စီေရာ္နယ္ဒိုနဲ႔တူလြန္းလို႔ နာမည္ႀကီးလာတဲ့ ေဆာက္လုပ္ေရးလုပ္သားေဟာင္း

photo-gettyimages

photo-the sun

ေဆာက္လုပ္ေရးလုပ္သားေဟာင္းတစ္ေယာက္ဟာ ကမာၻေက်ာ္တုိက္စစ္မႈးစီေရာ္နယ္ဒိုနဲ႔ရုပ္ခ်င္းဆင္တူလြန္းတာေၾကာင့္ အခုဆုိရင္ တစ္ျဖည္းျဖည္းနဲ႔ နာမည္ႀကီးလာခဲ့ပါၿပီ။ သူကေတာ့ အသက္ ၂၅ ႏွစ္အရြယ္ အီရတ္သားဘီ၀ါအက္ဗ္ဒူလာပါ။ သူေနထိုင္ခဲ့ရာေဒသမွာ စီေရာ္နယ္ဒိုန႔ဲရုပ္ခ်င္းတူလို႔ နာမည္ႀကီးလာခဲ့တဲ့ ဘီ၀ါဟာ သူ႔ဘ၀တက္လမ္းအတြက္ အီရတ္ကေန အဂၤလန္ကို အဂၤလန္ကို ထြက္ခြာလာခဲ့ပါတယ္။

photo-the sun

အဂၤလန္မွာလည္း က်ဘန္းအလုပ္သမားတစ္ေယာက္အျဖစ္ ဘ၀ကိုဆက္လက္ျဖတ္သန္းေနရေပမယ့္ ဆိုင္ပိုင္ရွင္တစ္ေယာက္ျဖစ္တဲ့ရွိန္းေဒါက္ဂလက္စ္က သူ႔ကို သတိထားမိသြားပါတယ္။ အဲဒီအခ်ိန္ကတည္းက သူတို႔ႏွစ္ေယာက္ၾကားရင္းႏွီးမႈရသြားခဲ့ၿပီး ပြဲေတြရွိခဲ့တဲ့အခါ စီေရာ္နယ္ဒိုနဲ႔တူလြန္းတဲ့ဘီ၀ါကို ငွားရမ္းခ်င္တယ္ဆုိရင္ သူ႔ကိုယ္စားလွယ္အျဖစ္လုပ္ဖို႔ ရွိန္းေဒါက္ဂလက္စ္က စီစဥ္ေတာင္ထားပါတယ္။

photo-the sun

“သူက ကၽြန္ေတာ့္ဆုိင္ေရွ႕ကေန ဂ်ဴဗင္တပ္အက်ၤီနဲ႔ျဖတ္သြားတာပါ။ ကၽြန္ေတာ္စေတြ႕လုိက္ေတာ့ သူ႔ကို စီေရာ္နယ္ဒိုလို႔ေတာင္ ထင္ခဲ့တာပါ။ အဲဒီအခ်ိန္က ကၽြန္ေတာ့္လက္ထဲမွာ Fifa 19 ေဘာလုံးဂိမ္းေခြရွိၿပီး စီေရာ္နယ္ဒိုကာဗာနဲ႔ပါ။ အဲဒါနဲ႔ ဘီ၀ါကိုႏႈိင္းယွဥ္ၾကည့္လိုက္ေတာ့ တူလြန္းတာကို ကၽြန္ေတာ္မယုံၾကည္ႏိုင္ျဖစ္သြားတယ္။ မွန္ကန္တဲ့ကူညီမႈသာရွိရင္ သူ႔အနာဂါတ္ေကာင္းႏိုင္တယ္ပါတယ္။ ၿမိဳ႕ထဲမွာ သူေလွ်ာက္သြားတိုင္း လူေတြက သူ႔ကို သတိထားမိၿပီး ဘယ္ေနရာသြားသြား ေရာ္နယ္ဒိုလို႔ေအာ္ၾကတယ္လို႔ သူက ကၽြန္ေတာ့္ကိုေျပာပါတယ္။ သူက မၾကာခဏဆုိသလို ဂ်ဴဗင္တပ္အက်ၤီနဲ႔ဆုိေတာ့ သူ႔ရဲ႕Idol ျဖစ္တဲ့ စီေရာ္နယ္ဒိုနဲ႔ ပိုေတာင္သူေသးတယ္”လို႔ ရွိန္းေဒါက္ဂလက္စ္က ဘီ၀ါနဲ႔ပတ္သက္ၿပီး The Sun သတင္းစာကို ေျပာၾကားခဲ့ပါတယ္။

photo-the sun

အဂၤလန္ႏိုင္ငံ ဒါဘီၿမဳိ႕မွာေနထိုင္တဲ့ဘီ၀ါဟာ စပို႔တင္းမွာ စီေရာ္နယ္ဒိုကစားသမားဘ၀စတင္ကတည္းက အဲဒီေပၚတူဂီၾကယ္ပြင့္ကုိအားေပးလာခဲ့တာပါ။ ကလပ္မရွိေပမယ့္ သူေဘာလုံးကစားရင္လည္း သူ႔ရဲ႕Idol ျဖစ္တဲ့ စီေရာ္နယ္ဒိုကစားတဲ့ေနရာကေနပဲ ကစားတာပါ။ စီေရာ္နယ္ဒိုဘယ္အသင္းကိုပဲေရာက္ေရာက္ အားေပးသူလည္း ျဖစ္ပါတယ္။ ဘီ၀ါဟာ ဆံပင္ပုံစံကိုေတာင္ စီေရာ္နယ္ဒိုအတုိင္း လိုက္ထားတာပါ။ စီေရာ္နယ္ဒုိနဲ႔ တူညီတဲ့အ၀တ္အစားေတြနဲ႔ေဘာလုံး၀တ္စုံေတြကိုသာ၀ယ္ပါတယ္။ ဒီလိုမ်ိဳး စီေရာ္နယ္ဒုိနဲ႔ရုပ္ခ်င္းတူတာကပဲ သူ႔ဘ၀ရဲ႕တစ္ဆစ္ခ်ိဳးအေျပာင္းအလဲျဖစ္သြားႏိုင္ပါတယ္။

[Unicode]

ဆောက်လုပ်ရေးလုပ်သားဟောင်းတစ်ယောက်ဟာ ကမ္ဘာကျော်တိုက်စစ်မှုးစီရော်နယ်ဒိုနဲ့ရုပ်ချင်းဆင်တူလွန်းတာကြောင့် အခုဆိုရင် တစ်ဖြည်းဖြည်းနဲ့ နာမည်ကြီးလာခဲ့ပါပြီ။ သူကတော့ အသက် ၂၅ နှစ်အရွယ် အီရတ်သားဘီဝါအက်ဗ်ဒူလာပါ။ သူနေထိုင်ခဲ့ရာဒေသမှာ စီရော်နယ်ဒိုနဲ့ရုပ်ချင်းတူလို့ နာမည်ကြီးလာခဲ့တဲ့ ဘီဝါဟာ သူ့ဘဝတက်လမ်းအတွက် အီရတ်ကနေ အင်္ဂလန်ကို အင်္ဂလန်ကို ထွက်ခွာလာခဲ့ပါတယ်။

အင်္ဂလန်မှာလည်း ကျဘန်းအလုပ်သမားတစ်ယောက်အဖြစ် ဘဝကိုဆက်လက်ဖြတ်သန်းနေရပေမယ့် ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ရှိန်းဒေါက်ဂလက်စ်က သူ့ကို သတိထားမိသွားပါတယ်။ အဲဒီအချိန်ကတည်းက သူတို့နှစ်ယောက်ကြားရင်းနှီးမှုရသွားခဲ့ပြီး ပွဲတွေရှိခဲ့တဲ့အခါ စီရော်နယ်ဒိုနဲ့တူလွန်းတဲ့ဘီဝါကို ငှားရမ်းချင်တယ်ဆိုရင် သူ့ကိုယ်စားလှယ်အဖြစ်လုပ်ဖို့ ရှိန်းဒေါက်ဂလက်စ်က စီစဉ်တောင်ထားပါတယ်။

“သူက ကျွန်တော့်ဆိုင်ရှေ့ကနေ ဂျူဗင်တပ်အင်္ကျီနဲ့ဖြတ်သွားတာပါ။ ကျွန်တော်စတွေ့လိုက်တော့ သူ့ကို စီရော်နယ်ဒိုလို့တောင် ထင်ခဲ့တာပါ။ အဲဒီအချိန်က ကျွန်တော့်လက်ထဲမှာ Fifa 19 ဘောလုံးဂိမ်းခွေရှိပြီး စီရော်နယ်ဒိုကာဗာနဲ့ပါ။ အဲဒါနဲ့ ဘီဝါကိုနှိုင်းယှဉ်ကြည့်လိုက်တော့ တူလွန်းတာကို ကျွန်တော်မယုံကြည်နိုင်ဖြစ်သွားတယ်။ မှန်ကန်တဲ့ကူညီမှုသာရှိရင် သူ့အနာဂါတ်ကောင်းနိုင်တယ်ပါတယ်။ မြို့ထဲမှာ သူလျှောက်သွားတိုင်း လူတွေက သူ့ကို သတိထားမိပြီး ဘယ်နေရာသွားသွား ရော်နယ်ဒိုလို့အော်ကြတယ်လို့ သူက ကျွန်တော့်ကိုပြောပါတယ်။ သူက မကြာခဏဆိုသလို ဂျူဗင်တပ်အင်္ကျီနဲ့ဆိုတော့ သူ့ရဲ့Idol ဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ ပိုတောင်သူသေးတယ်”လို့ ရှိန်းဒေါက်ဂလက်စ်က ဘီဝါနဲ့ပတ်သက်ပြီး The Sun သတင်းစာကို ပြောကြားခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံ ဒါဘီမြို့မှာနေထိုင်တဲ့ဘီဝါဟာ စပို့တင်းမှာ စီရော်နယ်ဒိုကစားသမားဘဝစတင်ကတည်းက အဲဒီပေါ်တူဂီကြယ်ပွင့်ကိုအားပေးလာခဲ့တာပါ။ ကလပ်မရှိပေမယ့် သူဘောလုံးကစားရင်လည်း သူ့ရဲ့Idol ဖြစ်တဲ့ စီရော်နယ်ဒိုကစားတဲ့နေရာကနေပဲ ကစားတာပါ။ စီရော်နယ်ဒိုဘယ်အသင်းကိုပဲရောက်ရောက် အားပေးသူလည်း ဖြစ်ပါတယ်။ ဘီဝါဟာ ဆံပင်ပုံစံကိုတောင် စီရော်နယ်ဒိုအတိုင်း လိုက်ထားတာပါ။ စီရော်နယ်ဒိုနဲ့ တူညီတဲ့အဝတ်အစားတွေနဲ့ဘောလုံးဝတ်စုံတွေကိုသာဝယ်ပါတယ်။ ဒီလိုမျိုး စီရော်နယ်ဒိုနဲ့ရုပ်ချင်းတူတာကပဲ သူ့ဘဝရဲ့တစ်ဆစ်ချိုးအပြောင်းအလဲဖြစ်သွားနိုင်ပါတယ်။