စီးတီးနည္းျပဘ၀ သူ႕ရဲ႕အေနအထားက ခ်န္ပီယံလိဂ္ၿပိဳင္ပဲြအေပၚ မူတည္မေနေၾကာင္း ဂြါဒီယိုလာ အခိုင္အမာဆုိ

Photo Credit ; Reuters

Photo Credit ; Getty Images

မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက သူ႕ရဲ႕မန္စီးတီးနည္းျပဘ၀က ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအေပၚ မူတည္မေနေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္။ စီးတီးဟာ နည္းျပအျဖစ္ ဂြါဒီယိုလာ တာ၀န္ယူခဲ့တဲ့ ေနာက္ဆုံး ၃ရာသီအတြင္း အျမင့္ဆုံးအေနနဲ႔ ကြာတားဖုိင္နယ္အဆင့္သာ တက္လွမ္းႏိုင္ခဲ့ၿပီး ယမန္ႏွစ္ရာသီကလည္း ကြာတားဖုိင္နယ္အဆင့္မွာ ေတာ့တင္ဟမ္ကို အျငင္းပြားဖြယ္ျဖစ္ရပ္ေတြနဲ႔အတူ ၿပိဳင္ပြဲကေန ထြက္ခဲ့ရပါတယ္။

Photo Credit ; Getty Images

ဒါေပမဲ့ ဂြါဒီယိုလာကေတာ့ ပရီးမီးယားလိဂ္မွာ ဗိုလ္စဲြႏုိင္ေရးကသာ အဓိကပစ္မွတ္ျဖစ္ေၾကာင္း ထပ္ေလာင္းေျပာၾကားခဲ့ၿပီး တကယ္လုိ႔ စီးတီးနဲ႔အတူ ဥေရာပရဲ႕ဂုဏ္သိကၡာအႀကီးမားဆုံးဆုဖလားမရရွိခဲ့ရင္လည္း ညဘက္ေကာင္းေကာင္းအိပ္ေပ်ာ္လိမ့္မယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

Photo Credit ; Getty Images

”ကၽြန္ေတာ္တုိ႔ကို ဘာျဖစ္လုိ႔ ဒီလုိအကဲျဖတ္ရတာလဲဆုိတဲ့အေၾကာင္းျပခ်က္ကို ေကာင္းေကာင္းသိပါတယ္။ လူေတြကေတာ့ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာမျဖစ္မေနဗိုလ္စြဲရမယ္လုိ႔ ေျပာၾကတာပဲ။ တကယ္လည္း ကၽြန္ေတာ္ႀကိဳးစားေနပါတယ္။ ခ်န္ပီယံျဖစ္ဖုိ႔ အေကာင္းဆုံးႀကိဳးစားေနတာပါ။ ဒါေပမဲ့ အဲဒီျဖစ္ရပ္က ကၽြန္ေတာ့္ဘ၀ကို ေျပာင္းလဲေစမွာမဟုတ္ပါဘူး”

Photo Credit ; Getty Images

”ကၽြန္ေတာ္တုိ႔အသင္း ဘယ္လုိျဖစ္လာမလဲဆုိတာ ေစာင့္ၾကည့္ရမွာပါ။ ကၽြန္ေတာ္တုိ႔အသင္း ခ်န္ပီယံျဖစ္ခ်င္တာမွန္တယ္။ ျဖစ္ဖုိ႔လည္း အိပ္မက္မက္ေနၾကတယ္။ အဲဒီအတြက္လည္း အလုပ္လုပ္ေနေၾကတယ္။ မနက္ျဖန္ကစားရမယ့္ ဘ႐ိုက္တန္နဲ႔ပြဲအတြက္ အာ႐ုံစိုက္ထားခ်ိန္မွာ ခ်န္ပီယံလိဂ္အေၾကာင္း သိပ္မေျပာခ်င္ပါဘူး။ လာမယ့္ ၁၀လ၊ ၁၁လအတြင္း ကၽြန္ေတာ့္ရဲ႕ေနာက္ထပ္ပစ္မွတ္က ခ်န္ပီယံလိဂ္အေၾကာင္းမဟုတ္ပါဘူး။ ပရီးမီးယားလိဂ္မွာလည္း ဗိုလ္စြဲခ်င္သလို ဖလားၿပိဳင္ပြဲေတြမွာလည္း ခ်န္ပီယံျဖစ္လုိပါတယ္”လုိ႔ ဂြါဒီယိုလာက ေျပာပါတယ္။

Photo Credit

စီးတီးဟာ ယခုႏွစ္ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ပဲြေခ်ာင္ေနေပမယ့္ ခရီးျပင္းႏွင္ရမွာျဖစ္ၿပီး ပထမဆုံးအေနနဲ႔ စက္တင္ဘာလ ၁၈ရက္ေန႔မွာ ယူကရိန္းမွာ အိမ္ရွင္ရွက္တာဒုိးနက္နဲ႔ကစားရမွာျဖစ္သလုိ ခရိုေအးရွားနဲ႔ အီတလီတို႔ဆီလည္း ခရီးထြက္ရမွာျဖစ္ပါတယ္။

Photo Credit ; Getty Images

”ခ်န္ပီယံလိဂ္မွာ ခ်န္ပီယံျဖစ္ဖုိ႔က အေရးႀကီးပါတယ္။ ဒါကိုလည္း ကၽြန္ေတာ္သိပါတယ္။ ဒါေပမဲ့ တစ္ခ်ိန္တည္းမွာပဲ ကၽြန္ေတာ့္အေနနဲ႔ မနက္ေစာေစာထမယ္၊ အလုပ္အမ်ားႀကီးလုပ္မယ္။ အတတ္ႏိုင္ဆုံးေစာေစာအိပ္မယ္။ အစားေကာင္းေတြစားမယ္။ ကုိယ္ခ်စ္တဲ့လူေတြနဲ႔ ေနမယ္။ အဲဒီအတိုင္း ကၽြန္ေတာ္ရွိေနမွာပါ”လုိ႔ ဂြါဒီယိုလာက ဆက္ေျပာပါတယ္။

Photo Credit ; Getty Images

Unicode

စီးတီးနည်းပြဘ၀ သူ့ရဲ့အနေအထားက ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ် မူတည်မနေကြောင်း ဂွါဒီယိုလာ အခိုင်အမာဆို

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက သူ့ရဲ့မန်စီးတီးနည်းပြဘဝက ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ် မူတည်မနေကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ စီးတီးဟာ နည်းပြအဖြစ် ဂွါဒီယိုလာ တာဝန်ယူခဲ့တဲ့ နောက်ဆုံး ၃ရာသီအတွင်း အမြင့်ဆုံးအနေနဲ့ ကွာတားဖိုင်နယ်အဆင့်သာ တက်လှမ်းနိုင်ခဲ့ပြီး ယမန်နှစ်ရာသီကလည်း ကွာတားဖိုင်နယ်အဆင့်မှာ တော့တင်ဟမ်ကို အငြင်းပွားဖွယ်ဖြစ်ရပ်တွေနဲ့အတူ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
ဒါပေမဲ့ ဂွါဒီယိုလာကတော့ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်ရေးကသာ အဓိကပစ်မှတ်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး တကယ်လို့ စီးတီးနဲ့အတူ ဥရောပရဲ့ဂုဏ်သိက္ခာအကြီးမားဆုံးဆုဖလားမရရှိခဲ့ရင်လည်း ညဘက်ကောင်းကောင်းအိပ်ပျော်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
”ကျွန်တော်တို့ကို ဘာဖြစ်လို့ ဒီလိုအကဲဖြတ်ရတာလဲဆိုတဲ့အကြောင်းပြချက်ကို ကောင်းကောင်းသိပါတယ်။ လူတွေကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာမဖြစ်မနေဗိုလ်စွဲရမယ်လို့ ပြောကြတာပဲ။ တကယ်လည်း ကျွန်တော်ကြိုးစားနေပါတယ်။ ချန်ပီယံဖြစ်ဖို့ အကောင်းဆုံးကြိုးစားနေတာပါ။ ဒါပေမဲ့ အဲဒီဖြစ်ရပ်က ကျွန်တော့်ဘဝကို ပြောင်းလဲစေမှာမဟုတ်ပါဘူး”
”ကျွန်တော်တို့အသင်း ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ကျွန်တော်တို့အသင်း ချန်ပီယံဖြစ်ချင်တာမှန်တယ်။ ဖြစ်ဖို့လည်း အိပ်မက်မက်နေကြတယ်။ အဲဒီအတွက်လည်း အလုပ်လုပ်နေကြေတယ်။ မနက်ဖြန်ကစားရမယ့် ဘရိုက်တန်နဲ့ပွဲအတွက် အာရုံစိုက်ထားချိန်မှာ ချန်ပီယံလိဂ်အကြောင်း သိပ်မပြောချင်ပါဘူး။ လာမယ့် ၁၀လ၊ ၁၁လအတွင်း ကျွန်တော့်ရဲ့နောက်ထပ်ပစ်မှတ်က ချန်ပီယံလိဂ်အကြောင်းမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်မှာလည်း ဗိုလ်စွဲချင်သလို ဖလားပြိုင်ပွဲတွေမှာလည်း ချန်ပီယံဖြစ်လိုပါတယ်”လို့ ဂွါဒီယိုလာက ပြောပါတယ်။
စီးတီးဟာ ယခုနှစ်ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ပွဲချောင်နေပေမယ့် ခရီးပြင်းနှင်ရမှာဖြစ်ပြီး ပထမဆုံးအနေနဲ့ စက်တင်ဘာလ ၁၈ရက်နေ့မှာ ယူကရိန်းမှာ အိမ်ရှင်ရှက်တာဒိုးနက်နဲ့ကစားရမှာဖြစ်သလို ခရိုအေးရှားနဲ့ အီတလီတို့ဆီလည်း ခရီးထွက်ရမှာဖြစ်ပါတယ်။
”ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ဖို့က အရေးကြီးပါတယ်။ ဒါကိုလည်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော့်အနေနဲ့ မနက်စောစောထမယ်၊ အလုပ်အများကြီးလုပ်မယ်။ အတတ်နိုင်ဆုံးစောစောအိပ်မယ်။ အစားကောင်းတွေစားမယ်။ ကိုယ်ချစ်တဲ့လူတွေနဲ့ နေမယ်။ အဲဒီအတိုင်း ကျွန်တော်ရှိနေမှာပါ”လို့ ဂွါဒီယိုလာက ဆက်ပြောပါတယ်။