ခ်ဲလ္ဆီးနဲ႔ပြဲမွာ မက္ဂြဲယားကိုထည့္သုံးဖို႔ စီစဥ္ထားတယ္လို႔ ဆိုးလ္ရွားေျပာ

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားကလာမယ္႔ တနဂၤေႏြေန႔မွာ ခ်ဲလ္ဆီးနဲ႔ရင္ဆိုင္ရမယ္႔ ပရီးမီးယားလိဂ္ရာသီသစ္အဖြင့္ပြဲစဥ္မွာ ေနာက္ခံလူသစ္မက္ဂြဲယားကိုထည့္သြင္းအသုံးျပဳသြားဖို႔ စီစဥ္ထားတယ္လို႔ ေျပာလိုက္ပါတယ္။

မန္ယူဟာ မက္ဂြဲယားကိုေပါင္ ၈၅ သန္းနဲ႔ေခၚယူဖို႔သေဘာတူညီခ်က္ရထားၿပီးသားျဖစ္လို႔ သူဟာေဆးစစ္ၿပီး အၿပီးသတ္လက္မွတ္ထိုးဖို႔ဘဲက်န္ေတာ႔တာပါ။ မက္ဂြဲယားဟာမန္ယူနဲ႔ေကာင္းစြာေလ႔က်င့္ခ်ိန္မရေပမယ္႔ ခ်ဲလ္ဆီးနဲ႔ ပြဲမွာ ပြဲထြက္လူစာရင္းကေနထည့္သြင္းအသုံးျပဳဖို႔ ဆိုးလ္ရွားကစီစဥ္ထားပါတယ္။

သူက”ခ်ဲလ္ဆီးနဲ႔ ပြဲထြက္လူစာရင္းအတြက္က်ြန္ေတာ္႔မွာစိတ္ကူးေကာင္းရွိပါတယ္။ မက္ဂြဲယားဟာ ဒီေႏြရာသီမွာပြဲအနည္းငယ္ကစားၿပီးျဖစ္လို႔ သူအဆင္သင့္ရွိေနမွာပါ။ အခ်ိန္က်ရင္ေတာ႔ သူ႔ကိုအသုံးျပဳဖို႔ ျဖစ္ႏိုင္မလားဆိုတာအကဲျဖတ္သြားပါမယ္။”လို႔ေျပာသြားပါတယ္။

အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ႔ အဂၤလန္လက္ေရြးစင္ မက္ဂြဲယားဟာကမၻာေပၚမွာတန္ေၾကးအျမင့္ဆုံးေနာက္ခံလူအျဖစ္ လည္းစံခ်ိန္တင္လိုက္သူျဖစ္ပါတယ္။ သူဟာခံစစ္မွာအားထားရတဲ႔အျပင္ ဦးေဆာင္ႏိုင္တဲ႔စြမ္းရည္လည္းရွိသူျဖစ္လို႔ သူ႔ကိုေခၚယူႏိုင္ခဲ့တဲ႔အေပၚ ဆိုးလ္ရွားကေက်နပ္ေနပါတယ္။

က်ြမ္းက်င္သူေတြကလည္း ၂၀၁၃ ကမန္ယူကေန ဗီဒစ္ထြက္သြားၿပီးေနာက္ပိုင္းမွာ ခံစစ္အေပၚဦးေဆာင္ႏိုင္စြမ္းရွိသူတစ္ဦးကို မန္ယူရရွိလိုက္တာျဖစ္တယ္လို႔ သုံးသပ္ထားၾကပါတယ္။ မက္ဂြဲယားဟာ ဒီကေန႔မွာေဆးစစ္မႈျပဳလုပ္ဖို႔ရွိေနတယ္လို႔လည္း သိရပါတယ္။

Unicode

ချဲလ်ဆီးနဲ့ပွဲမှာ မက်ဂွဲယားကိုထည့်သုံးဖို့ စီစဉ်ထားတယ်လို့ ဆိုးလ်ရှားပြော
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကလာမယ့် တနင်္ဂနွေနေ့မှာ ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ရာသီသစ်အဖွင့်ပွဲစဉ်မှာ နောက်ခံလူသစ်မက်ဂွဲယားကိုထည့်သွင်းအသုံးပြုသွားဖို့ စီစဉ်ထားတယ်လို့ ပြောလိုက်ပါတယ်။

မန်ယူဟာ မက်ဂွဲယားကိုပေါင် ၈၅ သန်းနဲ့ခေါ်ယူဖို့သဘောတူညီချက်ရထားပြီးသားဖြစ်လို့ သူဟာဆေးစစ်ပြီး အပြီးသတ်လက်မှတ်ထိုးဖို့ဘဲကျန်တော့တာပါ။ မက်ဂွဲယားဟာမန်ယူနဲ့ကောင်းစွာလေ့ကျင့်ချိန်မရပေမယ့် ချဲလ်ဆီးနဲ့ ပွဲမှာ ပွဲထွက်လူစာရင်းကနေထည့်သွင်းအသုံးပြုဖို့ ဆိုးလ်ရှားကစီစဉ်ထားပါတယ်။

သူက”ချဲလ်ဆီးနဲ့ ပွဲထွက်လူစာရင်းအတွက်ကျွန်တော့်မှာစိတ်ကူးကောင်းရှိပါတယ်။ မက်ဂွဲယားဟာ ဒီနွေရာသီမှာပွဲအနည်းငယ်ကစားပြီးဖြစ်လို့ သူအဆင်သင့်ရှိနေမှာပါ။ အချိန်ကျရင်တော့ သူ့ကိုအသုံးပြုဖို့ ဖြစ်နိုင်မလားဆိုတာအကဲဖြတ်သွားပါမယ်။”လို့ပြောသွားပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် မက်ဂွဲယားဟာကမ္ဘာပေါ်မှာတန်ကြေးအမြင့်ဆုံးနောက်ခံလူအဖြစ် လည်းစံချိန်တင်လိုက်သူဖြစ်ပါတယ်။ သူဟာခံစစ်မှာအားထားရတဲ့အပြင် ဦးဆောင်နိုင်တဲ့စွမ်းရည်လည်းရှိသူဖြစ်လို့ သူ့ကိုခေါ်ယူနိုင်ခဲ့တဲ့အပေါ် ဆိုးလ်ရှားကကျေနပ်နေပါတယ်။

ကျွမ်းကျင်သူတွေကလည်း ၂၀၁၃ ကမန်ယူကနေ ဗီဒစ်ထွက်သွားပြီးနောက်ပိုင်းမှာ ခံစစ်အပေါ်ဦးဆောင်နိုင်စွမ်းရှိသူတစ်ဦးကို မန်ယူရရှိလိုက်တာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။ မက်ဂွဲယားဟာ ဒီကနေ့မှာဆေးစစ်မှုပြုလုပ်ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။