အနေနဲ့ ချန်ပီယံလိဂ်လူစာရင်းအတွက် ကွင်းလယ်လူ ၆ဦးပဲ ထည့်သွင်းရမှာဖြစ်ပြီး အားလုံးကလည်း ကစားသမားကောင်းတွေဖြစ်ပါတယ်။ ကျွန်တော်ကတော့ လူစာရင်းကနေ ရမ်ဆေးချန်လှပ်ခံရလိမ့်မယ်လို့ မထင်ပါဘူး။ သူ့အတွက် နေရာတစ်နေရာ သေချာပေါက်ရှိလိမ့်မယ်လို့ ပြောရဲပါတယ်။ ဒါပေမဲ့ လက်ရှိအချိန် ဆာရီရဲ့ပထမဦးစားပေးစာရင်းမှာ ရမ်ဆေး ပါလားဆိုတာတော့ ကျွန်တော်လည်း မသေချာပါဘူး”လို့ ဥရောပဘောလုံးရေးရာကျွမ်းကျင်သူ နစ်ကီဘန်ဒီနီက ဆိုပါတယ်။
သူပုံမှန်ပွဲထွက်ခွင့်ရရှိနိုင်မလား
ရမ်ဆေးဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ထရီစတီနာနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ ဂျူဗင်တပ်စ်အတွက် ပထမဆုံးပွဲအဖြစ် ပွဲပြီးဖို့မိနစ် ၂၀အလိုမှာ ဝင်ရောက်ကစားခဲ့ပြီး အဲဒီပွဲက တံကောက်ကြောဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ဧပြီလနောက်ပိုင်း သူ့အတွက် ပထမဆုံးပွဲလည်းဖြစ်လာပါတယ်။ ရမ်ဆေးက ရုပ်ပိုင်းဆိုင်ရာအရ ပုံစံကောင်းရရှိနေပြီလို့ ခံစားနေရကြောင်း ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့အဲဒီပွဲအပြီးမှာ ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရလို့ ပွဲကြံ့ခိုင်မှုရရှိလာအောင် အချိန်အတိုင်းအတာတစ်ခုအထိတော့ လိုအပ်နေပါတယ်။ တကယ်လို့ သူသာ ကြံ့ခိုင်မှုအပြည့်ရရှိလာရင် တစ်ပတ်လုပ်ခ ပေါင် ၄သိန်းကျော်နဲ့ ၄နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူထားတဲ့ကစားသမားအတွက် ဂျူဗင်တပ်စ်အသင်းက ဦးစားပေးစာရင်းမှာ ထည့်သုံးဖို့ နေရာရှိနိုင်မလားဆိုတဲ့မေးခွန်းလည်းရှိနေပါတယ်။
ဂျူဗင်တပ်စ်ကွင်းလယ်မှာ အရည်အသွေးမြင့်ကစားသမားတွေပြည့်နှက်နေလို့ ရမ်ဆေးလည်း ကစားပုံကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ထရီစတီနာနဲ့ပွဲမှာ ကွင်းလယ်ကစားသမား ၃ဦးအဖြစ် ဂျာမနီနဲ့အတူ ကမ္ဘာ့ဖလားရရှိထားတဲ့ခီဒီရာ၊ ပြင်သစ်နိုင်ငံသား ရာဘီယော့နဲ့ ဘော့စနီးယားနိုင်ငံသား ပယန်နစ်တို့ ပါဝင်ကစားသွားပါတယ်။ အရန်စာရင်းမှာလည်း နောက်ထပ်ကမ္ဘာ့ဖလားပိုင်ရှင်ဖြစ်တဲ့ ပြင်သစ်သား မာတူဒီ၊ လီဗာပူးကစားသမားဟောင်း အမ်မရီချန်နဲ့ ဥရုဂွေးလက်ရွေးစင် ဘန်တန်ကာတို့ ရှိနေပါတယ်။ ဒီလူစာရင်းအရဆိုရင်လည်း ကွင်းလယ်က ရွေးချယ်စရာတွေအများကြီးရှိနေပါတယ်။ ပါးမားနဲ့ပွဲမှာဆိုရင်လည်း ကွင်းလယ်ကစားသမားသစ်တွေတစ်ယောက်မှ ထုတ်မသုံးခဲ့ဘဲ ခီဒီရာ၊ ပယန်နစ်နဲ့ မာတူဒီတို့ ကစားသွားပါတယ်။
ရမ်ဆေးအနေနဲ့ ကွင်းလယ်တိုက်စစ်နေရာမှာလည်း ကစားနိုင်စွမ်းရှိပေမယ့် အဲဒီနေရာမှာလည်း ပြိုင်ဆိုင်မှုပြင်းထန်နိုင်ပြီး ဒေါက်ဂလပ်စ်ကော်စတာနဲ့ ဒီဘားလားတို့ရှိနေပါတယ်။ ”ရမ်ဆေးရဲ့ဂျူဗင်တပ်စ်ကစားသမားဘ၀ ပုံပြင်က အခုမှစတင်တာဖြစ်လို့ ကျွန်တော်တို့ဘက်က အချိန်ပေးစောင့်ဆိုင်းဖို့ လိုပါတယ်။ သူ့အတွက် ဘယ်နေရာက အကောင်းဆုံးဖြစ်မလဲဆိုတာ သိဖို့ သူကိုယ်တိုင်ရော ကျွန်တော်တို့ဘက်ကပါ အချိန်ယူဖို့လိုအပ်ပါတယ်။ ဆာရီရဲ့နည်းစနစ်အရ ကွင်းလယ်လူ ၃ဦးပါဝင်ပါတယ်။ ကွင်းဘယ်ဘယ်ဘက်အခြမ်းက ရာဘီယော့အတွက်၊ ဗဟိုက ပယန်နစ်အတွက်ဖြစ်ပြီး ညာဘက်အခြမ်းကတော့ ရမ်ဆေးအတွက်ဖြစ်လာနိုင်ပါတယ်။ သူက box-to-box ကွင်းလယ်လူဖြစ်ပါတယ်။ သူဟာ ရော်နယ်ဒို၊ ကော်စတာ၊ ဒီဘားလားတို့နဲ့အတူ တိုက်စစ်ကိုလည်း လိုက်ပါကစားနိုင်စွမ်းရှိပါတယ်”
”ရမ်ဆေးနဲ့ပတ်သက်လို့ တစ်ခုတည်းသောပြဿနာကတော့ ဒဏ်ရာမကြာခဏရရှိတတ်တာပါ။ ဒါပေမဲ့ တကယ်လို့ သူသာ ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် ပွဲတွေအများကြီးကစားခွင့်ရမှာသေချာပါတယ်”လို့ Gazzetta dello Sport သတင်းစာရဲ့ ဂျူဗင်တပ်စ်အသင်းအထူးပြု အယ်ဒီတာ ကွန်တီဆယ်လိုက ပြောပါတယ်။ ဝေးလ်အသင်းနည်းပြ ရိုင်ယန်ဂစ်ကတော့ ရမ်ဆေးအနေနဲ့ အီတလီမြေမှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
”ရမ်ဆေးဟာ အစဉ်အလာကြီးမားတဲ့အသင်းကို ရောက်သွားတာပါ။ သူ့အတွက် အတွေ့အကြုံသစ်ဖြစ်သလို ဘောလုံးကစားတာလည်း နည်းလမ်းအသစ်ဖြစ်လာမှာပါ။ သူ့အတွက် ကြီးကျယ်တဲ့အပြောင်းအရွှေ့ဖြစ်လာမယ်လို့ထင်ပါတယ်။ ရမ်ဆေးလိုကစားနိုင်စွမ်းရှိတဲ့ကွင်းလယ်ကစားသမား သိပ်မရှိပါဘူး။ သူဟာ တိုက်စစ်မှူးနောက်မှာ ကစားနိုင်သလို ဂိုးတွေလည်းသွင်းနိုင်ပါတယ်။ ဂျူဗင်တပ်စ်မှာ ကစားသမားကောင်းတွေရှိနေလို့ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်လာနိုင်ပေမယ့် ရမ်ဆေးအတွက် နေရာတစ်နေရာရဖို့ ပြဿနာမရှိလောက်ဘူးလို့ ထင်ပါတယ်”လို့ ဂစ်က ပြောပါတယ်။