ယူႏိုက္တက္က ခြင့္ျပဳမွသာ လင္ဒီေလာ့ဖ္ အသင္းေျပာင္းေရႊ႕မယ္လုိ႔ ေအးဂ်င့္ျဖစ္သူဖြင့္ဟ

0
155

Photo Credit ; Getty Images

Photo Credit ; AAP/PA

ယူႏုိက္တက္ေနာက္ခံလူ လင္ဒီေလာ့ဖ္ကို ေခၚယူဖို႔ ႀကီးက်ယ္တဲ့ ဥေရာပအသင္းႀကီးတစ္သင္းက ပစ္မွတ္ထားေနေပမယ့္ ယူႏုိက္တက္က ထြက္ခြာခြင့္ျပဳမွသာ ယခုေႏြရာသီအတြင္း အုိးလ္ထရက္ဖို႔ဒ္အေျခစိုက္အသင္းကေန လင္ဒီေလာ့ဖ္ ထြက္ခြာႏိုင္မွာျဖစ္ေၾကာင္း သူ႕ရဲ႕ေအးဂ်င့္ျဖစ္သူက ေျပာၾကားလိုက္ပါတယ္။ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဆီြဒင္လက္ေရြးစင္လင္ဒီေလာ့ဖ္ကို ေခၚယူဖို႔ ဘာစီလုိနာအသင္းက ဆက္သြယ္ခ်ဥ္းကပ္ေနၿပီး အထူးသျဖင့္ ေအဂ်က္စ္ေနာက္ခံလူ ဒီလစ္ခ်္ကို ေခၚယူေရးအဆင္မေျပဖုိ႔ ရာခိုင္ႏႈန္းမ်ားသြားၿပီးေနာက္ လင္ဒီေလာ့ဖ္ဘက္ကို ျမားဦးလွည့္လာေၾကာင္း သိရပါတယ္။

Photo Credit ; AFP

လင္ဒီေလာ့ဖ္ရဲ႕ေအးဂ်င့္ျဖစ္သူ ဆင္တင္ကာညာက ဘာစီလုိနာအသင္းလုိ႔ အတည္မျပဳခဲ့ေပမယ့္ သူ႕ကစားသမားကို ေခၚယူဖုိ႔ စိတ္၀င္စားေနတဲ့အသင္း ရွိေၾကာင္း အရိပ္အျမြက္ဖြင့္ဟခဲ့ပါတယ္။ ”လင္ဒီေလာ့ဖ္ကို ေခၚယူဖို႔ ဥေရာပအသင္းႀကီးတစ္သင္းက ေစာင့္ၾကည့္ေနတာမွန္ေပမယ့္ အုိးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာဖို႔ဆိုတာ ယူႏိုက္တက္အေပၚမွာပဲ မူတည္ပါတယ္”လုိ႔ ဆင္တင္ကာညာက စပိန္သတင္းစာ မန္ဒုိဒီပို႔တီဗုိကို ေျပာပါတယ္။ အသက္ ၄၂ႏွစ္အရြယ္ရွိ ဆင္တင္ကာညာဟာ ေအဂ်က္စ္ကေန ဘာစီလုိနာကို ေရာက္ရွိလာတဲ့ နယ္သာလန္ကြင္းလယ္လူ ဒီယြန္ရဲ႕ေအးဂ်င့္အျဖစ္လည္း ေဆာင္ရြက္ေနသူျဖစ္ၿပီး သူ႕ရဲ႕အေျပာင္းအေရႊ႕အတြက္ ဘာစီလုိနာတာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးဖို႔ ကာတာလူညာကို ေရာက္ရွိေနခ်ိန္မွာ အထက္ပါအတုိင္းေျပာခဲ့တာပါ။

Photo Credit ; Zimbio

ဒါေပမဲ့ လင္ဒီေလာ့ဖ္ကေတာ့ ယူႏိုက္တက္အသင္းအတြက္ပဲ အာ႐ုံစိုက္ထားၿပီး ရာသီသစ္မွာ အသင္းနဲ႔အတူ ေျခစြမ္းျပႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ”ရာသီသစ္အတြက္ ႀကိဳတင္ျပင္ဆင္ရာမွာ ျပင္းျပင္းထန္ထန္ႀကိဳးစားဖုိ႔ လုိအပ္ေနၿပီး အသင္းေဖာ္ေတြနဲ႔ ျပန္လည္ေတြ႕ဆုံရေတာ့မွာျဖစ္လုိ႔ စိတ္လႈပ္ရွားမိပါတယ္”လုိ႔ လင္ဒီေလာ့ဖ္က ၿပီးခဲ့တဲ့လအတြင္းက ေျပာခဲ့ဖူးပါတယ္။

Photo Credit ; Getty Images

ယူႏုိက္တက္ဟာ ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ္အဖြင့္ပြဲအျဖစ္ အိုးလ္ထရက္ဖုိ႔ဒ္မွာ ခ်ဲလ္ဆီးနဲ႔ပြဲက်ပ္ကစားရမွာျဖစ္ၿပီး လင္ဒီေလာ့ဖ္က ယခုရာသီမွာ စတင္အသက္သြင္းမယ့္ ေဆာင္းရာသီအားလပ္ရက္ေပးျခင္းရဲ႕အေရးပါပုံကို ေျပာၾကားခဲ့ပါတယ္။

Photo Credit ; Getty Images

Unicode

ယူနိုက်တက်က ခွင့်ပြုမှသာ လင်ဒီလော့ဖ် အသင်းပြောင်းရွှေ့မယ်လို့ အေးဂျင့်ဖြစ်သူဖွင့်ဟ

ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ဖ်ကို ခေါ်ယူဖို့ ကြီးကျယ်တဲ့ ဥရောပအသင်းကြီးတစ်သင်းက ပစ်မှတ်ထားနေပေမယ့် ယူနိုက်တက်က ထွက်ခွာခွင့်ပြုမှသာ ယခုနွေရာသီအတွင်း အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းကနေ လင်ဒီလော့ဖ် ထွက်ခွာနိုင်မှာဖြစ်ကြောင်း သူ့ရဲ့အေးဂျင့်ဖြစ်သူက ပြောကြားလိုက်ပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ ဆွီဒင်လက်ရွေးစင်လင်ဒီလော့ဖ်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက ဆက်သွယ်ချဉ်းကပ်နေပြီး အထူးသဖြင့် အေဂျက်စ်နောက်ခံလူ ဒီလစ်ချ်ကို ခေါ်ယူရေးအဆင်မပြေဖို့ ရာခိုင်နှုန်းများသွားပြီးနောက် လင်ဒီလော့ဖ်ဘက်ကို မြားဦးလှည့်လာကြောင်း သိရပါတယ်။
လင်ဒီလော့ဖ်ရဲ့အေးဂျင့်ဖြစ်သူ ဆင်တင်ကာညာက ဘာစီလိုနာအသင်းလို့ အတည်မပြုခဲ့ပေမယ့် သူ့ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်း ရှိကြောင်း အရိပ်အမြွက်ဖွင့်ဟခဲ့ပါတယ်။ ”လင်ဒီလော့ဖ်ကို ခေါ်ယူဖို့ ဥရောပအသင်းကြီးတစ်သင်းက စောင့်ကြည့်နေတာမှန်ပေမယ့် အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ဆိုတာ ယူနိုက်တက်အပေါ်မှာပဲ မူတည်ပါတယ်”လို့ ဆင်တင်ကာညာက စပိန်သတင်းစာ မန်ဒိုဒီပို့တီဗိုကို ပြောပါတယ်။ အသက် ၄၂နှစ်အရွယ်ရှိ ဆင်တင်ကာညာဟာ အေဂျက်စ်ကနေ ဘာစီလိုနာကို ရောက်ရှိလာတဲ့ နယ်သာလန်ကွင်းလယ်လူ ဒီယွန်ရဲ့အေးဂျင့်အဖြစ်လည်း ဆောင်ရွက်နေသူဖြစ်ပြီး သူ့ရဲ့အပြောင်းအရွှေ့အတွက် ဘာစီလိုနာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ကာတာလူညာကို ရောက်ရှိနေချိန်မှာ အထက်ပါအတိုင်းပြောခဲ့တာပါ။
ဒါပေမဲ့ လင်ဒီလော့ဖ်ကတော့ ယူနိုက်တက်အသင်းအတွက်ပဲ အာရုံစိုက်ထားပြီး ရာသီသစ်မှာ အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေပါတယ်။ ”ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်ရာမှာ ပြင်းပြင်းထန်ထန်ကြိုးစားဖို့ လိုအပ်နေပြီး အသင်းဖော်တွေနဲ့ ပြန်လည်တွေ့ဆုံရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်”လို့ လင်ဒီလော့ဖ်က ပြီးခဲ့တဲ့လအတွင်းက ပြောခဲ့ဖူးပါတယ်။
ယူနိုက်တက်ဟာ ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ ချဲလ်ဆီးနဲ့ပွဲကျပ်ကစားရမှာဖြစ်ပြီး လင်ဒီလော့ဖ်က ယခုရာသီမှာ စတင်အသက်သွင်းမယ့် ဆောင်းရာသီအားလပ်ရက်ပေးခြင်းရဲ့အရေးပါပုံကို ပြောကြားခဲ့ပါတယ်။