စီးတီးနဲ႔လီဗာပူးတုိ႔ကို စိန္ေခၚဖို႔ အာဆင္နယ္အသင္းရဲ႕အေျခအေနကို ဖြင့္ဟလာတ့ဲ ဂႏၳ၀င္ ေရးပါလာ

Photo Credit ; Getty Images

Photo Credit ; Getty Images

အာဆင္နယ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ လက္ရွိခ်န္ပီယံစီးတီးနဲ႔ ခ်န္ပီယံလိဂ္ခ်န္ပီယံ လီဗာပူးတို႔ကို စိန္ေခၚဖို႔ ဘယ္ေနရာမွာမွ နီးစပ္ျခင္းမရွိေသးေၾကာင္း အသင္းရဲ႕ဂႏၳ၀င္ကစားသမား ေရးပါလာက သုံးသပ္လုိက္ပါတယ္။

Photo Credit

စေနေန႔မွာ ကစားရမယ့္ လီဗာပူးနဲ႔အေ၀းကြင္းပြဲက်ပ္မတုိင္ခင္ ကၽြမ္းက်င္သူတခ်ိဳ႕က ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ကစားသမားအင္အားအေကာင္းဆုံးျဖည့္တင္းႏိုင္ခဲ့တဲ့ အာဆင္နယ္အေနနဲ႔ ယခုရာသီမွာ အမွတ္ေပးခ်န္ပီယံဆုအတြက္ စိန္ေခၚႏုိင္လိမ့္မယ္လုိ႔ သုံးသပ္ေနတာေတြအေပၚ ပါလာက အထက္ပါအတုိင္း သူ႕အျမင္ကို ဖြင့္ဟသြားတာျဖစ္ပါတယ္။

Photo Credit ; Getty Images

”ကၽြန္ေတာ္တုိ႔အသင္း ဒီရာသီမွာ အမွတ္ေပးခ်န္ပီယံဆုစိန္ေခၚႏုိင္လိမ့္မယ္ဆုိတဲ့သုံးသပ္ခ်က္၊ ခန္႔မွန္းခ်က္ေတြကို ၾကားမိပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ့္အေနနဲ႔ အ႐ိုးသားဆုံးေျပာရရင္ လက္ရွိအခ်ိန္မွာ စီးတီးနဲ႔လီဗာပူးတို႔ကို လုိက္မီဖုိ႔ အာဆင္နယ္အသင္း အေ၀းႀကီးလုိေသးတယ္လုိ႔ ထင္ပါတယ္။ လီဗာပူးအသင္းမွာ လက္ရွိအာဆင္နယ္အသင္းသား ဘယ္ႏွေယာက္ေလာက္ ကစားခြင့္ရႏိုင္မလဲ”လုိ႔ ပါလာက ေျပာပါတယ္။

Photo Credit 

နည္းျပအမ္မရီဦးေဆာင္တ့ဲအာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီက အဆင့္ ၄ေနရာနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္ရသြားတ့ဲ ၿမိဳ႕ခံၿပိဳင္ဘက္ ေတာ့တင္ဟမ္အသင္းနဲ႔ ၁မွတ္အကြာ အဆင့္ ၅ေနရာမွာ ရပ္တည္ခဲ့ရေပမယ့္ ခ်န္ပီယံျဖစ္သြားတ့ဲ စီးတီးနဲ႔ ၂၈မွတ္အထိ ကြာဟခဲ့ပါတယ္။

Photo Credit

ပါလာက လက္ရွိအခ်ိန္မွာ အသင္းအေနနဲ႔ ထိပ္ဆုံး ၄သင္းစာရင္း၀င္ရင္ပဲ ေပ်ာ္ရႊင္ရလိမ့္မွာျဖစ္ေၾကာင္း ၀န္ခံခဲ့ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရဖုိ႔ ႀကိဳးစားတာက လက္ရွိအခ်ိန္မွာ အာဆင္နယ္အသင္းရဲ႕အေကာင္းဆုံးေမွ်ာ္လင့္ခ်က္ျဖစ္လိမ့္မယ္လုိ႔လည္း ေျပာသြားပါတယ္။

Photo Credit ; Retuers

”အေရးပါဆုံးအရာကေတာ့ ခ်န္ပီယံလိဂ္၀င္ကစားခြင့္ျပန္လည္ရရွိေရးပါပဲ။ သူတုိ႔ကေတာ့ ဒီထက္ပုိျမင့္မားတဲ့အဆင့္ ရရင္ရႏိုင္ေပမယ့္ ကၽြန္ေတာ္ကေတာ့ ခ်န္ပီယံလိဂ္၀င္ခြင့္ရရင္ပဲ ေပ်ာ္ရႊင္မိမွာပါ။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ ကၽြန္ေတာ္တုိ႔အသင္းဟာ စီးတီး၊ လီဗာပူးတို႔နဲ႔ မိုင္အမ်ားႀကီးျပတ္က်န္ေနပါၿပီ”

Photo Credit

”အာဆင္နယ္ဟာ ရာသီအဖြင့္ပြဲစဥ္အျဖစ္ နယူးကာဆယ္ကို အေ၀းကြင္းမွာ အႏိုင္ရခဲ့သလို ၿပီးခဲ့တဲ့ရက္သတၱပတ္အကုန္ကလည္း ဘန္ေလကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ အဲဒီပြဲေတြက အႏိုင္ရဖုိ႔ ေမွ်ာ္လင့္ထားၿပီးျဖစ္လုိ႔ အဲဒီႏိုင္ပြဲေတြအေပၚ အမ်ားႀကီးေပ်ာ္ေနလုိ႔ မရပါဘူး”လုိ႔ ပါလာက ေျပာၾကားခဲ့ပါတယ္။

Photo Credit

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း နီကိုလပ္စ္ပီပီ၊ တီယာေနး၊ ဆီဘယ္ေလာ့စ္နဲ႔ လူး၀စ္ဇ္တုိ႔အပါအ၀င္ ကစားသမားအမ်ားအျပားေခၚယူထားေပမယ့္ ပါလာကေတာ့ အဲဒီလုိလုပ္ေဆာင္တာကလည္း ခ်န္ပီယံဆုစိန္ေခၚႏုိင္ဖို႔ မလုံေလာက္ေသးဘူးလုိ႔ ဆုိပါတယ္။

Photo Credit ; AFP

Unicode

စီးတီးနဲ့လီဗာပူးတို့ကို စိန်ခေါ်ဖို့ အာဆင်နယ်အသင်းရဲ့အခြေအနေကို ဖွင့်ဟလာတဲ့ ဂန္ထဝင် ရေးပါလာ

အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်ရှိချန်ပီယံစီးတီးနဲ့ ချန်ပီယံလိဂ်ချန်ပီယံ လီဗာပူးတို့ကို စိန်ခေါ်ဖို့ ဘယ်နေရာမှာမှ နီးစပ်ခြင်းမရှိသေးကြောင်း အသင်းရဲ့ဂန္ထဝင်ကစားသမား ရေးပါလာက သုံးသပ်လိုက်ပါတယ်။
စနေနေ့မှာ ကစားရမယ့် လီဗာပူးနဲ့အဝေးကွင်းပွဲကျပ်မတိုင်ခင် ကျွမ်းကျင်သူတချို့က ပြီးခဲ့တဲ့နွေရာသီအတွင်း ကစားသမားအင်အားအကောင်းဆုံးဖြည့်တင်းနိုင်ခဲ့တဲ့ အာဆင်နယ်အနေနဲ့ ယခုရာသီမှာ အမှတ်ပေးချန်ပီယံဆုအတွက် စိန်ခေါ်နိုင်လိမ့်မယ်လို့ သုံးသပ်နေတာတွေအပေါ် ပါလာက အထက်ပါအတိုင်း သူ့အမြင်ကို ဖွင့်ဟသွားတာဖြစ်ပါတယ်။
”ကျွန်တော်တို့အသင်း ဒီရာသီမှာ အမှတ်ပေးချန်ပီယံဆုစိန်ခေါ်နိုင်လိမ့်မယ်ဆိုတဲ့သုံးသပ်ချက်၊ ခန့်မှန်းချက်တွေကို ကြားမိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အရိုးသားဆုံးပြောရရင် လက်ရှိအချိန်မှာ စီးတီးနဲ့လီဗာပူးတို့ကို လိုက်မီဖို့ အာဆင်နယ်အသင်း အဝေးကြီးလိုသေးတယ်လို့ ထင်ပါတယ်။ လီဗာပူးအသင်းမှာ လက်ရှိအာဆင်နယ်အသင်းသား ဘယ်နှယောက်လောက် ကစားခွင့်ရနိုင်မလဲ”လို့ ပါလာက ပြောပါတယ်။
နည်းပြအမ်မရီဦးဆောင်တဲ့အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အဆင့် ၄နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရသွားတဲ့ မြို့ခံပြိုင်ဘက် တော့တင်ဟမ်အသင်းနဲ့ ၁မှတ်အကွာ အဆင့် ၅နေရာမှာ ရပ်တည်ခဲ့ရပေမယ့် ချန်ပီယံဖြစ်သွားတဲ့ စီးတီးနဲ့ ၂၈မှတ်အထိ ကွာဟခဲ့ပါတယ်။
ပါလာက လက်ရှိအချိန်မှာ အသင်းအနေနဲ့ ထိပ်ဆုံး ၄သင်းစာရင်းဝင်ရင်ပဲ ပျော်ရွှင်ရလိမ့်မှာဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားတာက လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရဲ့အကောင်းဆုံးမျှော်လင့်ချက်ဖြစ်လိမ့်မယ်လို့လည်း ပြောသွားပါတယ်။
”အရေးပါဆုံးအရာကတော့ ချန်ပီယံလိဂ်ဝင်ကစားခွင့်ပြန်လည်ရရှိရေးပါပဲ။ သူတို့ကတော့ ဒီထက်ပိုမြင့်မားတဲ့အဆင့် ရရင်ရနိုင်ပေမယ့် ကျွန်တော်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရရင်ပဲ ပျော်ရွှင်မိမှာပါ။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့အသင်းဟာ စီးတီး၊ လီဗာပူးတို့နဲ့ မိုင်အများကြီးပြတ်ကျန်နေပါပြီ”
”အာဆင်နယ်ဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် နယူးကာဆယ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့သလို ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်ကလည်း ဘန်လေကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် အဲဒီပွဲတွေက အနိုင်ရဖို့ မျှော်လင့်ထားပြီးဖြစ်လို့ အဲဒီနိုင်ပွဲတွေအပေါ် အများကြီးပျော်နေလို့ မရပါဘူး”လို့ ပါလာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း နီကိုလပ်စ်ပီပီ၊ တီယာနေး၊ ဆီဘယ်လော့စ်နဲ့ လူးဝစ်ဇ်တို့အပါအဝင် ကစားသမားအများအပြားခေါ်ယူထားပေမယ့် ပါလာကတော့ အဲဒီလိုလုပ်ဆောင်တာကလည်း ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့ မလုံလောက်သေးဘူးလို့ ဆိုပါတယ်။