အသင္းေဟာင္းက ဘယ္ကစားသမားနဲ႔တြဲကစားခ်င္လဲဆိုတာ ဖြင့္ဟလာတဲ့ေရာ္နယ္ဒို

0
1443

Photo Credit ; Getty Images

Photo Credit

ဂ်ဴဗင္တပ္စ္စူပါၾကယ္ပြင့္ ေရာ္နယ္ဒိုဟာ ယခုေႏြရာသီအတြင္း ေပါင္ ၇၅သန္းတန္ ယူႏုိက္တက္တုိက္စစ္မွဴး လူကာကူကို ေခၚယူဖို႔ ဘုတ္အဖြဲ႕ထံ ေတာင္းဆုိခဲ့ေၾကာင္း သိရပါတယ္။ Fox Sports သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ေပၚတူဂီလက္ေရြးစင္ ေရာ္နယ္ဒိုဟာ ရာသီသစ္ ဂ်ဴဗင္တပ္စ္တုိက္စစ္မွာ ဘယ္လ္ဂ်ီယံလက္ေရြးစင္နဲ႔အတူတြဲကစားလိုေနတယ္လုိ႔ သိရပါတယ္။

Photo Credit 

အဲဒီသတင္းစာကပဲ ဂ်ဴဗင္တပ္စ္နည္းျပသစ္ဆာရီကလည္း တုိက္စစ္မွဴးမန္ဇူကစ္မွာ အသက္အရြယ္အရ အက်ပုိင္းေရာက္လာလုိ႔ ယခုေႏြရာသီအတြင္း အသင္းရဲ႕တုိက္စစ္ပိုင္းကို အင္အားျဖည့္တင္းဖို႔ ဆႏၵရွိေနၿပီး ဘိုင္ယန္တုိက္စစ္မွဴးေဟာင္း မန္ဇူကစ္ရဲ႕ေနရာမွာ အေကာင္းဆုံးအစားထုိးမႈအျဖစ္ လူကာကူကို ပစ္မွတ္ထားေနေၾကာင္း ဆက္လက္ေဖာ္ျပခဲ့ပါတယ္။ DAILY POST ကလည္း လူကာကူအေနနဲ႔ ယခုေႏြရာသီအတြင္း ယူႏုိက္တက္ကေန ထြက္ခြာဖို႔ လူသိရွင္ၾကားဖြင့္ဟထားၿပီးျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

Photo Credit ; Getty Images

ခ်ဲလ္ဆီးနဲ႔ အဲဗာတန္တုိက္စစ္မွဴးေဟာင္း ယခုေႏြရာသီအတြင္း အင္တာမီလန္နဲ႔ ဂ်ဴဗင္တပ္စ္တို႔ရဲ႕ဆက္သြယ္ခ်ဥ္းကပ္ခံထားရၿပီး အထူးသျဖင့္ ခ်ဲလ္ဆီးအသင္းကို တာ၀န္ယူစဥ္က လူကာကူကို အရမေခၚႏိုင္ခဲ့တဲ့ လက္ရွိအင္တာမီလန္ည္းျပသစ္ ကြန္တီက ယခုေႏြရာသီမွာ မျဖစ္မေနေခၚယူဖုိ႔ ျပင္ဆင္ေနပါတယ္။ အသက္ ၂၆ႏွစ္အရြယ္ရွိ လူကာကူဟာ ၂၀၁၇ ေႏြရာသီက အဲဗာတန္ကေန ေပါင္ ၇၅သန္းနဲ႔ ယူႏိုက္တက္ကို ေရာက္ရွိလာခဲ့သူျဖစ္ၿပီး ယမန္ႏွစ္ရာသီက အသင္းအတြက္ လိဂ္ ၃၂ပဲြမွာ ၁၂ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

လူကာကူကိုယ္တိုင္ကလည္း တစ္ခ်ိန္ခ်ိန္မွာ စီးရီးေအကို လာေရာက္ကစားဖြယ္ရွိတယ္လုိ႔ ဖြင့္ဟခဲ့ဖူးၿပီး အထူးသျဖင့္ ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုနဲ႔တစ္သင္းတည္းတြဲကစားလုိေၾကာင္း ေျပာၾကားထားဖူးပါတယ္။ သူဟာ လက္ရွိနည္းျပဆုိးလ္ရွားလက္ထက္မွာ ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနၿပီး ဆုိးလ္ရွားက လူကာကူထက္ မၾကာေသးခင္ကမွ ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတဲ့ ရက္ရွ္ဖို႔ဒ္ကို ဦးစားေပးတုိက္စစ္မွဴးအျဖစ္ အသုံးျပဳေနပါတယ္။

Photo Credit ; Getty Images

Unicode

အသင်းဟောင်းက ဘယ်ကစားသမားနဲ့တွဲကစားချင်လဲဆိုတာ ဖွင့်ဟလာတဲ့ရော်နယ်ဒို

ဂျူဗင်တပ်စ်စူပါကြယ်ပွင့် ရော်နယ်ဒိုဟာ ယခုနွေရာသီအတွင်း ပေါင် ၇၅သန်းတန် ယူနိုက်တက်တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ဘုတ်အဖွဲ့ထံ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ Fox Sports သတင်းဌာနရဲ့ဖော်ပြချက်အရ ပေါ်တူဂီလက်ရွေးစင် ရော်နယ်ဒိုဟာ ရာသီသစ် ဂျူဗင်တပ်စ်တိုက်စစ်မှာ ဘယ်လ်ဂျီယံလက်ရွေးစင်နဲ့အတူတွဲကစားလိုနေတယ်လို့ သိရပါတယ်။
အဲဒီသတင်းစာကပဲ ဂျူဗင်တပ်စ်နည်းပြသစ်ဆာရီကလည်း တိုက်စစ်မှူးမန်ဇူကစ်မှာ အသက်အရွယ်အရ အကျပိုင်းရောက်လာလို့ ယခုနွေရာသီအတွင်း အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဆန္ဒရှိနေပြီး ဘိုင်ယန်တိုက်စစ်မှူးဟောင်း မန်ဇူကစ်ရဲ့နေရာမှာ အကောင်းဆုံးအစားထိုးမှုအဖြစ် လူကာကူကို ပစ်မှတ်ထားနေကြောင်း ဆက်လက်ဖော်ပြခဲ့ပါတယ်။ DAILY POST ကလည်း လူကာကူအနေနဲ့ ယခုနွေရာသီအတွင်း ယူနိုက်တက်ကနေ ထွက်ခွာဖို့ လူသိရှင်ကြားဖွင့်ဟထားပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ အဲဗာတန်တိုက်စစ်မှူးဟောင်း ယခုနွေရာသီအတွင်း အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ဆက်သွယ်ချဉ်းကပ်ခံထားရပြီး အထူးသဖြင့် ချဲလ်ဆီးအသင်းကို တာဝန်ယူစဉ်က လူကာကူကို အရမခေါ်နိုင်ခဲ့တဲ့ လက်ရှိအင်တာမီလန်ည်းပြသစ် ကွန်တီက ယခုနွေရာသီမှာ မဖြစ်မနေခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၆နှစ်အရွယ်ရှိ လူကာကူဟာ ၂၀၁၇ နွေရာသီက အဲဗာတန်ကနေ ပေါင် ၇၅သန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ယမန်နှစ်ရာသီက အသင်းအတွက် လိဂ် ၃၂ပွဲမှာ ၁၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
လူကာကူကိုယ်တိုင်ကလည်း တစ်ချိန်ချိန်မှာ စီးရီးအေကို လာရောက်ကစားဖွယ်ရှိတယ်လို့ ဖွင့်ဟခဲ့ဖူးပြီး အထူးသဖြင့် ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့တစ်သင်းတည်းတွဲကစားလိုကြောင်း ပြောကြားထားဖူးပါတယ်။ သူဟာ လက်ရှိနည်းပြဆိုးလ်ရှားလက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ဆိုးလ်ရှားက လူကာကူထက် မကြာသေးခင်ကမှ ကာလရှည်စာချုပ်သစ်ချုပ်ဆိုထားတဲ့ ရက်ရှ်ဖို့ဒ်ကို ဦးစားပေးတိုက်စစ်မှူးအဖြစ် အသုံးပြုနေပါတယ်။