ဆုိးရြားတဲ့ခံစစ္ေၾကာင့္ ၂ဂိုးအသာနဲ႔ဦးေဆာင္ေနရာကေန အိမ္ကြင္းမွာ အမွတ္ေလ်ာ့သြားတဲ့ ခ်ဲလ္ဆီး (ခ်ဲလ္ဆီး ၂-၂ ရွက္ဖီးလ္ ပြဲၿပီးျမင္ကြင္းက်ယ္)

Photo Credit

Photo Credit

ၿပီးခဲ့တဲ့ရက္သတၱပတ္က ပထမဆုံးႏုိင္ပြဲရခဲ့တဲ့ခ်ဲလ္ဆီးဟာ ဒီပြဲမွာလည္း ဂုိးျမဴးေနတဲ့ လူငယ္တုိက္စစ္မွဴး ေအဘရာဟမ္ရဲ႕သြင္းဂိုးေတြနဲ႔အတူ အိမ္ကြင္းမွာ ေနာက္ထပ္တန္းတက္အသင္းျဖစ္တဲ့ ရွက္ဖီးလ္ယူႏုိက္တက္ကို ၂ဂိုးအသာနဲ႔ဦးေဆာင္ကစားႏိုင္ခ့ဲေပမယ့္ ဒုတိယပိုင္းမွာေပးလုိက္ရတဲ့ဂိုးေတြေၾကာင့္ အိမ္ကြင္းႏိုင္ပြဲေပ်ာက္သြားခဲ့ရပါတယ္။

Photo Credit

ခ်ဲလ္ဆီးဟာ တုိက္စစ္ပိုင္းက လူငယ္ေတြရဲ႕ကစားအားေၾကာင့္ အေကာင္းဆုံးပုံစံမွာရွိေပမယ့္ ခံစစ္ကေတာ့ အားနည္းေနဆဲျဖစ္ၿပီး ဒီရာသီပရီးမီးယားလိဂ္မွာ ၉ဂိုးအထိေပးထားရၿပီးျဖစ္လုိ႔ သူတုိ႔ထက္ ေပးဂိုးပိုမ်ားတဲ့အသင္းဆုိလုိ႔ တန္းတက္ေနာ၀စ္ခ်္တစ္သင္းတည္းရွိၿပီး ဒီရာသီကစားၿပီးသမွ် ၿပိဳင္ပြဲစံုပြဲတုိင္းဂိုးေပးထားရပါတယ္။

Photo Credit

ပြဲအစကတည္းက ခ်ဲလ္ဆီးအသင္း ဖိအားေပးကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၁၉မိနစ္မွာ ရွက္ဖီးလ္ဂိုးသမား ဟန္ဒါဆန္ရဲ႕မမွားသင့္တဲ့အမွားကေန တုိက္စစ္မွဴး ေအဘရာဟမ္က ဂိုးသမားမရွိေတာ့တဲ့ဂိုးေပါက္ထဲ အသာကန္သြင္းယူႏုိင္ခဲ့လုိ႔ ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။ ရာသီအစမွာ ဂိုးေပါက္ေပ်ာက္ေနလုိ႔ ေ၀ဖန္ခံခ့ဲရတဲ့ေအဘရာဟမ္အတြက္ ေနာက္ဆုံး ၂ပြဲမွာ ၃ဂိုးေျမာက္သြင္းဂိုးလည္းျဖစ္ပါတယ္။

Photo Credit

ေနာက္ပုိင္းမွာ ႏွစ္သင္းစလုံး ဂိုးသြင္းခြင့္ေတြအျပန္အလွန္ရရွိခဲ့ၿပီး ပထမပိုင္းၿပီးခါနီးမွာေတာ့ ေအဘရာဟမ္ကပဲ ညာေျခနဲ႔ကန္သြင္းကာ ခ်ဲလ္ဆီးအတြက္ ဒုတိယေျမာက္ဦးေဆာင္ဂိုးရယူေပးခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ ဒုတိယပိုင္းျပန္စၿပီး သိပ္မၾကာခင္မွာပဲ ရွက္ဖီးလ္ယူႏုိက္တက္အသင္း ပထမေခ်ပဂုိးရရွိသြားခဲ့ၿပီး စတီဗင္ ေျပးလမ္းထဲခ်ေပးတာကို ေရာ္ဘင္ဆင္က ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

Photo Credit

ခ်ဲလ္ဆီးကလည္း အခြင့္အေရးေတြရရွိခဲ့ၿပီး ပြဲခ်ိန္ ၅၅မိနစ္မွာ ညာေနာက္ခံလူ အက္စ္ပီလီေကြတာရဲ႕တိက်တဲ့ေထာင့္ျဖတ္ေဘာကေန ေအဘရာဟမ္ အနိမ့္ေဘာကန္သြင္းခဲ့ေပမယ့္ ရွက္ဖီးလ္ဂိုးသမား ဟန္ဒါဆန္ ကာကြယ္ႏိုင္ခဲ့ပါတယ္။

Photo Credit

ပြဲခ်ိန္ ၈၉မိနစ္မွာေတာ့ ခ်ဲလ္ဆီးအသင္း ဒုတိယေျမာက္ေခ်ပဂုိးေပးလုိက္ရၿပီး ေရာ္ဘင္ဆင္ရဲ႕ျဖတ္တင္ေဘာက ခ်ဲလ္ဆီးေနာက္ခံလူ ဇူးမားနဲ႔ထိကာ ဂိုးထဲ၀င္သြားခဲ့လုိ႔ ခ်ဲလ္ဆီးအသင္းအေနနဲ႔ နည္းျပလမ္းပတ္လက္ထက္ အိမ္ကြင္းပထမဆံုးႏိုင္ပြဲရရွိမယ့္အခြင့္အေရး ဆံုး႐ံႈးသြားခ့ဲရပါတယ္။

Photo Credit

Unicode

ဆိုးရွားတဲ့ခံစစ်ကြောင့် ၂ဂိုးအသာနဲ့ဦးဆောင်နေရာကနေ အိမ်ကွင်းမှာ အမှတ်လျော့သွားတဲ့ ချဲလ်ဆီး (ချဲလ်ဆီး ၂-၂ ရှက်ဖီးလ် ပွဲပြီးမြင်ကွင်းကျယ်)

ပြီးခဲ့တဲ့ရက်သတ္တပတ်က ပထမဆုံးနိုင်ပွဲရခဲ့တဲ့ချဲလ်ဆီးဟာ ဒီပွဲမှာလည်း ဂိုးမြူးနေတဲ့ လူငယ်တိုက်စစ်မှူး အေဘရာဟမ်ရဲ့သွင်းဂိုးတွေနဲ့အတူ အိမ်ကွင်းမှာ နောက်ထပ်တန်းတက်အသင်းဖြစ်တဲ့ ရှက်ဖီးလ်ယူနိုက်တက်ကို ၂ဂိုးအသာနဲ့ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာပေးလိုက်ရတဲ့ဂိုးတွေကြောင့် အိမ်ကွင်းနိုင်ပွဲပျောက်သွားခဲ့ရပါတယ်။
ချဲလ်ဆီးဟာ တိုက်စစ်ပိုင်းက လူငယ်တွေရဲ့ကစားအားကြောင့် အကောင်းဆုံးပုံစံမှာရှိပေမယ့် ခံစစ်ကတော့ အားနည်းနေဆဲဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ ၉ဂိုးအထိပေးထားရပြီးဖြစ်လို့ သူတို့ထက် ပေးဂိုးပိုများတဲ့အသင်းဆိုလို့ တန်းတက်နောဝစ်ချ်တစ်သင်းတည်းရှိပြီး ဒီရာသီကစားပြီးသမျှ ပြိုင်ပွဲစုံပွဲတိုင်းဂိုးပေးထားရပါတယ်။
ပွဲအစကတည်းက ချဲလ်ဆီးအသင်း ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၉မိနစ်မှာ ရှက်ဖီးလ်ဂိုးသမား ဟန်ဒါဆန်ရဲ့မမှားသင့်တဲ့အမှားကနေ တိုက်စစ်မှူး အေဘရာဟမ်က ဂိုးသမားမရှိတော့တဲ့ဂိုးပေါက်ထဲ အသာကန်သွင်းယူနိုင်ခဲ့လို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ရာသီအစမှာ ဂိုးပေါက်ပျောက်နေလို့ ဝေဖန်ခံခဲ့ရတဲ့အေဘရာဟမ်အတွက် နောက်ဆုံး ၂ပွဲမှာ ၃ဂိုးမြောက်သွင်းဂိုးလည်းဖြစ်ပါတယ်။
နောက်ပိုင်းမှာ နှစ်သင်းစလုံး ဂိုးသွင်းခွင့်တွေအပြန်အလှန်ရရှိခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာတော့ အေဘရာဟမ်ကပဲ ညာခြေနဲ့ကန်သွင်းကာ ချဲလ်ဆီးအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်မှာပဲ ရှက်ဖီးလ်ယူနိုက်တက်အသင်း ပထမချေပဂိုးရရှိသွားခဲ့ပြီး စတီဗင် ပြေးလမ်းထဲချပေးတာကို ရော်ဘင်ဆင်က ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးကလည်း အခွင့်အရေးတွေရရှိခဲ့ပြီး ပွဲချိန် ၅၅မိနစ်မှာ ညာနောက်ခံလူ အက်စ်ပီလီကွေတာရဲ့တိကျတဲ့ထောင့်ဖြတ်ဘောကနေ အေဘရာဟမ် အနိမ့်ဘောကန်သွင်းခဲ့ပေမယ့် ရှက်ဖီးလ်ဂိုးသမား ဟန်ဒါဆန် ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၈၉မိနစ်မှာတော့ ချဲလ်ဆီးအသင်း ဒုတိယမြောက်ချေပဂိုးပေးလိုက်ရပြီး ရော်ဘင်ဆင်ရဲ့ဖြတ်တင်ဘောက ချဲလ်ဆီးနောက်ခံလူ ဇူးမားနဲ့ထိကာ ဂိုးထဲဝင်သွားခဲ့လို့ ချဲလ်ဆီးအသင်းအနေနဲ့ နည်းပြလမ်းပတ်လက်ထက် အိမ်ကွင်းပထမဆုံးနိုင်ပွဲရရှိမယ့်အခွင့်အရေး ဆုံးရှုံးသွားခဲ့ရပါတယ်။