စီေရာ္နယ္ဒိုနဲ႔ယွဥ္ၿပိဳင္ဖုိ႔ စီးရီးေအကိုေရာက္လာတာ မဟုတ္ဘူးဆုိတဲ့ ရစ္ဘာရီ

Photo Credit: Gazzetta
Photo Credit: Gazzetta

ဖီအိုရင္တီးနားအသင္းနဲ႔ ၂ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တဲ့ ဘုိင္ယန္ျမဴးနစ္ဂႏၳ၀င္ေဟာင္း ရစ္ဘာရီက စီးရီးေအၿပိဳင္ပြဲကိုေရာက္ရွိလာတာဟာ ဂ်ဴဗင္တပ္တုိက္စစ္မွဴးစီေရာ္နယ္ဒိုနဲ႔ ယွဥ္ၿပိဳင္ဖုိ႔မဟုတ္ဘဲ ကိုယ့္အလုပ္ကိုယ္လုပ္ဖုိ႔သာျဖစ္တယ္လုိ႔ ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။

Photo Credit: Gazzetta

အသက္ ၃၆ ႏွစ္အရြယ္ ရစ္ဘာရီဟာ ဘုိင္ယန္ျမဴးနစ္နဲ႔ ၁၂ ရာသီကာလအတြင္း ၿပိဳင္ပြဲအရပ္ရပ္ ၄၂၅ ပြဲကစားကာ ေအာင္ျမင္မႈမ်ားစြာရယူႏုိင္ခဲ့ၿပီး ကလပ္ရဲ႕ဂႏၳ၀င္တစ္ဦးအျဖစ္လည္း သတ္မွတ္ခံထားရတာပါ။ ဒါဟာ ရီးရဲလ္မက္ဒရစ္နဲ႔အတူ ေအာင္ျမင္မႈမ်ားစြာရယူၿပီး ဂ်ဴဗင္တပ္ကိုေရာက္လာတဲ့ စီေရာ္နယ္ဒုိနဲ႔ အေျခအေနခ်င္းတူညီေနလုိ႔ သူတုိ႔ႏွစ္ဦးကို အီတလီမီဒီယာတခ်ဳိ႕ကႏိႈင္းယွဥ္မႈေတြရွိလာခဲ့ပါတယ္။ ဒါေပမဲ့ ရစ္ဘာရီကေတာ့ အဲဒီသတင္းေတြကိုျငင္းဆန္ခဲဲ့ၿပီး စီေရာ္နယ္ဒိုရဲ႕ၿပိဳင္ဘက္လုပ္ဖုိ႔ စီးရီးေအကို ေရာက္လာတာမဟုတ္ဘူးလုိ႔ ဆုိခဲ့တာပါ။

Photo Credit: Gazzetta

”ကၽြန္ေတာ္ရဲ႕ကလပ္ျဖစ္တဲဲ့ ဖီအုိရင္တီးနားကိုကူညီေပးဖုိ႔အတြက္ ဒီကိုေရာက္လာခဲ့တာပါ။ ဒီမွာ စီေရာ္နယ္ဒိုနဲ႔ယွဥ္ၿပိဳင္ဖုိ႔ေရာက္လာတာမဟုတ္ပါဘူး။ စီးရီးေအဆုိတာက ခမ္းနားတဲ့ၿပိဳင္ပြဲတစ္ခုျဖစ္ၿပီး ထိပ္တန္းကစားသမားေတြလည္းအမ်ားႀကီးရွိထားတာပါ။ အင္တာမီလန္ဆုိရင္လည္း ေစ်းကြက္ထဲမွာ လူေကာင္းေတြ၀ယ္ထားပါတယ္။ ဂ်ဴဗင္တပ္လည္းအတူတူပါပဲ။ ဒီမွာ ကၽြန္ေတာ္အႏွစ္သက္ဆံုးအရာက လူေတြဟာ ေဘာလံုးကိုခ်စ္ျမတ္ႏုိးၿပီး ေဘာလံုးအတြက္ပဲ ရွင္သန္ေနၾကတာပါပဲဲ”လုိ႔ ရစ္ဘာရီကေျပာၾကားခဲ့ပါတယ္။

Photo Credit: Gazzetta

ဖီအုိရင္တီးနားအသင္းဟာ လာမယ့္စေနေန႔မွာ နာပိုလီကို အိမ္ကြင္းမွာဧည့္ခံကစားၿပီး စီးရီးေအရာသီသစ္ကိုဖြင့္လွစ္ရမွာျဖစ္ပါတယ္။ ဒါေပမဲဲ့ ရစ္ဘာရီဟာ ႀကံ့ခိုင္မႈအေျခအေနေၾကာင့္ နာပိုလီနဲ႔ပြဲစဥ္ကို လြဲေခ်ာ္မွာပါ။ ရစ္ဘာရီကိုယ္တုိင္ကလည္း နာပိုလီနဲ႔ပြဲစဥ္မွာ သူပါ၀င္ႏုိင္မွာမဟုတ္ဘူးလုိ႔ ၀န္ခံစကားဆိုခဲ့ၿပီး ပြဲကစားေလာက္တဲ့အထိ အဆင္သင့္ျဖစ္ဖုိ႔အတြက္ တစ္ပတ္၊ ႏွစ္ပတ္ေလာက္အခ်ိန္လိုအပ္ေသးေၾကာင္း၊ နည္းျပက လုိအပ္တယ္ဆိုရင္ေတာ့ ကစားေပးသြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

(Unicode)

စီရော်နယ်ဒိုနဲ့ယှဉ်ပြိုင်ဖို့ စီးရီးအေကိုရောက်လာတာ မဟုတ်ဘူးဆိုတဲ့ ရစ်ဘာရီ

ဖီအိုရင်တီးနားအသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဂန္ထဝင်ဟောင်း ရစ်ဘာရီက စီးရီးအေပြိုင်ပွဲကိုရောက်ရှိလာတာဟာ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုနဲ့ ယှဉ်ပြိုင်ဖို့မဟုတ်ဘဲ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့သာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ရစ်ဘာရီဟာ ဘိုင်ယန်မြူးနစ်နဲ့ ၁၂ ရာသီကာလအတွင်း ပြိုင်ပွဲအရပ်ရပ် ၄၂၅ ပွဲကစားကာ အောင်မြင်မှုများစွာရယူနိုင်ခဲ့ပြီး ကလပ်ရဲ့ဂန္ထဝင်တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရတာပါ။ ဒါဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ အောင်မြင်မှုများစွာရယူပြီး ဂျူဗင်တပ်ကိုရောက်လာတဲ့ စီရော်နယ်ဒိုနဲ့ အခြေအနေချင်းတူညီနေလို့ သူတို့နှစ်ဦးကို အီတလီမီဒီယာတချို့ကနှိုင်းယှဉ်မှုတွေရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ရစ်ဘာရီကတော့ အဲဒီသတင်းတွေကိုငြင်းဆန်ခဲ့ပြီး စီရော်နယ်ဒိုရဲ့ပြိုင်ဘက်လုပ်ဖို့ စီးရီးအေကို ရောက်လာတာမဟုတ်ဘူးလို့ ဆိုခဲ့တာပါ။

”ကျွန်တော်ရဲ့ကလပ်ဖြစ်တဲ့ ဖီအိုရင်တီးနားကိုကူညီပေးဖို့အတွက် ဒီကိုရောက်လာခဲ့တာပါ။ ဒီမှာ စီရော်နယ်ဒိုနဲ့ယှဉ်ပြိုင်ဖို့ရောက်လာတာမဟုတ်ပါဘူး။ စီးရီးအေဆိုတာက ခမ်းနားတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး ထိပ်တန်းကစားသမားတွေလည်းအများကြီးရှိထားတာပါ။ အင်တာမီလန်ဆိုရင်လည်း ဈေးကွက်ထဲမှာ လူကောင်းတွေဝယ်ထားပါတယ်။ ဂျူဗင်တပ်လည်းအတူတူပါပဲ။ ဒီမှာ ကျွန်တော်အနှစ်သက်ဆုံးအရာက လူတွေဟာ ဘောလုံးကိုချစ်မြတ်နိုးပြီး ဘောလုံးအတွက်ပဲ ရှင်သန်နေကြတာပါပဲ”လို့ ရစ်ဘာရီကပြောကြားခဲ့ပါတယ်။

ဖီအိုရင်တီးနားအသင်းဟာ လာမယ့်စနေနေ့မှာ နာပိုလီကို အိမ်ကွင်းမှာဧည့်ခံကစားပြီး စီးရီးအေရာသီသစ်ကိုဖွင့်လှစ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရစ်ဘာရီဟာ ကြံ့ခိုင်မှုအခြေအနေကြောင့် နာပိုလီနဲ့ပွဲစဉ်ကို လွဲချော်မှာပါ။ ရစ်ဘာရီကိုယ်တိုင်ကလည်း နာပိုလီနဲ့ပွဲစဉ်မှာ သူပါဝင်နိုင်မှာမဟုတ်ဘူးလို့ ဝန်ခံစကားဆိုခဲ့ပြီး ပွဲကစားလောက်တဲ့အထိ အဆင်သင့်ဖြစ်ဖို့အတွက် တစ်ပတ်၊ နှစ်ပတ်လောက်အချိန်လိုအပ်သေးကြောင်း၊ နည်းပြက လိုအပ်တယ်ဆိုရင်တော့ ကစားပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။