အဆန္စီယိုကို ေခၚယူလိုရင္ ေပါင္ ၆၇သန္း+မာေနးနဲ႔ကမ္းလွမ္းမွ လီဗာပူး အဆင္ေျပႏိုင္မည္ဟုဆို

0
377

Photo Credit ; PA

စပိန္မွာထြက္ေပၚေနတဲ့သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္အေနနဲ႔ ေတာင္ပံကစားသမားအဆန္စီယိုအတြက္ လီဗာပူးအသင္းဘက္မွ ကမ္းလွမ္းလာရင္ ဘယ္လုိပဲျဖစ္ျဖစ္ တုိက္စစ္မွဴးမာေနးကိုပါ အလိုက္ေပးဖို႔ ေတာင္းဆုိဖြယ္ရွိေနေၾကာင္း သိရပါတယ္။ လီဗာပူးအသင္းနည္းျပကေလာ့ပ္ဟာ လာမယ့္ရာသီမွာ စီးတီးထံကေန ပရီးမီးယားလိဂ္ဆုဖလားလႊဲေျပာင္းရယူႏုိင္ဖို႔ ႀကိဳးစားေနၿပီး အသက္ ၂၃ႏွစ္အရြယ္ရွိ စပိန္လက္ေရြးစင္ အဆန္စီယိုက အဲဒီရည္မွန္းခ်က္အတြက္ အဓိကက်တဲ့ေခၚယူမႈအျဖစ္ ယူဆထားပါတယ္။ ဒါေပမဲ့ El Desmarque သတင္းစာရဲ႕ေရးသားေဖာ္ျပခ်က္အရ လီဗာပူးအေနနဲ႔အဆန္စီယိုကို ေခၚယူလုိရင္ ရင္းႏွီးျမႇဳပ္ႏွံမႈအႀကီးအက်ယ္ျပဳလုပ္မွ အဆင္ေျပႏုိင္လိမ့္မယ္လု႔ိ သိရပါတယ္။

Photo Credit ; Liverpool Echo

လီဗာပူးဟာ အေျပာင္းအေရႊ႕ျဖစ္ေပၚလာေရးအတြက္ ေငြသားေပါင္ ၆၇သန္းအျပင္ အသင္းရဲ႕ၾကယ္ပြင့္ကစားသမားတစ္ဦးကိုပါ အလုိက္ေပးကမ္းလွမ္းရဖြယ္ရွိပါတယ္။ ရီးရဲလ္နည္းျပဇီဒန္းဟာ ၿပီးခဲ့တဲ့လအနည္းငယ္က အသက္ ၂၇ႏွစ္အရြယ္ရွိ ဆီနီေဂါလက္ေရြးစင္ မာေနးကို ေခၚယူဖုိ႔ သတင္းေတြထြက္ေပၚခဲ့ဖူးၿပီး ကေလာ့ပ္ကလည္း တုိက္စစ္ပိုင္းအတြက္ ေတာင္ပံကစားသမားအျဖစ္သာမက ကြင္းလယ္တုိက္စစ္ကစားသမားအျဖစ္ပါ ကစားႏုိင္စြမ္းရွိတဲ့အဆန္စီယိုကို ေခၚယူလိုေနတာျဖစ္ပါတယ္။

Photo Credit ; Getty Images

အထူးသျဖင့္ ေဒါ့မြန္နည္းျပေဟာင္း ကေလာ့ပ္ဟာ အဓိကတုိက္စစ္မွဴး ဆာလာ ဒဏ္ရာရရွိခဲ့ရင္ အဆန္စီယိုကို ေတာင္ပံကစားသမားအျဖစ္ အစားထုိးႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ၿပီး အဆန္စီယိုက ၂၀၂၃ ေရာက္မွ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္သလုိ စာခ်ဳပ္ဖ်က္သိမ္းေၾကးကလည္း ယူ႐ိုသန္း ၇၀၀အထိရွိပါတယ္။ ဒါေပမဲ့ ရီးရဲလ္အေနနဲ႔ လီဗာပူးဘက္ကသာ ေငြသားေပါင္ ၆၇သန္းနဲ႔ မာေနးကိုပါ အလုိက္ေပးကမ္းလွမ္းရင္ အဆန္စီယုိကို ထြက္ခြာခြင့္ျပဳဖြယ္ရွိေနပါတယ္။ ရီးရဲလ္ဟာ ယခုေႏြရာသီအတြင္း ကစားသမားအေျပာင္းအလဲျပဳလုပ္လ်က္ရွိၿပီး အထူးသျဖင့္ ေတာင္ပံတုိက္စစ္ပုိင္းအတြက္ ဟာဇက္ကို ခ်ဲလ္ဆီးကေန ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္ ၈၈.၅သန္းနဲ႔ေခၚယူထားပါတယ္။

Photo Credit

ရီးရဲလ္ဟာ ယခုေႏြရာသီအတြင္း ကစားသမားသစ္ေခၚယူမႈအတြက္ ေပါင္သန္း ၃၀၀နီးပါးသုံးစြဲထားၿပီးျဖစ္လို႔ ေနာက္ထပ္ကစားသမားသစ္မေခၚယူခင္ အသင္းရွိ ကစားသမားတခ်ိဳ႕ကို ထုတ္ေရာင္းရဖြယ္ရွိေနၿပီး လက္ရွိအေျခအေနအရ အဆန္စီယိုအတြက္ ေငြသားနဲ႔ ကစားသမားအလုိက္ေပးကမ္းလွမ္းခံရရင္ လက္သင့္ခံဖြယ္ရွိေနပါတယ္။ လီဗာပူးကေတာ့ လက္ရွိအခ်ိန္မွာ ရာသီႀကိဳေျခစမ္းပြဲစတင္ဖုိ႔ ျပင္ဆင္ေနၿပီး ၾကာသပေတးေန႔မွာ ထရန္မဲ႐ိုဗာ၊ စေနေန႔မွာ ဘရက္ဖို႔ဒ္အသင္းေတြနဲ႔ ေျခစမ္းပြဲကစားမွာျဖစ္ပါတယ္။

Photo Credit ; Reuters

Unicode

အဆန်စီယိုကို ခေါ်ယူလိုရင် ပေါင် ၆၇သန်း+မာနေးနဲ့ကမ်းလှမ်းမှ လီဗာပူး အဆင်ပြေနိုင်မည်ဟုဆို

စပိန်မှာထွက်ပေါ်နေတဲ့သတင်းတွေရဲ့ဖော်ပြချက်အရ ရီးရဲလ်အနေနဲ့ တောင်ပံကစားသမားအဆန်စီယိုအတွက် လီဗာပူးအသင်းဘက်မှ ကမ်းလှမ်းလာရင် ဘယ်လိုပဲဖြစ်ဖြစ် တိုက်စစ်မှူးမာနေးကိုပါ အလိုက်ပေးဖို့ တောင်းဆိုဖွယ်ရှိနေကြောင်း သိရပါတယ်။ လီဗာပူးအသင်းနည်းပြကလော့ပ်ဟာ လာမယ့်ရာသီမှာ စီးတီးထံကနေ ပရီးမီးယားလိဂ်ဆုဖလားလွှဲပြောင်းရယူနိုင်ဖို့ ကြိုးစားနေပြီး အသက် ၂၃နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် အဆန်စီယိုက အဲဒီရည်မှန်းချက်အတွက် အဓိကကျတဲ့ခေါ်ယူမှုအဖြစ် ယူဆထားပါတယ်။ ဒါပေမဲ့ El Desmarque သတင်းစာရဲ့ရေးသားဖော်ပြချက်အရ လီဗာပူးအနေနဲ့အဆန်စီယိုကို ခေါ်ယူလိုရင် ရင်းနှီးမြှုပ်နှံမှုအကြီးအကျယ်ပြုလုပ်မှ အဆင်ပြေနိုင်လိမ့်မယ်လု့ိ သိရပါတယ်။
လီဗာပူးဟာ အပြောင်းအရွှေ့ဖြစ်ပေါ်လာရေးအတွက် ငွေသားပေါင် ၆၇သန်းအပြင် အသင်းရဲ့ကြယ်ပွင့်ကစားသမားတစ်ဦးကိုပါ အလိုက်ပေးကမ်းလှမ်းရဖွယ်ရှိပါတယ်။ ရီးရဲလ်နည်းပြဇီဒန်းဟာ ပြီးခဲ့တဲ့လအနည်းငယ်က အသက် ၂၇နှစ်အရွယ်ရှိ ဆီနီဂေါလက်ရွေးစင် မာနေးကို ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပြီး ကလော့ပ်ကလည်း တိုက်စစ်ပိုင်းအတွက် တောင်ပံကစားသမားအဖြစ်သာမက ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်ပါ ကစားနိုင်စွမ်းရှိတဲ့အဆန်စီယိုကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။
အထူးသဖြင့် ဒေါ့မွန်နည်းပြဟောင်း ကလော့ပ်ဟာ အဓိကတိုက်စစ်မှူး ဆာလာ ဒဏ်ရာရရှိခဲ့ရင် အဆန်စီယိုကို တောင်ပံကစားသမားအဖြစ် အစားထိုးနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပြီး အဆန်စီယိုက ၂၀၂၃ ရောက်မှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်သလို စာချုပ်ဖျက်သိမ်းကြေးကလည်း ယူရိုသန်း ၇၀၀အထိရှိပါတယ်။ ဒါပေမဲ့ ရီးရဲလ်အနေနဲ့ လီဗာပူးဘက်ကသာ ငွေသားပေါင် ၆၇သန်းနဲ့ မာနေးကိုပါ အလိုက်ပေးကမ်းလှမ်းရင် အဆန်စီယိုကို ထွက်ခွာခွင့်ပြုဖွယ်ရှိနေပါတယ်။ ရီးရဲလ်ဟာ ယခုနွေရာသီအတွင်း ကစားသမားအပြောင်းအလဲပြုလုပ်လျက်ရှိပြီး အထူးသဖြင့် တောင်ပံတိုက်စစ်ပိုင်းအတွက် ဟာဇက်ကို ချဲလ်ဆီးကနေ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၈၈.၅သန်းနဲ့ခေါ်ယူထားပါတယ်။
ရီးရဲလ်ဟာ ယခုနွေရာသီအတွင်း ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း ၃၀၀နီးပါးသုံးစွဲထားပြီးဖြစ်လို့ နောက်ထပ်ကစားသမားသစ်မခေါ်ယူခင် အသင်းရှိ ကစားသမားတချို့ကို ထုတ်ရောင်းရဖွယ်ရှိနေပြီး လက်ရှိအခြေအနေအရ အဆန်စီယိုအတွက် ငွေသားနဲ့ ကစားသမားအလိုက်ပေးကမ်းလှမ်းခံရရင် လက်သင့်ခံဖွယ်ရှိနေပါတယ်။ လီဗာပူးကတော့ လက်ရှိအချိန်မှာ ရာသီကြိုခြေစမ်းပွဲစတင်ဖို့ ပြင်ဆင်နေပြီး ကြာသပတေးနေ့မှာ ထရန်မဲရိုဗာ၊ စနေနေ့မှာ ဘရက်ဖို့ဒ်အသင်းတွေနဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။