စီးရီးေအပြဲထြက္အတြက္ လူကာကူဟာ ၀လြန္းေနတာလား

photo-gettyimages

photo-gettyimages

တိုက္စစ္မႈးလူကာကူဟာ သူ႔ရဲ႕၀ိတ္တက္ေနမႈေၾကာင့္ အင္တာမီလန္ရဲ႕စီးရီးေအရာသီအဖြင့္ပြဲစဥ္ကို လြဲေခ်ာ္ဖြယ္ရွိတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ အီတလီအားကစားသတင္းစာတစ္ေစာင္ျဖစ္တဲ့ ေကာ္ရီယာဒယ္လိုစေပါ့က လူကာကူဟာ မန္ယူကေန အင္တာကို ပုံပ်က္ပန္းပ်က္နဲ႔ ေရာက္လာခဲ့တာလို႔ ေဖာျ္ပခဲ့ပါတယ္။ အဲဒီဘယ္လ္ဂ်ီယံဟာ ဒဏ္ရာေၾကာင့္လည္း ရာသီႀကိဳပြဲစဥ္ေတြကို လြဲေခ်ာ္ထားပါတယ္။

photo-gettyimages

သူ႔ရဲ႕လက္ရွိကိုယ္အေလးခ်ိန္က ၁၀၄ kg ရွိၿပီး အင္တာမီလန္က သူ႔ကို ၁၀၀ kg အထက္ ရွိမေနေစခ်င္ဘူးလို႔ သိရပါတယ္။ သူ႔ရဲ႕လက္ရွိအေျခအေနကို လူကာကူကုိင္တိုင္ကလည္း သတိထားမိၿပီး အဲဒီအတြက္ ပိတ္ရက္ေတြမွာေတာင္ အပိုေလ့က်င့္ခန္းေတြလုပ္ေဆာင္ေနပါတယ္။ ဒါ့အျပင္ အစားအေသာက္ပိုင္းနဲ႔ပတ္သက္လုိ႔ ဂရိုစုိက္ေနေၾကာင့္လည္း သူကိုင္တိုင္က ၀န္ခံထားပါတယ္။

photo-gettyimages

အခုခ်ိန္ထိေတာ့ လူကာကူဟာ ရာသီသစ္မစခင္ ကိုယ္အေလးခ်ိန္ ၁၀၀ kg ေအာက္ေရာက္ဖုိ႔ မေသခ်ာေသးပါဘူး။ အင္တာမီလန္ရဲ႕စီးရီးေအရာသီအဖြင့္ပြဲစဥ္က လာမယ့္ၾသဂုတ္ ၂၆ ရက္ေန႔ကစားမယ့္ တန္းတက္လက္ခ်ီနဲ႔ျဖစ္ပါတယ္။ အင္တာတုိက္စစ္မွာ အုိင္ကာဒီက အပယ္ခံျဖစ္ေနတာေၾကာင့္ လူကာကူသာ မကစားျဖစ္ရင္ အသက္ ၁၇ ႏွစ္အရြယ္ အက္စ္ပိုစီတိုဟာ တုိက္စစ္မွာ ေလာ္တာရိုမာတီနက္ဇ္နဲ႔ အတူပြဲထြက္ရမွာပါ။

[Unicode]

တိုက်စစ်မှုးလူကာကူဟာ သူ့ရဲ့ဝိတ်တက်နေမှုကြောင့် အင်တာမီလန်ရဲ့စီးရီးအေရာသီအဖွင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အီတလီအားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ ကော်ရီယာဒယ်လိုစပေါ့က လူကာကူဟာ မန်ယူကနေ အင်တာကို ပုံပျက်ပန်းပျက်နဲ့ ရောက်လာခဲ့တာလို့ ဖောြ်ပခဲ့ပါတယ်။ အဲဒီဘယ်လ်ဂျီယံဟာ ဒဏ်ရာကြောင့်လည်း ရာသီကြိုပွဲစဉ်တွေကို လွဲချော်ထားပါတယ်။

သူ့ရဲ့လက်ရှိကိုယ်အလေးချိန်က ၁၀၄ kg ရှိပြီး အင်တာမီလန်က သူ့ကို ၁၀၀ kg အထက် ရှိမနေစေချင်ဘူးလို့ သိရပါတယ်။ သူ့ရဲ့လက်ရှိအခြေအနေကို လူကာကူကိုင်တိုင်ကလည်း သတိထားမိပြီး အဲဒီအတွက် ပိတ်ရက်တွေမှာတောင် အပိုလေ့ကျင့်ခန်းတွေလုပ်ဆောင်နေပါတယ်။ ဒါ့အပြင် အစားအသောက်ပိုင်းနဲ့ပတ်သက်လို့ ဂရိုစိုက်နေကြောင့်လည်း သူကိုင်တိုင်က ဝန်ခံထားပါတယ်။

အခုချိန်ထိတော့ လူကာကူဟာ ရာသီသစ်မစခင် ကိုယ်အလေးချိန် ၁၀၀ kg အောက်ရောက်ဖို့ မသေချာသေးပါဘူး။ အင်တာမီလန်ရဲ့စီးရီးအေရာသီအဖွင့်ပွဲစဉ်က လာမယ့်သြဂုတ် ၂၆ ရက်နေ့ကစားမယ့် တန်းတက်လက်ချီနဲ့ဖြစ်ပါတယ်။ အင်တာတိုက်စစ်မှာ အိုင်ကာဒီက အပယ်ခံဖြစ်နေတာကြောင့် လူကာကူသာ မကစားဖြစ်ရင် အသက် ၁၇ နှစ်အရွယ် အက်စ်ပိုစီတိုဟာ တိုက်စစ်မှာ လော်တာရိုမာတီနက်ဇ်နဲ့ အတူပွဲထွက်ရမှာပါ။