စေမာလင္းအတြက္ ၁၈.၁ သန္းေတာင္းခဲ့ေပမယ့္ ရိုးမားကေန ၂.၇သန္းသာရမယ့္မန္ယူ

photo-sportbible

photo-gettyimages

မန္ယူပရိသတ္ေတြဟာ ေနာက္ခံလူစေမာလင္းရဲ႕အေျပာင္းအေရႊ႕အတြက္ အသင္းရဲ႕စီမံပုံနဲ႔ပတ္သက္လုိ႔ ေဒါသထြက္ေနၾကပါတယ္။ အဲဒီအဂၤလန္သားေနာက္ခံလူရဲ႕မူလေခၚေစ်းက ေပါင္ ၁၈.၁ သန္းျဖစ္ေပမယ့္ မန္ယူအေနနဲ႔ ေပါင္ ၂.၇ သန္းသာရေတာ့မွာပါ။ အသက္ ၂၉ ႏွစ္အရြယ္ အဲဒီမန္ယူေနာက္ခံလူဟာ ရိုးမားကို အငွားနဲ႔ေရာက္ေတာ့မယ္လို႔ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က အီတလီမွာ သတင္းေတြထက္ေပၚလာပါတယ္။

photo-gettyimages

ဒါေပမဲ့ ယုံၾကည္ရတဲ့သတင္းဌာနတစ္ခုျဖစ္တဲ့ Sky Sport Italia ရဲ႕ေဖာ္ျပခ်က္အရ မန္ယူဟာ စေမာလင္းအတြက္ ေပါင္ ၁၈.၁ သန္းေတာင္းခဲ့တယ္လို႔ သိရပါတယ္။ သတင္းေတြအရလည္း စေမာလင္းအတြက္ မန္ယူနဲ႔ရိုးမားတို႔ၾကားက ေဆြးေႏြးမႈေတြမွာ ေပါင္ ၂.၇ သန္းနဲ႔အငွားေခၚမယ့္အျပင္ ေပါင္ ၁၅.၄ သန္းနဲ႔ အၿပီးသတ္ေခၚႏိုင္မယ့္အခ်က္လည္း ပါ၀င္ခဲ့တာပါ။ ဒါေပမဲ့ အီတလီသတင္းစာေတြကေတာ့ အဲဒီအဂၤလန္ဗဟိုေနာက္ခံလူအတြက္ ေနာက္ဆုံးသေဘာတူညီမႈရခဲ့တာက အငွားေခၚေၾကးေပါင္ ၂.၇ သန္းသာျဖစ္ၿပီး အၿပီးသတ္ေခၚႏိုင္မယ့္အခ်က္မပါေၾကာင္း ေဖာ္ျပခဲ့ၾကပါတယ္။

photo-gettyimages

အဲဒီအတြက္ မန္ယူပရိသတ္ေတြဟာ ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ အေျပာင္းအေရႊ႕ကိုင္တြယ္ပုံနဲ႔ပတ္သက္လုိ႔ အသင္းအမႈေဆာင္ခ်ဳပ္အက္၀ုဒ္၀ုပ္အေပၚ ျပစ္တင္ေျပာၾကားမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။ စေမာလင္းဟာ ၂၀၁၀ ကတည္းက ဖူလ္ဟမ္ကေန ေပါင္ ၁၀ သန္းနဲ႔ေရာက္လာတဲ့ မန္ယူရဲ႕၀ါရင့္ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ဖာဂူဆန္လက္ထက္ကစားဖူးတဲ့ အနည္းငယ္ေသာလက္ရွိကစားသမားေတြထဲက တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ရာသီဆုိးလ္ရွားလက္ထက္မွာ ပုံမွန္ကစားခြင့္ရရွိခဲ့ေပမယ့္ အခုရာသီမွာ မက္ဂြိဳင္းယားေရာက္လာၿပီးတဲ့ေနာက္ ဆုိးလ္ရွားရဲ႕အစီအစဥ္ထဲပါ၀င္ျခငး္မရွိေတာ့ပါဘူး။

Unicode

မန်ယူပရိသတ်တွေဟာ နောက်ခံလူစမောလင်းရဲ့အပြောင်းအရွှေ့အတွက် အသင်းရဲ့စီမံပုံနဲ့ပတ်သက်လို့ ဒေါသထွက်နေကြပါတယ်။ အဲဒီအင်္ဂလန်သားနောက်ခံလူရဲ့မူလခေါ်ဈေးက ပေါင် ၁၈.၁ သန်းဖြစ်ပေမယ့် မန်ယူအနေနဲ့ ပေါင် ၂.၇ သန်းသာရတော့မှာပါ။ အသက် ၂၉ နှစ်အရွယ် အဲဒီမန်ယူနောက်ခံလူဟာ ရိုးမားကို အငှားနဲ့ရောက်တော့မယ်လို့ ပြီးခဲ့တဲ့ကြာသပတေးနေ့က အီတလီမှာ သတင်းတွေထက်ပေါ်လာပါတယ်။

ဒါပေမဲ့ ယုံကြည်ရတဲ့သတင်းဌာနတစ်ခုဖြစ်တဲ့ Sky Sport Italia ရဲ့ဖော်ပြချက်အရ မန်ယူဟာ စမောလင်းအတွက် ပေါင် ၁၈.၁ သန်းတောင်းခဲ့တယ်လို့ သိရပါတယ်။ သတင်းတွေအရလည်း စမောလင်းအတွက် မန်ယူနဲ့ရိုးမားတို့ကြားက ဆွေးနွေးမှုတွေမှာ ပေါင် ၂.၇ သန်းနဲ့အငှားခေါ်မယ့်အပြင် ပေါင် ၁၅.၄ သန်းနဲ့ အပြီးသတ်ခေါ်နိုင်မယ့်အချက်လည်း ပါဝင်ခဲ့တာပါ။ ဒါပေမဲ့ အီတလီသတင်းစာတွေကတော့ အဲဒီအင်္ဂလန်ဗဟိုနောက်ခံလူအတွက် နောက်ဆုံးသဘောတူညီမှုရခဲ့တာက အငှားခေါ်ကြေးပေါင် ၂.၇ သန်းသာဖြစ်ပြီး အပြီးသတ်ခေါ်နိုင်မယ့်အချက်မပါကြောင်း ဖော်ပြခဲ့ကြပါတယ်။

အဲဒီအတွက် မန်ယူပရိသတ်တွေဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ အပြောင်းအရွှေ့ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ အသင်းအမှုဆောင်ချုပ်အက်ဝုဒ်ဝုပ်အပေါ် ပြစ်တင်ပြောကြားမှုတွေပြုလုပ်ခဲ့ကြပါတယ်။ စမောလင်းဟာ ၂၀၁၀ ကတည်းက ဖူလ်ဟမ်ကနေ ပေါင် ၁၀ သန်းနဲ့ရောက်လာတဲ့ မန်ယူရဲ့ဝါရင့်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဖာဂူဆန်လက်ထက်ကစားဖူးတဲ့ အနည်းငယ်သောလက်ရှိကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီဆိုးလ်ရှားလက်ထက်မှာ ပုံမှန်ကစားခွင့်ရရှိခဲ့ပေမယ့် အခုရာသီမှာ မက်ဂွိုင်းယားရောက်လာပြီးတဲ့နောက် ဆိုးလ်ရှားရဲ့အစီအစဉ်ထဲပါဝင်ခြင်းမရှိတော့ပါဘူး။