ခ်န္ပီယံဆုအတြက္ ေျပးလမ္းကေန ေတာ့တင္ဟမ္ ေျခေခ်ာ္လဲက်သြားၿပီလုိ႔ မာဆင္ သုံးသပ္

Photo Credit

Photo Credit ; Getty Images / AFP

အာဆင္နယ္ဂႏၳ၀င္ကစားသမား ေပါလ္မာဆင္က ရာသီအဖြင့္ ၃ပဲြမွာ ၄မွတ္သာရရွိခဲ့တဲ့ ေတာ့တင္ဟမ္အေနနဲ႔ ယခုရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆု ေျပးလမ္းေပၚကေန ေျခေခ်ာ္သြားၿပီျဖစ္ေၾကာင္း သုံးသပ္လုိက္ပါတယ္။ နည္းျပပိုခ်က္တီႏိုရဲ႕ေတာ့တင္ဟမ္အသင္းဟာ တနဂၤေႏြေန႔က နယူးကာဆယ္ကို အိမ္ကြင္းမွာ ၀-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့ရၿပီးေနာက္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၇ေနရာအထိ က်ဆင္းသြားခဲ့ရပါတယ္။

Photo Credit

ယင္းအတြက္ေၾကာင့္ ေတာ့တင္ဟမ္အေနနဲ႔ ရာသီအဖြင့္ ၃ပြဲစလုံးအႏုိင္ရရွိထားတဲ့ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၅မွတ္အထိကြာဟသြားသလုိ ဒုတိယေနရာက ၂ႏွစ္ဆက္ခ်န္ပီယံ မန္ခ်က္စတာစီးတီးနဲ႔လည္း ၃မွတ္ကြာဟသြားပါတယ္။ စကိုင္းစပို႔တ္သတင္းဌာနရဲ႕ေဘာလုံးေရးရာကၽြမ္းက်င္သူအျဖစ္ ေဆာင္ရြက္ေနတဲ့ မာဆင္က ေတာ့တင္ဟမ္အေနနဲ႔ လာမယ့္လေတြမွာလည္း အဲဒီအမွတ္ကြာဟခ်က္ကို ေလ်ာ့က်ေအာင္ လုပ္ႏိုင္မွာမဟုတ္ဘူးလုိ႔ ဆုိပါတယ္။

Photo Credit ; PA

”ကၽြန္ေတာ္မျဖစ္မေန၀န္ခံစရာတစ္ခုရွိပါတယ္။ ေတာ့တင္ဟမ္ရဲ႕လက္ရွိျဖစ္ရပ္ကို ျဖစ္လာလိမ့္မယ္လုိ႔ မထင္မွတ္ခဲ့ပါဘူး။ သူတုိ႔ဟာ အိမ္ကြင္းမွာပဲ နယူးကာဆယ္ကို ႐ံႈးတယ္။ ေတာ့တင္ဟမ္ကို ၾကည့္ရတာ ဖ႐ုိဖရဲျဖစ္ေနသလုိပဲ။ အခုလုိရာသီအစမွာပဲ ဒီလုိျဖစ္ေနတာက စိုးရိမ္စရာပါ။ သူတုိ႔ဟာ ခ်န္ပီယံေျပးလမ္းကေန ထြက္ခဲ့ရၿပီးျဖစ္ပါတယ္။ ၃ပြဲပဲကစားၿပီးခ်ိန္မွာ လီဗာပူးနဲ႔ ၅မွတ္အထိကြာဟေနပါတယ္”

Photo Credit ; PA

”ဒီလုိစကားမ်ိဳးေျပာရတာ နား၀င္မခ်ိဳႏိုင္တာသိေပမယ့္ ဒီလုိလီဗာပူးက ၅မွတ္အသာနဲ႔ ဦးေဆာင္ေနခ်ိန္မွာ ေတာ့တင္ဟမ္အသင္း ခ်န္ပီယံျဖစ္မယ္လုိ႔ ခင္ဗ်ားေလာင္းရဲလား။ လူေတြကေတာ့ ၃၅ပြဲေတာင္ က်န္ေသးတာပဲလုိ႔ ေျပာလိမ့္မယ္။. ဒါေပမဲ့ ကၽြန္ေတာ္ကေတာ့ ၅ မွတ္က အေတာ္ေလးႀကီးမားတဲ့အမွတ္ကြာဟခ်က္ပါ။ လီဗာပူးဟာ ၿပီးခဲ့တဲ့ရာသီက ၁ပဲြပဲ ႐ံႈးနိမ့္ခဲ့ၿပီး ဒီရာသီမွာလည္း ပြဲတုိင္းအႏိုင္ရထားတယ္။ ဒီေတာ့ အခုအမွတ္ကြာဟမႈကို ေတာ့တင္ဟမ္ လိုက္မီႏိုင္ပါ့မလား”လုိ႔ မာဆင္က ေျပာပါတယ္။

Photo Credit

မာဆင္ဟာ ယခုရာသီမစတင္မီ ေတာ့တင္ဟမ္အသင္း တတိယေနရာရရွိလိမ့္မယ္လုိ႔ ခန္႔မွန္းခဲ့ေပမယ့္ ေတာ့တင္ဟမ္ရဲ႕လက္ရွိစြမ္းေဆာင္ရည္ေၾကာင့္ သူ႕ခန္႔မွန္းခ်က္အေပၚ သူကိုယ္တုိင္သံသယ၀င္လာၿပီလုိ႔ ၀န္ခံပါတယ္။

Photo Credit ; PA

”ရာသီသစ္မစခင္ ေတာ့တင္ဟမ္အေနနဲ႔ အဆင့္ ၃ရလိမ့္မယ္လုိ႔ ကၽြန္ေတာ္ထင္ခဲ့ပါတယ္။ ဒါေပမဲ့ အခုခ်ိန္မွာေတာ့ အသင္းႀကီးေတြကိုၾကည့္ရတာ ထိပ္ဆုံး ၄သင္းစာရင္း၀င္ဖုိ႔အတြက္ အခြင့္အေရးဆတူရွိေနတယ္လုိ႔ထင္ပါတယ္။ ေတာ့တင္ဟမ္ကို ကၽြန္ေတာ္ တကယ္ပဲေမွ်ာ္လင့္ခဲ့တာပါ။ လြန္ခဲ့တဲ့ ၃လကမွ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ခဲ့တဲ့အသင္းက အခုလိုျဖစ္ေနတာေတာ့ ကၽြန္ေတာ္လည္း ေရွာ့ခ္ျဖစ္သြားတယ္။ အခုခ်ိန္အထိ ကၽြန္ေတာ္စိတ္အပ်က္ရဆံုးအသင္းက ေတာ့တင္ဟမ္ပါ။ အာဆင္နယ္မွာ ကစားခဲ့လုိ႔ အခုလိုေျပာေနတာလည္း မဟုတ္ပါဘူး”လုိ႔ မာဆင္က ထပ္ေလာင္းေျပာပါတယ္။

Photo Credit

Unicode

ချန်ပီယံဆုအတွက် ပြေးလမ်းကနေ တော့တင်ဟမ် ခြေချော်လဲကျသွားပြီလို့ မာဆင် သုံးသပ်

အာဆင်နယ်ဂန္ထဝင်ကစားသမား ပေါလ်မာဆင်က ရာသီအဖွင့် ၃ပွဲမှာ ၄မှတ်သာရရှိခဲ့တဲ့ တော့တင်ဟမ်အနေနဲ့ ယခုရာသီပရီးမီးယားလိဂ်ချန်ပီယံဆု ပြေးလမ်းပေါ်ကနေ ခြေချော်သွားပြီဖြစ်ကြောင်း သုံးသပ်လိုက်ပါတယ်။ နည်းပြပိုချက်တီနိုရဲ့တော့တင်ဟမ်အသင်းဟာ တနင်္ဂနွေနေ့က နယူးကာဆယ်ကို အိမ်ကွင်းမှာ ဝ-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီးနောက် အမှတ်ပေးဇယားရဲ့ အဆင့် ၇နေရာအထိ ကျဆင်းသွားခဲ့ရပါတယ်။
ယင်းအတွက်ကြောင့် တော့တင်ဟမ်အနေနဲ့ ရာသီအဖွင့် ၃ပွဲစလုံးအနိုင်ရရှိထားတဲ့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၅မှတ်အထိကွာဟသွားသလို ဒုတိယနေရာက ၂နှစ်ဆက်ချန်ပီယံ မန်ချက်စတာစီးတီးနဲ့လည်း ၃မှတ်ကွာဟသွားပါတယ်။ စကိုင်းစပို့တ်သတင်းဌာနရဲ့ဘောလုံးရေးရာကျွမ်းကျင်သူအဖြစ် ဆောင်ရွက်နေတဲ့ မာဆင်က တော့တင်ဟမ်အနေနဲ့ လာမယ့်လတွေမှာလည်း အဲဒီအမှတ်ကွာဟချက်ကို လျော့ကျအောင် လုပ်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
”ကျွန်တော်မဖြစ်မနေဝန်ခံစရာတစ်ခုရှိပါတယ်။ တော့တင်ဟမ်ရဲ့လက်ရှိဖြစ်ရပ်ကို ဖြစ်လာလိမ့်မယ်လို့ မထင်မှတ်ခဲ့ပါဘူး။ သူတို့ဟာ အိမ်ကွင်းမှာပဲ နယူးကာဆယ်ကို ရှုံးတယ်။ တော့တင်ဟမ်ကို ကြည့်ရတာ ဖရိုဖရဲဖြစ်နေသလိုပဲ။ အခုလိုရာသီအစမှာပဲ ဒီလိုဖြစ်နေတာက စိုးရိမ်စရာပါ။ သူတို့ဟာ ချန်ပီယံပြေးလမ်းကနေ ထွက်ခဲ့ရပြီးဖြစ်ပါတယ်။ ၃ပွဲပဲကစားပြီးချိန်မှာ လီဗာပူးနဲ့ ၅မှတ်အထိကွာဟနေပါတယ်”
”ဒီလိုစကားမျိုးပြောရတာ နားဝင်မချိုနိုင်တာသိပေမယ့် ဒီလိုလီဗာပူးက ၅မှတ်အသာနဲ့ ဦးဆောင်နေချိန်မှာ တော့တင်ဟမ်အသင်း ချန်ပီယံဖြစ်မယ်လို့ ခင်ဗျားလောင်းရဲလား။ လူတွေကတော့ ၃၅ပွဲတောင် ကျန်သေးတာပဲလို့ ပြောလိမ့်မယ်။. ဒါပေမဲ့ ကျွန်တော်ကတော့ ၅ မှတ်က အတော်လေးကြီးမားတဲ့အမှတ်ကွာဟချက်ပါ။ လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီက ၁ပွဲပဲ ရှုံးနိမ့်ခဲ့ပြီး ဒီရာသီမှာလည်း ပွဲတိုင်းအနိုင်ရထားတယ်။ ဒီတော့ အခုအမှတ်ကွာဟမှုကို တော့တင်ဟမ် လိုက်မီနိုင်ပါ့မလား”လို့ မာဆင်က ပြောပါတယ်။
မာဆင်ဟာ ယခုရာသီမစတင်မီ တော့တင်ဟမ်အသင်း တတိယနေရာရရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် တော့တင်ဟမ်ရဲ့လက်ရှိစွမ်းဆောင်ရည်ကြောင့် သူ့ခန့်မှန်းချက်အပေါ် သူကိုယ်တိုင်သံသယဝင်လာပြီလို့ ဝန်ခံပါတယ်။
”ရာသီသစ်မစခင် တော့တင်ဟမ်အနေနဲ့ အဆင့် ၃ရလိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အသင်းကြီးတွေကိုကြည့်ရတာ ထိပ်ဆုံး ၄သင်းစာရင်းဝင်ဖို့အတွက် အခွင့်အရေးဆတူရှိနေတယ်လို့ထင်ပါတယ်။ တော့တင်ဟမ်ကို ကျွန်တော် တကယ်ပဲမျှော်လင့်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၃လကမှ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ခဲ့တဲ့အသင်းက အခုလိုဖြစ်နေတာတော့ ကျွန်တော်လည်း ရှော့ခ်ဖြစ်သွားတယ်။ အခုချိန်အထိ ကျွန်တော်စိတ်အပျက်ရဆုံးအသင်းက တော့တင်ဟမ်ပါ။ အာဆင်နယ်မှာ ကစားခဲ့လို့ အခုလိုပြောနေတာလည်း မဟုတ်ပါဘူး”လို့ မာဆင်က ထပ်လောင်းပြောပါတယ်။