လီဗာပူးေနာက္ခံလူေဟာင္း မုိရီႏိုကို ဗီလာရီးရဲလ္ေခၚယူ

0
64

Photo Credit ; Villarreal

Photo Credit

ဗီလာရီးရဲလ္အသင္းဟာ လီဗာပူးနဲ႔လမ္းခြဲလာတဲ့ဘယ္ေနာက္ခံလူ မုိရီႏိုကို ၅ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူဖုိ႔ သေဘာတူညီမႈရရွိသြားၿပီျဖစ္ပါတယ္။ အသက္ ၂၇ႏွစ္အရြယ္ရွိ ဆီဗီလာကစားသမားေဟာင္း မုိရီႏိုဟာ လီဗာပူးအသင္းနဲ႔အတူ ကစားခဲ့တဲ့ ၅ႏွစ္တာကာလအတြင္း ၁၄၁ပြဲမွာ ၃ဂုိးသြင္းယူႏိုင္ခဲ့ၿပီး ဇြန္လ ၃၀ရက္ေန႔က စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီးေနာက္ မာေဆးဆုိက္ဒ္အေျခစိုက္အသင္းနဲ႔လမ္းခြဲလာတာျဖစ္ပါတယ္။

Photo Credit ; Sky Sports

သူဟာ ဗီလာရီးရဲလ္နဲ႔ ေဆးစစ္ေဆးမႈေအာင္ျမင္ခဲ့ၿပီးေနာက္ ယေန႔မွာ ကစားသမားသစ္မိတ္ဆက္ပြဲျပဳလုပ္မွာျဖစ္ကာ စာခ်ဳပ္မခ်ဳပ္ဆိုရေသးေပမယ့္ အသင္းနဲ႔အတူ ေလ့က်င့္ခန္းစတင္ဆင္းေနၿပီျဖစ္ပါတယ္။ မိုရီႏိုဟာ ၿပီးခဲ့တဲ့ရာသီက ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရၿပီး ေရာဘတ္ဆန္က အထူးေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ သူလည္း အသင္းအတြက္ ၆ပြဲပဲကစားခြင့္ရရွိခဲ့ပါတယ္။

Photo Credit

သူဟာ ၂၀၁၄ ခုႏွစ္က ဆီဗီလာအသင္းနဲ႔အတူ ယူ႐ိုပါလိဂ္ဖလားရယူႏိုင္ခဲ့ၿပီး ၂၀၁၆ ခုႏွစ္က လီဗာပူးနဲ႔အတူ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကို ထပ္မံတက္ေရာက္ႏုိင္ခဲ့ေပမယ့္ ဒီတစ္ခါေတာ့ အသင္းေဟာင္းဆီဗီလာကို ၃-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့ရပါတယ္။ မုိရီႏိုဟာ စပိန္အသင္းမွာလည္း ကိုယ္စားျပဳကစားခြင့္ရရွိခဲ့ၿပီး ၂၀၁၃ မတ္လက ယူ-၂၁ အသင္းမွာ ကစားခြင့္ရခ့ဲၿပီးေနာက္ အဲဒီႏွစ္မွာပဲ လက္ေရြးစင္အသင္းမွာ ပထမဆုံးအႀကိမ္ကစားခြင့္ရခဲ့ကာ ၉ပြဲကစားေပးထားပါတယ္။

Photo Credit

မုိရီႏိုဟာ လီဗာပူးကို ေပါင္ ၁၂သန္းနဲ႔ မေရာက္ရွိခင္ ဆီဗီလာအသင္းမွာ ၆၂ပြဲကစားခဲ့ၿပီး ၃ဂိုးသြင္းယူကာ ဂုိးဖန္တီးမႈ ၅ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။ သူဟာ ယခုေႏြရာသီအတြင္း ဗီလာရီးရဲလ္ရဲ႕ တတိယေျမာက္ကစားသမားသစ္ျဖစ္လာၿပီး ေနာက္ခံလူေတြျဖစ္တဲ့ ပီနာနဲ႔ အယ္လ္ဘီယိုတုိ႔ကို အီဘာနဲ႔ နာပိုလီအသင္းေတြဆီကေန အသီးသီးေခၚယူထားပါတယ္။

Photo Credit

Unicode

လီဗာပူးနောက်ခံလူဟောင်း မိုရီနိုကို ဗီလာရီးရဲလ်ခေါ်ယူ

ဗီလာရီးရဲလ်အသင်းဟာ လီဗာပူးနဲ့လမ်းခွဲလာတဲ့ဘယ်နောက်ခံလူ မိုရီနိုကို ၅နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။ အသက် ၂၇နှစ်အရွယ်ရှိ ဆီဗီလာကစားသမားဟောင်း မိုရီနိုဟာ လီဗာပူးအသင်းနဲ့အတူ ကစားခဲ့တဲ့ ၅နှစ်တာကာလအတွင်း ၁၄၁ပွဲမှာ ၃ဂိုးသွင်းယူနိုင်ခဲ့ပြီး ဇွန်လ ၃၀ရက်နေ့က စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် မာဆေးဆိုက်ဒ်အခြေစိုက်အသင်းနဲ့လမ်းခွဲလာတာဖြစ်ပါတယ်။
သူဟာ ဗီလာရီးရဲလ်နဲ့ ဆေးစစ်ဆေးမှုအောင်မြင်ခဲ့ပြီးနောက် ယနေ့မှာ ကစားသမားသစ်မိတ်ဆက်ပွဲပြုလုပ်မှာဖြစ်ကာ စာချုပ်မချုပ်ဆိုရသေးပေမယ့် အသင်းနဲ့အတူ လေ့ကျင့်ခန်းစတင်ဆင်းနေပြီဖြစ်ပါတယ်။ မိုရီနိုဟာ ပြီးခဲ့တဲ့ရာသီက ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ရောဘတ်ဆန်က အထူးခြေစွမ်းပြနိုင်ခဲ့တာကြောင့် သူလည်း အသင်းအတွက် ၆ပွဲပဲကစားခွင့်ရရှိခဲ့ပါတယ်။
သူဟာ ၂၀၁၄ ခုနှစ်က ဆီဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်က လီဗာပူးနဲ့အတူ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ထပ်မံတက်ရောက်နိုင်ခဲ့ပေမယ့် ဒီတစ်ခါတော့ အသင်းဟောင်းဆီဗီလာကို ၃-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ရပါတယ်။ မိုရီနိုဟာ စပိန်အသင်းမှာလည်း ကိုယ်စားပြုကစားခွင့်ရရှိခဲ့ပြီး ၂၀၁၃ မတ်လက ယူ-၂၁ အသင်းမှာ ကစားခွင့်ရခဲ့ပြီးနောက် အဲဒီနှစ်မှာပဲ လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ်ကစားခွင့်ရခဲ့ကာ ၉ပွဲကစားပေးထားပါတယ်။
မိုရီနိုဟာ လီဗာပူးကို ပေါင် ၁၂သန်းနဲ့ မရောက်ရှိခင် ဆီဗီလာအသင်းမှာ ၆၂ပွဲကစားခဲ့ပြီး ၃ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ သူဟာ ယခုနွေရာသီအတွင်း ဗီလာရီးရဲလ်ရဲ့ တတိယမြောက်ကစားသမားသစ်ဖြစ်လာပြီး နောက်ခံလူတွေဖြစ်တဲ့ ပီနာနဲ့ အယ်လ်ဘီယိုတို့ကို အီဘာနဲ့ နာပိုလီအသင်းတွေဆီကနေ အသီးသီးခေါ်ယူထားပါတယ်။