ဒယ္လီအလီ လက္သစ္ ေမာ္ဂန္ေရာ္ဂ်ာကို ေပါင္ ၆ သန္းနဲ႔ မန္စီးတီးေခၚဖို႔သေဘာတူ

0
222

မန္စီးအသင္းဟာ ၀က္စ္ဘရြမ္းကြင္းလယ္လူ ေမာဂန္ေရာ္ဂ်ာကို ကနဦးေျပာင္းေရႊ႕ေၾကးေပါင္ ၄ သန္းနဲ႔ေခၚယူဖို႔ သေဘာတူညီခဲ့ၿပီး ဒီကေန႔မွာေဆးစစ္သြားမယ္လို႔ သိရပါတယ္။ သူ႔ရဲ႕တန္ေၾကးဟာေပါင္ ၆ သန္းအထိရွိလာမယ္လို႔လည္း ဆိုပါတယ္။

၂၀၀၆ ကေဆာက္သမ္တန္ကေနေပါင္ ၉ သန္းနဲ႔ အာဆင္နယ္ကို ၀ဲလ္ေကာ႔တ္ေျပာင္းေရႊ႕ၿပီးေနာက္ပိုင္း ေရာ္ဂ်ာဟာ ပရီးမီးယားလိဂ္သမိုင္းမွာ ဒုတိယေျမာက္တန္ေၾကးအျမင့္ဆုံးျဖစ္လာတဲ႔ အသက္ ၁၆ ႏွစ္အရြယ္ကစားသမားျဖစ္လာေတာ႔မယ္လို႔လည္း သတင္းမွာေဖာ္ျပသြားပါတယ္။

အဂၤလန္ယူ-၁၇ လက္ေရြးစင္ျဖစ္တဲ႔ ေရာ္ဂ်ာဟာ စပါးကြင္းလယ္လူ ဒယ္လီအလီနဲ႔ကစားပုံဆင္တူတယ္လို႔လည္းသတ္မွတ္ခံထားရပါတယ္။ သူဟာၿပီးခဲ့တဲ႔ ရာသီကအက္ဖ္ေအဖလားမွာ ၀က္စ္ဘရြမ္းအသင္းႀကီးအတြက္ ပြဲဦးထြက္ကစားခဲ့သူျဖစ္ၿပီး သူ႔ရဲ႕တိုးတက္မႈနဲေျခစြမ္းေၾကာင့္ အသင္းႀကီးေတြရဲ႕စိတ္၀င္စားျခင္းကိုခံခဲ့ရသူလည္းျဖစ္ပါတယ္။

၀က္စ္ဘရြမ္းဟာ ရာသီႀကိဳေလ႔က်င့္ခန္းအစီအစဥ္မွာ ေရာ္ဂ်ာကိုခ်န္လွပ္ခဲ့လို႔ အံအားသင့္မႈေတြရွိေနစဥ္မွာဘဲ မန္စိးတီးနဲ႔သေဘာတူညီခ်က္ရတယ္ဆိုတဲ႔သတင္းထြက္လာခဲ့တာပါ။ မန္စီးတီးဟာ အဂၤလန္ရဲ႕အေတာက္ပဆုံးလူငယ္ေတြထဲမွာ ပါ၀င္တဲ႔ ေရာ္ဂ်ာကို လ်င္ျမန္စြာနဲ႔ဘဲ လက္ဦးမႈရယူေခၚယူႏိုင္ခဲ့ၿပီး ဒီကေန႔မွာေဆးစစ္သြားမွာျဖစ္ပါတယ္။

၀က္စ္ဘရြမ္းဘက္ကေတာ႔ ေရာ္ဂ်ာေဆးစစ္မႈေအာင္ျမင္ၿပီးမွသာ ကစားသမားရဲ႕အေျပာင္းအေရႊ႕ကိုအတည္ျပဳထုတ္ျပန္ဖို႔စီစဥ္ထားပါတယ္။ မန္စီးတီးနည္းျပ ဂြာဒီယိုလာဟာ ေရာ္ဂ်ာကို အသင္းႀကီးမွာ အလ်င္အျမန္ေနရာရမယ္႔ ေျခစြမ္းမ်ဳိးျပသႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္းလည္း သိရပါတယ္။

Unicode

ဒယ်လီအလီ လက်သစ် မော်ဂန်ရော်ဂျာကို ပေါင် ၆ သန်းနဲ့ မန်စီးတီးခေါ်ဖို့သဘောတူ
မန်စီးအသင်းဟာ ဝက်စ်ဘရွမ်းကွင်းလယ်လူ မောဂန်ရော်ဂျာကို ကနဦးပြောင်းရွှေ့ကြေးပေါင် ၄ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီခဲ့ပြီး ဒီကနေ့မှာဆေးစစ်သွားမယ်လို့ သိရပါတယ်။ သူ့ရဲ့တန်ကြေးဟာပေါင် ၆ သန်းအထိရှိလာမယ်လို့လည်း ဆိုပါတယ်။

၂၀၀၆ ကဆောက်သမ်တန်ကနေပေါင် ၉ သန်းနဲ့ အာဆင်နယ်ကို ဝဲလ်ကော့တ်ပြောင်းရွှေ့ပြီးနောက်ပိုင်း ရော်ဂျာဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယမြောက်တန်ကြေးအမြင့်ဆုံးဖြစ်လာတဲ့ အသက် ၁၆ နှစ်အရွယ်ကစားသမားဖြစ်လာတော့မယ်လို့လည်း သတင်းမှာဖော်ပြသွားပါတယ်။

အင်္ဂလန်ယူ-၁၇ လက်ရွေးစင်ဖြစ်တဲ့ ရော်ဂျာဟာ စပါးကွင်းလယ်လူ ဒယ်လီအလီနဲ့ကစားပုံဆင်တူတယ်လို့လည်းသတ်မှတ်ခံထားရပါတယ်။ သူဟာပြီးခဲ့တဲ့ ရာသီကအက်ဖ်အေဖလားမှာ ဝက်စ်ဘရွမ်းအသင်းကြီးအတွက် ပွဲဦးထွက်ကစားခဲ့သူဖြစ်ပြီး သူ့ရဲ့တိုးတက်မှုနဲခြေစွမ်းကြောင့် အသင်းကြီးတွေရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဝက်စ်ဘရွမ်းဟာ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှာ ရော်ဂျာကိုချန်လှပ်ခဲ့လို့ အံအားသင့်မှုတွေရှိနေစဉ်မှာဘဲ မန်စိးတီးနဲ့သဘောတူညီချက်ရတယ်ဆိုတဲ့သတင်းထွက်လာခဲ့တာပါ။ မန်စီးတီးဟာ အင်္ဂလန်ရဲ့အတောက်ပဆုံးလူငယ်တွေထဲမှာ ပါဝင်တဲ့ ရော်ဂျာကို လျင်မြန်စွာနဲ့ဘဲ လက်ဦးမှုရယူခေါ်ယူနိုင်ခဲ့ပြီး ဒီကနေ့မှာဆေးစစ်သွားမှာဖြစ်ပါတယ်။

ဝက်စ်ဘရွမ်းဘက်ကတော့ ရော်ဂျာဆေးစစ်မှုအောင်မြင်ပြီးမှသာ ကစားသမားရဲ့အပြောင်းအရွှေ့ကိုအတည်ပြုထုတ်ပြန်ဖို့စီစဉ်ထားပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ရော်ဂျာကို အသင်းကြီးမှာ အလျင်အမြန်နေရာရမယ့် ခြေစွမ်းမျိုးပြသနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း သိရပါတယ်။