ကမာၻ႔စံခ်ိန္တင္ ၃၄ ပြဲဆက္ႏိုင္ပြဲေပ်ာက္မႈနဲ႔ နည္းျပေတြကေတာင္ လက္ေျမွာက္ေနရတဲ့မကၠဆီကိုကလပ္

photo-gettyimages

photo-gettyimages

မကၠဆီကိုရဲ႕အျမင့္ဆုံးလိဂ္ျဖစ္တဲ့ လီဂါ MX မွာ ကစားေနတဲ့ ဗီရာခရုဇ္ဆိုတဲ့အသင္းရဲ႕အေျခအေနက လက္ရွိကမာၻ႔ေဘာလုံးေလာကမွာ အဆိုးဆုံးလုိ႔ေတာင္ ေျပာရမလိုျဖစ္ေနၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ သူတုိ႔ဟာ အမွတ္ေပးၿပိဳင္ပြဲမွာ ႏို္င္ပြဲေပ်ာက္ဆုံးေနတာ ၃၄ ပြဲဆက္ေတာင္ ရွိေနလုိ႔ပါပဲ။ ၿပီးခဲ့တဲ့ၾကားရက္မွာ ကြီရီတာရိုဆုိတဲ့အသင္းကို ၅ ဂိုးျပတ္နဲ႔ရႈံးနိမ့္သြားခဲ့တာေၾကာင့္ မကၠဆီကိုလိဂ္မွာ ဗီရာခရုဇ္ရဲ႕ႏိုင္ပြဲေပ်ာက္မႈဟာ ၃၃ ပြဲနဲ႔ ကမာၻ႔စံခ်ိန္တင္ျဖစ္သြားခဲ့တာပါ။ စေနနံနက္ကစားခဲ့တဲ့မိုရီလီယာနဲ႔ပြဲမွာ ထပ္မံရႈံးနိမ့္ျပန္တာေၾကာင့္ ဗီရာခရုဇ္ရဲ႕ႏိုင္ပြဲေပ်ာက္မႈဟာ ၃၄ ပြဲဆက္အထိ ရွိလာခဲ့ပါတယ္။

photo-gettyimages

ဗီရာခရုဇ္အေနနဲ႔ အဂၤလိပ္ကလပ္ဒါဘီရဲ႕ ၃၂ ပြဲဆက္ႏိုင္ပြဲေပ်ာက္မႈအရင္ကမာၻ႔စံခ်ိန္ကိုခ်ိဳးႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ လက္ရွိခ်န္ပီယံရွစ္မွာကစားေနတဲ့ဒါဘီဟာ ပရီးမီးယားလိဂ္မွာတက္ကစားခဲ့တဲ့ ၂၀၀၇-၀၈ ရာသီတုန္းက ၃၂ ပြဲဆက္ႏိုင္ပြဲေပ်ာက္တဲ့အထိ အေျခအေနဆုိးခဲ့ရၿပီး တစ္ရာသီလုံးမွာ ၁ ပြဲသာႏိုင္ခဲ့လုိ႔ တန္းဆင္းသြားခဲ့ရပါတယ္။ ဗီရာခရုဇ္ရဲ႕ႏိုင္ပြဲေပ်ာက္မႈက ၿပီးခ့ဲတဲ့ ၂၀၁၈ ၾသဂုတ္ ၂၅ မွာစတင္ခဲ့တာျဖစ္လုိ႔ အခုဆိုရင္ တစ္ႏွစ္ေက်ာ္ေတာင္ ရွိသြားပါၿပီ။ အဲဒီကာလမွာ ဗီရာခရုဇ္ဟာ ၂၆ ပြဲရႈံးခဲ့ၿပီး ၈ ပြဲသေရက်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီကတည္းက မကၠဆီကိုလိဂ္မွာ ဇယားေအာက္ဆုံးအျဖစ္နဲ႔ တန္းဆင္းခဲ့ရေပမယ့္ ဒဏ္ေၾကးအျဖစ္ အေမရိကန္ေဒၚလာ ၆ သန္းေပးႏိုင္ခဲ့လုိ႔ တန္းဆင္းရမယ့္အေရးက ကင္းလြတ္ၿပီး ဒီရာသီမွာ ဆက္ကစားခြင့္ရခဲ့ေပမယ့္ အခုခ်ိန္ထိ ဇယားေအာက္ဆုံးအသင္းဆုိတဲ့ဘ၀က မကၽြတ္ေသးပါဘူး။ မကၠဆီကိုလိဂ္မွာက ဒဏ္ေၾကးေဒၚလာ ၆ သန္းေပးႏိုင္ရင္ တန္းမဆင္းရတဲ့စည္းမ်ဥ္းကို လြန္ခဲ့တ့ဲ ၂ ႏွစ္က ျပဌာန္းခဲ့တာျဖစ္ၿပီး ဒါကလည္း အသင္းအေရအတြက္တိုးဖု႔ိ စီစဥ္ထားလုိ႔ ျဖစ္ပါတယ္။

photo-gettyimages

ဗီရာခရုဇ္ရဲ႕တစ္ႏွစ္ေက်္ာၾကာႏိုင္ပြဲေပ်ာက္မႈမွာ နည္းျပ ၆ ဦးေတာင္ အေျပာငး္အလဲျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ၾကားရက္ ကြီရီတာရိုကို ဂိုးျပတ္ရႈံးၿပီးကတည္းက အသက္ ၇၀ ေက်ာ္အရြယ္ နည္းျပမီဇာဟာ ရာထူးက ႏုတ္ထြက္သြားပါတယ္။ မီဇာဟာ ၀ါရင့္နည္းျပတစ္ေယာက္ျဖစ္ၿပီး မကၠဆီကိုလိဂ္မွာ ၄ ႀကိမ္ဗိုလ္စြဲခဲ့ဖူးကာ မကၠဆီကိုလက္ေရြးစင္အသင္းကို ကုိင္တြယ္ခဲ့ဖူးသူလည္း ျဖစ္ပါတယ္။ ဒီလိုနည္းျပမ်ိဳးကေတာင္ ဗီရာခရုဇ္ကို မကယ္တင္ႏိုင္ေတာ့ပါဘူး။

[Unicode]

မက္ကဆီကိုရဲ့အမြင့်ဆုံးလိဂ်ဖြစ်တဲ့ လီဂါ MX မှာ ကစားနေတဲ့ ဗီရာခရုဇ်ဆိုတဲ့အသင်းရဲ့အခြေအနေက လက်ရှိကမ္ဘာ့ဘောလုံးလောကမှာ အဆိုးဆုံးလို့တောင် ပြောရမလိုဖြစ်နေပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အမှတ်ပေးပြိုင်ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေတာ ၃၄ ပွဲဆက်တောင် ရှိနေလို့ပါပဲ။ ပြီးခဲ့တဲ့ကြားရက်မှာ ကွီရီတာရိုဆိုတဲ့အသင်းကို ၅ ဂိုးပြတ်နဲ့ရှုံးနိမ့်သွားခဲ့တာကြောင့် မက္ကဆီကိုလိဂ်မှာ ဗီရာခရုဇ်ရဲ့နိုင်ပွဲပျောက်မှုဟာ ၃၃ ပွဲနဲ့ ကမ္ဘာ့စံချိန်တင်ဖြစ်သွားခဲ့တာပါ။ စနေနံနက်ကစားခဲ့တဲ့မိုရီလီယာနဲ့ပွဲမှာ ထပ်မံရှုံးနိမ့်ပြန်တာကြောင့် ဗီရာခရုဇ်ရဲ့နိုင်ပွဲပျောက်မှုဟာ ၃၄ ပွဲဆက်အထိ ရှိလာခဲ့ပါတယ်။

ဗီရာခရုဇ်အနေနဲ့ အင်္ဂလိပ်ကလပ်ဒါဘီရဲ့ ၃၂ ပွဲဆက်နိုင်ပွဲပျောက်မှုအရင်ကမ္ဘာ့စံချိန်ကိုချိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိချန်ပီယံရှစ်မှာကစားနေတဲ့ဒါဘီဟာ ပရီးမီးယားလိဂ်မှာတက်ကစားခဲ့တဲ့ ၂၀၀၇-၀၈ ရာသီတုန်းက ၃၂ ပွဲဆက်နိုင်ပွဲပျောက်တဲ့အထိ အခြေအနေဆိုးခဲ့ရပြီး တစ်ရာသီလုံးမှာ ၁ ပွဲသာနိုင်ခဲ့လို့ တန်းဆင်းသွားခဲ့ရပါတယ်။ ဗီရာခရုဇ်ရဲ့နိုင်ပွဲပျောက်မှုက ပြီးခဲ့တဲ့ ၂၀၁၈ သြဂုတ် ၂၅ မှာစတင်ခဲ့တာဖြစ်လို့ အခုဆိုရင် တစ်နှစ်ကျော်တောင် ရှိသွားပါပြီ။ အဲဒီကာလမှာ ဗီရာခရုဇ်ဟာ ၂၆ ပွဲရှုံးခဲ့ပြီး ၈ ပွဲသရေကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကတည်းက မက္ကဆီကိုလိဂ်မှာ ဇယားအောက်ဆုံးအဖြစ်နဲ့ တန်းဆင်းခဲ့ရပေမယ့် ဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၆ သန်းပေးနိုင်ခဲ့လို့ တန်းဆင်းရမယ့်အရေးက ကင်းလွတ်ပြီး ဒီရာသီမှာ ဆက်ကစားခွင့်ရခဲ့ပေမယ့် အခုချိန်ထိ ဇယားအောက်ဆုံးအသင်းဆိုတဲ့ဘဝက မကျွတ်သေးပါဘူး။ မက္ကဆီကိုလိဂ်မှာက ဒဏ်ကြေးဒေါ်လာ ၆ သန်းပေးနိုင်ရင် တန်းမဆင်းရတဲ့စည်းမျဉ်းကို လွန်ခဲ့တဲ့ ၂ နှစ်က ပြဌာန်းခဲ့တာဖြစ်ပြီး ဒါကလည်း အသင်းအရေအတွက်တိုးဖု့ိ စီစဉ်ထားလို့ ဖြစ်ပါတယ်။

ဗီရာခရုဇ်ရဲ့တစ်နှစ်ကျေ်ာကြာနိုင်ပွဲပျောက်မှုမှာ နည်းပြ ၆ ဦးတောင် အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြားရက် ကွီရီတာရိုကို ဂိုးပြတ်ရှုံးပြီးကတည်းက အသက် ၇၀ ကျော်အရွယ် နည်းပြမီဇာဟာ ရာထူးက နုတ်ထွက်သွားပါတယ်။ မီဇာဟာ ဝါရင့်နည်းပြတစ်ယောက်ဖြစ်ပြီး မက္ကဆီကိုလိဂ်မှာ ၄ ကြိမ်ဗိုလ်စွဲခဲ့ဖူးကာ မက္ကဆီကိုလက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ဒီလိုနည်းပြမျိုးကတောင် ဗီရာခရုဇ်ကို မကယ်တင်နိုင်တော့ပါဘူး။