ဆီဘယ္ေလာ့စ္ကို Flicks လုပ္ျပခဲ့တဲ့ ဖာမီႏိုရဲ႕စေကးကို ပရိသတ္ေတြ သေဘာက်ေန

Photo Credit

Photo Credit ; Getty Images

လီဗာပူးအသင္းတုိက္စစ္မွဴး ဖာမီႏိုဟာ ပရီးမီးယားလိဂ္မွာ ေတြ႕ျမင္ရခဲတဲ့ စေကးတစ္ကြက္ကို ယမန္ေန႔ညက အာဆင္နယ္ကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ ထုတ္ျပခဲ့ၿပီး ဒါကို လီဗာပူးပရိသတ္ေတြလည္း အေတာ္ေလးသေဘာက်ေနပါတယ္။

Photo Credit ; Reuters

ပရီးမီးယားလိဂ္ပြဲစဥ္ ၂အၿပီး ရာႏႈန္းျပည့္အႏိုင္ရထားတဲ့ အသင္း ၂သင္း အားၿပိဳင္တဲ့ပြဲျဖစ္တာေၾကာင့္ အေတာ္ေလးၾကည့္ေကာင္းခဲ့ၿပီး ႏွစ္သင္းစလုံးက တုိက္စစ္အသားေပးကစားသြားလုိ႔ ပရိသတ္ေတြအတြက္ ေစာင့္ၾကည့္ရက်ိဳးနပ္တဲ့ပြဲလည္းျဖစ္ပါတယ္။

Photo Credit ; Getty Images

အဲဒီပြဲမွာ အာဆင္နယ္ေတာင္ပံတုိက္စစ္မွဴး နီကိုလပ္စ္ပီပီက ပြဲ ၅၀ဆက္ ေဘာလုံးနဲ႔အတူ ၿပိဳင္ဘက္ေတြရဲ႕ေက်ာ္ျဖတ္ျခင္းမခံခဲ့ရတဲ့ လီဗာပူးေနာက္ခံလူ ဗန္ဒိုက္ရဲ႕စံခ်ိန္ကို အဆုံးသတ္ခဲ့သလုိ တစ္ဘက္မွာလည္း လီဗာပူးတုိက္စစ္မွဴး ဖာမီႏိုက အာဆင္နယ္ရဲ႕သူရဲေကာင္းလက္သစ္ျဖစ္လာသူ ဆီဘယ္ေလာ့စ္ကို အ႐ူးလုပ္ခဲ့ပါတယ္။

Photo Credit

ၿပီးေတာ့ အဲဒီျဖစ္ရပ္ကလည္း ပြဲရဲ႕ Tempo အရမ္းျမင့္ေနခ်ိန္ျဖစ္ၿပီး ဘရာဇီးလက္ေရြးစင္ ဖာမီႏိုက အာဆင္နယ္အသင္းရဲ႕ပင္နယ္တီဧရိယာထိပ္မွာ သူ႕ဆီ ေဘာလုံးလုယူဖို႔ ေျပးလာတဲ့ စပိန္ႏုိင္ငံသား ဆီဘယ္ေလာ့စ္ကို Flicks လုပ္ကာ ေက်ာ္ျဖတ္ၿပီး ဂိုးသြင္းဖို႔အတြက္ ကိုယ့္ဘာသာကိုယ္ ဖန္တီးရယူႏိုင္ခဲ့ပါတယ္။

Photo Credit

ဖာမီႏိုဟာ ဆီဘယ္ေလာ့စ္ကို ဆက္ခနဲအသာမ ေက်ာ္ျဖတ္ခဲ့ၿပီးေနာက္ ေလထဲကေန က်လာတဲ့ေဘာလုံးကို ျမက္ခင္းေပၚ အက်မခံဘဲ ေျခခုံနဲ႔ ေျမမက်ကန္သြင္းတာ ကန္ခ်က္ေကာင္းေပမယ့္ ဂိုးေတာ့မျဖစ္ခဲ့ဘဲ ေထာင့္ကန္ေဘာနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။

Photo Credit ; Getty Images / AFP

အဲဒီျဖစ္ရပ္က လူမႈမီဒီယာမွာ လႈပ္လႈပ္ခတ္ခတ္ျဖစ္သြားၿပီး လီဗာပူးပရိသတ္ေတြက အဲဒီျဖစ္ရပ္ဗီဒီယိုဖိုင္ကို သူတုိ႔ခံစားခ်က္ ေရးသားကာ အသီးသီးျပန္လည္မွ်ေ၀ခဲ့ပါတယ္။ ”ဖာမီႏိုတစ္ေယာက္ တစ္ကမၻာလုံးက ႐ုပ္သံၾကည့္ပရိသတ္ေတြနဲ႔ ကြင္းထဲက မ်က္ျမင္သက္ေသ ၅၅၀၀၀ ေရွ႕ေမွာက္မွာပဲ လူသတ္မႈက်ဴးလြန္ေနပါၿပီ””ဖာမီႏိုရဲ႕ Flick တစ္ခ်က္က ကၽြန္ေတာ့္ကိုယ္ခႏၶာမွာရွိတဲ့ အေၾကာတုိင္းကို ေဆးထိုးလုိက္သလုိပါပဲ”။ ”ဖာမီႏုိရဲ႕ Flick က ပ႐ိုအဆင့္မွာ ကၽြန္ေတာ္ျမင္ဖူးသမွ် အေကာင္းဆုံး Flick တစ္ခုပါပဲ”လုိ႔ လီဗာပူးပရိသတ္ေတြက အသီးသီးမွတ္ခ်က္ေရးသားခဲ့ပါတယ္။

Photo Credit ; EPA

အဲဒီလုိအမွတ္ျပည့္ရခဲ့ေပမယ့္ လီဗာပူးနည္းျပ ကေလာ့ပ္ကေတာ့ သူတုိ႔အသင္းအေနနဲ႔ ပဲြကို ထိန္းခ်ဳပ္ကစားရာမွာ ဒီထက္ကစားပုံေကာင္းႏိုင္ေသးတယ္လုိ႔ ဆုိပါတယ္။ လီဗာပူးဟာ လာမယ့္ရက္သတၱပတ္မွာ ဘန္ေလနဲ႔ ကစားရမွာျဖစ္ပါတယ္။

Photo Credit ; Getty Images

Unicode

ဆီဘယ်လော့စ်ကို Flicks လုပ်ပြခဲ့တဲ့ ဖာမီနိုရဲ့စကေးကို ပရိသတ်တွေ သဘောကျနေ

လီဗာပူးအသင်းတိုက်စစ်မှူး ဖာမီနိုဟာ ပရီးမီးယားလိဂ်မှာ တွေ့မြင်ရခဲတဲ့ စကေးတစ်ကွက်ကို ယမန်နေ့ညက အာဆင်နယ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ထုတ်ပြခဲ့ပြီး ဒါကို လီဗာပူးပရိသတ်တွေလည်း အတော်လေးသဘောကျနေပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၂အပြီး ရာနှုန်းပြည့်အနိုင်ရထားတဲ့ အသင်း ၂သင်း အားပြိုင်တဲ့ပွဲဖြစ်တာကြောင့် အတော်လေးကြည့်ကောင်းခဲ့ပြီး နှစ်သင်းစလုံးက တိုက်စစ်အသားပေးကစားသွားလို့ ပရိသတ်တွေအတွက် စောင့်ကြည့်ရကျိုးနပ်တဲ့ပွဲလည်းဖြစ်ပါတယ်။
အဲဒီပွဲမှာ အာဆင်နယ်တောင်ပံတိုက်စစ်မှူး နီကိုလပ်စ်ပီပီက ပွဲ ၅၀ဆက် ဘောလုံးနဲ့အတူ ပြိုင်ဘက်တွေရဲ့ကျော်ဖြတ်ခြင်းမခံခဲ့ရတဲ့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ရဲ့စံချိန်ကို အဆုံးသတ်ခဲ့သလို တစ်ဘက်မှာလည်း လီဗာပူးတိုက်စစ်မှူး ဖာမီနိုက အာဆင်နယ်ရဲ့သူရဲကောင်းလက်သစ်ဖြစ်လာသူ ဆီဘယ်လော့စ်ကို အရူးလုပ်ခဲ့ပါတယ်။
ပြီးတော့ အဲဒီဖြစ်ရပ်ကလည်း ပွဲရဲ့ Tempo အရမ်းမြင့်နေချိန်ဖြစ်ပြီး ဘရာဇီးလက်ရွေးစင် ဖာမီနိုက အာဆင်နယ်အသင်းရဲ့ပင်နယ်တီဧရိယာထိပ်မှာ သူ့ဆီ ဘောလုံးလုယူဖို့ ပြေးလာတဲ့ စပိန်နိုင်ငံသား ဆီဘယ်လော့စ်ကို Flicks လုပ်ကာ ကျော်ဖြတ်ပြီး ဂိုးသွင်းဖို့အတွက် ကိုယ့်ဘာသာကိုယ် ဖန်တီးရယူနိုင်ခဲ့ပါတယ်။
ဖာမီနိုဟာ ဆီဘယ်လော့စ်ကို ဆက်ခနဲအသာမ ကျော်ဖြတ်ခဲ့ပြီးနောက် လေထဲကနေ ကျလာတဲ့ဘောလုံးကို မြက်ခင်းပေါ် အကျမခံဘဲ ခြေခုံနဲ့ မြေမကျကန်သွင်းတာ ကန်ချက်ကောင်းပေမယ့် ဂိုးတော့မဖြစ်ခဲ့ဘဲ ထောင့်ကန်ဘောနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
အဲဒီဖြစ်ရပ်က လူမှုမီဒီယာမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီး လီဗာပူးပရိသတ်တွေက အဲဒီဖြစ်ရပ်ဗီဒီယိုဖိုင်ကို သူတို့ခံစားချက် ရေးသားကာ အသီးသီးပြန်လည်မျှဝေခဲ့ပါတယ်။ ”ဖာမီနိုတစ်ယောက် တစ်ကမ္ဘာလုံးက ရုပ်သံကြည့်ပရိသတ်တွေနဲ့ ကွင်းထဲက မျက်မြင်သက်သေ ၅၅၀၀၀ ရှေ့မှောက်မှာပဲ လူသတ်မှုကျူးလွန်နေပါပြီ”
”ဖာမီနိုရဲ့ Flick တစ်ချက်က ကျွန်တော့်ကိုယ်ခန္ဓာမှာရှိတဲ့ အကြောတိုင်းကို ဆေးထိုးလိုက်သလိုပါပဲ”။ ”ဖာမီနိုရဲ့ Flick က ပရိုအဆင့်မှာ ကျွန်တော်မြင်ဖူးသမျှ အကောင်းဆုံး Flick တစ်ခုပါပဲ”လို့ လီဗာပူးပရိသတ်တွေက အသီးသီးမှတ်ချက်ရေးသားခဲ့ပါတယ်။
အဲဒီလိုအမှတ်ပြည့်ရခဲ့ပေမယ့် လီဗာပူးနည်းပြ ကလော့ပ်ကတော့ သူတို့အသင်းအနေနဲ့ ပွဲကို ထိန်းချုပ်ကစားရာမှာ ဒီထက်ကစားပုံကောင်းနိုင်သေးတယ်လို့ ဆိုပါတယ်။ လီဗာပူးဟာ လာမယ့်ရက်သတ္တပတ်မှာ ဘန်လေနဲ့ ကစားရမှာဖြစ်ပါတယ်။