လက္ရွိကမၻာ့အေကာင္းဆုံးကစားသမားအျဖစ္ ေရာ္နယ္ဒိုကို ဖီးလစ္ေရြးခ်ယ္

0
626

Photo Credit ; TalkSport

Photo Credit ; AFP

အက္သလက္တီကိုၾကယ္ပြင့္ ယာအိုဖီးလစ္က တစ္ႏိုင္ငံတည္းသား ေရာ္နယ္ဒိုနဲ႔ ႏိႈင္းယွဥ္ခံေနရေပမယ့္ မိမိအေနနဲ႔ ကိုယ္ပိုင္ပုံစံနဲ႔သာ ေအာင္ျမင္ေက်ာ္ၾကားလုိေၾကာင္း ေျပာၾကားလုိက္ပါတယ္။ ေပၚတူဂီလက္ေရြးစင္ ဖီးလစ္ဟာ ၿပီးခ့ဲတဲ့ရာသီက ဘင္ဖီကာအသင္းနဲ႔အတူ အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီးေနာက္ ယခုေႏြရာသီအတြင္း ဂ်ဴဗင္တပ္စ္၊ ယူႏိုက္တက္၊ စီးတီးတုိ႔ရဲ႕စိတ္၀င္စားျခင္းခံခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ စပိန္ကလပ္ အက္သလက္တီကိုအသင္းထံ အသင္းရဲ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၁၃သန္းနဲ႔ ေရာက္ရွိသြားခဲ့ပါတယ္။ ဖီးလစ္မတုိင္ခင္ ေပၚတူဂီကစားသမားေတြအနက္ လက္ရွိအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုလည္း ေျပာင္းေရႊ႕ေၾကးျမင့္မားစြာနဲ႔ အသင္းေျပာင္းခဲ့ၿပီး ၂၀၀၉ခုႏွစ္က ယူႏုိက္တက္ကေန ရီးရဲလ္ထံ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၈၀နဲ႔ ေရာက္ရွိခဲ့သလို ယမန္ႏွစ္ရာသီကလည္း ရီးရဲလ္ကေန ဂ်ဴဗင္တပ္စ္ကို ေပါင္ ၈၉သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ပါတယ္။

Photo Credit ; Getty Images

”ေရာ္နယ္ဒိုက ႀကီးက်ယ္တဲ့ကစားသမားဆုိတာ အားလုံးလည္းသိပါတယ္။ သူက လက္ရွိကမၻာ့အေကာင္းဆုံးကစားသမားျဖစ္ၿပီး ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ထာ၀ရအေကာင္းဆုံးကစားသမားလုိ႔လည္း ဆုိႏိုင္ပါတယ္။ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္ ေပၚတူဂီအသင္းမွာ ေတြ႕ျဖစ္ေတာ့ သူက မက္ဒရစ္အေၾကာင္း ကၽြန္ေတာ့္ကို ေျပာပါတယ္”

Photo Credit ; Getty Images

”သူက သူ႕ဘ၀ရဲ႕ႀကီးက်ယ္တ့ဲအစိတ္အပိုင္းတစ္ရပ္အျဖစ္ မက္ဒရစ္ကို ညႊန္းဆုိခဲ့ၿပီး ဘယ္ေလာက္သေဘာက်စရာေကာင္းတယ္ဆုိတဲ့အေၾကာင္းလည္း ေျပာျပခဲ့ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ကေတာ့ ဒီကိုေရာက္လာတာက ကိုယ့္သမိုင္းကိုယ္ေရးမလုိ႔ပါ။ ယာအိုဖီးလစ္လုိ႔ လူေတြမွတ္မိေနေအာင္ လုပ္ေဆာင္သြားမွာပါ”လုိ႔ ဖီးလစ္က ေျပာပါတယ္။

Photo Credit

ဖီးလစ္ဟာ ဘင္ဖီကာအတြက္ စုစုေပါင္း ၄၆ပြဲပဲကစားေပးခဲ့ၿပီး ဂိုး ၂၀သြင္းယူကာ ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ပတ္သက္လုိ႔လည္း ဘာဖိအားမွမရွိေၾကာင္း၊ မိမိအေနနဲ႔ ကိုယ့္မွာရွိတဲ့အေကာင္းဆုံးအရာ ထုတ္ျပႏုိင္ဖို႔ပဲ အာ႐ုံစိုက္ထားပါတယ္။ ၿပီးေတာ့ ေပၚတူဂီကစားသမားေတြအနက္ ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးဆုိတဲ့သတ္မွတ္ခ်က္ကိုလည္း စိတ္ထဲမထည့္ထားေၾကာင္း ဆုိပါတယ္။

Photo Credit ; Getty Images

Unicode

လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ရော်နယ်ဒိုကို ဖီးလစ်ရွေးချယ်

အက်သလက်တီကိုကြယ်ပွင့် ယာအိုဖီးလစ်က တစ်နိုင်ငံတည်းသား ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်ခံနေရပေမယ့် မိမိအနေနဲ့ ကိုယ်ပိုင်ပုံစံနဲ့သာ အောင်မြင်ကျော်ကြားလိုကြောင်း ပြောကြားလိုက်ပါတယ်။ ပေါ်တူဂီလက်ရွေးစင် ဖီးလစ်ဟာ ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာအသင်းနဲ့အတူ အထူးခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ယခုနွေရာသီအတွင်း ဂျူဗင်တပ်စ်၊ ယူနိုက်တက်၊ စီးတီးတို့ရဲ့စိတ်ဝင်စားခြင်းခံခဲ့ရပြီး နောက်ဆုံးမှာတော့ စပိန်ကလပ် အက်သလက်တီကိုအသင်းထံ အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၃သန်းနဲ့ ရောက်ရှိသွားခဲ့ပါတယ်။ ဖီးလစ်မတိုင်ခင် ပေါ်တူဂီကစားသမားတွေအနက် လက်ရှိအသင်းခေါင်းဆောင် ရော်နယ်ဒိုလည်း ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ အသင်းပြောင်းခဲ့ပြီး ၂၀၀၉ခုနှစ်က ယူနိုက်တက်ကနေ ရီးရဲလ်ထံ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀နဲ့ ရောက်ရှိခဲ့သလို ယမန်နှစ်ရာသီကလည်း ရီးရဲလ်ကနေ ဂျူဗင်တပ်စ်ကို ပေါင် ၈၉သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
”ရော်နယ်ဒိုက ကြီးကျယ်တဲ့ကစားသမားဆိုတာ အားလုံးလည်းသိပါတယ်။ သူက လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ပြီး ဘောလုံးသမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးကစားသမားလို့လည်း ဆိုနိုင်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် ပေါ်တူဂီအသင်းမှာ တွေ့ဖြစ်တော့ သူက မက်ဒရစ်အကြောင်း ကျွန်တော့်ကို ပြောပါတယ်”
”သူက သူ့ဘဝရဲ့ကြီးကျယ်တဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် မက်ဒရစ်ကို ညွှန်းဆိုခဲ့ပြီး ဘယ်လောက်သဘောကျစရာကောင်းတယ်ဆိုတဲ့အကြောင်းလည်း ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီကိုရောက်လာတာက ကိုယ့်သမိုင်းကိုယ်ရေးမလို့ပါ။ ယာအိုဖီးလစ်လို့ လူတွေမှတ်မိနေအောင် လုပ်ဆောင်သွားမှာပါ”လို့ ဖီးလစ်က ပြောပါတယ်။
ဖီးလစ်ဟာ ဘင်ဖီကာအတွက် စုစုပေါင်း ၄၆ပွဲပဲကစားပေးခဲ့ပြီး ဂိုး ၂၀သွင်းယူကာ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့လည်း ဘာဖိအားမှမရှိကြောင်း၊ မိမိအနေနဲ့ ကိုယ့်မှာရှိတဲ့အကောင်းဆုံးအရာ ထုတ်ပြနိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ ပြီးတော့ ပေါ်တူဂီကစားသမားတွေအနက် ပြောင်းရွှေ့ကြေးအများဆုံးဆိုတဲ့သတ်မှတ်ချက်ကိုလည်း စိတ်ထဲမထည့်ထားကြောင်း ဆိုပါတယ်။