ကုမၸဏီႀကီေတြ အလုအယက္ျဖစ္လာၾကတဲ့ မက္ဂြဲယားအတြက္ စပြန္ဆာ

0
1140

လက္စတာကေန မန္ယူအသင္းကို ေျပာင္းေရႊ႕လာခဲ့တဲ့ မက္ဂြဲယားဟာ ကမာၻ႔ေစ်းအႀကီးဆံုးေနာက္တန္းကစားသမားလုိ႔ ကင္ပြန္းတပ္ခံခဲ့ရေပမယ့္ တကယ္ေတာ့ ေဘာကန္ဖိနပ္စပြန္ဆာေတာင္မရိွေသးသူျဖစ္ပါတယ္။

မန္ယူအသင္းနဲ႔ပြဲဦးထြက္ပါ၀င္ကစားခဲ့တဲ့ ပြဲမွာ ဘာအမွတ္တံဆိပ္လိုဂိုမွ မပါ၀င္တဲ့ ေဘာကန္ဖိနပ္ကို စီးၿပီးကစားသြားခဲ့ရတဲ့ မက္ဂြဲယားကို အခုေတာ့ ကမာၻ႔ထိပ္တန္းအားကစားပစၥည္းကုမၸဏီႀကီးေတြက ဖိနပ္စပြန္ဆာေပးဖို႔ အၿပိဳင္အဆိုင္ကမ္းလွမ္းေနၾကၿပီျဖစ္ပါတယ္။

The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရေတာ့ မက္ဂြဲယားဟာ မၾကာခင္မွာ ေဘာကန္ဖိနပ္စပြႏ္ဆာအတြက္ စာခ်ဳပ္ေတာ့မွာျဖစ္တယ္လုိ႔ သိရပါတယ္။ ကမာၻ႔ထိပ္တန္းအားကစားပစၥည္းကုမၸဏီေတြဟာ မက္ဂြဲယားကို ဖိနပ္စပြန္ဆာေပးဖို႔ အၿပိဳင္အဆိုင္ကမ္းလွမ္းေနၾကၿပီး တစ္ႏွစ္ကို ေပါင္ 7 သိန္းတန္ေၾကးရိွတဲ့ စပြန္ဆာ စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ေတာ့မယ္လို႔ ေဖာ္ျပထားပါတယ္။

တကယ္ေတာ့ အသက္ 26 ႏွစ္အရြယ္ မက္ဂြဲယားဟာ ဖိနပ္စပြန္ဆာလံုးမ၀မရိွခဲ့တာေတာ့မဟုတ္ပါဘူး။ ယခင္ ဖိနပ္စပြန္ဆာက ၿပီးခဲ့တဲ့ ေႏြရာသီမွာကတည္းက စာခ်ဳပ္သက္တမ္းျပည့္သြားခဲ့တာပါ။ ဒါေၾကာင့္လည္း ခ်ဲလ္ဆီးကို ဂိုးျပတ္အႏုိင္ရခဲ့တဲ့ပြဲမွာ အမွတ္တံဆိပ္မပါတဲ့ ေဘာကန္ဖိနပ္အမည္းကို ၀တ္ဆင္ကစားသြားခဲ့ရတာျဖစ္ပါတယ္။

အခုေတာ့ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ေျခစြမ္းျပႏုိင္ခဲ့တဲ့ မက္ဂြဲယားကို စပြန္ဆာကုမၸဏီေတြ မ်က္ေစ့က်ေနၾကသလို သူ႔ရဲ႕ စပြန္ဆာတန္ေၾကးကလည္း အဆမတန္ျမင့္တက္လာခဲ့ၿပီျဖစ္ပါတယ္။

[Unicode]

ကုမ္ပဏီကြီတွေ အလုအယက်ဖြစ်လာကြတဲ့ မက်ဂွဲယားအတွက် စပွန်ဆာ
=================================

လက်စတာကနေ မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ မက်ဂွဲယားဟာ ကမ္ဘာ့ဈေးအကြီးဆုံးနောက်တန်းကစားသမားလို့ ကင်ပွန်းတပ်ခံခဲ့ရပေမယ့် တကယ်တော့ ဘောကန်ဖိနပ်စပွန်ဆာတောင်မရှိသေးသူဖြစ်ပါတယ်။

မန်ယူအသင်းနဲ့ပွဲဦးထွက်ပါဝင်ကစားခဲ့တဲ့ ပွဲမှာ ဘာအမှတ်တံဆိပ်လိုဂိုမှ မပါဝင်တဲ့ ဘောကန်ဖိနပ်ကို စီးပြီးကစားသွားခဲ့ရတဲ့ မက်ဂွဲယားကို အခုတော့ ကမ္ဘာ့ထိပ်တန်းအားကစားပစ္စည်းကုမ္ပဏီကြီးတွေက ဖိနပ်စပွန်ဆာပေးဖို့ အပြိုင်အဆိုင်ကမ်းလှမ်းနေကြပြီဖြစ်ပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရတော့ မက်ဂွဲယားဟာ မကြာခင်မှာ ဘောကန်ဖိနပ်စပွန်ဆာအတွက် စာချုပ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့ထိပ်တန်းအားကစားပစ္စည်းကုမ္ပဏီတွေဟာ မက်ဂွဲယားကို ဖိနပ်စပွန်ဆာပေးဖို့ အပြိုင်အဆိုင်ကမ်းလှမ်းနေကြပြီး တစ်နှစ်ကို ပေါင် 7 သိန်းတန်ကြေးရှိတဲ့ စပွန်ဆာ စာချုပ် ချုပ်ဆိုနိုင်တော့မယ်လို့ ဖော်ပြထားပါတယ်။

တကယ်တော့ အသက် 26 နှစ်အရွယ် မက်ဂွဲယားဟာ ဖိနပ်စပွန်ဆာလုံးမဝမရှိခဲ့တာတော့မဟုတ်ပါဘူး။ ယခင် ဖိနပ်စပွန်ဆာက ပြီးခဲ့တဲ့ နွေရာသီမှာကတည်းက စာချုပ်သက်တမ်းပြည့်သွားခဲ့တာပါ။ ဒါကြောင့်လည်း ချဲလ်ဆီးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ အမှတ်တံဆိပ်မပါတဲ့ ဘောကန်ဖိနပ်အမည်းကို ဝတ်ဆင်ကစားသွားခဲ့ရတာဖြစ်ပါတယ်။

အခုတော့ ချဲလ်ဆီးနဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ မက်ဂွဲယားကို စပွန်ဆာကုမ္ပဏီတွေ မျက်စေ့ကျနေကြသလို သူ့ရဲ့ စပွန်ဆာတန်ကြေးကလည်း အဆမတန်မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။