2019 Golden Boy ဆုအတြက္ပဏာမစာရင္းမွာ ပရီးမီးယားလိဂ္ကအေယာက္ ၂၀ ပါ၀င္

၂၀၁၉ အတြက္အေကာင္းဆုံးလူငယ္ဆုျဖစ္တဲ႔ 2019 Golden Boy အတြက္အေယာက္ ၈၀ စာရင္းကိုထုတ္ျပန္လိုက္ရာမွာ ခ်ဲလ္ဆီးကအိုဒိြဳင္းနဲ႔ မန္စီးတီးက ဖီးလ္ဖိုဒန္တို႔အပါအ၀င္ ပရီးမီးယားလိဂ္ကလူငယ္အေယာက္ ၂၀ ပါ၀င္ေနတယ္လို႔ သိရပါတယ္။

ဥေရာပတစ္ခြင္မွာကစားေနတဲ႔ အလားအလာေကာင္းၿပီး စိတ္လႈပ္ရွားစရာေျခစြမ္းျပႏိုင္သူေတြထဲကေန အေယာက္ ၈၀ ကိုေရြးထုတ္ခဲ့တာျဖစ္ပါတယ္။ ဒီဆုကိုလာမယ္႔ ေအာက္တိုဘာလအတြင္းမွာ ေရြးခ်ယ္ေပးအပ္သြားမယ္ လို႔လည္းသိရပါတယ္။ ဒီဆုဟာ လူငယ္ကစားသမားေတြအတြက္အရမး္ကိုဂုဏ္သိကၡာျမင့္မားတဲ႔ဆုျဖစ္ၿပီး အရင္ကဆုရသူေတြထဲမွာ မက္ဆီ၊ ၀ိန္းရူနီ၊ အဂူရို၊ အမ္ဘတ္ပီ အစရွိတဲ႔သူေတြလည္းပါ၀င္ေနပါတယ္။

ဆုအတြက္သတ္မွတ္ထားတာကေတာ႔ ကစားသမားဟာအသက္ ၂၁ ႏွစ္ေအာက္ျဖစ္ရမွာျဖစ္ၿပီး ဥေရာပထိပ္တန္းလိဂ္ေတြမွာကစားရမယ္လို႔ ဆိုထားပါတယ္။ ၂၀၁၈ အတြက္အေကာင္းဆုံးဆုရွင္ကေတာ႔ ေအဂ်က္က ဒီလစ္ျဖစ္ၿပီး သူဟာလက္ရွိအေယာက္ ၈၀ စာရင္းမွာလည္းထပ္မံပါ၀င္ေနပါတယ္။

ဒီစာရင္းမွာပါတဲ႔ ပရီးမီးယားလိဂ္ကစားသမားေတြကေတာ႔ အမ္ပါဒူ၊ တာဟစ္ေခ်ာင္၊ ဒါေလာ႔တ္၊ ဖီးလ္ဖိုဒန္၊ ေမာ္ဂန္ဂစ္ဘ္(၀ုဗ္)၊ ကာမီးလ္ဂါဘာရာ(လီဗာပူး)၊ ဂူအန္ဒူဇီ၊ မာ႔ခ္ဂူဟီ(ခ်ဲလ္ဆီး)၊ ဆြာရက္ဇ္ဟာနန္ဒက္ဇ္(၀က္ဖို႔ဒ္)၊ အိုဒိြဳင္း၊ မာဆက္ဒီဂ်ဴ (၀က္စ္ဟမ္း)၊ေမဆန္ေမာင့္၊ နယ္လ္ဆင္၊အက္ဒီနီကီတာ(အာဆင္နယ္)၊ အုတ္ကေလဘုိသီ(စပါး)၊ ကြီနာ(၀က္ဖို႔ဒ္)၊ အိုလီဗာစကစ္(စပါး)၊ ဒူဂ်ြန္စတာလင္း(ခ်ဲလ္ဆီး)၊ ဂ်ဳိး၀ီေလာ႔ခ္(အာဆင္နယ္)၊ ဘင္၀ုဒ္ဘန္း(လီဗာပူး) တို႔ျဖစ္ၾကပါတယ္။

အျခားလိဂ္ေတြကေန ဆန္ခ်ဳိ၊ ကိုင္ဟာဗက္ဇ္၊ ဒြန္နာရမ္မာ၊ ဂ်ာအိုဖိလစ္၊ အမ္ဘတ္ပီ အစရွိသူေတြပါ၀င္ေနပါတယ္။ေနာက္ဆုံး ၅ ႏွစ္အတြင္းဒီဆုကို ဆြတ္ခူးခဲ့သူေတြကေတာ႔ စတာလင္း၊ မာရွယ္၊ ရီနာတိုဆန္းခ်က္စ္၊ အမ္ဘတ္ပီနဲ႔ ဒီလစ္တို႔ဘဲျဖစ္ပါတယ္။ ဒီဆုသမိုင္းမွာ ၂ ႏွစ္ဆက္ရတဲ႔သူမရွိခဲ့လို႔ ဒီလစ္ဆက္ရမလားဆိုတာ စိတ္၀င္စားစရာျဖစ္ေနတယ္လို႔လည္း သိရပါတယ္။

Unicode

2019 Golden Boy ဆုအတွက်ပဏာမစာရင်းမှာ ပရီးမီးယားလိဂ်ကအယောက် ၂၀ ပါဝင်
၂၀၁၉ အတွက်အကောင်းဆုံးလူငယ်ဆုဖြစ်တဲ့ 2019 Golden Boy အတွက်အယောက် ၈၀ စာရင်းကိုထုတ်ပြန်လိုက်ရာမှာ ချဲလ်ဆီးကအိုဒွိုင်းနဲ့ မန်စီးတီးက ဖီးလ်ဖိုဒန်တို့အပါအဝင် ပရီးမီးယားလိဂ်ကလူငယ်အယောက် ၂၀ ပါဝင်နေတယ်လို့ သိရပါတယ်။

ဥရောပတစ်ခွင်မှာကစားနေတဲ့ အလားအလာကောင်းပြီး စိတ်လှုပ်ရှားစရာခြေစွမ်းပြနိုင်သူတွေထဲကနေ အယောက် ၈၀ ကိုရွေးထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီဆုကိုလာမယ့် အောက်တိုဘာလအတွင်းမှာ ရွေးချယ်ပေးအပ်သွားမယ် လို့လည်းသိရပါတယ်။ ဒီဆုဟာ လူငယ်ကစားသမားတွေအတွက်အရမ်းကိုဂုဏ်သိက္ခာမြင့်မားတဲ့ဆုဖြစ်ပြီး အရင်ကဆုရသူတွေထဲမှာ မက်ဆီ၊ ဝိန်းရူနီ၊ အဂူရို၊ အမ်ဘတ်ပီ အစရှိတဲ့သူတွေလည်းပါဝင်နေပါတယ်။

ဆုအတွက်သတ်မှတ်ထားတာကတော့ ကစားသမားဟာအသက် ၂၁ နှစ်အောက်ဖြစ်ရမှာဖြစ်ပြီး ဥရောပထိပ်တန်းလိဂ်တွေမှာကစားရမယ်လို့ ဆိုထားပါတယ်။ ၂၀၁၈ အတွက်အကောင်းဆုံးဆုရှင်ကတော့ အေဂျက်က ဒီလစ်ဖြစ်ပြီး သူဟာလက်ရှိအယောက် ၈၀ စာရင်းမှာလည်းထပ်မံပါဝင်နေပါတယ်။

ဒီစာရင်းမှာပါတဲ့ ပရီးမီးယားလိဂ်ကစားသမားတွေကတော့ အမ်ပါဒူ၊ တာဟစ်ချောင်၊ ဒါလော့တ်၊ ဖီးလ်ဖိုဒန်၊ မော်ဂန်ဂစ်ဘ်(ဝုဗ်)၊ ကာမီးလ်ဂါဘာရာ(လီဗာပူး)၊ ဂူအန်ဒူဇီ၊ မာ့ခ်ဂူဟီ(ချဲလ်ဆီး)၊ ဆွာရက်ဇ်ဟာနန်ဒက်ဇ်(ဝက်ဖို့ဒ်)၊ အိုဒွိုင်း၊ မာဆက်ဒီဂျူ (ဝက်စ်ဟမ်း)၊မေဆန်မောင့်၊ နယ်လ်ဆင်၊အက်ဒီနီကီတာ(အာဆင်နယ်)၊ အုတ်ကလေဘိုသီ(စပါး)၊ ကွီနာ(ဝက်ဖို့ဒ်)၊ အိုလီဗာစကစ်(စပါး)၊ ဒူဂျွန်စတာလင်း(ချဲလ်ဆီး)၊ ဂျိုးဝီလော့ခ်(အာဆင်နယ်)၊ ဘင်ဝုဒ်ဘန်း(လီဗာပူး) တို့ဖြစ်ကြပါတယ်။

အခြားလိဂ်တွေကနေ ဆန်ချို၊ ကိုင်ဟာဗက်ဇ်၊ ဒွန်နာရမ်မာ၊ ဂျာအိုဖိလစ်၊ အမ်ဘတ်ပီ အစရှိသူတွေပါဝင်နေပါတယ်။နောက်ဆုံး ၅ နှစ်အတွင်းဒီဆုကို ဆွတ်ခူးခဲ့သူတွေကတော့ စတာလင်း၊ မာရှယ်၊ ရီနာတိုဆန်းချက်စ်၊ အမ်ဘတ်ပီနဲ့ ဒီလစ်တို့ဘဲဖြစ်ပါတယ်။ ဒီဆုသမိုင်းမှာ ၂ နှစ်ဆက်ရတဲ့သူမရှိခဲ့လို့ ဒီလစ်ဆက်ရမလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေတယ်လို့လည်း သိရပါတယ်။