The Spider လို႔ဘာေၾကာင့္ အမည္ေျပာင္ရထားသလဲဆိုတာ သက္ေသျပလိုက္တဲ႔ ဘစ္ဆာကာ

0
2209
Photo- Daily Mail

မန္ယူအသင္းေနာက္ခံလူသစ္ ၀မ္ဘစ္ဆာကာ ဟာသူဘာေၾကာင့္ The Spider လို႔အမည္ေျပာင္ရထားသလဲဆိုတာကို မန္ယူနဲ႔ပထမဆုံးေလ႔က်င့္ေရး အစီအစဥ္မွာဘဲ သက္ေသျပလိုက္တယ္လို႔ သိရပါတယ္။ အသက္ ၂၁ ႏွစ္သာရွိေသးတဲ႔ ဘစ္ဆာကာ ဟာခရစၥတယ္ပဲေလ႔စ္ကေန မန္ယူကိုေပါင္သန္း ၅၀ နဲ႔ေျပာင္းေရႊ႕လာသူျဖစ္ပါတယ္။

မန္ယူဟာၿပီးခဲ့တဲ႔ တနဂၤေႏြေန႔က ၾသစေၾတးလ် ကိုခရီးထြက္ခဲ့ၿပီးေနာက္ အဂၤါေန႔တုန္းက ပထမဆုံးေလ႔က်င့္ခန္းအစီအစဥ္ကိုစတင္ခဲ့တာျဖစ္ပါတယ္။ မန္ယူဟာ လာမယ္႔စေနေန႔မွာ ၾသစေၾတးလ်ကလပ္ ပါ့သ္ဂလိုရီနဲ႔ ရာသီႀကိဳ ပထမဆုံးေျခစမ္းပြဲကို စတင္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။

အဂၤါေန႔ကေလ႔က်င့္ခန္းအစီအစဥ္မွာ ႏွစ္ဘက္ခြဲကစားၾကေတာ႔ မာတာဆိကေဘာလုံးကို ခ်ိန္သားကိုက္ေသသပ္စြာဖ်က္ထုတ္ႏိုင္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ဒီဖ်က္ထုတ္မႈကေနဘဲ မာဆန္ဂရင္း၀ုဒ္က ဂိုးသြင္းယူႏိုင္ခဲ့တာကိုေတြ႔ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း မန္ယူပရိသတ္ေတြက ဘစ္ဆာကာ ကိုအသင္းအတြက္ၿပိဳင္ပြဲမကစားရခင္မွာဘဲ စိတ္ေက်နပ္ခဲ့ၾကတယ္လို႔ သိရပါတယ္။

Photo- Daily Mail

သူဟာခရစၥတယ္ပဲေလ႔စ္မွာတုန္းက သူ႔ရဲ႕ရွည္လ်ားတဲ႔ေျခတံေတြနဲ႔ဖ်က္ထုတ္ပုံေကာင္းမြန္တဲ႔အတြက္ The Spider လို႔အမည္ေျပာင္ရခဲ့သူျဖစ္ပါတယ္။ ေလ႔က်င့္ခန္းအစီအစဥ္က သူ႔ရဲ႕စြမ္းေဆာင္ရည္ကိုၾကည့္ၿပီး မန္ယူပရိသတ္ေတြဟာ တြစ္တာေပၚကေနခ်ီးက်ဴ း စကားဆိုခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

Photo- Google

“မာတာအေပၚ သိပ္ေကာင္းတဲ႔ပုံစံန႔ဲဖ်က္ထုတ္ခဲ့တဲ႔ ဘစ္ဆာကာ ” “ပရီးမီးယားလိဂ္မွာ မန္ယူအတြက္သူကစားတာကိုၾကည့္ဖို႔ မေစာင့္ႏိုင္ေတာ႔ဘူး” “အေကာင္းဆုံးညာေနာက္ခံလူ” အစရွိသျဖင့္ ေရးသားေဖာ္ျပသြားခဲ့ၾကပါတယ္။

Photo- Daily Mail

Unicode

The Spider လို့ဘာကြောင့် အမည်ပြောင်ရထားသလဲဆိုတာ သက်သေပြလိုက်တဲ့ ဘစ်ဆာကာ
မန်ယူအသင်းနောက်ခံလူသစ် ဝမ်ဘစ်ဆာကာ ဟာသူဘာကြောင့် The Spider လို့အမည်ပြောင်ရထားသလဲဆိုတာကို မန်ယူနဲ့ပထမဆုံးလေ့ကျင့်ရေး အစီအစဉ်မှာဘဲ သက်သေပြလိုက်တယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်သာရှိသေးတဲ့ ဘစ်ဆာကာ ဟာခရစ္စတယ်ပဲလေ့စ်ကနေ မန်ယူကိုပေါင်သန်း ၅၀ နဲ့ပြောင်းရွှေ့လာသူဖြစ်ပါတယ်။

မန်ယူဟာပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သြစတြေးလျ ကိုခရီးထွက်ခဲ့ပြီးနောက် အင်္ဂါနေ့တုန်းက ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ကိုစတင်ခဲ့တာဖြစ်ပါတယ်။ မန်ယူဟာ လာမယ့်စနေနေ့မှာ သြစတြေးလျကလပ် ပါ့သ်ဂလိုရီနဲ့ ရာသီကြို ပထမဆုံးခြေစမ်းပွဲကို စတင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အင်္ဂါနေ့ကလေ့ကျင့်ခန်းအစီအစဉ်မှာ နှစ်ဘက်ခွဲကစားကြတော့ မာတာဆိကဘောလုံးကို ချိန်သားကိုက်သေသပ်စွာဖျက်ထုတ်နိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဒီဖျက်ထုတ်မှုကနေဘဲ မာဆန်ဂရင်းဝုဒ်က ဂိုးသွင်းယူနိုင်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း မန်ယူပရိသတ်တွေက ဘစ်ဆာကာ ကိုအသင်းအတွက်ပြိုင်ပွဲမကစားရခင်မှာဘဲ စိတ်ကျေနပ်ခဲ့ကြတယ်လို့ သိရပါတယ်။

သူဟာခရစ္စတယ်ပဲလေ့စ်မှာတုန်းက သူ့ရဲ့ရှည်လျားတဲ့ခြေတံတွေနဲ့ဖျက်ထုတ်ပုံကောင်းမွန်တဲ့အတွက် The Spider လို့အမည်ပြောင်ရခဲ့သူဖြစ်ပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်က သူ့ရဲ့စွမ်းဆောင်ရည်ကိုကြည့်ပြီး မန်ယူပရိသတ်တွေဟာ တွစ်တာပေါ်ကနေချီးကျူ း စကားဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။

“မာတာအပေါ် သိပ်ကောင်းတဲ့ပုံစံနဲ့ဖျက်ထုတ်ခဲ့တဲ့ ဘစ်ဆာကာ ” “ပရီးမီးယားလိဂ်မှာ မန်ယူအတွက်သူကစားတာကိုကြည့်ဖို့ မစောင့်နိုင်တော့ဘူး” “အကောင်းဆုံးညာနောက်ခံလူ” အစရှိသဖြင့် ရေးသားဖော်ပြသွားခဲ့ကြပါတယ်။