ခ်ဲလ္ဆီးေနာက္ခံလူေဒးဗစ္လုဇ္အတြက္ ေပါင္ ၈ သန္းနဲ႔သေဘာတူညီမႈရသြားတဲ့အာဆင္နယ္

photo-gettyimages

photo-gettyimages

အာဆင္နယ္ဟာ ေနာက္ခံလူေဒးဗစ္လုဇ္ကို ေပါင္ ၈ သန္းနဲ႔ေခၚယူဖို႔အတြက္ ခ်ဲလ္ဆီးအသင္းနဲ႔ သေဘာတူညီမႈရသြားခဲ့ပါၿပီ။ အာဆင္နယ္အေနနဲ႔ ၃၂ ႏွစ္အရြယ္ အဲဒီဘရာဇီးဗဟုိခံစစ္ကစားသမားကို ၂ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာပါ။ ေဒးဗစ္လုဇ္ဟာ ၿပီးခဲ့တဲ့ေမလကမွ ခ်ဲလ္ဆီးနဲ႔ ၂ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတာျဖစ္လို႔ သူ႔ရဲ႕အာဆင္နယ္အေျပာင္းအေရႊ႕ဟာ အံ့အားသင့္စရာေတာ့ ျဖစ္ခဲ့ရပါတယ္။

photo-gettyimages

အာဆင္နယ္ဟာ ဗဟိုေနာက္ခံလူတစ္ဦးျဖစ္တဲ့ ေကာ့စီရယ္နီကို ျပင္သစ္ကလပ္ေဘာ္ဒုိးဆီ ယူရို ၅ သန္းနဲ႔ေရာင္းခ်လိုက္တဲ့အတြက္ အဲဒီေနရာအစားထိုးႏိုင္ဖို႔ ေဒးဗစ္လုဇ္ကို အလ်င္အျမန္ႀကိဳးပမ္းလုိက္တာ ျဖစ္ပါတယ္။ ေဒးဗစ္လုဇ္ဟာ ခ်ဲလ္ဆီးမွာ ႏွစ္ႀကိမ္တိုင္ကစားခဲ့သူျဖစ္ၿပီး စုစုေပါင္း ၆ ႏွစ္ခြဲၾကာခဲ့ကာ ခ်ဲလ္ဆီးအတြက္ ပရီးမီးယားလိဂ္ပြဲ ၁၆၀ ကစားေပးထားၿပီး ၁၁ ဂိုးသြင္းေပးခဲ့ပါတယ္။ အသင္းကို နည္းျပအျဖစ္ လမ္းပတ္ေရာက္လာၿပီး ၅ ပတ္အၾကာမွာပဲ ေဒးဗစ္လုဇ္ရဲ႕ထြက္ခြာမႈေပၚေပါက္လာခဲ့တာပါ။

photo-gettyimages

ဂယ္ရီကာေဟးလ္ကလည္း ခရစၥတယ္ပဲေလ့စ္ကိုေျပာင္းေရႊ႕သြားတဲဲ့အတြက္ ရာသီသစ္ရဲ႕ခ်ဲလ္ဆီးဗဟိုခံစစ္မွာ ေရြးခ်ယ္စရာဆုိလုိ႔ ရူဒီဂါ၊ ၿပီးခဲ့တဲ့ရာသီအဲဗာတန္မွာအငွားသြားကစားခဲ့တဲ့ ဇူးမားနဲ႔ ခရစၥတန္ဆန္တုိ႔ ၃ ေယာက္သာရွိပါတယ္။ ေဒးဗစ္လုဇ္ဟာ အာဆင္နယ္အေျပာင္းအေရႊ႕ျဖစ္ေျမာက္ေရးအတြက္ မေန႔ကဆို အသင္းနဲ႔ေလ့က်င့္ခန္းဆင္းဖို႔ေတာင္ ျငင္းဆန္ခဲ့တယ္လို႔ သတင္းထြက္ေပၚခဲ့ပါေသးတယ္။

[Unicode]

အာဆင်နယ်ဟာ နောက်ခံလူဒေးဗစ်လုဇ်ကို ပေါင် ၈ သန်းနဲ့ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းနဲ့ သဘောတူညီမှုရသွားခဲ့ပါပြီ။ အာဆင်နယ်အနေနဲ့ ၃၂ နှစ်အရွယ် အဲဒီဘရာဇီးဗဟိုခံစစ်ကစားသမားကို ၂ နှစ်စာချုပ်ချုပ်ဆိုသွားမှာပါ။ ဒေးဗစ်လုဇ်ဟာ ပြီးခဲ့တဲ့မေလကမှ ချဲလ်ဆီးနဲ့ ၂ နှစ်စာချုပ်သစ်ချုပ်ဆိုထားတာဖြစ်လို့ သူ့ရဲ့အာဆင်နယ်အပြောင်းအရွှေ့ဟာ အံ့အားသင့်စရာတော့ ဖြစ်ခဲ့ရပါတယ်။

အာဆင်နယ်ဟာ ဗဟိုနောက်ခံလူတစ်ဦးဖြစ်တဲ့ ကော့စီရယ်နီကို ပြင်သစ်ကလပ်ဘော်ဒိုးဆီ ယူရို ၅ သန်းနဲ့ရောင်းချလိုက်တဲ့အတွက် အဲဒီနေရာအစားထိုးနိုင်ဖို့ ဒေးဗစ်လုဇ်ကို အလျင်အမြန်ကြိုးပမ်းလိုက်တာ ဖြစ်ပါတယ်။ ဒေးဗစ်လုဇ်ဟာ ချဲလ်ဆီးမှာ နှစ်ကြိမ်တိုင်ကစားခဲ့သူဖြစ်ပြီး စုစုပေါင်း ၆ နှစ်ခွဲကြာခဲ့ကာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်ပွဲ ၁၆၀ ကစားပေးထားပြီး ၁၁ ဂိုးသွင်းပေးခဲ့ပါတယ်။ အသင်းကို နည်းပြအဖြစ် လမ်းပတ်ရောက်လာပြီး ၅ ပတ်အကြာမှာပဲ ဒေးဗစ်လုဇ်ရဲ့ထွက်ခွာမှုပေါ်ပေါက်လာခဲ့တာပါ။

ဂယ်ရီကာဟေးလ်ကလည်း ခရစ္စတယ်ပဲလေ့စ်ကိုပြောင်းရွှေ့သွားတဲ့အတွက် ရာသီသစ်ရဲ့ချဲလ်ဆီးဗဟိုခံစစ်မှာ ရွေးချယ်စရာဆိုလို့ ရူဒီဂါ၊ ပြီးခဲ့တဲ့ရာသီအဲဗာတန်မှာအငှားသွားကစားခဲ့တဲ့ ဇူးမားနဲ့ ခရစ္စတန်ဆန်တို့ ၃ ယောက်သာရှိပါတယ်။ ဒေးဗစ်လုဇ်ဟာ အာဆင်နယ်အပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက် မနေ့ကဆို အသင်းနဲ့လေ့ကျင့်ခန်းဆင်းဖို့တောင် ငြင်းဆန်ခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။