ခ်န္ပီယံလိဂ္နဲ႔ပတ္သက္လုိ႔ အသင္းေဟာင္းအာဆင္နယ္ကို ေလွာင္သလုိလုပ္ခဲ့တဲ့ရမ္ေဆး

photo-dailystar

photo-social media

ကြင္းလယ္လူရမ္ေဆးဟာ အသင္းသစ္ဂ်ဴဗင္တပ္နဲ႔အတူ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ျပန္ကစားရေတာ့မွာမုိ႔ အဲဒီအတြက္ ေအာင္ပြဲခံရာမွာ အသင္းေဟာငး္အာဆင္နယ္ကိုေလွာင္သလုိ လုပ္ခဲ့ပါတယ္။ အဲဒီေ၀းလ္ကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ရာသီကုန္ကမွ အာဆင္နယ္ကေန ဂ်ဴဗင္တပ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းသြားခဲ့တာပါ။ ရမ္ေဆးဟာ ဂ်ဴဗင္တပ္အအတြက္ မကစားေပးရေသးေပမယ့္ အခုကတည္းက အသင္းသစ္ရဲ႕ခ်န္ပီယံလိဂ္မဲခြဲပြဲကို ရင္ခုန္စြာနဲ႔ ေစာင့္ၾကည့္ရတဲ့ခံစားမႈမ်ိဳးကို ရရွိခဲ့တာပါ။

photo-gettyimages

ခ်န္ပီယံလိဂ္မွာ ျပန္ကစားခြင့္ရေတာ့မွာျဖစ္လုိ႔ ဘယ္ေလာက္ေပ်ာ္ရႊင္ေနတယ္ဆုိတာကို ရမ္ေဆးက ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram မွာ ပို႔စ္တင္ခဲ့တာပါ။ ခ်န္ပီယံလိဂ္မဲခြဲပြဲပုံနဲ႔အတူ“ဒီၿပိဳင္ပြဲမွာ ထပ္ကစားရဖို႔ မေစာင့္ႏိုင္ေတာ့ဘူး”ဆုိတဲ့စာသားကိုေရးတင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္နဲ႔ပတ္သက္လုိ႔ သူ႔ရဲ႕ခံစားခ်က္ကို ဆုိရွယ္မီဒီယာေပၚတင္ခဲ့တာ မွန္ေပမယ့္ အဲဒါဟာ ခ်န္ပီယံလိဂ္မကစားရတဲ့သူ႔ရဲ႕အသင္းေဟာင္းကို ေလွာင္ေနသလို ျဖစ္ေနတာပါ။ အဲဒါကို အာဆင္နယ္ပရိသတ္ေတြက မေက်နပ္ျဖစ္ေနၾကပါတယ္။

photo-gettyimages

တကယ္လည္း ရမ္ေဆးရဲ႕အသင္းေဟာင္းျဖစ္တဲ့အာဆင္နယ္ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ ေ၀းကြာေနတာ ၃ ရာသီဆက္ရွိေနပါၿပီ။ ၿပီးခဲ့တဲ့ရာသီက အာဆင္နယ္ဟာ ယူရိုပါလိဂ္ဗိုလ္လုပြဲေရာက္ခဲ့ၿပီး ခ်န္ပီယံလိဂ္၀င္ၿပိဳင္ႏိုင္ဖို႔ အနီးစပ္ဆုံးျဖစ္ခဲ့ေပမယ့္ ခ်ဲလ္ဆီး အေရးနိမ့္သြားခဲ့ရတယ္။ အာဆင္နယ္အေနနဲ႔ ခ်န္ပီယံလိဂ္မွာ ၁၉ ရာသီဆက္ယွဥ္ၿပိဳင္ခ့ဲရေပမယ့္ ၂၀၁၆-၁၇ ရာသီေနာက္ပိုင္းကတည္းက ဥေရာပရဲ႕အဆင့္ျမင့္ဆုံးၿပိဳင္ပြဲႀကီးျဖစ္တဲ့ အဲဒီၿပိဳင္ပြဲနဲ႔ လြဲေခ််ာ္ေနခဲ့တာပါ။ ရမ္းေဆးဟာ ေနာက္ေက်ာဒဏ္ရာျပသနာေၾကာင့္ အသင္းသစ္ဂ်ဴဗင္တပ္အတြက္ ပြဲထြက္ႏိုင္ျခင္း မရွိေသးဘဲ စီးရီးေအရာသီအစကို လြဲေခာ်္ထားပါတယ္။

[Unicode]

ကွင်းလယ်လူရမ်ဆေးဟာ အသင်းသစ်ဂျူဗင်တပ်နဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်ကစားရတော့မှာမို့ အဲဒီအတွက် အောင်ပွဲခံရာမှာ အသင်းဟောင်းအာဆင်နယ်ကိုလှောင်သလို လုပ်ခဲ့ပါတယ်။ အဲဒီဝေးလ်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီကုန်ကမှ အာဆင်နယ်ကနေ ဂျူဗင်တပ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းသွားခဲ့တာပါ။ ရမ်ဆေးဟာ ဂျူဗင်တပ်အအတွက် မကစားပေးရသေးပေမယ့် အခုကတည်းက အသင်းသစ်ရဲ့ချန်ပီယံလိဂ်မဲခွဲပွဲကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ရတဲ့ခံစားမှုမျိုးကို ရရှိခဲ့တာပါ။

ချန်ပီယံလိဂ်မှာ ပြန်ကစားခွင့်ရတော့မှာဖြစ်လို့ ဘယ်လောက်ပျော်ရွှင်နေတယ်ဆိုတာကို ရမ်ဆေးက ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram မှာ ပို့စ်တင်ခဲ့တာပါ။ ချန်ပီယံလိဂ်မဲခွဲပွဲပုံနဲ့အတူ“ဒီပြိုင်ပွဲမှာ ထပ်ကစားရဖို့ မစောင့်နိုင်တော့ဘူး”ဆိုတဲ့စာသားကိုရေးတင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်နဲ့ပတ်သက်လို့ သူ့ရဲ့ခံစားချက်ကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တာ မှန်ပေမယ့် အဲဒါဟာ ချန်ပီယံလိဂ်မကစားရတဲ့သူ့ရဲ့အသင်းဟောင်းကို လှောင်နေသလို ဖြစ်နေတာပါ။ အဲဒါကို အာဆင်နယ်ပရိသတ်တွေက မကျေနပ်ဖြစ်နေကြပါတယ်။

တကယ်လည်း ရမ်ဆေးရဲ့အသင်းဟောင်းဖြစ်တဲ့အာဆင်နယ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဝေးကွာနေတာ ၃ ရာသီဆက်ရှိနေပါပြီ။ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ပြိုင်နိုင်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပေမယ့် ချဲလ်ဆီး အရေးနိမ့်သွားခဲ့ရတယ်။ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်မှာ ၁၉ ရာသီဆက်ယှဉ်ပြိုင်ခဲ့ရပေမယ့် ၂၀၁၆-၁၇ ရာသီနောက်ပိုင်းကတည်းက ဥရောပရဲ့အဆင့်မြင့်ဆုံးပြိုင်ပွဲကြီးဖြစ်တဲ့ အဲဒီပြိုင်ပွဲနဲ့ လွဲချေျာ်နေခဲ့တာပါ။ ရမ်းဆေးဟာ နောက်ကျောဒဏ်ရာပြသနာကြောင့် အသင်းသစ်ဂျူဗင်တပ်အတွက် ပွဲထွက်နိုင်ခြင်း မရှိသေးဘဲ စီးရီးအေရာသီအစကို လွဲခောျ်ထားပါတယ်။