မန္ယူကိုအက်ပ္ကိုင္လို႔မရဘူးလို႔ ေပါ့ဂ္ဘာနဲ႔သူ႔ေအးဂ်င့္ကို ဆိုးလ္ရွားသတိေပး

0
486
Photo- Daily Mail

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက သူတို႔ဟာမန္ယူအသင္းျဖစ္လို႔ ကစားသမားေတြကိုေရာင္းခ်ဖို႔ အက်ပ္လာကိုင္လို႔ မရဘူးလို႔ ေပါ့ဂ္ဘာနဲ႔ သူ႔ေအးဂ်င့္ကို သတိေပးလိုက္ပါတယ္။ ေပါ့ဂ္ဘာဟာ မန္ယူကေနထြက္ခြာလိုေနၿပီးသူ႔ေအးဂ်င့္ ကလည္း ကစားသမားထြက္ခြာႏိုင္ဖို႔ ဖိအားေပးေတာင္းဆိုေနပါတယ္။

အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ႔ ေပါ့ဂ္ဘာဟာ မန္ယူနဲ႔စာခ်ဳပ္သက္တမ္း ၃ ႏွစ္က်န္ေနေသးၿပီး တစ္ပတ္လစာေပါင္ ၃၀၀၀၀၀ ရရွိေနသူျဖစ္ပါတယ္။ ဒါေၾကာင့္ မန္ယူအေနနဲ႔ေပါ့ဂ္ဘာနဲ႔ပတ္သက္လာရင္ ဘယ္အသင္းကိုမဆို စာခ်ဳပ္အရအသာစီးရေနတဲ႔အျပင္ မန္ယူလိုအသင္းမ်ဳိးကို ဘယ္သူမွအက်ပ္ကိုင္လို႔မရဘူးလို႔လည္း ဆိုးလ္ရွားကဆိုခဲ့ပါတယ္။

Photo- Daily Mail

ေပါ့ဂ္ဘာကို ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴ ဗင္တပ္တို႔ကေခၚယူဖို႔ စိတ္၀င္စားေနၾကတာျဖစ္ပါတယ္။ ဒါနဲပတ္သက္ၿပီး ေမးျမန္းမႈကို ဆိုးလ္ရွားက “လက္ရွိမွာက်ြန္ေတာ္သိသေလာက္ေတာ႔ ဘယ္ကစားသမားကိုမွ ကမ္းလွမ္းတာမရွိေသးပါဘူး။ က်ြန္ေတာ္တို႔ဟာ မန္ယူအသင္းေလ။ ဒါေၾကာင့္ အရင္ပုံစံအတိုင္းဘဲ စီးပြားေရးအရ ဘယ္သူ႔ကိုမွေရာင္းစရာမလိုပါဘူး။

ဒါေၾကာင့္ က်ြန္ေတာ္တို႔ကို ဘယ္သူမွအက်ပ္ကိုင္လို႔မရပါဘူး။ ေပါ့ဂ္ဘာနဲ႔ပတ္သက္လို႔လည္း လုံး၀စိတ္ပူပန္ျခင္းမရွိပါဘူး။ သူဟာအလုပ္ႀကိဳးစားၿပီး ပေရာ္ဖက္ရွင္နယ္ ပီသတဲ႔သူလည္းျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔လည္း ဂုဏ္ယူရပါတယ္” လို႔ေျပာသြားပါတယ္။

Photo- Daily Mail

ဒါ့အျပင္ လူကာကူနဲ႔ပတ္သက္လို႔လည္း ဆိုးလ္ရွားက”ေအးဂ်င့္ေတြကေတာ႔ ေျပာေနမွာပါဘဲ။ ဒါေပမယ္႔စာခ်ဳပ္သက္တမး္ရွိထားတဲ႔သူ ဘယ္သူမဆို အသင္းအတြက္အေကာင္းဆုံးေပးဆပ္ရမွာပါဘဲ။ က်ြန္ေတာ္တို႔ဟာ သီးသန္႔ေဆြးေႏြးမႈေတြျပဳလုပ္ထားေပမယ္႔ ဘာေတြေျပာခဲ့သလဲဆိုတာကိုေတာ႔ ထုတ္မေျပာပါဘူး” လို႔ေျပာသြားပါတယ္။

Unicode

မန်ယူကိုအကျပ်ကိုင်လို့မရဘူးလို့ ပေါ့ဂ်ဘာနဲ့သူ့အေးဂျင့်ကို ဆိုးလ်ရှားသတိပေး
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက သူတို့ဟာမန်ယူအသင်းဖြစ်လို့ ကစားသမားတွေကိုရောင်းချဖို့ အကျပ်လာကိုင်လို့ မရဘူးလို့ ပေါ့ဂ်ဘာနဲ့ သူ့အေးဂျင့်ကို သတိပေးလိုက်ပါတယ်။ ပေါ့ဂ်ဘာဟာ မန်ယူကနေထွက်ခွာလိုနေပြီးသူ့အေးဂျင့် ကလည်း ကစားသမားထွက်ခွာနိုင်ဖို့ ဖိအားပေးတောင်းဆိုနေပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ မန်ယူနဲ့စာချုပ်သက်တမ်း ၃ နှစ်ကျန်နေသေးပြီး တစ်ပတ်လစာပေါင် ၃၀၀၀၀၀ ရရှိနေသူဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအနေနဲ့ပေါ့ဂ်ဘာနဲ့ပတ်သက်လာရင် ဘယ်အသင်းကိုမဆို စာချုပ်အရအသာစီးရနေတဲ့အပြင် မန်ယူလိုအသင်းမျိုးကို ဘယ်သူမှအကျပ်ကိုင်လို့မရဘူးလို့လည်း ဆိုးလ်ရှားကဆိုခဲ့ပါတယ်။

ပေါ့ဂ်ဘာကို ရီးရဲလ်မက်ဒရစ်နဲ့ ဂျူ ဗင်တပ်တို့ကခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ဒါနဲပတ်သက်ပြီး မေးမြန်းမှုကို ဆိုးလ်ရှားက “လက်ရှိမှာကျွန်တော်သိသလောက်တော့ ဘယ်ကစားသမားကိုမှ ကမ်းလှမ်းတာမရှိသေးပါဘူး။ ကျွန်တော်တို့ဟာ မန်ယူအသင်းလေ။ ဒါကြောင့် အရင်ပုံစံအတိုင်းဘဲ စီးပွားရေးအရ ဘယ်သူ့ကိုမှရောင်းစရာမလိုပါဘူး။

ဒါကြောင့် ကျွန်တော်တို့ကို ဘယ်သူမှအကျပ်ကိုင်လို့မရပါဘူး။ ပေါ့ဂ်ဘာနဲ့ပတ်သက်လို့လည်း လုံးဝစိတ်ပူပန်ခြင်းမရှိပါဘူး။ သူဟာအလုပ်ကြိုးစားပြီး ပရော်ဖက်ရှင်နယ် ပီသတဲ့သူလည်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း ဂုဏ်ယူရပါတယ်” လို့ပြောသွားပါတယ်။

ဒါ့အပြင် လူကာကူနဲ့ပတ်သက်လို့လည်း ဆိုးလ်ရှားက”အေးဂျင့်တွေကတော့ ပြောနေမှာပါဘဲ။ ဒါပေမယ့်စာချုပ်သက်တမ်းရှိထားတဲ့သူ ဘယ်သူမဆို အသင်းအတွက်အကောင်းဆုံးပေးဆပ်ရမှာပါဘဲ။ ကျွန်တော်တို့ဟာ သီးသန့်ဆွေးနွေးမှုတွေပြုလုပ်ထားပေမယ့် ဘာတွေပြောခဲ့သလဲဆိုတာကိုတော့ ထုတ်မပြောပါဘူး” လို့ပြောသွားပါတယ်။