စာခ်ဳပ္ျပည့္ရင္နားမယ့္ ကေလာ့ပ္ရဲ႕ေနရာကို ဆက္ခံႏုိင္တဲ့သူက တစ္ဦးတည္းရွိတယ္

Photo Credit: Mirror
Photo Credit: Mirror

လီဗာပူးအသင္းဂိုးသမားေဟာင္း ဂ်ာဇီဒူးဒက္က စာခ်ဳပ္သက္တမ္းျပည့္ရင္ 1 ႏွစ္ေလာက္အနားယူမယ္လုိ႔ ထုတ္ေဖာ္၀န္ခံခဲ့တဲ့ နည္းျပဂ်ာဂင္ကေလာ့ပ္ရဲ႕ေနရာမွာ ဆက္ခံႏုိင္တဲ့သူက တစ္ဦးတည္းသာလွ်င္ရွိၿပီး ဂႏၳ၀င္ကစားသမားေဟာင္း စတီဗင္ဂ်ရတ္ျဖစ္တယ္လုိ႔ ေျပာၾကားလုိက္ပါတယ္။

Photo Credit: Mirror

လီဗာပူးဟာ ကေလာ့ပ္နဲ႔အတူ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဖလားရယူႏုိင္ခဲ့ၿပီး ဒီရာသီပရီးမီးယားလိဂ္မွာလည္း ရာႏႈန္းျပည့္ႏုိင္ပြဲရယူထားခဲ့ပါတယ္။ အန္ဖီးလ္ကိုေရာက္လာၿပီးေနာက္ပိုင္း အေကာင္းဆံုးစြမ္းေဆာင္ေပးခဲ့တဲ့ ဂ်ာဂင္ကေလာ့ပ္ကို လီဗာပူးပရိသတ္ေတြက အသင္းမွာႏွစ္ေပါင္းမ်ားစြာဆက္ရွိဖုိ႔လည္း လုိလားေနၾကတာပါ။ ဒါေပမဲ့ ကေလာ့ပ္က လီဗာပူးနဲ႔စာခ်ဳပ္သက္တမ္းျပည့္မယ့္ 2022 ေရာက္ခ်ိန္မွာ နည္းျပေလာကကေန 1 ႏွစ္ေလာက္အနားယူဖုိ႔ရွိတယ္လုိ႔ ဂ်ာမနီနာမည္ႀကီး Kicker မဂၢဇင္းနဲ႔အင္တာဗ်ဴးမွာဖြင့္ဟ၀န္ခံလုိက္ပါတယ္။

Photo Credit: Mirror

ဒါေၾကာင့္လည္း လီဗာပူးအသင္းသာ ကေလာ့ပ္ကုိဆံုးရႈံးရမယ္ဆုိရင္ ဘယ္သူ႕ကိုအစားထုိးရမလဲဆိုတဲ့ ေမးခြန္းေတြလည္းထြက္ေပၚလာခဲ့ပါတယ္။ 2001 ကေန 2007 အထိ လီဗာပူးမွာကစားခဲ့တဲ့ ဂိုးသမားေဟာင္း ဒူးဒက္ကေတာ့ ကေလာ့ပ္ရဲ႕ေနရာကို ဆက္ခံခြင့္ရွိတဲ့တစ္ဦးတည္းေသာသူဟာ လက္ရွိမွာ ရိန္းဂ်ားစ္နည္းျပလုပ္ေနတဲ့ စတီဗင္ဂ်ရတ္သာလွ်င္ျဖစ္ၿပီး ကလပ္ရဲ႕ဂႏၳ၀င္အသင္းေခါင္းေဆာင္ေဟာင္းကို နည္းျပအျဖစ္ ျပန္လည္ျမင္ေတြ႕ခြင့္ရဖုိ႔ လီဗာပူးအသုိင္းအ၀ုိင္းတစ္ခုလံုးက ေမွ်ာ္လင့္ေနၾကတာျဖစ္တယ္လုိ႔ ဆုိခဲ့ပါတယ္။

Photo Credit: Mirror

”သိပ္မၾကာခင္တုန္းက လီဗာပူးမွာ ကၽြန္ေတာ္ရွိေနစဥ္အတြင္း ကေလာ့ပ္ရဲ႕အခ်ိန္အဆံုးသတ္သြားတာနဲ႔ အစား၀င္မယ့္ တစ္ဦးတည္းေသာသူက စတီဗင္ဂ်ရတ္ပဲဆုိတာကို ဘာမွလွ်ိဳ႕၀ွက္ထားစရာမလုိမွန္း သိခဲ့ရပါတယ္။ ႀကီးက်ယ္ခမ္းနားတဲ့အသင္းေခါင္းေဆာင္ေဟာင္းႀကီးက အေႏွးနဲ႔အျမန္ဆုိသလုိ လီဗာပူးကိုျပန္ေရာက္လာမယ္ဆုိတာ အားလံုးနားလည္ထားၾကတာပါ”လုိ႔ ဒူးဒက္ကေျပာၾကားခဲ့ပါတယ္။ ဂ်ရတ္ဟာ လီဗာပူးနဲ႔ 17 ႏွစ္အတြင္း ၿပိဳင္ပြဲအရပ္ရပ္ 710 ပြဲကစားကာ ခ်န္ပီယံလိဂ္ဖလား 1 ႀကိမ္၊ အက္ဖ္ေအဖလား 2 ႀကိမ္၊ လိဂ္ဖလား 3 ႀကိမ္ရယူႏုိင္ခဲ့ပါတယ္။ သူဟာ 2015 ခုႏွစ္က ေမဂ်ာလိဂ္ကလပ္ ဂလက္ဆီကုိေျပာင္းေရႊ႕ၿပီး 2 ႏွစ္ကစားကာ အနားယူၿပီးေနာက္ လီဗာပူးလူငယ္အသင္းနည္းျပအျဖစ္လည္းတာ၀န္ယူခဲ့ပါေသးတယ္။ ရိန္းစ္ဂ်ားကိုေတာ့ 2018 ဇြန္လက စတင္ကိုင္တြယ္ခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲအရပ္ရပ္ 71 ပြဲကိုင္တြယ္ရာမွာ 41 ပြဲႏုိင္၊ 20 ပြဲသေရ၊ 10 ပြဲရႈံးမွတ္တမ္းရွိထားပါတယ္။

(Unicode)

စာချုပ်ပြည့်ရင်နားမယ့် ကလော့ပ်ရဲ့နေရာကို ဆက်ခံနိုင်တဲ့သူက တစ်ဦးတည်းရှိတယ်

လီဗာပူးအသင်းဂိုးသမားဟောင်း ဂျာဇီဒူးဒက်က စာချုပ်သက်တမ်းပြည့်ရင် 1 နှစ်လောက်အနားယူမယ်လို့ ထုတ်ဖော်ဝန်ခံခဲ့တဲ့ နည်းပြဂျာဂင်ကလော့ပ်ရဲ့နေရာမှာ ဆက်ခံနိုင်တဲ့သူက တစ်ဦးတည်းသာလျှင်ရှိပြီး ဂန္ထဝင်ကစားသမားဟောင်း စတီဗင်ဂျရတ်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

လီဗာပူးဟာ ကလော့ပ်နဲ့အတူ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြီး ဒီရာသီပရီးမီးယားလိဂ်မှာလည်း ရာနှုန်းပြည့်နိုင်ပွဲရယူထားခဲ့ပါတယ်။ အန်ဖီးလ်ကိုရောက်လာပြီးနောက်ပိုင်း အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တဲ့ ဂျာဂင်ကလော့ပ်ကို လီဗာပူးပရိသတ်တွေက အသင်းမှာနှစ်ပေါင်းများစွာဆက်ရှိဖို့လည်း လိုလားနေကြတာပါ။ ဒါပေမဲ့ ကလော့ပ်က လီဗာပူးနဲ့စာချုပ်သက်တမ်းပြည့်မယ့် 2022 ရောက်ချိန်မှာ နည်းပြလောကကနေ 1 နှစ်လောက်အနားယူဖို့ရှိတယ်လို့ ဂျာမနီနာမည်ကြီး Kicker မဂ္ဂဇင်းနဲ့အင်တာဗျူးမှာဖွင့်ဟဝန်ခံလိုက်ပါတယ်။

ဒါကြောင့်လည်း လီဗာပူးအသင်းသာ ကလော့ပ်ကိုဆုံးရှုံးရမယ်ဆိုရင် ဘယ်သူ့ကိုအစားထိုးရမလဲဆိုတဲ့ မေးခွန်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ 2001 ကနေ 2007 အထိ လီဗာပူးမှာကစားခဲ့တဲ့ ဂိုးသမားဟောင်း ဒူးဒက်ကတော့ ကလော့ပ်ရဲ့နေရာကို ဆက်ခံခွင့်ရှိတဲ့တစ်ဦးတည်းသောသူဟာ လက်ရှိမှာ ရိန်းဂျားစ်နည်းပြလုပ်နေတဲ့ စတီဗင်ဂျရတ်သာလျှင်ဖြစ်ပြီး ကလပ်ရဲ့ဂန္ထဝင်အသင်းခေါင်းဆောင်ဟောင်းကို နည်းပြအဖြစ် ပြန်လည်မြင်တွေ့ခွင့်ရဖို့ လီဗာပူးအသိုင်းအဝိုင်းတစ်ခုလုံးက မျှော်လင့်နေကြတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

”သိပ်မကြာခင်တုန်းက လီဗာပူးမှာ ကျွန်တော်ရှိနေစဉ်အတွင်း ကလော့ပ်ရဲ့အချိန်အဆုံးသတ်သွားတာနဲ့ အစားဝင်မယ့် တစ်ဦးတည်းသောသူက စတီဗင်ဂျရတ်ပဲဆိုတာကို ဘာမှလျှို့ဝှက်ထားစရာမလိုမှန်း သိခဲ့ရပါတယ်။ ကြီးကျယ်ခမ်းနားတဲ့အသင်းခေါင်းဆောင်ဟောင်းကြီးက အနှေးနဲ့အမြန်ဆိုသလို လီဗာပူးကိုပြန်ရောက်လာမယ်ဆိုတာ အားလုံးနားလည်ထားကြတာပါ”လို့ ဒူးဒက်ကပြောကြားခဲ့ပါတယ်။ ဂျရတ်ဟာ လီဗာပူးနဲ့ 17 နှစ်အတွင်း ပြိုင်ပွဲအရပ်ရပ် 710 ပွဲကစားကာ ချန်ပီယံလိဂ်ဖလား 1 ကြိမ်၊ အက်ဖ်အေဖလား 2 ကြိမ်၊ လိဂ်ဖလား 3 ကြိမ်ရယူနိုင်ခဲ့ပါတယ်။ သူဟာ 2015 ခုနှစ်က မေဂျာလိဂ်ကလပ် ဂလက်ဆီကိုပြောင်းရွှေ့ပြီး 2 နှစ်ကစားကာ အနားယူပြီးနောက် လီဗာပူးလူငယ်အသင်းနည်းပြအဖြစ်လည်းတာဝန်ယူခဲ့ပါသေးတယ်။ ရိန်းစ်ဂျားကိုတော့ 2018 ဇွန်လက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ် 71 ပွဲကိုင်တွယ်ရာမှာ 41 ပွဲနိုင်၊ 20 ပွဲသရေ၊ 10 ပွဲရှုံးမှတ်တမ်းရှိထားပါတယ်။