စိတ္ခံစားမႈအျပည့္နဲ႔ ဖခင္ျဖစ္သူအတြက္ ရည္စူးခဲ့တဲ့ ဂ်ိမ္းစ္ရဲ႕ေဗြေဆာ္ဦးဂိုး

Photo Credit

Photo Credit ; Getty Images

ယူႏိုက္တက္အသင္းေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ဟာ ခ်ဲလ္ဆီးကို ၄-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ အသင္းသစ္အတြက္ သူ႕ရဲ႕ပထမဆုံးဂိုးသြင္းယူခဲ့ၿပီးေနာက္ ေကာင္းကင္ဘုံကို ရည္စူးကာ မၾကာေသးခင္ကမွ ကြယ္လြန္သြားတဲ့ ဖခင္ျဖစ္သူအတြက္ ရည္ညြန္းေၾကာင္း ျပသတဲ့ေအာင္ပြဲခံမႈမ်ိဳးျပဳလုပ္သြားပါတယ္။

Photo Credit

ေ၀းလ္ႏုိင္ငံသား ဂ်ိမ္းစ္ဟာ လူစား၀င္လာၿပီးေနာက္ ကြင္းလယ္လူေပါ့ဂ္ဘာရဲ႕ေပးပုိ႔မႈကေန ခ်ဲလ္ဆီးဂိုးသမား ကီပါကို ေက်ာ္ျဖတ္ကာ ေထာင့္ျဖတ္ကန္သြင္းခဲ့တာျဖစ္ၿပီး အဲဒီေနာက္ စိတ္ခံစားမႈအျပည့္နဲ႔ ေအာင္ပြဲခံကာ ေကာင္းကင္ကို ညြန္ျပကာ သူ႕ဖခင္ျဖစ္သူကို ရည္စူးေၾကာင္း ျပသခဲ့ပါတယ္။

Photo Credit ; AP

ဂ်ိမ္းစ္ရဲ႕ဖခင္ျဖစ္သူ ကီဗင္ဟာ ၿပီးခဲ့တ့ဲေမလက ဆြမ္ဆီးကေန ယူႏုိက္တက္ကို ေပါင္ ၁၅သန္းနဲ႔ ဒန္နီရယ္ဂ်ိမ္းစ္ မေျပာင္းေရႊ႕ခင္ ရက္ပိုင္းအလုိကမွ အသက္ ၆၀အရြယ္နဲ႔ ကြယ္လြန္သြားခ့ဲတာျဖစ္ပါတယ္။

Photo Credit

”အေဖ့ကို ကၽြန္ေတာ္ေန႔တုိင္းသတိရမိပါတယ္။ အေဖက ကၽြန္ေတာ့္ကို အၿမဲတမ္းဦးေဆာင္ေမာင္းႏွင္ေပးခဲ့တာျဖစ္ပါတယ္။ တစ္ခါတေလ ကၽြန္ေတာ္ စိတ္ဓာတ္က်တဲ့အခါမ်ိဳးမွာ အေဖက ဆက္ကစားၿပီး ျပင္းျပင္းထန္ထန္ႀကိဳးစားလုိ႔ အားေပးတတ္ပါတယ္။ အခုခ်ိန္မွာ ကၽြန္ေတာ့္ကို အေဖငုံ႔ၾကည့္ေနလိမ့္မယ္ဆုိတာ သိပါတယ္”လုိ႔ ဂ်ိမ္းစ္က ေျပာပါတယ္။

Photo Credit 

ယူႏုိက္တက္ဟာ ပထမပိုင္းမွာ တုိက္စစ္မွဴးရက္ရွ္ဖို႔ဒ္ရဲ႕ပင္နယ္တီသြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ခ်ဲလ္ဆီးကလည္း အျပန္အလွန္ဖိအားေပးႏိုင္ခဲ့ၿပီး တုိင္ ၂ႀကိမ္ထိခ့ဲတဲ့အထိ ယူႏုိက္တက္ကို ၿခိမ္းေျခာက္ႏုိင္ခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ ဒုတိယပုိင္းမွာေတာ့ ယူႏုိက္တက္အတြက္ မာရွယ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဂ်ိမ္းစ္တုိ႔က ဂိုးေတြ ဆက္တုိက္သြင္းယူေပးႏိုင္ခဲ့ၿပီး ဂ်ိမ္းစ္က ပြဲခ်ိန္ ၇၄မိနစ္မွာ ကြင္းလယ္လူပါရဲရားအစား လူစား၀င္ကစားခြင့္ရရွိခဲ့တာျဖစ္ပါတယ္။

Photo Credit ; Getty Images

Unicode

စိတ်ခံစားမှုအပြည့်နဲ့ ဖခင်ဖြစ်သူအတွက် ရည်စူးခဲ့တဲ့ ဂျိမ်းစ်ရဲ့ဗွေဆော်ဦးဂိုး

ယူနိုက်တက်အသင်းတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ဟာ ချဲလ်ဆီးကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အသင်းသစ်အတွက် သူ့ရဲ့ပထမဆုံးဂိုးသွင်းယူခဲ့ပြီးနောက် ကောင်းကင်ဘုံကို ရည်စူးကာ မကြာသေးခင်ကမှ ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူအတွက် ရည်ညွန်းကြောင်း ပြသတဲ့အောင်ပွဲခံမှုမျိုးပြုလုပ်သွားပါတယ်။
ဝေးလ်နိုင်ငံသား ဂျိမ်းစ်ဟာ လူစားဝင်လာပြီးနောက် ကွင်းလယ်လူပေါ့ဂ်ဘာရဲ့ပေးပို့မှုကနေ ချဲလ်ဆီးဂိုးသမား ကီပါကို ကျော်ဖြတ်ကာ ထောင့်ဖြတ်ကန်သွင်းခဲ့တာဖြစ်ပြီး အဲဒီနောက် စိတ်ခံစားမှုအပြည့်နဲ့ အောင်ပွဲခံကာ ကောင်းကင်ကို ညွန်ပြကာ သူ့ဖခင်ဖြစ်သူကို ရည်စူးကြောင်း ပြသခဲ့ပါတယ်။
ဂျိမ်းစ်ရဲ့ဖခင်ဖြစ်သူ ကီဗင်ဟာ ပြီးခဲ့တဲ့မေလက ဆွမ်ဆီးကနေ ယူနိုက်တက်ကို ပေါင် ၁၅သန်းနဲ့ ဒန်နီရယ်ဂျိမ်းစ် မပြောင်းရွှေ့ခင် ရက်ပိုင်းအလိုကမှ အသက် ၆၀အရွယ်နဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
”အဖေ့ကို ကျွန်တော်နေ့တိုင်းသတိရမိပါတယ်။ အဖေက ကျွန်တော့်ကို အမြဲတမ်းဦးဆောင်မောင်းနှင်ပေးခဲ့တာဖြစ်ပါတယ်။ တစ်ခါတလေ ကျွန်တော် စိတ်ဓာတ်ကျတဲ့အခါမျိုးမှာ အဖေက ဆက်ကစားပြီး ပြင်းပြင်းထန်ထန်ကြိုးစားလို့ အားပေးတတ်ပါတယ်။ အခုချိန်မှာ ကျွန်တော့်ကို အဖေငုံ့ကြည့်နေလိမ့်မယ်ဆိုတာ သိပါတယ်”လို့ ဂျိမ်းစ်က ပြောပါတယ်။
ယူနိုက်တက်ဟာ ပထမပိုင်းမှာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ရဲ့ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချဲလ်ဆီးကလည်း အပြန်အလှန်ဖိအားပေးနိုင်ခဲ့ပြီး တိုင် ၂ကြိမ်ထိခဲ့တဲ့အထိ ယူနိုက်တက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ယူနိုက်တက်အတွက် မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဂျိမ်းစ်တို့က ဂိုးတွေ ဆက်တိုက်သွင်းယူပေးနိုင်ခဲ့ပြီး ဂျိမ်းစ်က ပွဲချိန် ၇၄မိနစ်မှာ ကွင်းလယ်လူပါရဲရားအစား လူစားဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။