5 ႏွစ္စာခ်ဳပ္သစ္နဲ႔ အိပ္မက္ေတြအမွန္တကယ္ျဖစ္လာတဲ့ ေမဆန္ေမာင့္

Photo Credit: Getty Images

ဒီရာသီႀကိဳကာလမွာ အေကာင္းဆံုးေျခစြမ္းျပေနတဲ့ လူငယ္ၾကယ္ပြင့္ ေမဆန္ေမာင့္ဟာ တနလၤာေန႔က ခ်ဲလ္ဆီးအသင္းနဲ႔ 5 ႏွစ္စာခ်ဳပ္သစ္ကို လက္မွတ္ေရးထိုးႏုိင္ခဲ့ၿပီးေနာက္ အငွားခ်ခံရေတာ့မွာမဟုတ္ဘဲ စီနီယာအသင္းအတြက္ ကစားခြင့္ရမယ္ဆုိတဲ့ အာမခံခ်က္ကိုလည္းရရွိခဲ့တာေၾကာင့္ ငယ္ဘ၀ကရည္မွန္းခ်က္ေတြျပည့္၀ခဲ့ၿပီလုိ႔ ဆုိပါတယ္။

Photo Credit: Getty Images

အသက္ 20 အရြယ္ အဂၤလန္လူငယ္ကစားသမား ေမဆန္ေမာင့္ဟာ အသက္ 6 ႏွစ္သားအရြယ္ကတည္းက ခ်ဲလ္ဆီးအကယ္ဒမီကိုေရာက္ရွိလာခဲ့တာျဖစ္ၿပီး လူငယ္အသင္းနဲ႔ ခ်ဲလ္ဆီးယူ-23 အသင္းတုိ႔အတြက္ ကစားခြင့္ရရွိခဲ့ေပမယ့္ အသင္းႀကီးမွာေတာ့ ပါ၀င္ခြင့္မရခဲ့ပါဘူး။ သူဟာ 2017-18 ရာသီက နယ္သာလန္ကလပ္ ဗီတက္ဆီနဲ႔ 2018-19 ရာသီက ခ်န္ပီယံရွစ္ကလပ္ ဒါဘီတုိ႔ကို အငွားသြားကစားခဲ့ရၿပီး အဂၤလန္လူငယ္အသင္းမွာလည္း ယူ-16 ကေန ယူ-21 အထိ အဆင့္ဆင့္ပါ၀င္ကစားကာ အလားအလာေကာင္းမ်ားစြာရွိသူဆုိတာကို ျပသႏုိင္ခဲ့တာပါ။

Photo Credit: Getty Images

ၿပီးခဲ့တဲ့ရာသီက ဒါဘီကို လမ္းပတ္ကိုင္တြယ္ေနစဥ္မွာ 44 ပြဲကစားၿပီး 11 ဂုိးသြင္းကာ အေကာင္းဆံုးေျခစြမ္းျပခဲ့တဲ့ ေမဆန္ေမာင့္ကို ဒီရာသီခ်ဲလ္ဆီးအသင္းမွာ ေနရာေပးဖုိ႔လည္း လမ္းပတ္က ဆံုးျဖတ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ကလပ္ဘက္က 2024 ခုႏွစ္သက္တမ္းရွိတဲ့ 5 ႏွစ္စာခ်ဳပ္သစ္ကို တနလၤာေန႔က တရား၀င္ခ်ဳပ္ဆုိလုိက္ၿပီး ဒါရိုက္တာျဖစ္သူ မာရီနာဂရာေနာ့ဗ္စကိုင္ယာ ကိုယ္တုိင္က ေမဆန္ေမာင့္ကို ထပ္မံအငွားခ်ေတာ့မွာမဟုတ္ဘဲ ဒီရာသီခ်ဲလ္ဆီးအသင္းမွာအသံုးျပဳမယ္လုိ႔ အာမခံခ်က္ေပးခဲ့ပါတယ္။

Photo Credit: Getty Images

ခ်ဲလ္ဆီးနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆုိၿပီးေနာက္ ေမဆန္ေမာင့္က ”လက္ရွိအခိုက္အတန္႔ဟာ ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္မိသားစုအတြက္ အရမ္းကိုႀကီးမားတဲ့ဂုဏ္ယူဖြယ္ရာအခ်ိန္ပါပဲ။ 6 ႏွစ္သားအရြယ္ကတည္းက ဒီကလပ္ကိုေျပာင္းေရႊ႕လာခဲ့တာျဖစ္ၿပီး တစ္ေန႔မွာ စီနီယာအသင္းအတြက္ကစားခြင့္ရဖုိ႔ဆုိတာက ကၽြန္ေတာ့္ရဲ႕ရည္မွန္းခ်က္လည္းျဖစ္ခဲ့တာပါ။ လာမယ့္ရာသီသစ္ကို ကၽြန္ေတာ္ေစာင့္ေမွ်ာ္ေနမိၿပီး အသင္းအတြက္ ေပးဆပ္ႏုိင္ဖုိ႔အတြက္လည္း အစြမ္းကုန္ႀကိဳးစားသြားပါမယ္။ ကၽြန္ေတာ္ဟာ ခ်ဲလ္ဆီးမွာ အခ်ိန္အၾကာႀကီးရွိေနခဲ့သူျဖစ္ၿပီး ေနာက္ထပ္အခ်ိန္ၾကာျမင့္စြာဆက္ေနႏုိင္မယ္လုိ႔လည္း ေမွ်ာ္လင့္ထားပါတယ္” လုိ႔ ေျပာၾကားခဲ့ပါတယ္။ ေမဆန္ေမာင့္ရဲ႕လစာကို ခ်ဲလ္ဆီးအသင္းက ထုတ္ျပန္ေၾကညာခဲ့ျခင္းမရွိေပမယ့္ သတင္းတခ်ဳိ႕မွာေတာ့ တစ္ပတ္ကို ေပါင္ 75000 ရရွိမယ္လုိ႔ ေဖာ္ျပထားပါတယ္။

(Unicode)

5 နှစ်စာချုပ်သစ်နဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်လာတဲ့ မေဆန်မောင့်

ဒီရာသီကြိုကာလမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့် မေဆန်မောင့်ဟာ တနင်္လာနေ့က ချဲလ်ဆီးအသင်းနဲ့ 5 နှစ်စာချုပ်သစ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက် အငှားချခံရတော့မှာမဟုတ်ဘဲ စီနီယာအသင်းအတွက် ကစားခွင့်ရမယ်ဆိုတဲ့ အာမခံချက်ကိုလည်းရရှိခဲ့တာကြောင့် ငယ်ဘဝကရည်မှန်းချက်တွေပြည့်ဝခဲ့ပြီလို့ ဆိုပါတယ်။

အသက် 20 အရွယ် အင်္ဂလန်လူငယ်ကစားသမား မေဆန်မောင့်ဟာ အသက် 6 နှစ်သားအရွယ်ကတည်းက ချဲလ်ဆီးအကယ်ဒမီကိုရောက်ရှိလာခဲ့တာဖြစ်ပြီး လူငယ်အသင်းနဲ့ ချဲလ်ဆီးယူ-23 အသင်းတို့အတွက် ကစားခွင့်ရရှိခဲ့ပေမယ့် အသင်းကြီးမှာတော့ ပါဝင်ခွင့်မရခဲ့ပါဘူး။ သူဟာ 2017-18 ရာသီက နယ်သာလန်ကလပ် ဗီတက်ဆီနဲ့ 2018-19 ရာသီက ချန်ပီယံရှစ်ကလပ် ဒါဘီတို့ကို အငှားသွားကစားခဲ့ရပြီး အင်္ဂလန်လူငယ်အသင်းမှာလည်း ယူ-16 ကနေ ယူ-21 အထိ အဆင့်ဆင့်ပါဝင်ကစားကာ အလားအလာကောင်းများစွာရှိသူဆိုတာကို ပြသနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက ဒါဘီကို လမ်းပတ်ကိုင်တွယ်နေစဉ်မှာ 44 ပွဲကစားပြီး 11 ဂိုးသွင်းကာ အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ မေဆန်မောင့်ကို ဒီရာသီချဲလ်ဆီးအသင်းမှာ နေရာပေးဖို့လည်း လမ်းပတ်က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကလပ်ဘက်က 2024 ခုနှစ်သက်တမ်းရှိတဲ့ 5 နှစ်စာချုပ်သစ်ကို တနင်္လာနေ့က တရားဝင်ချုပ်ဆိုလိုက်ပြီး ဒါရိုက်တာဖြစ်သူ မာရီနာဂရာနော့ဗ်စကိုင်ယာ ကိုယ်တိုင်က မေဆန်မောင့်ကို ထပ်မံအငှားချတော့မှာမဟုတ်ဘဲ ဒီရာသီချဲလ်ဆီးအသင်းမှာအသုံးပြုမယ်လို့ အာမခံချက်ပေးခဲ့ပါတယ်။

ချဲလ်ဆီးနဲ့စာချုပ်သစ်ချုပ်ဆိုပြီးနောက် မေဆန်မောင့်က ”လက်ရှိအခိုက်အတန့်ဟာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အရမ်းကိုကြီးမားတဲ့ဂုဏ်ယူဖွယ်ရာအချိန်ပါပဲ။ 6 နှစ်သားအရွယ်ကတည်းက ဒီကလပ်ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး တစ်နေ့မှာ စီနီယာအသင်းအတွက်ကစားခွင့်ရဖို့ဆိုတာက ကျွန်တော့်ရဲ့ရည်မှန်းချက်လည်းဖြစ်ခဲ့တာပါ။ လာမယ့်ရာသီသစ်ကို ကျွန်တော်စောင့်မျှော်နေမိပြီး အသင်းအတွက် ပေးဆပ်နိုင်ဖို့အတွက်လည်း အစွမ်းကုန်ကြိုးစားသွားပါမယ်။ ကျွန်တော်ဟာ ချဲလ်ဆီးမှာ အချိန်အကြာကြီးရှိနေခဲ့သူဖြစ်ပြီး နောက်ထပ်အချိန်ကြာမြင့်စွာဆက်နေနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မေဆန်မောင့်ရဲ့လစာကို ချဲလ်ဆီးအသင်းက ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပေမယ့် သတင်းတချို့မှာတော့ တစ်ပတ်ကို ပေါင် 75000 ရရှိမယ်လို့ ဖော်ပြထားပါတယ်။