ဘန်လေနဲ့ပွဲမှာ တစ်ကိုယ်ကောင်းဆန်မှုအတွက် ဆာလာကို ဒေါသထွက်ခဲ့တဲ့ မာနီ

August 31, 2019 Zayar Phyo Han 0

photo-sportbible photo-reuters လီဗာပူးဟာ ဘန်လေကို ၃ ဂိုးပြတ်နဲ့ သာသာယာယာအနိုင်ရခဲ့ပေမယ့် အဓိကကစားသမားနှစ်ယောက်ကြားမှာ မလိုလားအပ်တဲ့ပြသနာတစ်ခုဖြစ်သွားခဲ့ပါတယ်။ ပွဲပြီးဖို့ ၆ မိနစ်အလိုမှာ လူစားလဲခံရခဲ့ရပြီးနောက် လီဗာပူးတိုက်စစ်မှုးမာနီဟာ အရန်ခုံတန်းမှာ ဒေါသတကြီးနဲ့အော်ဟစ်နေခဲ့တာပါ။ ဒါပေမဲ့ မာနီဟာ သူ့ကိုလူစားလဲခဲ့တဲ့ နည်းပြကလော့ပ်ရဲ့ဆုံးဖြတ်ချက်ထက် အဲဒီမတိုင်ခင် ကွင်းထဲက အဖြစ်အပျက်အတွက် ဒေါသထွက်ခဲ့တာပါ။ photo-reuters ဖာမီနိုရဲ့ဂိုးနဲ့ ၃ […]

မိုဗစ်၊ဒွိုက်ယော့ခ်၊ဗန်ပါစီတို့လို မန်ယူနဲ့ တာထွက်ကောင်းခဲ့တဲ့ ဒန်နီရယ်ဂျိမ်းစ်

August 31, 2019 Zayar Phyo Han 0

photo-gettyimages ဆောက်သမ်တန်နဲ့စနေညပရီးမီးယားလိဂ်ပွဲစဉ်က ဦးဆောင်ဂိုးကြောင့် တောင်ပံကစားသမားလေးဒန်နီရယ်ဂျိမ်းစ်ဟာ မန်ယူကစားသမားဘ၀ အစ ၄ ပွဲမှာတင် ၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ မန်ယူကသာ ၃ ပွဲဆက်နိုင်ပွဲပျောက်နေပေမယ့် ၂၁ နှစ်အရွယ် အဲဒီဝေးလ်ကစားသမားလေးကတော့ အသင်းသစ်မှာ တာထွက်ကောင်းနေတာပါ။ ဒါကြောင့်မို့လည်း သူဟာ ပရီးမီးယားလိဂ်ခေတ်က မန်ယူနဲ့တာထွက်ကောင်းခဲ့သူတွေထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်လာပါတယ်။ ပရီးမီးယားလိဂ်ခေတ်မှာ မန်ယူနဲ့အတူ တာထွက်ကောင်းခဲ့တဲ့ […]

ဆိုးရွားတဲ့ခံစစ်ကြောင့် ၂ဂိုးအသာနဲ့ဦးဆောင်နေရာကနေ အိမ်ကွင်းမှာ အမှတ်လျော့သွားတဲ့ ချဲလ်ဆီး (ချဲလ်ဆီး ၂-၂ ရှက်ဖီးလ် ပွဲပြီးမြင်ကွင်းကျယ်)

August 31, 2019 phyo 0

Photo Credit Photo Credit ပြီးခဲ့တဲ့ရက်သတ္တပတ်က ပထမဆုံးနိုင်ပွဲရခဲ့တဲ့ချဲလ်ဆီးဟာ ဒီပွဲမှာလည်း ဂိုးမြူးနေတဲ့ လူငယ်တိုက်စစ်မှူး အေဘရာဟမ်ရဲ့သွင်းဂိုးတွေနဲ့အတူ အိမ်ကွင်းမှာ နောက်ထပ်တန်းတက်အသင်းဖြစ်တဲ့ ရှက်ဖီးလ်ယူနိုက်တက်ကို ၂ဂိုးအသာနဲ့ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာပေးလိုက်ရတဲ့ဂိုးတွေကြောင့် အိမ်ကွင်းနိုင်ပွဲပျောက်သွားခဲ့ရပါတယ်။ Photo Credit ချဲလ်ဆီးဟာ တိုက်စစ်ပိုင်းက လူငယ်တွေရဲ့ကစားအားကြောင့် အကောင်းဆုံးပုံစံမှာရှိပေမယ့် ခံစစ်ကတော့ အားနည်းနေဆဲဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ […]

၎ ပွဲတည်းနဲ့ မန်ယူက ဆန်းချက်ဇ်ရဲ့ပရီးမီးယားလိဂ်ဂိုးအရေအတွက်ကို လိုက်မီသွားတဲ့ဒန်နီရယ်ဂျိမ်းစ်

August 31, 2019 Zayar Phyo Han 0

photo-gettyimages photo-gettyimages မန်ယူအသင်းရဲ့ကစားသမားသစ်လေးဒန်နီရယ်ဂျိမ်းစ်ဟာ ဆောက်သမ်တန်နဲ့ပွဲစဉ်က သူ့ရဲ့သွင်းဂိုးကြောင့် အင်တာကို အငှားပြောင်းသွားတဲ့ အလက်ဆစ်ဆန်းချက်ဇ်ရဲ့မန်ယူကစားသမားဘ၀ ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ကို လိုက်မီသွားပါတယ်။ အသက် ၂၁ နှစ်သာရှိသေးတဲ့ဒန်နီရယ်ဂျိမ်းစ်ဟာ လူသိနည်းလှသူဖြစ်ပေမယ့် ဒီနွေရာသီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းနဲ့ ဆွမ်ဆီးကနေ ရောက်လာခဲ့တာပါ။ အဲဒီဝေးလ်တောင်ပံကစားသမားလေးဟာ မန်ယူနဲ့ချက်ချင်းအထိုင်ကျခဲ့ပြီး မန်ယူကစားသမားဘ၀ ဦးဆုံး ၄ ပွဲမှာတင် ၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ […]

၃ပွဲဆက်နိုင်ပွဲပျောက်မှုနဲ့အတူ ဖိအားတွေ စောစောစီးစီးခံစားနေရပြီဖြစ်တဲ့ ဆိုးလ်ရှား (ဆောက်သမ်တန် ၁-၁ ယူနိုက်တက် ပွဲပြီးမြင်ကွင်းကျယ်)

August 31, 2019 phyo 0

Photo Credit Photo Credit ယူနိုက်တက်မှာ လုခ်ရှောနဲ့ မာရှယ်တို့ ဒဏ်ရာရနေလို့ ကစားသမားအပြောင်းအလဲတွေပြုလုပ်လာပြီး ကွင်းလယ်မှာ ပါရဲရားကို ပြန်သုံးခဲ့သလို ၀ါရင့်ကွင်းလယ်လူ မာတာကိုလည်း ဒီရာသီပထမဆုံးပွဲဦးထွက်အဖြစ် ထုတ်သုံးခဲ့ပါတယ်။ Photo Credit ခံစစ်ကတော့ လုခ်ရှောနေရာမှာ အသင်းခေါင်းဆောင်အက်ရှ်လေယန်း ၀င်လာတာကလွဲလို့ ကျန်နေရာတွေအပြောင်းအလဲမရှိခဲ့ပါဘူး။ ညာနောက်ခံလူ ၀မ်ဘစ်ဆာကာက […]

ချန်ပီယံလိဂ်နဲ့ပတ်သက်လို့ အသင်းဟောင်းအာဆင်နယ်ကို လှောင်သလိုလုပ်ခဲ့တဲ့ရမ်ဆေး

August 31, 2019 Zayar Phyo Han 0

photo-dailystar photo-social media ကွင်းလယ်လူရမ်ဆေးဟာ အသင်းသစ်ဂျူဗင်တပ်နဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်ကစားရတော့မှာမို့ အဲဒီအတွက် အောင်ပွဲခံရာမှာ အသင်းဟောင်းအာဆင်နယ်ကိုလှောင်သလို လုပ်ခဲ့ပါတယ်။ အဲဒီဝေးလ်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီကုန်ကမှ အာဆင်နယ်ကနေ ဂျူဗင်တပ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းသွားခဲ့တာပါ။ ရမ်ဆေးဟာ ဂျူဗင်တပ်အအတွက် မကစားပေးရသေးပေမယ့် အခုကတည်းက အသင်းသစ်ရဲ့ချန်ပီယံလိဂ်မဲခွဲပွဲကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ရတဲ့ခံစားမှုမျိုးကို ရရှိခဲ့တာပါ။ photo-gettyimages ချန်ပီယံလိဂ်မှာ ပြန်ကစားခွင့်ရတော့မှာဖြစ်လို့ ဘယ်လောက်ပျော်ရွှင်နေတယ်ဆိုတာကို ရမ်ဆေးက […]

ကမ္ဘာ့စံချိန်တင် ၃၄ ပွဲဆက်နိုင်ပွဲပျောက်မှုနဲ့ နည်းပြတွေကတောင် လက်မြှောက်နေရတဲ့မက္ကဆီကိုကလပ်

August 31, 2019 Zayar Phyo Han 0

photo-gettyimages photo-gettyimages မက္ကဆီကိုရဲ့အမြင့်ဆုံးလိဂ်ဖြစ်တဲ့ လီဂါ MX မှာ ကစားနေတဲ့ ဗီရာခရုဇ်ဆိုတဲ့အသင်းရဲ့အခြေအနေက လက်ရှိကမ္ဘာ့ဘောလုံးလောကမှာ အဆိုးဆုံးလို့တောင် ပြောရမလိုဖြစ်နေပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အမှတ်ပေးပြိုင်ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေတာ ၃၄ ပွဲဆက်တောင် ရှိနေလို့ပါပဲ။ ပြီးခဲ့တဲ့ကြားရက်မှာ ကွီရီတာရိုဆိုတဲ့အသင်းကို ၅ ဂိုးပြတ်နဲ့ရှုံးနိမ့်သွားခဲ့တာကြောင့် မက္ကဆီကိုလိဂ်မှာ ဗီရာခရုဇ်ရဲ့နိုင်ပွဲပျောက်မှုဟာ ၃၃ ပွဲနဲ့ […]

Ballon d’Or ဆုအတွက် ဘယ်သူရသင့်ပြီး ဘယ်သူကို ရစေချင်လဲဆိုတာ ပြောသွားတဲ့ ပီကေး

August 31, 2019 phyo 0

Photo Credit Photo Credit ဘာစီလိုနာနောက်ခံလူဂျရတ်ပီကေးက ယခုနှစ် Ballon d’Or ဆုကိုလည်း လီဗာပူးနောက်ခံလူ ဗာဂျီဗန်ဒိုက်ရသင့်တယ်လို့ Express Sportသတင်းကို ပြောပါတယ်။ အဆိုပါဆုအတွက် ပီကေးရဲ့ဘာစီလိုနာအသင်းဖော်မက်ဆီကလည်း ရေပန်းစားနေပေမယ့် ပီကေးကတော့ ဗန်ဒိုက်က Ballon d’Or ဆုရသင့်တယ်လို့ယုံကြည်နေပါတယ်။ Photo Credit ; […]

အကောင်းဆုံးဆု ဂျီရော့ဒ်အစား ဟာဇက်ရသွားခြင်းအပေါ် ချဲလ်ဆီးပရိသတ်တွေ ပေါက်ကွဲနေ

August 31, 2019 phyo 0

Photo Credit Photo Credit ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ဟာဇက်ဟာ မေလကယူရိုပါလိဂ်ဖိုင်နယ်အဖြစ် အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းအတွက် သွင်းဂိုး၂ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ယူရိုပါလိဂ်ပြိုင်ပွဲဂိုးသွင်းအများဆုံးကစားသမားက နောက်ထပ်ချဲလ်ဆီးတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အိုလီဗာဂျီရော့ဒ်ပါ။ Photo Credit ; Getty Images ယမန်နေ့က လက်ရှိရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးအီဒင်ဟာဇက်က ဂျီရော့ဒ်ကို ကျော်ဖြတ်ပြီး […]

၆ လလောက်အနားယူရတော့မယ့် ချီရယ်လီနီကြောင့် ဒီလစ်ဂ်ျ ပွဲထွက်ခွင့်ရလာနိုင်

August 31, 2019 phyo 0

Photo Credit Photo Credit ; AP ဂျူဗင်တပ်စ်အသင်းခေါင်းဆောင်ချီရယ်လီနီဟာ လေ့ကျင့်ရေးမှာ ညာဘက်ဒူးအရွတ်ကြောဒဏ်ရာရရှိသွားခဲ့တာကြောင့် ၆လခန့်အနားယူရတော့မယ်လို့ သိရပါတယ်။ အဆိုပါ အသက်၃၅နှစ်အရွယ် ဝါရင့်နောက်ခံလူရဲ့ဆိုးရွားတဲ့ဒဏ်ရာရရှိမှုကို ယမန်နေ့က ဂျူဗင်တပ်စ်အသင်းက အတည်ပြု ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ Photo Credit ; AP ဒီဖြစ်ရပ်က ဂျူဗီကို အေဂျက်စ်ကနေ […]