BREAKING: ရီးရဲလ္ကြင္းလယ္လူ ဆီဘယ္ေလာ့စ္ကို ၁ႏွစ္အငွားစာခ်ဳပ္နဲ႔ အာဆင္နယ္ေခၚယူ

0
352

Photo Credit

Photo Credit

အာဆင္နယ္အသင္းဟာ ယခုေႏြရာသီတစ္ေလွ်ာက္လုံး လုိက္ေနတဲ့ ရီးရဲလ္ကြင္းလယ္လူ ဆီဘယ္ေလာ့စ္ကို တစ္ရာသီအငွားစာခ်ဳပ္နဲ႔ေခၚယူႏုိင္ခဲ့ၿပီျဖစ္ပါတယ္။ ယခုတစ္ပတ္အေစာပိုင္းက ဘီဘီစီနဲ႔ ေအအက္စ္သတင္းဌာနတုိ႔ရဲ႕ေဖာ္ျပခ်က္အရ အာဆင္နယ္ဟာ စပိန္ယူ-၂၁ လက္ေရြးစင္ ဆီဘယ္ေလာ့စ္ကို ေခၚယူႏုိင္ဖို႔ အလြန္နီးစပ္ေနၿပီလုိ႔ ေရးသားေဖာ္ျပခဲ့ၿပီး အာဆင္နယ္က ေျပာင္းေရႊ႕ေၾကး မေပးခဲ့ရေပမယ့္ ရာသီအကုန္မွာ အၿပီးသတ္ေခၚယူခြင့္အခ်က္ေတာ့ မရရွိခဲ့ေၾကာင္း သိရပါတယ္။

Photo Credit

သူဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း စပိန္လူငယ္အသင္း ဗိုလ္စြဲႏိုင္ခဲ့တဲ့ ဥေရာပယူ-၂၁ ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး ရီးရဲလ္က သူ႕ရဲ႕ေျပာင္းေရႊ႕ေၾကးကို ယူ႐ိုသန္း ၅၀ သတ္မွတ္ထားေပမယ့္ အၿပီးသတ္စာခ်ဳပ္နဲ႔ လက္လႊတ္မခံလုိဘဲ အဲဒီကစားသမားကို ဆီဗီလာ၊ ဘက္တစ္နဲ႔ ေအစီမီလန္တုိ႔ကလည္း အၿပိဳင္ခ်ဥ္းကပ္ခဲ့ၾကပါတယ္။ ဆီဘယ္ေလာ့စ္ဟာ ၂၀၁၇ ခုႏွစ္က ဘက္တစ္ကေန ယူ႐ို ၁၆သန္းနဲ႔ ရီးရဲလ္ကို ေရာက္ရွိလာခဲ့ေပမယ့္ ရီးရဲလ္အတြက္ ဦးစားေပးကစားသမားအျဖစ္ လာလီဂါမွာ ၂၁ပြဲနဲ႔ ခ်န္ပီယံလိဂ္မွာ ၂ပဲြပဲ ကစားခြင့္ရရွိခဲ့ပါတယ္။

Photo Credit

ဆီဘယ္ေလာ့စ္ဟာ မတ္လက ဟူစကာအသင္းကို ၃-၂ ဂိုးနဲ႔အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူႏုိင္ခဲ့ရာ သူ႕အတြက္ ပထမဆုံးအိမ္ကြင္းသြင္းဂိုးျဖစ္ခဲ့ေပမယ့္ အဲဒီပဲြေနာက္ပိုင္း ကစားခဲ့တဲ့ ၁၀ပြဲမွာ ၁ပြဲပဲကစားခြင့္ရရွိခဲ့ပါတယ္။ ရီးရဲလ္ဟာ ယခုေႏြရာသီအတြင္း ကစားသမားသစ္ ၅ဦးကို ယူ႐ိုသန္း ၃၀၀ ေက်ာ္သုံးစြဲကာ ေခၚယူခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာ ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးႏိုင္တဲ့ကစားသမားအမ်ားစုကို အသင္းကေန ထြက္ခြာခြင့္ေပးဖို႔ စီစဥ္ေနပါတယ္။ ဆီဘယ္ေလာ့စ္ဟာ အာဆင္နယ္အသင္းမွာ ကြင္းလယ္လူေဟာင္း ရမ္ေဆးရဲ႕ေက်ာနံပါတ္ ၈အက်ႌကို ဆက္ခံ၀တ္ဆင္မွာျဖစ္ပါတယ္။

Photo Credit

Unicode

BREAKING: ရီးရဲလ်ကွင်းလယ်လူ ဆီဘယ်လော့စ်ကို ၁နှစ်အငှားစာချုပ်နဲ့ အာဆင်နယ်ခေါ်ယူ

အာဆင်နယ်အသင်းဟာ ယခုနွေရာသီတစ်လျှောက်လုံး လိုက်နေတဲ့ ရီးရဲလ်ကွင်းလယ်လူ ဆီဘယ်လော့စ်ကို တစ်ရာသီအငှားစာချုပ်နဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယခုတစ်ပတ်အစောပိုင်းက ဘီဘီစီနဲ့ အေအက်စ်သတင်းဌာနတို့ရဲ့ဖော်ပြချက်အရ အာဆင်နယ်ဟာ စပိန်ယူ-၂၁ လက်ရွေးစင် ဆီဘယ်လော့စ်ကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပြီလို့ ရေးသားဖော်ပြခဲ့ပြီး အာဆင်နယ်က ပြောင်းရွှေ့ကြေး မပေးခဲ့ရပေမယ့် ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူခွင့်အချက်တော့ မရရှိခဲ့ကြောင်း သိရပါတယ်။
သူဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း စပိန်လူငယ်အသင်း ဗိုလ်စွဲနိုင်ခဲ့တဲ့ ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ရီးရဲလ်က သူ့ရဲ့ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၅၀ သတ်မှတ်ထားပေမယ့် အပြီးသတ်စာချုပ်နဲ့ လက်လွှတ်မခံလိုဘဲ အဲဒီကစားသမားကို ဆီဗီလာ၊ ဘက်တစ်နဲ့ အေစီမီလန်တို့ကလည်း အပြိုင်ချဉ်းကပ်ခဲ့ကြပါတယ်။ ဆီဘယ်လော့စ်ဟာ ၂၀၁၇ ခုနှစ်က ဘက်တစ်ကနေ ယူရို ၁၆သန်းနဲ့ ရီးရဲလ်ကို ရောက်ရှိလာခဲ့ပေမယ့် ရီးရဲလ်အတွက် ဦးစားပေးကစားသမားအဖြစ် လာလီဂါမှာ ၂၁ပွဲနဲ့ ချန်ပီယံလိဂ်မှာ ၂ပွဲပဲ ကစားခွင့်ရရှိခဲ့ပါတယ်။
ဆီဘယ်လော့စ်ဟာ မတ်လက ဟူစကာအသင်းကို ၃-၂ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ရာ သူ့အတွက် ပထမဆုံးအိမ်ကွင်းသွင်းဂိုးဖြစ်ခဲ့ပေမယ့် အဲဒီပွဲနောက်ပိုင်း ကစားခဲ့တဲ့ ၁၀ပွဲမှာ ၁ပွဲပဲကစားခွင့်ရရှိခဲ့ပါတယ်။ ရီးရဲလ်ဟာ ယခုနွေရာသီအတွင်း ကစားသမားသစ် ၅ဦးကို ယူရိုသန်း ၃၀၀ ကျော်သုံးစွဲကာ ခေါ်ယူခဲ့ပြီးနောက် လက်ရှိအချိန်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနိုင်တဲ့ကစားသမားအများစုကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ စီစဉ်နေပါတယ်။ ဆီဘယ်လော့စ်ဟာ အာဆင်နယ်အသင်းမှာ ကွင်းလယ်လူဟောင်း ရမ်ဆေးရဲ့ကျောနံပါတ် ၈အင်္ကျီကို ဆက်ခံဝတ်ဆင်မှာဖြစ်ပါတယ်။