စီေရာ္နယ္ဒို လုပ္ေဆာင္ေနတဲ့ က်န္းမာႏုပ်ဳိေပ်ာ္ရႊင္ေစမယ့္နည္းမ်ား

Photo Credit-the sun

ေဘာလုံးသမားေတြထဲမွာ စီေရာ္နယ္ဒိုဟာ ခႏၶာကိုယ္က်န္းမာၾကံ့ခုိင္သလို၊ ရုပ္ရည္သြင္ျပင္ပိုင္းပါ ႏုပ်ဳိစမတ္က်ေအာင္ေနထိုင္သူျဖစ္ပါတယ္။ အားကစားေလ့က်င့္ခန္းေတြကို ျပင္းျပင္းထန္ထန္လုပ္တတ္သူ တစ္ေယာက္ျဖစ္သလုိ၊ အစားအေသာက္ပိုင္းကိုလည္း ဂရုစိုက္တတ္သူျဖစ္ပါတယ္။ စိတ္ပုိင္းဆုိင္ရာ ေပ်ာ္ရႊင္ဖို႔နဲ႔စိတ္ဖိစီးမႈမရိွေစဖုိ႔အတြက္လည္း သက္ဆုိင္ရာကုထုံးနည္းေတြကို က်င့္သုံးတတ္ပါေသးတယ္။

Photo Credit-90min

အခုေနာက္ဆုံး သူ႔ရဲ႕ အင္စတာဂရမ္တင္ထားတဲ့ပုံကေတာ့ ေရစိမ္ၿပီး တရားမွတ္တဲ့ပုံစံမ်ဳိးျဖစ္ပါတယ္။ တရားမွတ္ၿပီးစိတ္ဖိစီးတာကို ေလွ်ာ့ခ်တဲ့နည္းေတြအမ်ားႀကီးရိွပါတယ္။ စီေရာ္နယ္ဒိုကေတာ့ ေရစိမ္သစ္သားဇလားထဲမွာ ေရေႏြးနဲ႔ေရေအးကို မွ်တေအာင္ထည့္ၿပီး စိတ္ေျဖေလွ်ာ့တဲ့နည္းကို သုံးထားပါတယ္။ အသက္ 34 ႏွစ္နီးပါး ရိွေနၿပီျဖစ္တာေၾကာင့္ မလြန္ဆန္ႏိုင္တဲ့ ဇရာေတြကို တတ္ႏိုင္သေလာက္ ေလွ်ာ့ခ်ၿပီး ကြင္းထဲမွာ လူငယ္၊လူရြယ္ေတြနဲ႔ အၿပိဳင္ယွဥ္ ကစားႏိုင္ဖို႔ျဖစ္ပါတယ္။

Photo Credit-men journal

အပူအပင္ေတြ၊စိတ္လႊင့္တာေတြကို ေရစိမ္တရားမွတ္ေလွ်ာ့ခ်ေနတဲ့ စီေရာ္နယ္ဒိုဟာ သူေသာက္သုံးဖို႔အတြက္ ေဖ်ာ္ရည္(သို႔)အားျဖည့္ေရကိုေတာင္ သီးသန္႔ျပဳလုပ္ၿပီးမွေသာက္သုံးတာျဖစ္ပါတယ္။ သူေသာက္သုံးတဲ့ ေဖ်ာ္ရည္ဟာ သၾကားဓာတ္ေလွ်ာ့နည္းၿပီး၊ ကိုယ္ခႏၶာအတြက္အက်ဳိးရိွမယ့္ ဗီတာမင္ B12 ဓာတ္၊ ကာဗိုဟိုက္ဒရိုက္ဓာတ္တို႔ပါ၀င္ပါ တယ္။ ၀ုိင္တစ္ခြက္ကိုေတာ့ ေန႔စဥ္နီးပါးေသာက္တတ္ပါတယ္။

Photo Credit-internet

ငါးတစ္မ်ဳိးမ်ဳိးကိုလည္း အၿမဲတမ္းစားသုံးေလ့ရိွၿပီး၊ လတ္ဆတ္တဲ့သစ္သီးေတြ၊ ဟင္းသီးဟင္းရြက္ေတြကိုလည္း စားေလ့ရိွပါတယ္။ အမဲနဲ႔အျခားအသားေတြကိုေတာ့ ရံဖန္ရံခါစားတတ္ပါတယ္။ စီေရာ္နယ္ဒိုဟာ လက္ရိွအခ်ိန္မွာ သူဟာ အသက္ 23 ႏွစ္အရြယ္ ခႏၶာကိုယ္ကိုပိုင္ဆုိင္ထားရ သလိုခံစားရတယ္ လို႔ေျပာခဲ့ဖူးသလို၊ အသက္ 40 အရြယ္အထိ ေဘာလုံးကစားခ်င္တယ္လို႔ ေျပာထားဖူးပါတယ္။

Photo Credit-internet

စီေရာ္နယ္ဒိုဟာ gym ကိုပုံမွန္ေဆာ့တဲ့အျပင္ ေရကူးတာကိုလည္း မၾကာခဏလုပ္တတ္ပါတယ္။ ေရကူးတာဟာလည္း က်န္းမာေစတဲ့ အခ်က္တစ္ခ်က္ျဖစ္ေၾကာင္းသူကေျပာပါတယ္။ စီေရာ္နယ္ဒိုဟာ အားတဲ့အခ်ိန္ TV ၾကည့္ရတာထက္ ေရကူးတာကို ပို၀ါသနာပါပါတယ္။ အိပ္စက္အနားယူခ်ိန္ဟာလည္း အေရးပါတာေၾကာင့္ စီေရာ္နယ္ဒိုဟာ တစ္ေန႔ကို အိပ္ခ်ိန္အတြက္ ရွစ္နာရီယူတတ္ပါတယ္။ စိတ္အပန္းေျဖဖို႔ အတြက္ကေတာ့ အခ်ိန္အမ်ားစုကို မိဘေဆြမ်ဳိးေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ကုန္ဆုံး တတ္ေၾကာင္း သူကေျပာပါတယ္။ ေစာေစာအိပ္ၿပီး၊ေစာေစာထတတ္တဲ့ စီေရာ္နယ္ဒိုဟာ သူက်န္းမာႀကံ႕ခိုင္ဖုိ႔အတြက္  အေမျဖစ္သူရဲ႕ပံ့ပိုးမႈဟာအေရးႀကီးခဲ့ေၾကာင္း ေျပာခဲ့ဖူးပါတယ္။ အခုအခါမွာေတာ့ အိမ္သူသက္ထား ဇနီးမယားရဲ႕ ပ့ံပိုးမႈကို ယူေနရပါတယ္။ မိန္းမျဖစ္သူကလည္း ေယာဂကစားတာကို ၀ါသနာပါသူျဖစ္ပါတယ္။ စီေရာ္နယ္ဒိုရဲ႕ပရိသတ္ေတြလည္း ခႏၶာက်န္းမာ၊စိတ္ေပ်ာ္ရႊင္ပါေစလို႔ဆႏၵျပဳလုိက္ပါတယ္။

Photo Credit-ohn.com

(Unicode Version)

ဘောလုံးသမားတွေထဲမှာ စီရော်နယ်ဒိုဟာ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်သလို၊ ရုပ်ရည်သွင်ပြင်ပိုင်းပါ နုပျိုစမတ်ကျအောင်နေထိုင်သူဖြစ်ပါတယ်။ အားကစားလေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်လုပ်တတ်သူ တစ်ယောက်ဖြစ်သလို၊ အစားအသောက်ပိုင်းကိုလည်း ဂရုစိုက်တတ်သူဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ဖို့နဲ့စိတ်ဖိစီးမှုမရှိစေဖို့အတွက်လည်း သက်ဆိုင်ရာကုထုံးနည်းတွေကို ကျင့်သုံးတတ်ပါသေးတယ်။

အခုနောက်ဆုံး သူ့ရဲ့ အင်စတာဂရမ်တင်ထားတဲ့ပုံကတော့ ရေစိမ်ပြီး တရားမှတ်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ တရားမှတ်ပြီးစိတ်ဖိစီးတာကို လျှော့ချတဲ့နည်းတွေအများကြီးရှိပါတယ်။ စီရော်နယ်ဒိုကတော့ ရေစိမ်သစ်သားဇလားထဲမှာ ရေနွေးနဲ့ရေအေးကို မျှတအောင်ထည့်ပြီး စိတ်ဖြေလျှော့တဲ့နည်းကို သုံးထားပါတယ်။ အသက် 34 နှစ်နီးပါးရှိနေပြီဖြစ်တာကြောင့် မလွန်ဆန်နိုင်တဲ့ ဇရာတွေကို တတ်နိုင်သလောက် လျှော့ချပြီး ကွင်းထဲမှာ လူငယ်၊လူရွယ်တွေနဲ့အပြိုင်ယှဉ် ကစားနိုင်ဖို့ဖြစ်ပါတယ်။

အပူအပင်တွေ၊စိတ်လွှင့်တာတွေကို ရေစိမ်တရားမှတ်လျှော့ချနေတဲ့ စီရော်နယ်ဒိုဟာ သူသောက်သုံးဖို့အတွက် ဖျော်ရည်(သို့)အားဖြည့်ရေကိုတောင် သီးသန့်ပြုလုပ်ပြီးမှသောက်သုံးတာဖြစ်ပါတယ်။ သူသောက်သုံးတဲ့ ဖျော်ရည်ဟာ သကြားဓာတ်လျှော့နည်းပြီး၊ ကိုယ်ခန္ဓာအတွက်အကျိုးရှိမယ့် ဗီတာမင် B12 ဓာတ်၊ ကာဗိုဟိုက်ဒရိုက်ဓာတ်တို့ပါဝင်ပါတယ်။ ဝိုင်တစ်ခွက်ကိုတော့ နေ့စဉ်နီးပါးသောက်တတ်ပါတယ်။

ငါးတစ်မျိုးမျိုးကိုလည်း အမြဲတမ်းစားသုံးလေ့ရှိပြီး၊ လတ်ဆတ်တဲ့သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကိုလည်း စားလေ့ရှိပါတယ်။ အမဲနဲ့အခြားအသားတွေကိုတော့ ရံဖန်ရံခါစားတတ်ပါတယ်။ စီရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ သူဟာ အသက် 23 နှစ်အရွယ် ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားရ သလိုခံစားရတယ် လို့ပြောခဲ့ဖူးသလို၊ အသက် 40 အရွယ်အထိ ဘောလုံးကစားချင်တယ်လို့ ပြောထားဖူးပါတယ်။

စီရော်နယ်ဒိုဟာ gym ကိုပုံမှန်ဆော့တဲ့အပြင် ရေကူးတာကိုလည်း မကြာခဏလုပ်တတ်ပါတယ်။ ရေကူးတာဟာလည်း ကျန်းမာစေတဲ့ အချက်တစ်ချက်ဖြစ်ကြောင်းသူကပြောပါတယ်။ စီရော်နယ်ဒိုဟာ အားတဲ့အချိန် TV ကြည့်ရတာထက် ရေကူးတာကို ပိုဝါသနာပါပါတယ်။ အိပ်စက်အနားယူချိန်ဟာလည်း အရေးပါတာကြောင့် စီရော်နယ်ဒိုဟာ တစ်နေ့ကို အိပ်ချိန်အတွက် ရှစ်နာရီယူတတ်ပါတယ်။ စိတ်အပန်းဖြေဖို့ အတွက်ကတော့ အချိန်အများစုကို မိဘဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ကုန်ဆုံး တတ်ကြောင်း သူကပြောပါတယ်။ စောစောအိပ်ပြီး၊စောစောထတတ်တဲ့ စီရော်နယ်ဒိုဟာ သူကျန်းမာကြံ့ခိုင်ဖို့အတွက် အမေဖြစ်သူရဲ့ပံ့ပိုးမှုဟာအရေးကြီးခဲ့ကြောင်း ပြောခဲ့ဖူးပါတယ်။ အခုအခါမှာတော့ အိမ်သူသက်ထား ဇနီးမယားရဲ့ ပံ့ပိုးမှုကို ယူနေရပါတယ်။ မိန်းမဖြစ်သူကလည်း ယောဂကစားတာကို ဝါသနာပါသူဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ပရိသတ်တွေလည်း ခန္ဓာကျန်းမာ၊စိတ်ပျော်ရွှင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။