ဆုိးလ္ရွားအေၾကာင္းမေကာင္းေျပာတဲ့ပို႔စ္ကို Like သြားလုပ္ခဲ့တဲ့ မာတစ္

Photo Credit: Mirror
Photo Credit: Mirror

လူမႈကြန္ယက္နဲ႔ပတ္သက္ရင္ ျပသနာတခ်ဳိ႕ရွိခဲ့ဖူးတဲ့ မန္ယူအသင္းမွာ ကြင္းလယ္လူမာတစ္ရဲ႕ နည္းျပဆုိးလ္ရွားတုိ႔အၾကား ဆက္ဆံေရးေအးခဲသြားႏုိင္ေစတဲ့ ေနာက္ဆံုးေပၚလုပ္ရပ္တစ္ခုလည္းထြက္ေပၚလာခဲ့ျပန္ၿပီလုိ႔ အဂၤလိပ္မီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit: Mirror

ၿပီးခဲ့တဲ့ရာသီမွာ မန္ယူအသင္းကို ေမာ္ရင္ဟိုကိုင္တြယ္စဥ္တုန္းက အသင္းေခါင္းေဆာင္ျဖစ္ခဲ့တဲ့ အန္တိုနီယိုဗလန္စီယာဟာ နည္းျပထုတ္ပယ္ဖုိ႔ေတာင္းဆိုထားတဲ့ Instagram ပုိ႔စ္တစ္ခုကို ႏွစ္သက္ေၾကာင္းျပသတဲ့အေနနဲ႔ Like သြားလုပ္မိလုိ႔ ျပန္ေတာင္းပန္ခဲ့ရၿပီး ကစားခြင့္မရတဲ့အေျခအေနနဲ႔ရင္ဆုိင္ခဲ့ရဖူးပါတယ္။ အခုေတာ့ မာတစ္ကလည္း အဲဒီလုိပဲ အလားတူျပသနာတစ္ရပ္နဲ႔ရင္ဆုိင္ခဲ့ရတာပါ။

Photo Credit: Mirror

ပရိသတ္တစ္ဦးက မန္ယူကြင္းလယ္မွာ မာတစ္ကို နည္းျပဆုိးလ္ရွားက ပြဲထြက္ခြင့္မေပးတဲ့အေပၚ မေက်နပ္တာေၾကာင့္ ေ၀ဖန္တဲ့မွတ္ခ်က္တစ္ခုကို Instagram မွာေရးသားထားခဲ့ပါတယ္။ အဲဒီထဲမွာ ”မာတစ္ေရ.. ဆုိးလ္ရွားက အသင္းရဲ႕အနာဂတ္အတြက္ မင္းကိုမလုိအပ္ေတာ့ဘူးဆုိရင္လည္း ထြက္သြားလုိက္ပါေတာ့လား။ သူ႕ကိုၾကည့္ရတာ ဘာအျမင္မွမရွိတဲ့သူလုိပဲ။ ကြင္းလယ္မွာ မာတစ္ကုိလိုအပ္တယ္ဆုိတာ မသိဘူးနဲ႔တူတယ္။ ဆုိးလ္ရွားကို မုန္းေတာင္မုန္းမိလာၿပီ”ဆုိတဲ့သေဘာမ်ဳိးေဖာ္ျပထားပါတယ္။

Photo Credit: Mirror

အဲဒီစာသားကို မာတစ္က သူ႕ရဲ႕ကိုယ္ပိုင္ Instagram အေကာင့္နဲ႔ Like သြားလုပ္ထားပါတယ္။ အဲဒီသူေျပာတဲ့စကားကို မာတစ္က ႏွစ္သက္ၿပီး အျပည့္အ၀ေထာက္ခံတဲ့သေဘာနဲ႔ Like လုပ္တာမ်ဳိးျဖစ္ေနလုိ႔ နည္းျပဆုိးလ္ရွားနဲ႔ဆက္ဆံေရးတင္းမာလာႏုိင္တယ္လုိ႔လည္း သံုးသပ္ေနၾကပါတယ္။ ဒီရာသီမန္ယူကြင္းလယ္မွာ တြမ္မီေနးကိုပဲ ဦးစားေပးေနတဲ့ ဆုိးလ္ရွားအေပၚ မာတစ္က မေက်မနပ္ျဖစ္ေနတဲ့ပံုစံမ်ဳိးလည္းျဖစ္ေနတာပါ။ ဗလန္စီယာတုန္းကေတာ့ စာသားကိုေသခ်ာမဖတ္ဘဲ Like လုပ္မိတာလုိ႔ ျပန္ေတာင္းပန္ခဲ့ရပါတယ္။ မာတစ္ကေတာ့ သူ႕ရဲ႕လုပ္ရပ္အတြက္ ဘယ္လုိေျဖရွင္းခ်က္ေပးမလဲဆုိတာ မသိရေသးပါဘူး။

(Unicode)

ဆိုးလ်ရှားအကြောင်းမကောင်းပြောတဲ့ပို့စ်ကို Like သွားလုပ်ခဲ့တဲ့ မာတစ်

လူမှုကွန်ယက်နဲ့ပတ်သက်ရင် ပြသနာတချို့ရှိခဲ့ဖူးတဲ့ မန်ယူအသင်းမှာ ကွင်းလယ်လူမာတစ်ရဲ့ နည်းပြဆိုးလ်ရှားတို့အကြား ဆက်ဆံရေးအေးခဲသွားနိုင်စေတဲ့ နောက်ဆုံးပေါ်လုပ်ရပ်တစ်ခုလည်းထွက်ပေါ်လာခဲ့ပြန်ပြီလို့ အင်္ဂလိပ်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ မန်ယူအသင်းကို မော်ရင်ဟိုကိုင်တွယ်စဉ်တုန်းက အသင်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ အန်တိုနီယိုဗလန်စီယာဟာ နည်းပြထုတ်ပယ်ဖို့တောင်းဆိုထားတဲ့ Instagram ပို့စ်တစ်ခုကို နှစ်သက်ကြောင်းပြသတဲ့အနေနဲ့ Like သွားလုပ်မိလို့ ပြန်တောင်းပန်ခဲ့ရပြီး ကစားခွင့်မရတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရဖူးပါတယ်။ အခုတော့ မာတစ်ကလည်း အဲဒီလိုပဲ အလားတူပြသနာတစ်ရပ်နဲ့ရင်ဆိုင်ခဲ့ရတာပါ။

ပရိသတ်တစ်ဦးက မန်ယူကွင်းလယ်မှာ မာတစ်ကို နည်းပြဆိုးလ်ရှားက ပွဲထွက်ခွင့်မပေးတဲ့အပေါ် မကျေနပ်တာကြောင့် ဝေဖန်တဲ့မှတ်ချက်တစ်ခုကို Instagram မှာရေးသားထားခဲ့ပါတယ်။ အဲဒီထဲမှာ ”မာတစ်ရေ.. ဆိုးလ်ရှားက အသင်းရဲ့အနာဂတ်အတွက် မင်းကိုမလိုအပ်တော့ဘူးဆိုရင်လည်း ထွက်သွားလိုက်ပါတော့လား။ သူ့ကိုကြည့်ရတာ ဘာအမြင်မှမရှိတဲ့သူလိုပဲ။ ကွင်းလယ်မှာ မာတစ်ကိုလိုအပ်တယ်ဆိုတာ မသိဘူးနဲ့တူတယ်။ ဆိုးလ်ရှားကို မုန်းတောင်မုန်းမိလာပြီ”ဆိုတဲ့သဘောမျိုးဖော်ပြထားပါတယ်။

အဲဒီစာသားကို မာတစ်က သူ့ရဲ့ကိုယ်ပိုင် Instagram အကောင့်နဲ့ Like သွားလုပ်ထားပါတယ်။ အဲဒီသူပြောတဲ့စကားကို မာတစ်က နှစ်သက်ပြီး အပြည့်အဝထောက်ခံတဲ့သဘောနဲ့ Like လုပ်တာမျိုးဖြစ်နေလို့ နည်းပြဆိုးလ်ရှားနဲ့ဆက်ဆံရေးတင်းမာလာနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။ ဒီရာသီမန်ယူကွင်းလယ်မှာ တွမ်မီနေးကိုပဲ ဦးစားပေးနေတဲ့ ဆိုးလ်ရှားအပေါ် မာတစ်က မကျေမနပ်ဖြစ်နေတဲ့ပုံစံမျိုးလည်းဖြစ်နေတာပါ။ ဗလန်စီယာတုန်းကတော့ စာသားကိုသေချာမဖတ်ဘဲ Like လုပ်မိတာလို့ ပြန်တောင်းပန်ခဲ့ရပါတယ်။ မာတစ်ကတော့ သူ့ရဲ့လုပ်ရပ်အတွက် ဘယ်လိုဖြေရှင်းချက်ပေးမလဲဆိုတာ မသိရသေးပါဘူး။