အဲရစ္ဆင္အတြက္ ဆီဘယ္ေလာ့စ္+ယူ႐ို ၂၇သန္းနဲ႔ ရီးရဲလ္ ကမ္းလွမ္း

0
567

Photo Credit ; Fox Sport Asia

Photo Credit ; Getty Images

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္ဟာ စပါးအသင္းကြင္းလယ္လူ အဲရစ္ဆင္အတြက္ ေျပာင္းေရႊ႕ေၾကး ယူ႐ုိ ၂၇သန္းအျပင္ ကြင္းလယ္လူ ဆီဘယ္ေလာ့စ္ကိုပါ အလုိက္ေပးကမ္းလွမ္းခဲ့ေၾကာင္း သိရပါတယ္။ ဒိန္းမတ္လက္ေရြးစင္ အဲရစ္ဆင္ဟာ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၁ႏွစ္ပဲက်န္ေတာ့ၿပီး စိန္ေခၚမႈသစ္ေတြနဲ႔ရင္ဆုိင္လုိတယ္လုိ႔ ဖြင့္ဟထားရာ ယခုေႏြရာသီအတြင္း စပါးအသင္းကေန ထြက္ခြာဖြယ္ရွိေနပါတယ္။

Photo Credit

ယခုအခါ ေအအက္စ္သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္ဟာ စပါးအသင္းစိတ္၀င္စားေနတဲ့ စပိန္လူငယ္ကြင္းလယ္လူ ဆီဘယ္ေလာ့စ္ကို အေျပာင္းအေရႊ႕ရဲ႕အစိတ္အပိုင္းတစ္ရပ္အျဖစ္ အလုိက္ေပးကမ္းလွမ္းခဲ့တယ္လုိ႔ သိရပါတယ္။ ဒီလုိကမ္းလွမ္းခဲ့ေပမယ့္ အဲရစ္ဆင္အတြက္ ႏွစ္သင္းၾကားသေဘာတူညီခ်က္မရရွိေသးဘဲ စပါးအသင္းကလည္း ဘယ္လုိအေျခအေနပဲျဖစ္ျဖစ္ ေသာၾကာေန႔မွာ ေလ့က်င့္ခန္းျပန္ဆင္းဖို႔ အသင္းကို အဲရစ္ဆင္ လာေရာက္သတင္းပုိ႔လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။

Photo Credit ; Getty Images

ရီးရဲလ္ဟာ ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာကို ေခၚယူႏိုင္ဖို႔ပဲ အဓိကဦးစားေပးေဆာင္ရြက္ေနတာေၾကာင့္ အဲရစ္ဆင္ကို ေခၚယူေရးကလည္း ေသြးေအးေနတယ္လုိ႔ သိရပါတယ္။ စပါးအသင္းက ဆီဘယ္ေလာ့စ္ကို ေခၚယူလိုေနတာမွန္ေပမယ့္ ယူ-၂၁ ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ဆီဘယ္ေလာ့စ္နဲ႔အတူ စပိန္အသင္းအတြက္ အထူးေျခစြမ္းျပႏိုင္ခဲ့တဲ့ ဒိုင္နမိုဇာဂရက္ကြင္းလယ္လူ အိုလ္မိုကို ေခၚယူဖုိ႔ စိတ္၀င္စားေနပါတယ္။

Photo Credit ; Fox Sport Asia

Unicode

အဲရစ်ဆင်အတွက် ဆီဘယ်လော့စ်+ယူရို ၂၇သန်းနဲ့ ရီးရဲလ် ကမ်းလှမ်း

သတင်းတွေရဲ့ဖော်ပြချက်အရ ရီးရဲလ်ဟာ စပါးအသင်းကွင်းလယ်လူ အဲရစ်ဆင်အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၇သန်းအပြင် ကွင်းလယ်လူ ဆီဘယ်လော့စ်ကိုပါ အလိုက်ပေးကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ဒိန်းမတ်လက်ရွေးစင် အဲရစ်ဆင်ဟာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၁နှစ်ပဲကျန်တော့ပြီး စိန်ခေါ်မှုသစ်တွေနဲ့ရင်ဆိုင်လိုတယ်လို့ ဖွင့်ဟထားရာ ယခုနွေရာသီအတွင်း စပါးအသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။
ယခုအခါ အေအက်စ်သတင်းစာရဲ့ဖော်ပြချက်အရ ရီးရဲလ်ဟာ စပါးအသင်းစိတ်ဝင်စားနေတဲ့ စပိန်လူငယ်ကွင်းလယ်လူ ဆီဘယ်လော့စ်ကို အပြောင်းအရွှေ့ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် အလိုက်ပေးကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒီလိုကမ်းလှမ်းခဲ့ပေမယ့် အဲရစ်ဆင်အတွက် နှစ်သင်းကြားသဘောတူညီချက်မရရှိသေးဘဲ စပါးအသင်းကလည်း ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သောကြာနေ့မှာ လေ့ကျင့်ခန်းပြန်ဆင်းဖို့ အသင်းကို အဲရစ်ဆင် လာရောက်သတင်းပို့လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ရီးရဲလ်ဟာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ဖို့ပဲ အဓိကဦးစားပေးဆောင်ရွက်နေတာကြောင့် အဲရစ်ဆင်ကို ခေါ်ယူရေးကလည်း သွေးအေးနေတယ်လို့ သိရပါတယ်။ စပါးအသင်းက ဆီဘယ်လော့စ်ကို ခေါ်ယူလိုနေတာမှန်ပေမယ့် ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆီဘယ်လော့စ်နဲ့အတူ စပိန်အသင်းအတွက် အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ ဒိုင်နမိုဇာဂရက်ကွင်းလယ်လူ အိုလ်မိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။