႐ံႈးလို႔ေကာင္းေနဆဲ ရီးရဲလ္နဲ႔ ေအာ္ဒီဖလားဗိုလ္လုပြဲတက္သြားတဲ့ စပါး

Photo Credit ; Getty Images

Photo Credit

ရာသီႀကိဳဖိတ္ေခၚၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ ေအာ္ဒီဖလားၿပိဳင္ပြဲရဲ႕ ပထမဆီမီးဖုိင္နယ္ပြဲစဥ္မွာေတာ့ စပါးအသင္းက လက္တေလာရလဒ္ေတြဆုိးရြားေနတဲ့ ရီးရဲလ္ကို ၁-၀ ဂိုးနဲ႔အႏိုင္ယူကာ ဗိုလ္လုပဲြတက္ေရာက္ႏိုင္ခဲ့ၿပီး ၁နာရီမွာ ကစားမယ့္ အိမ္ရွင္ဘုိင္ယန္ျမဴးနစ္နဲ႔ ဖီနာဘာခ်ီပြဲစဥ္က အႏိုင္ရမယ့္အသင္းနဲ႔ ဗိုလ္လုရေတာ့မွာျဖစ္ပါတယ္။ ယခုရာသီႀကိဳေျခစမ္းပြဲေတြမွာ အာဆင္နယ္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏုိင္ရခဲ့တဲ့ပဲြကလြဲလို႔ က်န္ပြဲတုိင္းအေရးနိမ့္ထားတဲ့ ရီးရဲလ္ဟာ ဒီပြဲမွာ လူစုံထုတ္ကစားခဲ့ၿပီး ဟာဇက္လည္း ပြဲခ်ိန္မိနစ္ ၈၀အထိ ပါ၀င္ကစားခဲ့ေပမယ့္ ပြဲခ်ိန္အေစာပိုင္းမွာ ေပးလုိက္ရတဲ့ဟယ္ရီကိန္းကို ျပန္လည္မေခ်ပႏိုင္ခဲ့လု႔ိ ေနာက္ထပ္႐ံႈးပြဲနဲ႔ရင္ဆုိင္ခဲ့ရတာျဖစ္ပါတယ္။

Photo Credit ; Reuters

ယခုေႏြရာသီအတြင္း ကစားသမားသစ္ေတြေခၚယူဖို႔အတြက္ ေပါင္သန္း ၃၀၀ ေက်ာ္သုံးစြဲထားတဲ့ ရီးရဲလ္ဟာ အခုခ်ိန္အထိ ဟန္ခ်က္မညီေသးဘဲ ရလဒ္ေတြဆက္တုိက္ဆုိးရြားေနခဲ့တာျဖစ္ၿပီး ဒီပြဲမတုိင္ခင္ေနာက္ဆုံးကစားခဲ့တဲ့ေျခစမ္းပြဲမွာလည္း ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကိုအသင္းကို အရွက္ရဖြယ္ ၇-၃ ဂိုးနဲ႔အေရးနိမ့္ခဲ့ရပါတယ္။ ရီးရဲလ္လုိပဲ လူစုံထုတ္ကစားခဲ့တဲ့စပါးက ပြဲအစကတည္းက ဦးေဆာင္ကစားႏိုင္ခဲ့ၿပီး ဟယ္ရီကိန္းအႏိုင္ဂိုးမသြင္းခင္ ကြင္းလယ္လူေတြျဖစ္တဲ့ လာမယ္လာနဲ႔ အန္ဒမ္ဘီလီတို႔ရဲ႕ကန္သြင္းခ်က္ေတြကို ရီးရဲလ္ဂိုးသမား နာဗက္စ္ကာကြယ္ႏိုင္ခဲ့လုိ႔သာ ေစာေစာစီးစီးဂိုးမရခဲ့တာပါ။

Photo Credit

ပြဲခ်ိန္ ၂၂မိနစ္မွာေတာ့ ဟယ္ရီကိန္းက ေသြးေအးေအးနဲ႔ စပါးအတြက္ အႏိုင္ဂိုးသြင္းယူခဲ့ၿပီး ဂိုးသမားေကာ္တြိဳက္စ္ ဒဏ္ရာရေနလုိ႔ ေနာက္ခံလူရာမို႔စ္နဲ႔အတူ တစ္ပြဲလုံးကစားခြင့္ရခဲ့တဲ့နာဗက္စ္ လက္စြမ္းျပႏိုင္ခဲ့လုိ႔ ရီးရဲလ္ ဂိုးျပတ္အေရးမနိမ့္ခဲ့ရတာျဖစ္ၿပီး တုိက္စစ္မွဴး ႐ိုဒရီဂို ဂိုးသြင္းခဲ့ေပမယ့္ လူကၽြံေဘာျဖစ္ေနလုိ႔ နစ္နာခဲ့ရပါတယ္။ အားလပ္ရက္အၿပီး အသင္းနဲ႔ျပန္လည္ပူးေပါင္းရာမွာ ကိုယ္အေလးခ်ိန္သိသိသာသာတက္ေနတယ္လုိ႔ ေ၀ဖန္ခံေနရတဲ့ဟာဇက္လည္း ဒီပြဲမွာ ထူးထူးျခားျခားမစြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ လာလီဂါရာသီသစ္စတင္ဖို႔က ရက္သတၱပတ္ ၃ပတ္ေလာက္လုိေနေသးလုိ႔ ဟာဇက္လည္း အဲဒီကာလအတြင္း ၿပီးျပည့္စုံတဲ့အေနအထားျပန္ျဖစ္ေအာင္ လုပ္ေဆာင္ႏိုင္စြမ္းရွိပါတယ္။

Photo Credit

Unicode

ရှုံးလို့ကောင်းနေဆဲ ရီးရဲလ်နဲ့ အော်ဒီဖလားဗိုလ်လုပွဲတက်သွားတဲ့ စပါး

ရာသီကြိုဖိတ်ခေါ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ အော်ဒီဖလားပြိုင်ပွဲရဲ့ ပထမဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ စပါးအသင်းက လက်တလောရလဒ်တွေဆိုးရွားနေတဲ့ ရီးရဲလ်ကို ၁-၀ ဂိုးနဲ့အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီး ၁နာရီမှာ ကစားမယ့် အိမ်ရှင်ဘိုင်ယန်မြူးနစ်နဲ့ ဖီနာဘာချီပွဲစဉ်က အနိုင်ရမယ့်အသင်းနဲ့ ဗိုလ်လုရတော့မှာဖြစ်ပါတယ်။ ယခုရာသီကြိုခြေစမ်းပွဲတွေမှာ အာဆင်နယ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲကလွဲလို့ ကျန်ပွဲတိုင်းအရေးနိမ့်ထားတဲ့ ရီးရဲလ်ဟာ ဒီပွဲမှာ လူစုံထုတ်ကစားခဲ့ပြီး ဟာဇက်လည်း ပွဲချိန်မိနစ် ၈၀အထိ ပါဝင်ကစားခဲ့ပေမယ့် ပွဲချိန်အစောပိုင်းမှာ ပေးလိုက်ရတဲ့ဟယ်ရီကိန်းကို ပြန်လည်မချေပနိုင်ခဲ့လု့ိ နောက်ထပ်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ယခုနွေရာသီအတွင်း ကစားသမားသစ်တွေခေါ်ယူဖို့အတွက် ပေါင်သန်း ၃၀၀ ကျော်သုံးစွဲထားတဲ့ ရီးရဲလ်ဟာ အခုချိန်အထိ ဟန်ချက်မညီသေးဘဲ ရလဒ်တွေဆက်တိုက်ဆိုးရွားနေခဲ့တာဖြစ်ပြီး ဒီပွဲမတိုင်ခင်နောက်ဆုံးကစားခဲ့တဲ့ခြေစမ်းပွဲမှာလည်း မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကို အရှက်ရဖွယ် ၇-၃ ဂိုးနဲ့အရေးနိမ့်ခဲ့ရပါတယ်။ ရီးရဲလ်လိုပဲ လူစုံထုတ်ကစားခဲ့တဲ့စပါးက ပွဲအစကတည်းက ဦးဆောင်ကစားနိုင်ခဲ့ပြီး ဟယ်ရီကိန်းအနိုင်ဂိုးမသွင်းခင် ကွင်းလယ်လူတွေဖြစ်တဲ့ လာမယ်လာနဲ့ အန်ဒမ်ဘီလီတို့ရဲ့ကန်သွင်းချက်တွေကို ရီးရဲလ်ဂိုးသမား နာဗက်စ်ကာကွယ်နိုင်ခဲ့လို့သာ စောစောစီးစီးဂိုးမရခဲ့တာပါ။
ပွဲချိန် ၂၂မိနစ်မှာတော့ ဟယ်ရီကိန်းက သွေးအေးအေးနဲ့ စပါးအတွက် အနိုင်ဂိုးသွင်းယူခဲ့ပြီး ဂိုးသမားကော်တွိုက်စ် ဒဏ်ရာရနေလို့ နောက်ခံလူရာမို့စ်နဲ့အတူ တစ်ပွဲလုံးကစားခွင့်ရခဲ့တဲ့နာဗက်စ် လက်စွမ်းပြနိုင်ခဲ့လို့ ရီးရဲလ် ဂိုးပြတ်အရေးမနိမ့်ခဲ့ရတာဖြစ်ပြီး တိုက်စစ်မှူး ရိုဒရီဂို ဂိုးသွင်းခဲ့ပေမယ့် လူကျွံဘောဖြစ်နေလို့ နစ်နာခဲ့ရပါတယ်။ အားလပ်ရက်အပြီး အသင်းနဲ့ပြန်လည်ပူးပေါင်းရာမှာ ကိုယ်အလေးချိန်သိသိသာသာတက်နေတယ်လို့ ဝေဖန်ခံနေရတဲ့ဟာဇက်လည်း ဒီပွဲမှာ ထူးထူးခြားခြားမစွမ်းဆောင်နိုင်ခဲ့ပေမယ့် လာလီဂါရာသီသစ်စတင်ဖို့က ရက်သတ္တပတ် ၃ပတ်လောက်လိုနေသေးလို့ ဟာဇက်လည်း အဲဒီကာလအတွင်း ပြီးပြည့်စုံတဲ့အနေအထားပြန်ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။