ကေလာ့ပ္ရဲ႕လီဗာပူးက သူ႔ရဲ႕၂၀၀၅ အသင္းထက္ ပိုေကာင္းေၾကာင္း ဘင္နီတက္ဇ္ဆုိ

photo-gettyimages

photo-gettyimages

လီဗာပူးနည္းျပေဟာင္းရာေဖးလ္ဘင္နီတက္ဇ္က ဂ်ာဂင္ကေလာ့ပ္ရဲ႕လက္ရွိလီဗာပူးဟာ ၂၀၀၅ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့တဲ့သူ႔ရဲ႕လီဗာပူးထက္ ပိုေကာင္းေၾကာင္း ၀န္ခံေျပာၾကားလိုက္ပါတယ္။ ဘင္နီတက္ဇ္လက္ထက္လီဗာပူးဟာ ၂၀၀၅ တုန္းက တူရကီႏိုင္ငံ၊အစၥတန္ဘူလ္မွာ က်င္းပခဲ့တဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေအစီမီလန္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရဗိုလ္စြဲခဲ့တာေၾကာင့္ ဘင္နီတက္ဇ္ဟာ ၁၉၈၄ ခုႏွစ္ေနာက္ပိုင္း ဥေရာပခ်န္ပီယံျဖစ္ေစတဲ့ ပထမဆုံးလီဗာပူးနည္းျပျဖစ္လာခဲ့ပါတယ္။ ကေလာ့ပ္ကေတာ့ ၿပီးခဲ့တဲ့ဇြန္လ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲမွာ စပါးကိုအႏိုင္ယူၿပီး လီဗာပူးအတြက္ ၆ ႀကိမ္ေျမာက္ဥေရာပဖလားရယူေပးခဲ့ကာ အဲဒါဟာ သူ႔ရဲ႕လီဗာပူးနည္းျပဘ၀မွာ ပထမဆုံးဆုဖလားလည္း ျဖစ္လာခဲ့တာပါ။

photo-gettyimages

အင္တာဗ်ဴးတစ္ခုမွာ ခ်န္ပီယံလိဂ္ေအာင္ပြဲရလီဗာပူးႏွစ္သင္းကို ႏႈိင္းယွဥ္ျပခိုင္းေတာ့ ဘင္နီတက္ဇ္က”၂၀၀၅ မွာ ကၽြန္ေတာ္တို႔ေအာင္ျမင္ခဲ့တာနဲ႔ပတ္သက္လုိ႔ တကယ္ကိုဂုဏ္ယူရပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ေျပာရရင္ ၂၀၁၉ အသငး္က ပိုေတာင့္တင္းၿပီးသားျဖစ္ေနပါၿပီ။ ကၽြန္ေတာ္တို႔တုန္းက တစ္သငး္လုံးႀကီးႀကီးမားမားအားထုတ္ခဲ့ရၿပီး ကစားသမားေတြကလည္း ကာရိုက္တာမ်ိဳးစုံနဲ႔ပါ။ ဒီအသင္းကေတာ့ ထက္သန္မႈရွိၿပီး ပြဲေတြကိုေျပာင္းလဲေအာင္လုပ္ႏိုင္တဲ့ အရည္အေသြးလည္း ရွိပါတယ္”လို႔ ေျဖၾကားခဲ့ပါတယ္။

photo-gettyimages

ဒါ့အျပင္ ဘင္နီတက္ဇ္က အစၥတန္ဘူလ္ဗိုလ္လုပြဲတုန္းက ေအစီမီလန္ကို ၃ ဂိုးျပတ္နဲ႔ ပထမပိုင္းအၿပီး ရႈံးေနခ်ိန္ သူ႔ကစားသမားေတြကို သူဘာေျပာတယ္ဆုိတာကိုလည္း ရွင္းျပသြားပါတယ္။ ”မက္ေဆ့ခ်္ကေတာ့ ရွင္းပါတယ္။ သူတို႔ကို ေမွ်ာ္လင့္ခ်က္အခ်ိဳ႕၊ယုံၾကည္မႈအခ်ိဳ႕ေပးၿပီး ငါတုိ႔တစ္ဂိုးသြင္းႏိုင္တာနဲ႔ ျပန္လာႏိုင္မွာလို႔ ေျပာပါတယ္။ နည္းဗ်ဴဟာပိုင္းကိုလည္း ေျပာင္းလဲခဲ့ၿပီး ေနာက္တန္း ၃ ေယာက္နဲ႔ ဗဟုိကြင္းလယ္ ၂ ေယာက္ထားကာ ကာကာကိုထိန္းခ်ဳပ္ႏိုင္ဖုိ႔ အလြန္ဆိုနဲ႔ဟာမန္းတို႔ႏွစ္တန္းထားလုိက္ပါတယ္။ အခ်ိန္တိုေလးအတြင္းမွာ ဂိုးေတြရခဲ့လို႔ ကၽြန္ေတာ္တုိ႔ကံေကာင္းခဲ့ၿပီးေနာက္ အားလုံးဟာ တျဖည္းျဖည္းနဲ႔ ယုံၾကည္မႈပိုရလာခဲ့တာပါ”လို႔ ဘင္နီတက္ဇ္က ေျပာခဲ့တာပါ။

[Unicode]

လီဗာပူးနည်းပြဟောင်းရာဖေးလ်ဘင်နီတက်ဇ်က ဂျာဂင်ကလော့ပ်ရဲ့လက်ရှိလီဗာပူးဟာ ၂၀၀၅ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့သူ့ရဲ့လီဗာပူးထက် ပိုကောင်းကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ ဘင်နီတက်ဇ်လက်ထက်လီဗာပူးဟာ ၂၀၀၅ တုန်းက တူရကီနိုင်ငံ၊အစ္စတန်ဘူလ်မှာ ကျင်းပခဲ့တဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အေစီမီလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရဗိုလ်စွဲခဲ့တာကြောင့် ဘင်နီတက်ဇ်ဟာ ၁၉၈၄ ခုနှစ်နောက်ပိုင်း ဥရောပချန်ပီယံဖြစ်စေတဲ့ ပထမဆုံးလီဗာပူးနည်းပြဖြစ်လာခဲ့ပါတယ်။ ကလော့ပ်ကတော့ ပြီးခဲ့တဲ့ဇွန်လ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးကိုအနိုင်ယူပြီး လီဗာပူးအတွက် ၆ ကြိမ်မြောက်ဥရောပဖလားရယူပေးခဲ့ကာ အဲဒါဟာ သူ့ရဲ့လီဗာပူးနည်းပြဘဝမှာ ပထမဆုံးဆုဖလားလည်း ဖြစ်လာခဲ့တာပါ။

အင်တာဗျူးတစ်ခုမှာ ချန်ပီယံလိဂ်အောင်ပွဲရလီဗာပူးနှစ်သင်းကို နှိုင်းယှဉ်ပြခိုင်းတော့ ဘင်နီတက်ဇ်က”၂၀၀၅ မှာ ကျွန်တော်တို့အောင်မြင်ခဲ့တာနဲ့ပတ်သက်လို့ တကယ်ကိုဂုဏ်ယူရပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောရရင် ၂၀၁၉ အသင်းက ပိုတောင့်တင်းပြီးသားဖြစ်နေပါပြီ။ ကျွန်တော်တို့တုန်းက တစ်သင်းလုံးကြီးကြီးမားမားအားထုတ်ခဲ့ရပြီး ကစားသမားတွေကလည်း ကာရိုက်တာမျိုးစုံနဲ့ပါ။ ဒီအသင်းကတော့ ထက်သန်မှုရှိပြီး ပွဲတွေကိုပြောင်းလဲအောင်လုပ်နိုင်တဲ့ အရည်အသွေးလည်း ရှိပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ဘင်နီတက်ဇ်က အစ္စတန်ဘူလ်ဗိုလ်လုပွဲတုန်းက အေစီမီလန်ကို ၃ ဂိုးပြတ်နဲ့ ပထမပိုင်းအပြီး ရှုံးနေချိန် သူ့ကစားသမားတွေကို သူဘာပြောတယ်ဆိုတာကိုလည်း ရှင်းပြသွားပါတယ်။ ”မက်ဆေ့ချ်ကတော့ ရှင်းပါတယ်။ သူတို့ကို မျှော်လင့်ချက်အချို့၊ယုံကြည်မှုအချို့ပေးပြီး ငါတို့တစ်ဂိုးသွင်းနိုင်တာနဲ့ ပြန်လာနိုင်မှာလို့ ပြောပါတယ်။ နည်းဗျူဟာပိုင်းကိုလည်း ပြောင်းလဲခဲ့ပြီး နောက်တန်း ၃ ယောက်နဲ့ ဗဟိုကွင်းလယ် ၂ ယောက်ထားကာ ကာကာကိုထိန်းချုပ်နိုင်ဖို့ အလွန်ဆိုနဲ့ဟာမန်းတို့နှစ်တန်းထားလိုက်ပါတယ်။ အချိန်တိုလေးအတွင်းမှာ ဂိုးတွေရခဲ့လို့ ကျွန်တော်တို့ကံကောင်းခဲ့ပြီးနောက် အားလုံးဟာ တဖြည်းဖြည်းနဲ့ ယုံကြည်မှုပိုရလာခဲ့တာပါ”လို့ ဘင်နီတက်ဇ်က ပြောခဲ့တာပါ။