ႀကီး ၆ႀကီးနဲ႔ ေႏြေဈးကြက္ရီပို႔ကတ္

Photo Credit

Photo Credit ; Daily Mail

၂၀၁၉ ေႏြရာသီေဈးကြက္ပိတ္သိမ္းဖို႔က ရက္သတၲပတ္ ၃ပတ္ေတာင္မလိုေတာ့ဘဲ ပရီးမီးယားလိဂ္ႀကီး ၆ႀကီးကလည္း ရာသီသစ္မွာ ပရီးမီးယားလိဂ္နဲ႔ ဥေရာပေအာင္ျမင္မႈေတြရရွိဖို႔ ႀကိဳးစားျပင္ဆင္ေနပါတယ္။ စီးတီးနဲ႔ လီဗာပူးတို႔က လက္ရွိအေနအထားအရ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ထပ္မံအားၿပိဳင္ရဖြယ္ရွိေနသလို စပါးအသင္းကလည္း ေနာက္ဆံုးေတာ့ ကစားသမားသစ္ေခၚယူႏိုင္ခဲ့ၿပီႁဖစ္ပါတယ္။ ဒီအခ်ိန္မွာ မန္ယူ၊ ခ်ဲလ္ဆီးနဲ႔အာဆင္နယ္တို႔ကလည္း ရာသီသစ္မွာ အေျခအေနေကာင္းဖို႔အတြက္ အသင္းကို အသီးသီးျပင္ဆင္ေနၾကပါတယ္။ အေျပာင္းအေရႊ႕ေဈးကြက္မပိတ္ခင္ လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ႀကီး ၆ႀကီးရဲ႕ ေႏြရာသီေဈးကြက္အေျခအေနကို Daily Mail သတင္းစာက ခန္႔မွန္းေရးသားခဲ့တာကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Photo Credit ; Getty Images

အာဆင္နယ္
အဝင္ – မာတင္နယ္လီ(အီတူအာႏိုမွ၊ ေပါင္ ၆သန္း)။
အထြက္ – ပီတာခ်က္(အနားယူ)၊ ရမ္ေဆး(ဂ်ဴဗင္တပ္၊ အလြတ္)၊ ဝဲလ္ဘတ္ (ထြက္ခြာခြင့္ျပဳ)၊ လစ္ခ်္စတိုင္နာ(ထြက္ခြာခြင့္ျပဳ)။
အာဆင္နယ္အသင္းရဲ႕ေႏြရာသီေဈးကြက္အေျခအေနနဲ႔ပတ္သက္လို႔ ေမးျမန္းမႈေတြကို အဓိကရွယ္ယာရွင္စတန္ခ႐ိုယန္ကီရဲ႕သားျဖစ္သူ ဂ်ိဳ႕ရွ္ခ႐ိုယန္ကီက ”စိတ္လႈပ္ရွားဖို႔ ႁပင္ဆင္ထားၾကပါ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ တကယ္စိတ္လႈပ္ရွားစရာေကာင္းတဲ့ကစားသမားသစ္ေခၚယူမႈေတြ အတည္ျပဳသတင္းထြက္လာမွ ရာသီသစ္အတြက္ ႀကိဳတင္စိတ္လႈပ္ရွားႏိုင္မွာျဖစ္ၿပီး လက္ရွိအခ်ိန္အထိေတာ့ ဘရာဇီးလူငယ္တိုက္စစ္မွဴး မာတင္နယ္လီတစ္ဦးတည္းကိုပဲ ေပါင္ ၆သန္းသံုးစြဲကာ ေခၚယူထားပါေသးတယ္။

Photo Credit ; Getty Images

ပဲေလ့စ္တိုက္စစ္မွဴး ဇာဟာကို ေပါင္သန္း ၄၀နဲ႔ ကမ္းလွမ္းမႈကလည္း ပဲေလ့စ္ဘုတ္အဖြဲ႕ဝင္ေတြရဲ႕ေလွာင္ေျပာင္သေရာ္မႈနဲ႔ပဲ အဆံုးသတ္ခဲ့ရၿပီး ဆဲလ္တစ္အသင္းကလည္း ဘယ္ေနာက္ခံလူ တီယာေနးအတြက္ အာဆင္နယ္အသင္းဆီကေန ဒီထက္ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကး ေတာင္းဆိုေနပါတယ္။ ဒါ့အျပင္ အာဆင္နယ္ဟာ အသင္းနဲ႔အတူ အေမရိကန္ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္ကို လိုက္ပါဖို႔ ျငင္းဆန္ခဲ့တဲ့အသင္းေခါင္းေဆာင္ ကိုစီရယ္နီရဲ႕ကိစၥကိုလည္း ကိုင္တြယ္ေျဖရွင္းေနရပါတယ္။ ဒါေပမဲ့ အာဆင္နယ္ဟာ အနည္းဆံုးေတာ့ စိန္႔အက္တီယန္ေနာက္ခံလူ ဆာလီဘာကို ေခၚယူႏိုင္ေတာ့မွာျဖစ္ၿပီး အေျပာင္းအေရႊ႕ရဲ႕အစိတ္အပိုင္းတစ္ရပ္အျဖစ္ ေပါင္ ၂၇သန္းတန္ ဆာလီဘာလည္း ရာသီသစ္မွာ စိန္႔အက္တီယန္အသင္းသားအျဖစ္ တစ္ရာသီအငွားနဲ႔ ဆက္ရွိေနဖို႔ မ်ားပါတယ္။ လက္ရွိအခ်ိန္အထိေတာ့ အာဆင္နယ္ရဲ႕ေႏြရာသီလႈပ္ရွားမႈေတြက အားရစရာမေကာင္းေသးဘဲ အဓိကကြင္းလယ္လူ ရမ္ေဆးကိုလည္း အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ဂ်ဴဗင္တပ္အသင္းထံ ထြက္ခြာခြင့္ျပဳထားရပါတယ္။
အဆင့္သတ္မွတ္ခ်က္ – ၂/၁၀

Photo Credit ; Getty Images

ခ်ဲလ္ဆီး
အဝင္ – ကိုဗာဆစ္ (ရီးရဲလ္မွ၊ ေပါင္ သန္း ၄၀)
အထြက္ – ဟာဇက္(ရီးရဲလ္သို႔၊ ေပါင္ ၈၈သန္း)၊ ကာေဟးလ္(ထြက္ခြာခြင့္ျပဳ)
ယူ႐ိုပါလိဂ္ခ်န္ပီယံ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေႏြရာသီေဈးကြက္စတင္ခ်ိန္မွာ ဆူညံပြတ္ေလာ႐ိုက္ေနခဲ့ပါတယ္။ နည္းျပဆာရီက အသင္းကေန ထြက္ခြာခ်င္ခဲ့သလို ခ်ဲလ္ဆီးကလည္း သူ႕ကို ထြက္ခြာေစခ်င္ခဲ့ပါတယ္။ ေဈးကြက္ ၂ခုမွာလည္း ပိတ္ပင္ခံထားရလို႔ သူတို႔အေနနဲ႔ ၂၀၁၉-၂၀ ရာသီအတြက္ ကစားသမားသစ္ေခၚယူမႈမျပဳလုပ္ႏိုင္ခဲ့ပါဘူး။ ေနာက္ၿပီး ႏွစ္အနည္းငယ္ၾကာ သတင္းေတြ ထြက္ေပၚၿပီးခ်ိန္မွာေတာ့ အဓိကကစားသမား ဟာဇက္လည္း ေနာက္ဆံုးမွာ ရီးရဲလ္ကို ေရာက္ရွိသြားခဲ့ပါတယ္။

Photo Credit ; Daily Mail

အဲဒီလိုအႏုတ္လကၡဏာေဆာင္တဲ့အရာေတြၾကား အေပါင္းလကၡဏာေဆာင္တဲ့အရာေတြလည္း ရွိပါတယ္။ နည္းျပသစ္လမ္းပတ္က လူငယ္ၾကယ္ပြင့္ကစားသမားေတြကို အသင္းမွာ ဆက္ကစားဖို႔ ဆြဲေဆာင္ႏို္င္ခဲ့ၿပီး ကြင္းလယ္လူ ေမဆန္ေမာင့္က ၅ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့သလို ေတာင္ပံကစားသမား ဟက္ဆန္အိုဒြိဳင္းကလည္း အသင္းမွာ ကာလရွည္ဆက္ရွိဖို႔ ဆံုးျဖတ္ထားပါတယ္။ ေဒါ့မြန္မွာ အငွားနဲ႔ ကစားခဲ့ၿပီးေနာက္ ပူလီဆစ္က မိခင္ကလပ္နဲ႔ ပူးေပါင္းေနၿပီျဖစ္သလို လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ေအဘရာဟမ္နဲ႔ ရီစီဂ်ိမ္းစ္တို႔လည္း မိခင္ကလပ္နဲ႔ျပန္လည္ပူးေပါင္းေနၿပီျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္လည္း ခ်ဲလ္ဆီးရဲ႕ေႏြေဈးကြက္အေျခအေနကို အာဆင္နယ္ထက္ ပိုေကာင္းတယ္လို႔ သံုးသပ္ထားတာပါ။
အဆင့္သတ္မွတ္ခ်က္ – ၃/၁၀

Photo Credit ; Getty Images

လီဗာပူး
အဝင္ – ဗန္ဒန္ဘတ္(ဇဝိုလီမွ၊ ေပါင္ ၁.၃သန္း)
အထြက္ – ဒန္နီအင့္စ္ (ေဆာက္သမ္တန္သို႔၊ ေပါင္သန္း ၂၀)၊ စတာရစ္ခ်္ (ထြက္ခြာခြင့္ႁပဳ)၊ မိုရီႏို(ဗီလာရီးရဲလ္သို႔၊ အလြတ္)၊ ကမာခ်ိဳ(စပို႔တင္းလစၥဘြန္း၊ ေပါင္ ၅သန္း)။
လီဗာပူးဟာ ႃပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ တစ္ရာသီလံုးမွာမွ ၁ပြဲပဲ အေရးနိမ့္ခဲ့ရေပမယ့္ ခ်န္ပီယံေတာ့မျဖစ္ခဲ့ပါဘူး။ ဒါေပမဲ့ ခ်န္ပီယံလိဂ္မွာေတာ့ ၆ၾကိမ္ေျမာက္ဗိုလ္စြဲႏိုင္ခဲ့လို႔ လီဗာပူးအ တြက္ ေအာင္ျမင္တဲ့ရာသီအျဖစ္ သတ္မွတ္ႏိုင္ပါတယ္။ အခုေတာ့ ခ်န္ပီယံလိဂ္ခ်န္ပီယံ လီဗာပူးဟာ ႁပည္တြင္းမွာလည္း ဗိုလ္ဝင္ခံဖို႔ ႁပင္ဆင္ေနႃပီး ဒီလိုဆိုရင္ လက္ရွိအဂၤလန္ရဲ႕ခ်န္ပီယံ မန္စီးတီးကို ေက်ာ္ျဖတ္ရမွာျဖစ္ပါတယ္။

Photo Credit ; Getty Images

လီဗာပူးဟာ လက္ရွိအခ်ိန္အထိေတာ့ ေဈးကြက္အတြင္း သိသာတဲ့လႈပ္ရွားမႈေတြ မေတြ႕ရေသးဘဲ အသက္ ၁၇ႏွစ္အရြယ္ရွိ နယ္သာလန္ေနာက္ခံလူ ဗန္ဒန္ဘတ္တစ္ဦးတည္းကိုပဲ ေခၚယူထားပါတယ္။ နည္းျပကေလာ့ပ္ကလည္း သူ႕အေနနဲ႔ ျပည္တြင္းနဲ႔ျပည္ပမွာ စိန္ေခၚမႈေတြကို ရင္ဆိုင္ဖို႔ လက္ရွိလူစာရင္းနဲ႔လံုေလာက္တယ္လို႔ ယူဆေနပံုရၿပီး အထူးသျဖင့္ ဒဏ္ရာကေနျပန္ေကာင္းလာတဲ့ကြင္းလယ္လူ ခ်ိန္ဘာလိန္က ကစားသမားသစ္ေခၚယူမႈလိုျဖစ္ေနသလို လူငယ္တိုက္စစ္မွဴး ဘ႐ူးစတားကလည္း ရာသီသစ္မွာ အခြင့္အေရးရလာႏိုင္ပါတယ္။ ေနာက္ၿပီး လီဗာပူးအတြက္ ၾကီးမားတဲ့အေပါင္းလကၡဏာကေတာ့ အသင္းရဲ႕အဓိကကစားသမား တစ္ဦးမွ မဆံုး႐ံႈးေသးတဲ့အခ်က္ပဲျဖစ္ပါတယ္။
အဆင့္သတ္မွတ္ခ်က္ – ၅/၁၀

Photo Credit ; Getty Images

မန္စီးတီး
အဝင္ – ႐ိုဒရီ(အက္သလက္တီကိုမွ၊ ေပါင္ ၆၂ .၈သန္း)၊ အိန္ဂ်ယ္လီႏို (ပီအက္စ္ဗြီမွ၊ ေပါင္ ၅.၃သန္း)။
အထြက္ – ကြန္ပနီ(ထြက္ခြာခြင့္ႁပဳ)၊ ေဖဘီယန္ဒဲလ္(အဲဗာတန္သို႔၊ ေပါင္ ၁၀ သန္း)။
မန္စီးတီးဟာ အသင္းအင္အားေတာင့္တင္းၿပီးသားျဖစ္ေပမယ့္ ဒီေႏြမွာလည္း ထပ္မံအင္အားျဖည့္တင္းေနပါတယ္။ မန္စီးတီးဟာ အသက္ရလာၿပီျဖစ္တဲ့ဖာနန္ဒင္ဟိုရဲ႕ေနရာမွာ ေရရွည္အစားထိုးမႈအျဖစ္ အက္သလက္တီကိုကြင္းလယ္လူ ႐ိုဒရီကို ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားသလို ဘယ္ေနာက္ခံလူေနရာအတြက္လည္း အိန္ဂ်ယ္လီႏိုကို ျပန္လည္ေခၚယူထားပါတယ္။

Photo Credit ; Getty Images

မန္စီးတီးဟာ အသင္းအင္အား ေတာင့္တင္းၿပီးသားျဖစ္ေပမယ့္ အသင္းေခါင္းေဆာင္ ကြန္ပနီထြက္ခြာသြားမႈကို အခုခ်ိန္အထိ အစားမထိုးႏိုင္ေသးလို႔ သူ မပါဝင္မႈကို ဘယ္ေလာက္အထိေတာင့္ခံႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရပါမယ္။ ဒီအတြက္ေၾကာင့္လည္း သူတို႔ဟာ မန္ယူနဲ႔အၿပိဳင္ လက္စတာေနာက္ခံလူ မက္ဂြိဳင္းယားကို ေခၚယူဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။ ဒါေပမဲ့ နည္းျပဂြါဒီယိုလာကေတာ့ မက္ဂြိဳင္းယားကို မေခၚယူႏိုင္ရင္ေတာင္မွ လာေပၚတီ၊ ဂြ်န္စတုန္းနဲ႔ ေအာ္တာမန္ဒီတို႔ပဲရွိတဲ့ဗဟိုခံစစ္ေနရာအတြက္ စိုးရိမ္စရာမရွိေၾကာင္းနဲ႔ အေရးႀကံဳရင္ ဖာနန္ဒင္ဟိုကို ဗဟိုေနာက္ခံလူအျဖစ္ သံုးလို႔ရေၾကာင္း ဆိုထားပါတယ္။
အဆင့္သတ္မွတ္ခ်က္ – ၈/၁၀

Photo Credit ; Getty Images

ယူႏိုက္တက္
အဝင္ – ဒန္နီရယ္ဂ်ိမ္းစ္(ဆြမ္ဆီးမွ၊ ေပါင္ ၁၅သန္း)၊ ဝမ္ဘစ္ဆာကာ (ပဲေလ့စ္မွ၊ ေပါင္သန္း ၅၀)
အထြက္ – ဟာရဲရား(ပီအက္စ္ဂ်ီသို႔၊ အလြတ္)၊ ဗလန္စီယာ(ထြက္ခြာခြင့္ႁပဳ)၊ ဝီလ္ဆင္(ထြက္ခြာခြင့္ႁပဳ)
နည္းျပဆိုးလ္ရွားလက္ထက္ ယူႏိုက္တက္ရဲ႕အေျပာင္းအေရႊ႕မူဝါဒက ရွင္းပါတယ္။ အသက္ ၂၁ႏွစ္အရြယ္ရွိ ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ အသက္ ၂၁ ႏွစ္အရြယ္ရွိ ညာေနာက္ခံလူ ဝမ္ဘစ္ဆာကာတို႔ကို ေခၚယူထားပါတယ္။ ႏွစ္ဦးစလံုးက ငယ္ရြယ္လ်င္ျမန္ၿပီး ရာသီသစ္မွာ ေျခစြမ္းျပႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ထားႏိုင္ပါတယ္။ လက္စတာက ေနာက္ခံလူ မက္ဂြိဳင္းယားအတြက္ ေပါင္သန္း ၈၀ အလိုရွိေနၿပီး ယူႏိုက္တက္ကလည္း အဲဒီေျပာင္းေရႊ႕ေၾကးေပးေခ်မယ့္အေနအထားမွာရွိေနပါတယ္။ အဓိကကစားသမားေတြျဖစ္တဲ့ ေပါ့ဂ္ဘာနဲ႔ လူကာကူတို႔ရဲ႕အနာဂတ္ မေသမခ်ာျဖစ္ေနေပမယ့္ ဂိုးသမား ဒီဂီယာကိုေတာ့ စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ မ်ားေနပါတယ္။
အဆင့္သတ္မွတ္ခ်က္ – ၇/၁၀

Photo Credit ; Getty Images

စပါး
အဝင္ – အန္ဒမ္ဘီလီ(လိုင္ယြန္မွ၊ ေပါင္ ၅၆.၅သန္း)၊ ကလပ္ခ္(လိဒ္မွ၊ ေပါင္ ၁၁.၅သန္း)။
အထြက္ – မစ္ခ်ယ္ဗြန္း(ထြက္ခြာခြင့္ျပဳ)၊ ကလပ္ခ္(လိဒ္သို႔၊ အငွား)၊ ထရစ္ပီယာ (အက္သလက္တီကိုသို႔၊ ေပါင္သန္း ၂၀)
စပါးပရိသတ္ေတြဟာ ကစားသမားသစ္ေခၚယူဖို႔ ၅၁၇ ရက္အထိ ေစာင့္ဆိုင္းခဲ့ရၿပီး ေခၚမယ့္ေခၚေတာ့လည္း ၂ ဦးျဖစ္ေနပါတယ္။ ကလပ္ခ္နဲ႔ အန္ဒမ္ဘီလီတို႔ဟာ ဇူလိုင္လအေစာပိုင္းက တစ္ရက္တည္း ေရာက္လာခဲ့တာျဖစ္ၿပီး နည္းျပပိုခ်က္တီႏိုလည္း အသင္းအင္အားျဖည့္တင္းဖို႔ လံုေလာက္တဲ့ဘက္ဂ်က္ရရွိထားပါတယ္။ ေနာက္ၿပီး ညာေနာက္ခံလူ ထရစ္ပီယာကို ေရာင္းခ်ခဲ့လို႔ ရန္ပံုေငြ ပိုမ်ားလာသလို ဘယ္ေနာက္ခံလူ ဒန္နီ႐ို႕စ္ကိုလည္း ေရာင္းခ်ျဖစ္ဖို႔ မ်ားေနပါတယ္။
အဆင့္သတ္မွတ္ခ်က္ – ၇/၁၀

Photo Credit ; Getty Images

Unicode

ကြီး ၆ကြီးနဲ့ နွေဈေးကွက်ရီပို့ကတ်

၂၀၁၉ နွေရာသီဈေးကွက်ပိတ်သိမ်းဖို့က ရက်သတ္တပတ် ၃ပတ်တောင်မလိုတော့ဘဲ ပရီးမီးယားလိဂ်ကြီး ၆ကြီးကလည်း ရာသီသစ်မှာ ပရီးမီးယားလိဂ်နဲ့ ဥရောပအောင်မြင်မှုတွေရရှိဖို့ ကြိုးစားပြင်ဆင်နေပါတယ်။ စီးတီးနဲ့ လီဗာပူးတို့က လက်ရှိအနေအထားအရ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ထပ်မံအားပြိုင်ရဖွယ်ရှိနေသလို စပါးအသင်းကလည်း နောက်ဆုံးတော့ ကစားသမားသစ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီအချိန်မှာ မန်ယူ၊ ချဲလ်ဆီးနဲ့အာဆင်နယ်တို့ကလည်း ရာသီသစ်မှာ အခြေအနေကောင်းဖို့အတွက် အသင်းကို အသီးသီးပြင်ဆင်နေကြပါတယ်။ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ကြီး ၆ကြီးရဲ့ နွေရာသီဈေးကွက်အခြေအနေကို Daily Mail သတင်းစာက ခန့်မှန်းရေးသားခဲ့တာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အာဆင်နယ်
အဝင် – မာတင်နယ်လီ(အီတူအာနိုမှ၊ ပေါင် ၆သန်း)။
အထွက် – ပီတာချက်(အနားယူ)၊ ရမ်ဆေး(ဂျူဗင်တပ်၊ အလွတ်)၊ ဝဲလ်ဘတ် (ထွက်ခွာခွင့်ပြု)၊ လစ်ချ်စတိုင်နာ(ထွက်ခွာခွင့်ပြု)။
အာဆင်နယ်အသင်းရဲ့နွေရာသီဈေးကွက်အခြေအနေနဲ့ပတ်သက်လို့ မေးမြန်းမှုတွေကို အဓိကရှယ်ယာရှင်စတန်ခရိုယန်ကီရဲ့သားဖြစ်သူ ဂျို့ရှ်ခရိုယန်ကီက ”စိတ်လှုပ်ရှားဖို့ ပြင်ဆင်ထားကြပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပရိသတ်တွေကတော့ တကယ်စိတ်လှုပ်ရှားစရာကောင်းတဲ့ကစားသမားသစ်ခေါ်ယူမှုတွေ အတည်ပြုသတင်းထွက်လာမှ ရာသီသစ်အတွက် ကြိုတင်စိတ်လှုပ်ရှားနိုင်မှာဖြစ်ပြီး လက်ရှိအချိန်အထိတော့ ဘရာဇီးလူငယ်တိုက်စစ်မှူး မာတင်နယ်လီတစ်ဦးတည်းကိုပဲ ပေါင် ၆သန်းသုံးစွဲကာ ခေါ်ယူထားပါသေးတယ်။
ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို ပေါင်သန်း ၄၀နဲ့ ကမ်းလှမ်းမှုကလည်း ပဲလေ့စ်ဘုတ်အဖွဲ့ဝင်တွေရဲ့လှောင်ပြောင်သရော်မှုနဲ့ပဲ အဆုံးသတ်ခဲ့ရပြီး ဆဲလ်တစ်အသင်းကလည်း ဘယ်နောက်ခံလူ တီယာနေးအတွက် အာဆင်နယ်အသင်းဆီကနေ ဒီထက်မြင့်မားတဲ့ပြောင်းရွှေ့ကြေး တောင်းဆိုနေပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ အသင်းနဲ့အတူ အမေရိကန်ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကို လိုက်ပါဖို့ ငြင်းဆန်ခဲ့တဲ့အသင်းခေါင်းဆောင် ကိုစီရယ်နီရဲ့ကိစ္စကိုလည်း ကိုင်တွယ်ဖြေရှင်းနေရပါတယ်။ ဒါပေမဲ့ အာဆင်နယ်ဟာ အနည်းဆုံးတော့ စိန့်အက်တီယန်နောက်ခံလူ ဆာလီဘာကို ခေါ်ယူနိုင်တော့မှာဖြစ်ပြီး အပြောင်းအရွှေ့ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ပေါင် ၂၇သန်းတန် ဆာလီဘာလည်း ရာသီသစ်မှာ စိန့်အက်တီယန်အသင်းသားအဖြစ် တစ်ရာသီအငှားနဲ့ ဆက်ရှိနေဖို့ များပါတယ်။ လက်ရှိအချိန်အထိတော့ အာဆင်နယ်ရဲ့နွေရာသီလှုပ်ရှားမှုတွေက အားရစရာမကောင်းသေးဘဲ အဓိကကွင်းလယ်လူ ရမ်ဆေးကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်အသင်းထံ ထွက်ခွာခွင့်ပြုထားရပါတယ်။
အဆင့်သတ်မှတ်ချက် – ၂/၁၀

ချဲလ်ဆီး
အဝင် – ကိုဗာဆစ် (ရီးရဲလ်မှ၊ ပေါင် သန်း ၄၀)
အထွက် – ဟာဇက်(ရီးရဲလ်သို့၊ ပေါင် ၈၈သန်း)၊ ကာဟေးလ်(ထွက်ခွာခွင့်ပြု)
ယူရိုပါလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းအနေနဲ့ နွေရာသီဈေးကွက်စတင်ချိန်မှာ ဆူညံပွတ်လောရိုက်နေခဲ့ပါတယ်။ နည်းပြဆာရီက အသင်းကနေ ထွက်ခွာချင်ခဲ့သလို ချဲလ်ဆီးကလည်း သူ့ကို ထွက်ခွာစေချင်ခဲ့ပါတယ်။ ဈေးကွက် ၂ခုမှာလည်း ပိတ်ပင်ခံထားရလို့ သူတို့အနေနဲ့ ၂၀၁၉-၂၀ ရာသီအတွက် ကစားသမားသစ်ခေါ်ယူမှုမပြုလုပ်နိုင်ခဲ့ပါဘူး။ နောက်ပြီး နှစ်အနည်းငယ်ကြာ သတင်းတွေ ထွက်ပေါ်ပြီးချိန်မှာတော့ အဓိကကစားသမား ဟာဇက်လည်း နောက်ဆုံးမှာ ရီးရဲလ်ကို ရောက်ရှိသွားခဲ့ပါတယ်။
အဲဒီလိုအနုတ်လက္ခဏာဆောင်တဲ့အရာတွေကြား အပေါင်းလက္ခဏာဆောင်တဲ့အရာတွေလည်း ရှိပါတယ်။ နည်းပြသစ်လမ်းပတ်က လူငယ်ကြယ်ပွင့်ကစားသမားတွေကို အသင်းမှာ ဆက်ကစားဖို့ ဆွဲဆောင်နိုင်ခဲ့ပြီး ကွင်းလယ်လူ မေဆန်မောင့်က ၅နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့သလို တောင်ပံကစားသမား ဟက်ဆန်အိုဒွိုင်းကလည်း အသင်းမှာ ကာလရှည်ဆက်ရှိဖို့ ဆုံးဖြတ်ထားပါတယ်။ ဒေါ့မွန်မှာ အငှားနဲ့ ကစားခဲ့ပြီးနောက် ပူလီဆစ်က မိခင်ကလပ်နဲ့ ပူးပေါင်းနေပြီဖြစ်သလို လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ အေဘရာဟမ်နဲ့ ရီစီဂျိမ်းစ်တို့လည်း မိခင်ကလပ်နဲ့ပြန်လည်ပူးပေါင်းနေပြီဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ချဲလ်ဆီးရဲ့နွေဈေးကွက်အခြေအနေကို အာဆင်နယ်ထက် ပိုကောင်းတယ်လို့ သုံးသပ်ထားတာပါ။
အဆင့်သတ်မှတ်ချက် – ၃/၁၀

လီဗာပူး
အဝင် – ဗန်ဒန်ဘတ်(ဇဝိုလီမှ၊ ပေါင် ၁.၃သန်း)
အထွက် – ဒန်နီအင့်စ် (ဆောက်သမ်တန်သို့၊ ပေါင်သန်း ၂၀)၊ စတာရစ်ချ် (ထွက်ခွာခွင့်ပြု)၊ မိုရီနို(ဗီလာရီးရဲလ်သို့၊ အလွတ်)၊ ကမာချို(စပို့တင်းလစ္စဘွန်း၊ ပေါင် ၅သန်း)။
လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံးမှာမှ ၁ပွဲပဲ အရေးနိမ့်ခဲ့ရပေမယ့် ချန်ပီယံတော့မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာတော့ ၆ကြိမ်မြောက်ဗိုလ်စွဲနိုင်ခဲ့လို့ လီဗာပူးအ တွက် အောင်မြင်တဲ့ရာသီအဖြစ် သတ်မှတ်နိုင်ပါတယ်။ အခုတော့ ချန်ပီယံလိဂ်ချန်ပီယံ လီဗာပူးဟာ ပြည်တွင်းမှာလည်း ဗိုလ်ဝင်ခံဖို့ ပြင်ဆင်နေပြီး ဒီလိုဆိုရင် လက်ရှိအင်္ဂလန်ရဲ့ချန်ပီယံ မန်စီးတီးကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။
လီဗာပူးဟာ လက်ရှိအချိန်အထိတော့ ဈေးကွက်အတွင်း သိသာတဲ့လှုပ်ရှားမှုတွေ မတွေ့ရသေးဘဲ အသက် ၁၇နှစ်အရွယ်ရှိ နယ်သာလန်နောက်ခံလူ ဗန်ဒန်ဘတ်တစ်ဦးတည်းကိုပဲ ခေါ်ယူထားပါတယ်။ နည်းပြကလော့ပ်ကလည်း သူ့အနေနဲ့ ပြည်တွင်းနဲ့ပြည်ပမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ လက်ရှိလူစာရင်းနဲ့လုံလောက်တယ်လို့ ယူဆနေပုံရပြီး အထူးသဖြင့် ဒဏ်ရာကနေပြန်ကောင်းလာတဲ့ကွင်းလယ်လူ ချိန်ဘာလိန်က ကစားသမားသစ်ခေါ်ယူမှုလိုဖြစ်နေသလို လူငယ်တိုက်စစ်မှူး ဘရူးစတားကလည်း ရာသီသစ်မှာ အခွင့်အရေးရလာနိုင်ပါတယ်။ နောက်ပြီး လီဗာပူးအတွက် ကြီးမားတဲ့အပေါင်းလက္ခဏာကတော့ အသင်းရဲ့အဓိကကစားသမား တစ်ဦးမှ မဆုံးရှုံးသေးတဲ့အချက်ပဲဖြစ်ပါတယ်။
အဆင့်သတ်မှတ်ချက် – ၅/၁၀

မန်စီးတီး
အဝင် – ရိုဒရီ(အက်သလက်တီကိုမှ၊ ပေါင် ၆၂ .၈သန်း)၊ အိန်ဂျယ်လီနို (ပီအက်စ်ဗွီမှ၊ ပေါင် ၅.၃သန်း)။
အထွက် – ကွန်ပနီ(ထွက်ခွာခွင့်ပြု)၊ ဖေဘီယန်ဒဲလ်(အဲဗာတန်သို့၊ ပေါင် ၁၀ သန်း)။
မန်စီးတီးဟာ အသင်းအင်အားတောင့်တင်းပြီးသားဖြစ်ပေမယ့် ဒီနွေမှာလည်း ထပ်မံအင်အားဖြည့်တင်းနေပါတယ်။ မန်စီးတီးဟာ အသက်ရလာပြီဖြစ်တဲ့ဖာနန်ဒင်ဟိုရဲ့နေရာမှာ ရေရှည်အစားထိုးမှုအဖြစ် အက်သလက်တီကိုကွင်းလယ်လူ ရိုဒရီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားသလို ဘယ်နောက်ခံလူနေရာအတွက်လည်း အိန်ဂျယ်လီနိုကို ပြန်လည်ခေါ်ယူထားပါတယ်။
မန်စီးတီးဟာ အသင်းအင်အား တောင့်တင်းပြီးသားဖြစ်ပေမယ့် အသင်းခေါင်းဆောင် ကွန်ပနီထွက်ခွာသွားမှုကို အခုချိန်အထိ အစားမထိုးနိုင်သေးလို့ သူ မပါဝင်မှုကို ဘယ်လောက်အထိတောင့်ခံနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဒီအတွက်ကြောင့်လည်း သူတို့ဟာ မန်ယူနဲ့အပြိုင် လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပြဂွါဒီယိုလာကတော့ မက်ဂွိုင်းယားကို မခေါ်ယူနိုင်ရင်တောင်မှ လာပေါ်တီ၊ ဂျွန်စတုန်းနဲ့ အော်တာမန်ဒီတို့ပဲရှိတဲ့ဗဟိုခံစစ်နေရာအတွက် စိုးရိမ်စရာမရှိကြောင်းနဲ့ အရေးကြုံရင် ဖာနန်ဒင်ဟိုကို ဗဟိုနောက်ခံလူအဖြစ် သုံးလို့ရကြောင်း ဆိုထားပါတယ်။
အဆင့်သတ်မှတ်ချက် – ၈/၁၀

ယူနိုက်တက်
အဝင် – ဒန်နီရယ်ဂျိမ်းစ်(ဆွမ်ဆီးမှ၊ ပေါင် ၁၅သန်း)၊ ဝမ်ဘစ်ဆာကာ (ပဲလေ့စ်မှ၊ ပေါင်သန်း ၅၀)
အထွက် – ဟာရဲရား(ပီအက်စ်ဂျီသို့၊ အလွတ်)၊ ဗလန်စီယာ(ထွက်ခွာခွင့်ပြု)၊ ဝီလ်ဆင်(ထွက်ခွာခွင့်ပြု)
နည်းပြဆိုးလ်ရှားလက်ထက် ယူနိုက်တက်ရဲ့အပြောင်းအရွှေ့မူဝါဒက ရှင်းပါတယ်။ အသက် ၂၁နှစ်အရွယ်ရှိ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်နဲ့ အသက် ၂၁ နှစ်အရွယ်ရှိ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာတို့ကို ခေါ်ယူထားပါတယ်။ နှစ်ဦးစလုံးက ငယ်ရွယ်လျင်မြန်ပြီး ရာသီသစ်မှာ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ချက်ထားနိုင်ပါတယ်။ လက်စတာက နောက်ခံလူ မက်ဂွိုင်းယားအတွက် ပေါင်သန်း ၈၀ အလိုရှိနေပြီး ယူနိုက်တက်ကလည်း အဲဒီပြောင်းရွှေ့ကြေးပေးချေမယ့်အနေအထားမှာရှိနေပါတယ်။ အဓိကကစားသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့ လူကာကူတို့ရဲ့အနာဂတ် မသေမချာဖြစ်နေပေမယ့် ဂိုးသမား ဒီဂီယာကိုတော့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ များနေပါတယ်။
အဆင့်သတ်မှတ်ချက် – ၇/၁၀

စပါး
အဝင် – အန်ဒမ်ဘီလီ(လိုင်ယွန်မှ၊ ပေါင် ၅၆.၅သန်း)၊ ကလပ်ခ်(လိဒ်မှ၊ ပေါင် ၁၁.၅သန်း)။
အထွက် – မစ်ချယ်ဗွန်း(ထွက်ခွာခွင့်ပြု)၊ ကလပ်ခ်(လိဒ်သို့၊ အငှား)၊ ထရစ်ပီယာ (အက်သလက်တီကိုသို့၊ ပေါင်သန်း ၂၀)
စပါးပရိသတ်တွေဟာ ကစားသမားသစ်ခေါ်ယူဖို့ ၅၁၇ ရက်အထိ စောင့်ဆိုင်းခဲ့ရပြီး ခေါ်မယ့်ခေါ်တော့လည်း ၂ ဦးဖြစ်နေပါတယ်။ ကလပ်ခ်နဲ့ အန်ဒမ်ဘီလီတို့ဟာ ဇူလိုင်လအစောပိုင်းက တစ်ရက်တည်း ရောက်လာခဲ့တာဖြစ်ပြီး နည်းပြပိုချက်တီနိုလည်း အသင်းအင်အားဖြည့်တင်းဖို့ လုံလောက်တဲ့ဘက်ဂျက်ရရှိထားပါတယ်။ နောက်ပြီး ညာနောက်ခံလူ ထရစ်ပီယာကို ရောင်းချခဲ့လို့ ရန်ပုံငွေ ပိုများလာသလို ဘယ်နောက်ခံလူ ဒန်နီရို့စ်ကိုလည်း ရောင်းချဖြစ်ဖို့ များနေပါတယ်။
အဆင့်သတ်မှတ်ချက် – ၇/၁၀