ကမာၻ႔တန္ေၾကးအျမင့္ဆုံးကစားသမားစာရင္းမွာမက္ဆီထက္ ေပါင္ ၈ သန္းသာေလ်ာ့နည္းၿပီးအဆင့္ ၅ ေနရာရပ္တည္ႏိုင္ခဲ့တဲ့ ဆန္ခ်ိဳ

Photo Credit ‘ Getty Images

ကမာၻ႔ေဘာလုံးဆိုင္ရာတာဝန္ရွိသူေတြရဲ႕ စစ္တမ္းေကာက္ယူခ်က္အရ စီးတီးေတာင္ပံကစားသမား ရာဟမ္စတာလင္းနဲ႔ လီဗာပူးတိုက္စစ္မႉး မိုဟာမက္ ဆာလာတို႔က တန္ေၾကးအျမင့္ဆုံးကစားသမားစာရင္းမွာ အဆင့္ ၃ အတြင္း ဝင္ေရာက္ခဲ့ၾကၿပီး သူတို႔ရဲ႕ေနာက္မွာေတာ့ ဘာစီလိုနာတိုက္စစ္မႉးမက္ဆီက အဆင့္ ၄ နဲ႔ ရပ္တည္ကာ ေဒါ့မြန္လူငယ္ ကစားသမားေလးဆန္ခ်ိဳက အဆင့္ ၅ ေနရာမွာအံ့ၾသဖြယ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

Photo Credit ‘ Getty Images

စတာလင္က ေပါင္ သန္း ၁၉၀ နဲ႔ အဆင့္ ၃ ေနရာမွာရပ္တည္ခဲ့ၿပီး အီဂ်စ္လက္ေ႐ြးစင္တိုက္စစ္မႉး ဆာလာက ေပါင္ သန္း ၂၀၀ နဲ႔ စတာလင္ရဲ႕အထက္ အဆင့္ ၂ ေနရာမွာရပ္တည္ႏိုင္ခဲ့ပါတယ္။

Photo Credit ; Reuters

ကစားသမား ၁၀၀ ကို စစ္တမ္းေကာက္ယူရာမွာ ပီအက္စ္ဂ်ီ ၾကယ္ပြင့္ ကိုင္လီဘာေပက ေပါင္ သန္း ၂၃၀ နဲ႔ ထိပ္ဆုံးမွာရပ္တည္ခဲ့ပါတယ္။ ဘာစီလိုနာစတားမက္ဆီကေတာ့ ေပါင္ ၁၅၃ သန္းနဲ႔ အဆင့္ ၄ ေနရာမွာပဲသတ္မွတ္ခံခဲ့ရတာပါ။
CIES ေဘာလုံးသုေသတနအဖြဲ႕က ကစားသမားရဲ႕အသက္အ႐ြယ္၊ လက္ရွိစာခ်ဳပ္၊ ကစားတဲ့ေနရာ၊ ကစားခဲ့တဲ့မိနစ္ ၊ သြင္းဂိုး၊ ႏိုင္ငံတကာအခ်က္အလက္ေတြနဲ႔ အသင္းရဲ႕ရလဒ္ စတဲ့ အခ်က္ေပါင္း ၅၇ ခ်က္နဲ႔ အဆင့္ သတ္မွတ္ေပးတာ ျဖစ္ပါတယ္။

Photo Credit ; EPA

ေျပာင္းေ႐ႊ႕ေၾကးက အသင္းေတြကေခၚယူဖို႔ ေရပန္းစားတဲ့ အေပၚမွာလည္း အေျခခံထားပါတယ္။ လီဗာပူးအသင္းကေတာ့ အဆင့္ ၆ ေနရာမွာမာေနးနဲ႔ အဆင့္ ၈ ေနရာမွာဖာမီႏိုတို႔က အသီးသီးရပ္တည္ခဲ့ၾကၿပီး အဆင့္ ၁၀ အတြင္းလီဗာပူးကစားသမား ၃ ဦးအထိပါဝင္ႏိုင္ခဲ့ပါတယ္။

Photo Credi

Top Ten စာရင္းမွာ ပရီးမီးယားလိဂ္ ၾကယ္ပြင့္ေတြျဖစ္တဲ့ ဟယ္ရီကိန္းက အဆင့္ ၇ ၊ ဆာေနးကအဆင့္ ၁၀ မွာရပ္တည္ကာ ေဒါ့မြန္ကစားသမားဆန္ခ်ိဳက မက္ဆီထက္ ေပါင္ ၈ သန္းသာေလ်ာ့နည္းၿပီး အဆင့္ ၅ ေနရာမွာအံ့ၾသဖြယ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

Photo Credit 

ဘာစီလိုနာကိုေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ဂရစ္ဇ္မန္းကလည္း ေပါင္ ၁၀၅ သန္းနဲ႔ အဆင့္ ၉ ေနရာမွာ ရပ္တည္ခဲ့ပါတယ္။ ေပါလ္ေပါ့ဂ္ဘာနဲ႔ ေနမာတို႔က ေပါင္ ၁၁၄ သန္းစီသတ္မွတ္ခံခဲ့ရကာ အဆင့္ ၁၆ နဲ႔ ၁၇ ေနရာေတြမွာ အသီးသီးရပ္တည္ခဲ့ၾကၿပီး သူတို႔ရဲ႕ေအာက္မွာေတာ့ ေကာ္တင္ဟို၊ လူကာကူတို႔ကရပ္တည္ခဲ့ပါတယ္။ ဂ်ဴဗီစတားေရာ္နယ္ဒိုကေတာ့ ေပါင္ ၁၁၄ သန္းတန္ ရက္ဖို႔ဒ္ရွ္ ေပါင္ သန္း ၁၁၀ တန္ ဟာဇက္တို႔ရဲ႕ေအာက္ ေပါင္ ၁၀၈ သန္းနဲ႔ အဆင့္ ၂၀ ေနရာမွာသာအဆင့္ သတ္မွတ္ခံခဲ့ရပါတယ္။

Unicode

ကမ္ဘာ့တန်ကြေးအမြင့်ဆုံးကစားသမားစာရင်းမှာမက်ဆီထက် ပေါင် ၈ သန်းသာလျော့နည်းပြီးအဆင့် ၅ နေရာရပ်တည်နိုင်ခဲ့တဲ့ ဆန်ချို

ကမ္ဘာ့ဘောလုံးဆိုင်ရာတာဝန်ရှိသူတွေရဲ့ စစ်တမ်းကောက်ယူချက်အရ စီးတီးတောင်ပံကစားသမား ရာဟမ်စတာလင်းနဲ့ လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာတို့က တန်ကြေးအမြင့်ဆုံးကစားသမားစာရင်းမှာ အဆင့် ၃ အတွင်း ဝင်ရောက်ခဲ့ကြပြီး သူတို့ရဲ့နောက်မှာတော့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီက အဆင့် ၄ နဲ့ ရပ်တည်ကာ ဒေါ့မွန်လူငယ် ကစားသမားလေးဆန်ချိုက အဆင့် ၅ နေရာမှာအံ့သြဖွယ် ရပ်တည်နိုင်ခဲ့ပါတယ်။
စတာလင်က ပေါင် သန်း ၁၉၀ နဲ့ အဆင့် ၃ နေရာမှာရပ်တည်ခဲ့ပြီး အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး ဆာလာက ပေါင် သန်း ၂၀၀ နဲ့ စတာလင်ရဲ့အထက် အဆင့် ၂ နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။
ကစားသမား ၁၀၀ ကို စစ်တမ်းကောက်ယူရာမှာ ပီအက်စ်ဂျီ ကြယ်ပွင့် ကိုင်လီဘာပေက ပေါင် သန်း ၂၃၀ နဲ့ ထိပ်ဆုံးမှာရပ်တည်ခဲ့ပါတယ်။ ဘာစီလိုနာစတားမက်ဆီကတော့ ပေါင် ၁၅၃ သန်းနဲ့ အဆင့် ၄ နေရာမှာပဲသတ်မှတ်ခံခဲ့ရတာပါ။
CIES ဘောလုံးသုသေတနအဖွဲ့က ကစားသမားရဲ့အသက်အရွယ်၊ လက်ရှိစာချုပ်၊ ကစားတဲ့နေရာ၊ ကစားခဲ့တဲ့မိနစ် ၊ သွင်းဂိုး၊ နိုင်ငံတကာအချက်အလက်တွေနဲ့ အသင်းရဲ့ရလဒ် စတဲ့ အချက်ပေါင်း ၅၇ ချက်နဲ့ အဆင့် သတ်မှတ်ပေးတာ ဖြစ်ပါတယ်။
ပြောင်းရွှေ့ကြေးက အသင်းတွေကခေါ်ယူဖို့ ရေပန်းစားတဲ့ အပေါ်မှာလည်း အခြေခံထားပါတယ်။ လီဗာပူးအသင်းကတော့ အဆင့် ၆ နေရာမှာမာနေးနဲ့ အဆင့် ၈ နေရာမှာဖာမီနိုတို့က အသီးသီးရပ်တည်ခဲ့ကြပြီး အဆင့် ၁၀ အတွင်းလီဗာပူးကစားသမား ၃ ဦးအထိပါဝင်နိုင်ခဲ့ပါတယ်။
Top Ten စာရင်းမှာ ပရီးမီးယားလိဂ် ကြယ်ပွင့်တွေဖြစ်တဲ့ ဟယ်ရီကိန်းက အဆင့် ၇ ၊ ဆာနေးကအဆင့် ၁၀ မှာရပ်တည်ကာ ဒေါ့မွန်ကစားသမားဆန်ချိုက မက်ဆီထက် ပေါင် ၈ သန်းသာလျော့နည်းပြီး အဆင့် ၅ နေရာမှာအံ့သြဖွယ် ရပ်တည်နိုင်ခဲ့ပါတယ်။
ဘာစီလိုနာကိုပြောင်းရွှေ့သွားခဲ့တဲ့ ဂရစ်ဇ်မန်းကလည်း ပေါင် ၁၀၅ သန်းနဲ့ အဆင့် ၉ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ပေါလ်ပေါ့ဂ်ဘာနဲ့ နေမာတို့က ပေါင် ၁၁၄ သန်းစီသတ်မှတ်ခံခဲ့ရကာ အဆင့် ၁၆ နဲ့ ၁၇ နေရာတွေမှာ အသီးသီးရပ်တည်ခဲ့ကြပြီး သူတို့ရဲ့အောက်မှာတော့ ကော်တင်ဟို၊ လူကာကူတို့ကရပ်တည်ခဲ့ပါတယ်။ ဂျူဗီစတားရော်နယ်ဒိုကတော့ ပေါင် ၁၁၄ သန်းတန် ရက်ဖို့ဒ်ရှ် ပေါင် သန်း ၁၁၀ တန် ဟာဇက်တို့ရဲ့အောက် ပေါင် ၁၀၈ သန်းနဲ့ အဆင့် ၂၀ နေရာမှာသာအဆင့် သတ်မှတ်ခံခဲ့ရပါတယ်။