ရီးရဲလ္ကို အစဆြဲထုတ္လုိက္တာလား…အသင္းမွာ ဘာေပ ဆက္ရွိမယ္လို႔ အာမခံမခံႏိုင္ေၾကာင္း ပီအက္စ္ဂ်ီအသင္း ၀န္ခံ

0
211

Photo Credit ; AFP

Photo Credit ; AFP / Getty Images

ျပင္သစ္ၾကယ္ပြင့္တုိက္စစ္မွဴး ဘာေပက ပီအက္စ္ဂ်ီအသင္းအတြက္ ဦးစားေပးအဆင့္သတ္မွတ္ခ်က္ျဖစ္ေပမယ့္ မိမိအေနနဲ႔ သူ႕ကို အသင္းမွာ ဆက္ကစားဖို႔ ထိန္းသိမ္းႏိုင္လိမ့္မယ္လုိ႔ ပရိသတ္ေတြကို ကတိမျပဳႏိုင္ေၾကာင္း အားကစားဒါ႐ိုက္တာ လီယိုနာဒိုက ၀န္ခံလုိက္ပါတယ္။ ယခုေႏြရာသီအတြင္း ဘာေပရဲ႕ပီအက္စ္ဂ်ီအသင္းကစားသမားဘ၀အနာဂတ္က မေသမခ်ာျဖစ္ေနပါတယ္။ ဘာေပကလည္း မိမိအေနနဲ႔ ပေရာဂ်က္အသစ္ကို စိတ္၀င္စားလာႏုိင္ေၾကာင္း ၿပီးခဲ့တဲ့ရာသီအကုန္မွာ လူသိရွင္ၾကားဖြင့္ဟခဲ့ၿပီးခ်ိန္ကတည္းက ရီးရဲလ္နဲ႔သတင္းေတြထြက္ေပၚေနတာျဖစ္ပါတယ္။

Photo Credit ; Getty Images

ရီးရဲလ္ဟာ ဒီေႏြရာသီမွာ အသင္းကို ႀကီးႀကီးမားမားတည္ေဆာက္ေနၿပီး ဟာဇက္ကို ေခၚယူထားၿပီးျဖစ္ေပမယ့္ ပီအက္စ္ဂ်ီတုိက္စစ္မွဴးေနမာကို ေခၚယူေရးစိတ္၀င္စားမႈ ေသြးေအးသြားခ်ိန္မွာ ေနမာရဲ႕အသင္းေဖာ္ ဘာေပကို အနာဂတ္အတြက္ အသင္းရဲ႕ဦးစားေပးေခၚယူမႈအျဖစ္ သတ္မွတ္ထားပါတယ္။ ပီအက္စ္ဂ်ီအသင္းက ရာသီသစ္မွာ ဘာေပဆက္ရွိမွာက ၂၀၀ % အထိ ေသခ်ာေၾကာင္း အခိုင္အမာေၾကညာခဲ့ၿပီး ကစားသမားကိုယ္တိုင္က ရာသီသစ္မွာ အသင္းနဲ႔အတူ ဆက္ကစားဖြယ္ရွိေနေၾကာင္း အရိပ္အျမြက္ဖြင့္ဟခဲ့ပါတယ္။

Photo Credit ; Getty Images

လီယိုနာဒိုက ဘာေပဟာ အသင္းအတြက္ အလြန္အေရးပါေၾကာင္းနဲ႔ ေလ့က်င့္ခန္းျပန္ဆင္းရာမွာ စိတ္ဓာတ္အျပည့္နဲ႔ တက္ႂကြမႈအျပည့္ရွိေၾကာင္း ဆုိပါတယ္။ ”ဘာေပက ကၽြန္ေတာ္တုိ႔အသင္းအတြက္ပဲ ဦးစားေပးသတ္မွတ္ခ်က္ဆိုတာ သံသယ၀င္စရာမရွိပါဘူး။ သူက ကၽြန္ေတာ္တုိ႔အသင္းအတြက္ အလြန္အေရးပါၿပီး ဒီကိစၥကိုလည္း အားလုံးသိမွာပါ။ သူဟာ ၿပီးခဲ့တဲ့တနလၤာေန႔က အသင္းနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းခဲ့ၿပီး ႀကီးက်ယ္တဲ့ႀကိဳးစားအားထုတ္မႈနဲ႔အတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပါပဲ။ ပရိသတ္ေတြကလည္း သူ႕ကို ခ်စ္ၾကပါတယ္”လုိ႔ လီယိုနာဒိုက ေျပာပါတယ္။

Photo Credit ; Getty Images

ဒါေပမဲ့ မုိနာကိုတိုက္စစ္မွဴးေဟာင္း ဘာေပကို အသင္းမွာဆက္ထိန္းႏိုင္မလားဆုိတဲ့ေမးခြန္းေတြနဲ႔ပတ္သက္လုိ႔ လီယိုနာဒိုက ”အေၾကာင္းျပခ်က္ ၂ခုအတြက္ ကၽြန္ေတာ္ ဘယ္ေတာ့မွကတိမေပးပါဘူး။ ပထမအခ်က္က ကၽြန္ေတာ္ဟာ အသင္းနဲ႔ပတ္သက္လုိ႔ ျဖစ္ပ်က္သမွ်အရာအားလုံးအတြက္ တာ၀န္ယူရမယ့္ပုဂၢိဳလ္မဟုတ္တာရယ္ ဒုတိယအခ်က္ကေတာ့ အသင္းက သူ႕ကို ထိန္းႏိုင္မယ္ဆုိတာ မေသခ်ာဘဲနဲ႔ မခိုင္မာတဲ့ကတိေတြမေပးခ်င္လုိ႔ပါ။ ကၽြန္ေတာ့္အေနနဲ႔ ျဖစ္ႏိုင္ေျခရွိတာကိုပဲ စိတ္၀င္စားပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။

Photo Credit ; Getty Images

ဘာေပဟာ ၿပီးခဲ့တဲ့ရာသီက လီဂူး-၁မွာ ၃၃ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ဒုတိယေနရာက လုိင္လီေတာင္ပံကစားသမား ပီပီကို ၁၁ဂိုးအသာနဲ႔ေက်ာ္ျဖတ္ကာ ထိပ္တန္းဂိုးသြင္းဘုရင္အျဖစ္ ရပ္တည္ခဲ့ပါတယ္။ သူဟာ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အသင္းနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့သလို ထိပ္တန္းတုိက္စစ္မွဴးအျဖစ္ လက္ေရြးစင္နဲ႔ကလပ္အဆင့္ပြဲေတြမွာ သက္ေသျပႏိုင္ခဲ့ပါတယ္။

Photo Credit

Unicode

ရီးရဲလ်ကို အစဆွဲထုတ်လိုက်တာလား…အသင်းမှာ ဘာပေ ဆက်ရှိမယ်လို့ အာမခံမခံနိုင်ကြောင်း ပီအက်စ်ဂျီအသင်း ဝန်ခံ

ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေက ပီအက်စ်ဂျီအသင်းအတွက် ဦးစားပေးအဆင့်သတ်မှတ်ချက်ဖြစ်ပေမယ့် မိမိအနေနဲ့ သူ့ကို အသင်းမှာ ဆက်ကစားဖို့ ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ပရိသတ်တွေကို ကတိမပြုနိုင်ကြောင်း အားကစားဒါရိုက်တာ လီယိုနာဒိုက ဝန်ခံလိုက်ပါတယ်။ ယခုနွေရာသီအတွင်း ဘာပေရဲ့ပီအက်စ်ဂျီအသင်းကစားသမားဘဝအနာဂတ်က မသေမချာဖြစ်နေပါတယ်။ ဘာပေကလည်း မိမိအနေနဲ့ ပရောဂျက်အသစ်ကို စိတ်ဝင်စားလာနိုင်ကြောင်း ပြီးခဲ့တဲ့ရာသီအကုန်မှာ လူသိရှင်ကြားဖွင့်ဟခဲ့ပြီးချိန်ကတည်းက ရီးရဲလ်နဲ့သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။
ရီးရဲလ်ဟာ ဒီနွေရာသီမှာ အသင်းကို ကြီးကြီးမားမားတည်ဆောက်နေပြီး ဟာဇက်ကို ခေါ်ယူထားပြီးဖြစ်ပေမယ့် ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကို ခေါ်ယူရေးစိတ်ဝင်စားမှု သွေးအေးသွားချိန်မှာ နေမာရဲ့အသင်းဖော် ဘာပေကို အနာဂတ်အတွက် အသင်းရဲ့ဦးစားပေးခေါ်ယူမှုအဖြစ် သတ်မှတ်ထားပါတယ်။ ပီအက်စ်ဂျီအသင်းက ရာသီသစ်မှာ ဘာပေဆက်ရှိမှာက ၂၀၀ % အထိ သေချာကြောင်း အခိုင်အမာကြေညာခဲ့ပြီး ကစားသမားကိုယ်တိုင်က ရာသီသစ်မှာ အသင်းနဲ့အတူ ဆက်ကစားဖွယ်ရှိနေကြောင်း အရိပ်အမြွက်ဖွင့်ဟခဲ့ပါတယ်။
လီယိုနာဒိုက ဘာပေဟာ အသင်းအတွက် အလွန်အရေးပါကြောင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းရာမှာ စိတ်ဓာတ်အပြည့်နဲ့ တက်ကြွမှုအပြည့်ရှိကြောင်း ဆိုပါတယ်။ ”ဘာပေက ကျွန်တော်တို့အသင်းအတွက်ပဲ ဦးစားပေးသတ်မှတ်ချက်ဆိုတာ သံသယဝင်စရာမရှိပါဘူး။ သူက ကျွန်တော်တို့အသင်းအတွက် အလွန်အရေးပါပြီး ဒီကိစ္စကိုလည်း အားလုံးသိမှာပါ။ သူဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပြီး ကြီးကျယ်တဲ့ကြိုးစားအားထုတ်မှုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ ပရိသတ်တွေကလည်း သူ့ကို ချစ်ကြပါတယ်”လို့ လီယိုနာဒိုက ပြောပါတယ်။
ဒါပေမဲ့ မိုနာကိုတိုက်စစ်မှူးဟောင်း ဘာပေကို အသင်းမှာဆက်ထိန်းနိုင်မလားဆိုတဲ့မေးခွန်းတွေနဲ့ပတ်သက်လို့ လီယိုနာဒိုက ”အကြောင်းပြချက် ၂ခုအတွက် ကျွန်တော် ဘယ်တော့မှကတိမပေးပါဘူး။ ပထမအချက်က ကျွန်တော်ဟာ အသင်းနဲ့ပတ်သက်လို့ ဖြစ်ပျက်သမျှအရာအားလုံးအတွက် တာဝန်ယူရမယ့်ပုဂ္ဂိုလ်မဟုတ်တာရယ် ဒုတိယအချက်ကတော့ အသင်းက သူ့ကို ထိန်းနိုင်မယ်ဆိုတာ မသေချာဘဲနဲ့ မခိုင်မာတဲ့ကတိတွေမပေးချင်လို့ပါ။ ကျွန်တော့်အနေနဲ့ ဖြစ်နိုင်ခြေရှိတာကိုပဲ စိတ်ဝင်စားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဘာပေဟာ ပြီးခဲ့တဲ့ရာသီက လီဂူး-၁မှာ ၃၃ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဒုတိယနေရာက လိုင်လီတောင်ပံကစားသမား ပီပီကို ၁၁ဂိုးအသာနဲ့ကျော်ဖြတ်ကာ ထိပ်တန်းဂိုးသွင်းဘုရင်အဖြစ် ရပ်တည်ခဲ့ပါတယ်။ သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့သလို ထိပ်တန်းတိုက်စစ်မှူးအဖြစ် လက်ရွေးစင်နဲ့ကလပ်အဆင့်ပွဲတွေမှာ သက်သေပြနိုင်ခဲ့ပါတယ်။